ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, December 9, 2015

=သည်.. အခန်း=

>
အခန်းကမှောင်လိုက်တာ။ အလင်းကမှုန်ဝါးဝါး။ ညလား မနက်လား မကွဲပြား။ ဇရာရဲ့ နှိပ်စက်မှုကြောင့် အကြည်ဓာတ် က ခမ်းပြီး။ လက်တစ်လှမ်းက ကိုယ်လိုချင်တဲ့ ပစ္စည်းယူဖို့အရေး ရွှေ့ရသည့် ဤခန္ဓာသည် လေးလံလွန်းနေသည်။ မှီလုပြီး ရတော့မယ် ရတော့မယ် ကြိုးစားပြီး လက်ကိုဆန့် ခန္ဓာကိုယ်ထဲ ရှိသမျှအားတွေစုပြီ လိုချင်သည့်အရာကို လက် ကအလှမ်း.
. “၀ုန်း ..”
 အမယ်လေး.. ကယ်တော်မူပါ ဘုရား။ ကုတင်ပေါ်မှ ပြုတ်ကျသည့် အရှိန်ကြောင့် အရိုးတွေ ကြေကုန်သည့် အလား နာလိုက်တာ နာလိုက်တာ. အသံကမထွက်နိုင် လည်ချောင်းဝမှာ တစ်စို့စို့ ။ နာလွန်းသည့် အရှိန်ကြောင့် မျက်ရည်တို့ ပိုးပိုးပေါက်ပေါက် ကျလာသည်။ ဘုရား သာတနေတာ နာတာကို နာတယ်လို့မှတ်လို့မရ။ အို တာကို အိုတယ် လို့ မှတ်လို့မရ။ ငါ့နော်.... တောက်.. ငယ်တုန်းကစိတ်နဲ့သာဆို.ရင်လေ ..ဟင်း..ဟင်း စိတ်ထဲကနေ ကိုယ့်ကိုယ်ကို ကြိမ်မောင်း အားမလို အားမရဖြစ်..

 “ကျွီ”

 ဟော.. နားစွင့်လိုက်သည်။ တံခါးဖွင့်သံ နှင့်အတူ အကြင်နာကင်းမဲ့တဲ့အသံ ။

“အာ.. ဒေါ်လေးတို့ကလည်း ပစ္စည်းလိုချင် ဘေးနားက ဘဲလ်နှိပ်လိုက်ပြီးရော။ လာမှာပေါ့။ တစ်ကယ်ပဲ အလုပ်က များရတဲ့ ကြားထဲ ဒီဂီလာန က တစ်မျိုး. ပင်ပန်းတယ် ”

နာနေရတဲ့ ကြားထဲ တူမ မိသီပြောသံကြားတော့ ရီချင်ထာအေလို့ပဲ ဒက် ကနဲ ပြန်ပြောလိုက်ချင်တာ။ ကျုပ်အတွက် ငှားထားတဲ့ နပ်စ် ကို ညည်းပဲ ပိုက်ဆံ ကုန်တယ်ဆိုပြီး မခေါ်တော့တာလေ။ ရှင်းရှင်းပြောရရင် ညည်းခုနေတာ ငါ့အိမ်။ ညည်းခုသုံးနေတာ ငါ့ပစ္စည်း။ ငါ့ငွေ ငါ့စီး ပွားရေး။ ကျုပ်ပိုက်ဆံနဲ့ကျုပ် ကိုယ့်ကိုပြုစုမယ့် နပ်စ်ခေါ်တာကို ကြားထဲက ညည်းက ကပ်စေးနဲပြီ မခေါ်တော့ ခံပေါ့ ပင်ပန်းပေါ့. စိတ်ထဲကပြောချင်တာက အဲဒီလို .. လည်ချောင်းဝက တစ်ကယ်ထွက်လာတဲ့ အသံက “အား ကျွတ် ကျွတ်..နာတယ် နာတယ်..” သူမရဲ့ပိန်လှီနေတဲ့ ခန္ဓာကိုယ်ကို ၀ဖိုင့်တဲ့ မိသီမ စွေ့ကနဲ ပွေ့ပြီး ခပ်ပါးပါး အိပ်ယာပေါ် အညှာအတာမဲ့စွာဖြင့် ပြန် တင်ပေးလိုက်သည်။

