ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, December 1, 2015

=အသက်၄၀ကျော်ပေမယ့်ခန်္ဓာကိုယ်လှပနေဆဲကင်မ်ဟေစိုး နဲ့  ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း=

>
**အသက်၄၀ကျော်ပေမယ့်ခန်္ဓာကိုယ်လှပနေဆဲကင်မ်ဟေစိုး**

မင်းသားချောဘေယောင်ဂျွန်းနှင့်  တွဲဖက်ရိုက်ကူးခဲ့ သည့်  ““Did We Really Love?””ရုပ်သံဇာတ်လမ်းတွဲဖြင့် မြန်မာပရိသတ်များနှင့်စတင်ရင်းနှီးခွင့် ရခဲ့ သောတောင်ကိုရီးယား မင်းသမီးချောကင်မ်ဟေစိုးသည် နိုဝင်ဘာ ၂၇ ရက်က သူ၏ ဆွဲဆောင်မှုရှိဆဲခန်္ဓာကိုယ်အလှကို ရိုက်ကူးထားသည့်  ဓာတ်ပုံ များကို အွန်လိုင်းမှတစ်ဆင့် ထုတ်ဖော်ပြသခဲ့ သည်။ အဆိုပါဓာတ်ပုံများတွင် မင်းသမီးသည် အနက်ရောင်တီရှပ်အကျပ်နှင့်  ဂျင်းဘောင်းဘီကို ရွှေရောင်ခါးပတ်နှင့်  တွဲဖက်ဝတ်ဆင်ထားပြီး ယင်းရိုးရိုး ရှင်းရှင်းဝတ်စုံနှင့်ပင် သူ၏စမတ်ကျလှသော ကိုယ်ခန်္ဓာအချိုးအစားမှာပေါ်လွင် နေကြောင်း စွန်ပီဒေါ့ကွန်းက ဖော်ပြခဲ့ သည်။ ကင်မ်ဟေစိုးသည် ၁၉၇၀ ခုနှစ် စက်တင်ဘာ ၅ရက်က မွေးဖွားခဲ့သူ ဖြစ်သည့်အတွက်ယခုအချိန်တွင် အသက်အရွယ်အားဖြင့်  ၄၅ နှစ် စွန်းခဲ့ ပြီဖြစ်သော်လည်း လှနေဆဲဖြစ်ကြောင်း သူ၏ဓာတ်ပုံများက သက်သေပြလျက်ရှိသည်။

ကင်မ်သည် အနုပညာဘက်တွင်လည်း အထူးအောင်မြင်ခဲ့ သူဖြစ်သည်။ သူသည် ၁၉၈၆ ခုနှစ်မှစတင်ကာ ရုပ်ရှင် နယ်ပယ်အတွင်း ၀င်ရောက်ခဲ့ ပြီး ရုပ်ရှင်များစတင်ရိုက်ကူးခဲ့ ရာ ယနေ့အချိန်အထိ ရုပ်ရှင်နှင့်ရုပ်သံဇာတ်လမ်းတွဲ ခြောက်ဆယ်ခန့် ပါဝင်ရိုက်ကူးခဲ့ ပြီးဖြစ်သည်။ ထို့ ပြင် အကောင်းဆုံးအမျိုး သမီးသရုပ်ဆောင်ဆု အပါအ၀င် အခြားသောသရုပ်ဆောင်ထူးချွန်ဆု စုစုပေါင်း ၃၅ ဆုကိုလည်း ဆွတ်ခူးရရှိခဲ့ သည်။ (အေးပြည့်)