“နာရင်လည်း အောင့်ခံ ဒေါ်လေးရေ။ မတတ်နိုင်ဘူး။ ထမင်းစားချိန်ကြ ကောင်မလေး ထမင်းလာပို့ပြီး ကျွေးခိုင်းလိုက်မယ်။ ငြိမ်ငြိမ်နေစမ်းပါ။ အလုပ်တွေ များနေရတဲ့ အထဲ .. စိတ်တွေလဲ ညစ်ပါတယ် ”

“၀ုန်း”  

အခန်းတံခါးကို ၀ုန်း ကနဲဆောင့်ပိတ်လိုက်သည့်အသံ ။ အခန်းက ခုနကလိုပဲ ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ ခုနက ပြုတ်ကျထားသည့် အရှိန်ကြောင့် အသားတွေ နာပြီး ကြိမ်းနေသည့် ဒဏ်ကို ကြိတ်မှိတ်ခံစားရင်း မျက်ဝန်းမှ မျက်ရည်တို့က စီးကျလာပြန်သည်။ အော်.. ငါ့ရဲ့ နေ၀င်ချိန်က ဒီလိုတဲ့လား. အတွေးတို့က အတိတ်ကို ပြန်ဝဲ ရောက်ရှိသွားသည်.။

 “တောက်!” 

အသံခပ်ပြင်းပြင်းနဲ့အတူ ပန်းကန်ကွဲ သံတွေ ဆူညံသွားသည်။ မိသန်းတစ်ယောက် နေစရာမရှိဘူး။ ကြောက်ကြောက်နဲ့ ကျကွဲနေသည့် ပန်းကန်တွေကို ကောက်သိမ်း။ မမလေးသိမ့် မျက်နှာကို မောမ ကြည့်ရဲဘူး။ မိသန်း ခေါင်းပေါ်ကို ရေတွေလောင်းချတာ ခံလိုက်ရသည်။ မျက်နှာပေါ်စီးကျလာသည့် ရေတွေကို မသုတ် အားဘူး။ ဒီအလုပ်လေးမြဲမှ သမီးလေးကို ကျောင်းထားဖို့ အဆင်ပြေမှာ။ တောင့်ထား တောင့်ထား ကိုယ့်ဘာသာကိုယ် အားပေး အားတင်း ပန်းကန်ကွဲတွေ ဆက်သိမ်း။ ခေါင်းငုံ့ ထားပေမယ့်မျက်ဝန်းမှာ မျက်ရည်ပိုးပိုးပေါက်ပေါက်။ မာန်ပါပါ မာနသံခပ်မြင့်မြင့် ငါ ဆိုသည့် အတ္တတို့ဖြင့် ရုန်းကြွလာသည့် အသံ ခပ်စူးစူး က မိသန်းနားထဲ ဟိန်းနေသည်။ “မှတ်ထား နောက်ဆို ငါထမင်းစားတဲ့ ပန်းကန်ဘယ်ဟာဆိုတာ ကွဲကွဲပြားပြားမသိပဲ နေအုန်း။ နင်နော် နင် ပြုတ်စော်နံနေပြီ မိသန်း။ နောက်တစ်ခါဆို နင့်ကို ၃ လစာပေးပြီး ကန်အထုတ်ပဲ. 

” “ကျွီ” 

အခန်းတံခါးဖွင့်သည့် အသံကြောင့် မျက်ဝန်းအကြည့်ကို အခန်းတံခါးဝဆီပို့လိုက်သည်။ “ကြီးကြီး ထမင်းစားမယ်” အိမ်အကူကောင်မလေး ထမင်းလာပို့ပေးတာကိုး ။ ထမင်းထည့်ထားသည့် ပန်းကန်က စတီးပန်းကန် ပြောင်လက်နေသော် လည်း ပိန်ချိုင့် လို့။ စိတ်အခပ် မသင့်တိုင်း ထမင်းထည့်သည့် ကြွေပန်း ကန်တွေ ဆွဲယူပြီး လွှတ်ပစ်တတ်သည့် သူမ၏ အကျင့်ကြောင့် လွှတ်ပစ် သော်လည်း မကွဲသည့် စတီးပန်းကန်နှင့်သာ လာကျွေးသည်။ ပဲဟင်းရည် ချိုခပ်ကျဲကျဲ ဆမ်းထားသေးသည်။ ပြီးတော့ ဖြူဖတ်ဖြူရော ကြက်သားပြုတ်။ ဒါသည်ပင် နေ့တိုင်းမရိုးသည့် သူမ၏ နေ့လည်စာ။ သြော် ခုတော့ ငါ့ပန်းကန်နဲ့ငါဆိုတာ သီးသီးသန့်သန့်ကိုဖြစ်လို့ ဟုပင် စိတ်ထဲကပင် တွေးမိပြန်သည်။ ပါးစပ်ထဲက ထမင်းကဖြင့် မကုန်သေး စိတ်လောကြီးစွာ ကောင်မလေးရဲ့ ထမင်းထည့်ထားသည့် ဇွန်းက သူမနှုတ်ခမ်းနားဝဲနေပြန်သည်။ ဟဲ့ သွားတွေမကောင်း တော့ဘူးလေ။ ငါ ဒီလောက်မြန်မြန် ဘယ်ဝါးနိုင်မတုန်း။ အဲဒီလို ပြောချင်တာ။ လည်ချောင်းဝက အသံကမ ထွက်နိုင်ဘူး။ ကောင်မလေးထိုးထိုးထည့်နေသည့် ထမင်းကို အလျင်မီအောင် မနည်းလိုက်ဝါးနေရသည်။ 

“ကြီးကြီး မြန်မြန်စား ပြီးရင် ကလေးတွေကို ကျောင်းသွားကြိုရမယ်။ ကြာနေရင် မမသီက အော်မှာ”

 အသက်မသေရုံတစ်မယ် ထမင်းတနပ်စားရဖို့အရေး တတ်နိုင်သလောက်ဝါး အဲဒီလိုမှ မဟုတ်ရင် ကောင်မလေးက ထမင်း မကုန်သေးဘူး သိမ်းသွားရော။ ညကျဗိုက်ဆာလို့ ဘဲနှိပ်လဲ ဘယ်သူမှ သူမအခန်းထဲ ရောက်မလာကြ။ ဆီးသွားဝမ်းသွား ဒီအိပ်ယာပေါ်။အစကတော့ ရွံလို့ ဘဲလ်ကိုနာနာနိပ် ဘယ်လိုပင် နှိပ်သော်လည်း အခန်းတံခါးက ပွင့် မလာ။ ခံစားရတဲ့ ဝေဒနာက ပွင့်ထွက်သွားတော့မတတ်။ နောက်ဆုံး စိတ်က ဘယ်လိုပင်ထိန်းပါသော်လည်း ခန္ဓာက မထိန်းနိုင်တော့ပေ။ စစချင်းပထမတစ်ခေါက်ကဆိုရင် ငိုကလည်း ငို ရွံလွန်းလို့ အော့အန်။ ဝေဒနာက ခံစားရ။ အခန်းထဲက အနံ့တွေက ဆိုးဆိုးရွားရွာ။ ခုဆို မွေ့ယာပေါ် တစ်ခါသုံး ပလတ်စတစ် ခုံခင်းတစ်ခု ခင်းပေးထားသည်။ ပြီးရင် အဲဒါကြီး လာလဲပေး။ အိပ်ယာခင်းတွေ ညစ်ပတ်လို့တဲ့။ သြော် ကိုယ့်ပစ္စည်းနဲ့ ကိုယ်တောင် ပလတ် စတစ်ပေါ် အိပ်ရသည့်ဘ၀။ တစ်နေ့ တစ်နေ့ ဒီလို မလှုပ်နိုင် မရှားနိုင်သည့်ဘ၀နှင့် ၀မ်းနည်း အလိုမကျတဲ့ စိတ်။ ဒေါသတွေထွက်။ ဒီဘ၀ ကလွတ်ချင်ပါသော်လည်း ငါ့ပိုင်တဲ့ ပစ္စည်း ဥစ္စာတို့ကို စိတ်ကမချ။ ဒီလိုရလာဖို့ ငါဘယ်လောက်ရှာခဲ့ရလဲ။ ငါ ဘယ်လောက်ရုန်းကန်ခဲ့ရလဲ။ လွယ်လွယ်နဲ့တော့ မစွန့်လွတ်နိုင်ဘူး။