** ဂျက်စပဲရိုးမင်းသားကြီး ဂျော်နီဒပ်ဖွင့်ဟလာတဲ့ သူ့ ဘ၀ရဲ့ အမှောင်မိုက်ဆုံးအချိန်**

““Pirates of the Caribbean””ရုပ်ရှင်တွေရဲ့  ပင်တိုင် ဇာတ်ဆောင်မင်းသားကြီး ဂျော်နီဒပ်ကိုတာ့ ပရိသတ် တွေက ပင်လယ်ဓားပြကြီး ဂျက်စပဲရိုးအဖြစ် အသိ များကြပါတယ်။ ဂျော်နီဒပ်ဟာ ဟောလိဝုဒ်မှာ ယနေ့အချိန်အထိအောင်မြင်နေတဲ့  မင်းသားတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ အောင်မြင်မှုအပေါင်း သရဖူဆောင်းထားဆဲမင်းသားကြီးက မကြာသေးမီက ပြုလုပ်ခဲ့ တဲ့  ရုပ်သံအစီအစဉ်တစ်ခုမှာတော့ သူ့ ဘ၀ရဲ့  အမှောင်မိုက်ဆုံး၊ အခက်ခဲဆုံးဖြစ်ခဲ့ ရတဲ့ အချိန်ကို ဖွင့် ဟပြောကြားခဲ့ ကြောင်း ယူအက်အေတူဒေးသတင်းစာက ဖော်ပြခဲ့ ပါတယ်။ ဒပ်က ဘ၀မှာမမေ့နိုင်တဲ့  အခက်ခဲဆုံးသောအချိန်ကို ၂၀၀၇ ခုနှစ်တွင် ကြုံတွေ့ ခဲ့ ရကြောင်းနဲ့  ယင်းအချိန်မှာ သမီးဖြစ်သူ လီလီရို့ စ်ဒပ်ကျောက်ကပ် ဝေဒနာကြောင့်  လန်ဒန်မှာရှိတဲ့  ဂရိတ်ထ်အော်မွန်းစထရိထ်ဆေးရုံမှာ တက်ရောက်ခဲ့ ရတဲ့ အချိန်ဖြစ်ကြောင်း ရင်ဖွင့် ခဲ့ ပါတယ်။ ဒပ်က ““ကျွန်တော့်ဘ၀မှာကမ်းမမြင်လမ်းမမြင်ဖြစ်ခဲ့ ပြီး ဘာလုပ်လို့  ဘာကိုင်ရမှန်းမသိတဲ့  မှောင်မိုက်တဲ့ အချိန် ဆိုတာ ကြုံခဲ့ ရဖူးပါတယ်။ ဒါပေမယ့်အဲဒီအချိန်တွေထဲကမှ အဆိုးရွားဆုံးအချိန်ကတော့ သမီးဆေးရုံတက်ခဲ့ ရတဲ့ အချိန် ပါပဲ””လို့  ““The Graham Norton Show””ရုပ်သံ အစီအစဉ်မှာဖွင့် ဟခဲ့ တာပါ။ သမီးဖြစ်သူဆေးရုံတက်ရတဲ့  အချိန်မှာဒပ်ကသည်းထိတ်ရင်ဖိုရုပ်ရှင် ““ The Graham Norton Show”” ကို ရိုက်ကူးနေတဲ့ အချိန်ဖြစ်လို့  အနားမှာမရှိခဲ့ ပါဘူး။ ဒါပေမယ့်  သမီးဆေးရုံတက်ခဲ့ ရတဲ့  ကိုးရက်တာအချိန် အတွင်းမှာတော့ ဆေးရုံကို သွားရောက်ကြည့်ရှုဖြစ်ခဲ့ပါတယ်။ အဲဒီလိုဆေးရုံကိုသွားရောက်ကြည့် ရှုခဲ့ တာကနေ သူသိရှိလိုက်ရတဲ့အရာက နေထိုင်မကောင်းဖြစ်နေတဲ့ ကလေးတွေ အတွက် သူတို့ ကိုလာရောက်အားပေးခြင်းဟာ ဖော်မပြနိုင်တဲ့ ပျော်ရွှင်မှု တွေကို ဖန်တီးပေးနိုင်တယ် ဆိုတာပါပဲ။ ဒါ့ကြောင့် ဒပ်ဟာ နောင်တစ်ချိန်မှာသူ့ ရဲ့ ဂျက်စပဲရိုးဝတ်စုံကိုဝတ်ဆင်ပြီး သြစတြေးလျမှာရှိတဲ့  ကလေးဆေးရုံကို ထ ဖြစ်ခဲ့ပါတယ်။ ယခုလို ကလေးတွေနဲ့ တွေ့ ဆုံဖို့  စိတ်ကူးကိုဖြစ်ပေါ်စေတာက သမီးဖြစ်သူ ဆေးရုံ တက်ရောက်ခဲ့ ရတာကြောင့် ပဲဖြစ်တယ်လို့ လည်း မင်းသားက ပြောကြားခဲ့ ပါတယ်။ ဆက်လက်ပြီးမင်းသားက သမီးဖြစ်သူအရွယ်ရောက်လာပေမယ့် လည်း သူ့ အနေနဲ့  သမီးအတွက် အမြဲပူပန်နေမိကြောင်းနဲ့  သားသမီးတွေ ဘယ်အရွယ်ပဲရောက်ရောက် စိတ်မချနိုင်ဘဲ အမြဲစိုးရိမ်နေတတ်ခြင်းဟာ မိဘတွေရဲ့  သဘာဝ ပဲဖြစ်ကြောင်းလည်း ဆိုခဲ့ ပါတယ်။ (အေးပြည့်)

 **လာလီဂါရဲ့ ထာဝရသွင်းဂိုးအများဆုံးတတိယနေရာ ရရှိခဲ့တဲ့စီရို နယ်လ်ဒို**
အီဘားနှင့်  ရီးယဲလ်တို့ ကစားခဲ့ သော လာလီဂါပွဲစဉ် တွင် စီရိုနယ်လ်ဒိုက ပင်နယ်တီမှတစ်ဆင့်  သွင်းဂိုးတစ်ဂိုး သွင်းယူပြီးတဲ့ နောက် လာလီဂါ၏ထာဝရသွင်းဂိုးအများဆုံး တတိယနေရာသို့ တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်သည်။ စီရို နယ်လ်ဒိုအနေဖြင့်  အခုပွဲ၌ အခွင့် အရေးမြောက်မြားစွာ ကို ဖြုန်းတီးပစ်ခဲ့ သည့်အတွက် ဝေဖန်မှုများ ကြုံတွေ့ ခဲ့ ရ သော် လည်း ရီးယဲလ်နည်းပြဘင်နီတက်ဇ်ကမူ သူ၏တိုက်စစ်မှူးး က တစ်ပွဲလုံးကိုအကောင်းဆုံးပုံစံဖြင့်ကစားသွားနိုင်ခဲ့ သည်ဟု ကာကွယ်ပြောကြားလိုက်သည်။ စီရိုနယ်လ်ဒိုမှာလက်ရှိတွင် လာလီဂါသွင်းဂိုး (၂၃၄)ဂိုး အထိရှိလာပြီဖြစ်သည့်အတွက်ယခင် ရီးယဲလ် တိုက်စစ်မှူးဟောင်း ဟူဂိုဆန်းချက်ဇ်၏ စံချိန်ကို လိုက်မီ နိုင်ခဲ့ ပြီဖြစ်သည်။ သို့ သော် ၎င်းကဟူဂိုဆန်းချက်ဇ်ထက် (၁၃၄)ပွဲလျော့ပြီး ကစားထားတာကြောင့်  သူ၏ ဂိုးသွင်း စွမ်းရည်က ရီးယဲလ်ကစားသမားများထဲတွင်ထိပ်တန်း အကျဆုံးဟု သတ်မှတ်ရတော့မည်ဖြစ်သည်။ တိုက်စစ်မှူးး ဇာရာနှင့်  မက်ဆီတို့ နှစ်ဦးမှာစီရိုနယ်လ်ဒိုထက်သွင်းဂိုးပိုများ သည့်  ကစားသမားနှစ်ဦးဖြစ်သော်လည်း စီရိုနယ်လ်ဒို က ဇာရာ၏စံချိန်အား လိုက်မီ ရန် ၁၇ ဂိုးသာ လိုအပ် တော့ရာ ယခုနှစ်ဘောလုံးရာသီမှာတင် အမီလိုက်နိုင် တော့မည်ဟု မျှော်လင့်ရသည်။ သို့ သော် မက်ဆီ၏ သွင်းဂိုးမှာ၂၉၀ဖြစ်သည့် အတွက် စီရိုနယ်လ်ဒိုအနေဖြင့်  မက်ဆီ၏ သွင်းဂိုးစံချိန်ကို လိုက်မီ ဖို့ ရန် အလှမ်းဝေးနေဦးမည်ဖြစ်သည်။ (မေလဲ့သင်း)