 “၀ုန်း”

 အခန်းတံခါး ပိတ်သည့် အသံ . ဟင်.. ငါ ထမင်း မ၀ သေးဘူးလေ။ ဟဲ့.. အသံမထွက်နိုင် လက်ကိုဆန့်တန်းပြီး ခေါ်ပါသော်လည်း ကျောခိုင်းထွက် သွားသည့် ကောင်မလေးကဖြင့် ပန်းကန်တွေ သိမ်းလို့ အခန်းထဲက ထွက်သွားချေ ပြီ။အခန်းသည် ခုနကလို မည်းမည်းမှောင်မှောင် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ ရေလေး သောက်ချင် လိုက်တာ။ သြော်…. ခုတော့လည်း ငါပိုင်သည့်ပစ္စည်း ငါ့ ခန္ဓာက မလှုပ်နိုင်သည့်အခါ မည်မျှလောက်ရုန်းကန်ခဲ့ပါသော်လည်း ရေလေး တစ်ပေါက်တောင် မ၀သည့် သည်ဘ၀ ထမင်းလေးတစ်နပ်တောင် အေးအေးချမ်းချမ်း အရသာရှိရှိ မစားနိုင်သည့် သည်ဘ၀။ ထိုက်သူမှ စားရလေသည်ဟု ဆိုလေမည်လား။ ငါရှာသည့်ပစ္စည်း ငါနဲ့မထိုက်တန်ရင် ဘယ်သူနဲ့ထိုက်တန်လဲ။ ခန္ဓာသည် ဒေါသမီးနှင့် လှောင်မြိုက်လေပြန်သည် တစ်ခါ။ “မရဘူး။ အဲဒီဆိုင်က ဖာလူဒါမှ သောက်ချင်တာ။ ဟုတ်တယ်.. ခုဝယ်ပြီးလာပို့ ဒါပဲ” သြော် ..အရင်တုန်းက ငယ်တုန်းရွယ်တုန်း မာနတွေရှိတုန်း ထင်တိုင်းကျဲခဲ့တဲ့ ကျူပ်။

 “ငွေ ရှိဖို့ပဲ လိုတာပါ။ ငွေရှိရင် ဘာမဆိုင်ဖြစ်တယ်။ ကိုယ့်ဘေးမှာ ၀ိုင်းဝိုင်း လည်နေအောင်
 ခိုင်းလို့ရတယ် ” 

အရင်မိုးကောင်းတုန်း ထန်ခဲ့သည့် မာန်တွေ ။ စကားတွေ။ ခုတော့ ငွေရှိနေတာတောင်မှ..၀မ်းနည်းစိတ်က ရှိုက်လို့ ရင်ဝကို လာဆောင့်ပြန်လေသည်။
 “ကျွီ” 

အခန်းတံခါးဖွင့်သံ . ဘယ်သူပါလိမ့် ။ တစ်နေ့တစ်နေ့ သည်အခန်းတံခါးဖွင့်သံ ပိတ်သံသည်သာ သူမရဲ့ ကမ္ဘာ။ သည်အခန်းတံခါးရဲ့ အပြင်မှာ ဘာတွေဖြစ်နေလဲ မသိဘူး။ အခန်းထဲဝင်လာသူ ထွက်သွား သူတို့ကိုသာ စိတ်ဝင်စားသည်။ တစ်ခါတစ်ရံ တိတ်ဆိတ်မည်းမှောင်နေသည့် သည်အခန်းထဲကို ဘယ်သူများဝင်လာမလဲ မျှောင်လင့်ရသည်။ ဘယ်သူများ စကားလာပြောလေမလဲ တောင့်တမိသည်။ 

“မမသိမ့် ”