**တိုက်စစ်မှူးးမိုရာတာဂျူဗင်တပ်ရဲ့ အဓိကကစားသမားတစ်ဦး ဖြစ်လာမယ်--လို့ 
နည်းပြအယ်လီဂရီချီးကျူး**
အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းမှ တိုက်စစ်မှူးး မိုရာတာအား ဂျူဗင်တပ်အသင်းနည်းပြ အယ်လီဂရီက ချီးကျူးစကားပြောကြားလိုက်ပြီး ဂျူဗင်တပ်အသင်းအတွက် အဓိကအားထားရသည့်  ကစားသမားတစ်ဦး ဖြစ်လာလိမ့်  မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။တိုက်စစ်မှူး မိုရာတာ သည် ဂျူဗင်တပ်အသင်း က ပါလာမိုအသင်းအား သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ဂျူဗင်တပ်အသင်းအတွက် အကောင်း ဆုံးခြေစွမ်းပြကစားနိုင်ခဲ့ သူဖြစ်သည်။ တိုက်စစ်မှူး မိုရက်တာသည် ရီးယဲလ်မက်ဒရစ်အသင်းသို့  ပြန်လည် ခြေချနိုင်ဖွယ်ရှိသည့်  သတင်းများထွက်ပေါ်နေသည် အပြင် မိုရက်တာ၏ အနာဂတ်အတွက်လည်း အကျေအလည်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိနေဆဲဖြစ်သော်လည်း ဂျူဗင်တပ်အသင်းနည်းပြ အယ်လ်လီဂရီကမူအသက်(၂၃)နှစ် အရွယ်ရှိ တိုက်စစ်မှူး မိုရာတာ သည် ဂျူဗင်တပ်အတွက် အဓိကကစားသမား ဖြစ်လာမည်ဟု ပြောကြားခဲ့ သည်။ ပြီးခဲ့ သည့် ဘောလုံး ရာသီကလည်း တိုက်စစ်မှူး မိုရာတာ အနေဖြင့်  အီတလီစီးရီးအေ ချန်ပီယံဂျူဗင်တပ်အသင်းအတွက် သွင်းဂိုး ၁၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည်။ ဂျူဗင်တပ်အသင်းသည် ပါလာမိုအသင်းနှင့် ပွဲစဉ်တွင် သုံးဂိုးပြတ်ဖြင့်  အနိုင်ရရှိ ခဲ့ ခြင်းကြောင့်  စီးရီးအေတွင် လေးပဲ ဆက်တိုက်နိုင်ပွဲရရှိ ကာ စီးရီး အေအမှတ်ပေးဇယား၏ အဆင့် (၅)နေရာသို့  တက်လှမ်းနိုင်ခဲ့ ပြီလည်းဖြစ်သည်။ ပါလာမိုအသင်းအား အနိုင်ရရှိခဲ့ သည့်  ပွဲစဉ်တွင် ဂျူဗင်တပ်အသင်းအတွက် သွင်းဂိုးများကို မန်ဇူကစ်၊ စတူရာရိုနှင့်  ဇာဇာတို့ က သွင်းယူပေးခဲ့ ခြင်း ဖြစ်သည်။ (ငွေကြယ်) င်းသားချောဘေယောင်ဂျွန်းနှင့်  တွဲဖက်ရိုက်ကူးခဲ့ သည့်  ““Did We Really Love?””ရုပ်သံဇာတ်လမ်းတွဲဖြင့် မြန်မာပရိသတ်များနှင့်စတင်ရင်းနှီးခွင့် ရခဲ့ သောတောင်ကိုရီးယား မင်းသမီးချောကင်မ်ဟေစိုးသည် နိုဝင်ဘာ ၂၇ ရက်က သူ၏ ဆွဲဆောင်မှုရှိဆဲခန်္ဓာကိုယ်အလှကို ရိုက်ကူးထားသည့်  ဓာတ်ပုံ များကို အွန်လိုင်းမှတစ်ဆင့် ထုတ်ဖော်ပြသခဲ့ သည်။ အဆိုပါဓာတ်ပုံများတွင် မင်းသမီးသည် အနက်ရောင်တီရှပ်အကျပ်နှင့်  ဂျင်းဘောင်းဘီကို ရွှေရောင်ခါးပတ်နှင့်  တွဲဖက်ဝတ်ဆင်ထားပြီး ယင်းရိုးရိုး ရှင်းရှင်းဝတ်စုံနှင့်ပင် သူ၏စမတ်ကျလှသော ကိုယ်ခန်္ဓာအချိုးအစားမှာပေါ်လွင် နေကြောင်း စွန်ပီဒေါ့ကွန်းက ဖော်ပြခဲ့ သည်။ ကင်မ်ဟေစိုးသည် ၁၉၇၀ ခုနှစ် စက်တင်ဘာ ၅ရက်က မွေးဖွားခဲ့သူ ဖြစ်သည့်အတွက်ယခုအချိန်တွင် အသက်အရွယ်အားဖြင့်  ၄၅ နှစ် စွန်းခဲ့ ပြီဖြစ်သော်လည်း လှနေဆဲဖြစ်ကြောင်း သူ၏ဓာတ်ပုံများက သက်သေပြလျက်ရှိသည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)