 ခေါ်သံနှင့်အတူ အခန်းထဲဝင်လာသူက မိသန်း။ သူမ၏ မျက်ဝန်းတွင် ၀မ်းသာကြည်နူးရိပ်တို့ ရုတ်ခြည်း ဖြတ်ပြေးသွား သည်။ ဟုတ်တယ်လေ သူမကို စိတ်ရှည်လက်ရှည်ရေချိုးပေး။ မှောင်နေတဲ့ အခန်းထဲ ကို အလင်းဝင်လာအောင် အခန်းတံခါးတွေ ဖွင့်။ ပြီးရင် အခန်းကို သန့်ရှင်းရေးလုပ်ပေးမည်။ သူမကို အားပေးစကားတွေပြောမည်။ ဒီနေ့ ည မိုးမချုပ်ပါစေနဲ့။ မိုးချုပ်လျှင်တော့ မိသန်း သူ့အိမ် သူပြန်လိမ့်မည်။ ပြီးလျှင် သုံး လေး လ ပျောက်ချင်ပျောက်သွား မည်။ ဒါမှမဟုတ် နောက်တစ်ခါဆိုသည်လည်း ထပ် ၍ မရှိနိုင်တော့ပေ။

 “သက်သက်သာသာ နေနော်။ သမီးလေးက မုန့်တွေ ပေးလိုက်တယ်။ ကြီးကြီး သိမ့် အတွက်ဆိုပြီးတော့ နောင်နှစ်တော့ ရန်ကုန်ဆေးရုံကြီးကို ပြောင်းရမယ်လို့ ပြောလိုက်တယ်။ နောက်တစ်ပတ်ကို လာကြည့်မယ်တဲ့။ ” 

တစ်ကယ်တော့ မိသန်းသမီးလေးကို ပညာသင်စားရိတ် ထုတ်ပေးခဲ့ချင်းမှာ စေတနာရှိလွန်းလို့ မဟုတ်။ မမသိမ့်က သဘောကောင်းသည် စိတ်ထားဖြူစင်သည် ဆိုသည့် ဂုဏ်ကို လိုချင်လို့သာဖြစ်သည်။ မိသန်းသမီးလေး က လိမ္မာရေးခြား လဲ ရှိပြီး စာလဲတော်သည်။ အစထဲက ကိုယ်ရည်ကိုယ်သွေး ရှိသော ကလေးကို ပံ့ပိုးပေးလိုက်ချင်း အားဖြင့် သူမ ဂုဏ်တက်ခဲ့ ဘူးသည်။ ခုတော့ ကလေးမသည် ဆရာဝန် ဖြစ်နေလေပြီ။ တော်ရှာပါသည် ကျေးဇူးရှင်ဟူသော အသိဖြင့် မကြာခဏလာကြည့်ကြသလို တူမတော် အငတ်ထား သမျှ မိသန်းလာလျှင် သူမစားရသည်။ ဒါတောင် ညဘက် တူမတော်က အခန်းထဲ ရောက်လာလျှင် စားလက်စမုန့်တွေကို မတည့်ဘူးဆိုသည့် အကြောင်းပြချက်ဖြင့် ယူပြီး သိမ်းသွားတတ်သည်။ မျက်ဝန်းတွင် မျက်ရည်တို့ ရစ်သိုင်းလာပြန်သည်။

 “အိုး မမသိမ့် မငိုပါနဲ့. မိသန်းတို့ မကြာ မကြာ လာပါ့မယ်။ အားတင်းထားနော် ”

 မျက်ရည်တို့ကြားမှ အားတင်းပြီး ခေါင်းညိမ့်ပြမိပြန်သည်။ အားနာလိုက်တာ မိသန်းရယ်လို့ စိတ်ထဲက ညည်းမိသည်။ ကိုယ်မစွမ်းသည့်အချိန်မှ ကိုယ့်လူဆိုတာသိရသည့်အဖြစ် မဟုတ်ပေလော။ အရင်ကဆိုရင် တူမ မိသီတို့များ ဒေါ်လေးရဲ့ လက် ဓါးရှလို့  ဆိုသည်နှင့် ရင်ဘတ်စည်စီးပြီး ငိုကြီးချက်မ ကိုယ့်အနားရောက်လာတတ်သည့် သူတွေ။ သြော်… ခုများတော့ .. အတွေးနှင့်အတူ သူမ၏ ရင်ဘတ်ကြီးမို့မောက် လို့ ဟင်း ကနဲ သက်ပြင်းချသံကြီး ထွက် လာပြန်သည်။ 

“မမသိမ့် အများကြီးမတွေးနဲ့ တရားလေး ဘာလေးနာပါလား မိသန်း ဖွင့်ပေးမယ်” 

သူမ အသာအယာ ခေါင်းညိမ့်ပြလိုက်သည်။ သူမ၏ အခန်းထဲတွင် တရားသံတို့ဖြင့် လွင့်ပျံလို့ အေးချမ်း သွားပြန်သည်။ တစ်ဒင်္ဂပါလေ။ မိသန်းပြန်သွားလျှင် သူမ၏ အခန်းသည် ဒေါသ မောဟ မာန်မာန တို့ဖြင့် ပြန်လည် ထုံမွန်းသွားမည်။ သူမသည် မကြာခင် မီးစာကုန် ဆီခမ်းပေတော့မည်။ တစ်သက်တာလုံး ဘ၀တွင် မာန် မာန အတ္တတို့ဖြင့် တည် ဆောက်ခဲ့သမျှ သူမ၏ နှလုံးအိမ်ဝယ် မာန် မာန အတ္တ တို့သည် နေရာ အခိုင်အခန့် ရှိနေလေပြီ။ ထို့ကြောင့် တစ်ခဏမျှ လာသော တရားဟူသည့်ဧည့်သည် သည် သူမ၏ စိတ်နှလုံးဝယ် အပြည့်အ၀ နေရာယူနိုင်ပါမည်လော။ တွေးစရာပင်။ မည်သို့ပင်ဆိုစေကာမူ မိသန်းပြန် သွားသည့်အခါ သည်အခန်းလေးထဲ တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့ပေမည်။ နောက်တစ်ကြိမ် အခန်းတံခါးဖွင့်သံကို သူမနားစွင့်နေရမည်။ မျှော်လင့်နေရမည်။ သည်အခန်းသည် မှောင်နေသည် သို့သော်လည်း နေ့လားညလား မကွဲပြားသော သူမအတွက် အလင်းအမှောင် သည် အဓိက မကျ။ တံခါးဖွင့် လိုက်သည့် ကျွီဆိုသည့်အသံ ၀ုန်း ကနဲ ပြန်ပိတ် သွားသည့် တံခါး၏ အသံသည်သာ သူမ အတွက် ကမ္ဘာတစ်ခုဖြစ်နေလေ တော့သည်။ တစ်နေ့ပြီးတစ်နေ့ မှောင်မိုက်နေသည့် အခန်းထဲတွင် သူမ၏ ဘ၀သည် အင်အားတို့ လျော့ကျလာလေပြီ။ ငါ ပစ္စည်း ငါ့ဥစ္စာတွေကို ထားခဲ့ရတော့မှာပါလား။ အမှန်စင်စစ်မူသူမသည် ထိုပစ္စည်း ဥစ္စာတို့ဖြင့် မခွဲခွာချင်သေးပေ။ သူမငယ်ငယ်က ငွေသည်သာအဓိက ဟု ထင်ခဲ့သည်။ အပျိုကြီးတစ်ယောက် အိမ်ထောင်မရှိသူ လွတ်လပ်သော မိန်းမ တစ်ယောက်အနေနှင့် အသက်ကြီးလျှင်ငွေရှိမှဖြစ်မည်။ အိုစာ မင်းစာကို လောဘကြီးစွာ ရှာဖွေစုဆောင်းခဲ့သည်။ ယခု တတိယ အရွယ်ဝင်စမှာပင် သူမသည် အိပ်ယာထဲ ဗုန်းဗုန်းလဲ ခဲ့ရပြီ။ အိုကြီး အိုမနှင့် သူများ မှီခိုပြီး အသက်ရှင်ရသည့်ဘ၀ ရောက်ခဲ့ရပြီ။ သူမအတွက်နေ၀င်ချိန်တို့သည် သိပ်စောလွန်းနေသေးသည်။ စီးပွားရေးကို တူမတော်မိသီထံလွဲပေး ကိုယ်တိုင်က တရားဓမ္မကိုသာအားထုတ်သွားတော့မည်ဟု စိတ်ပိုင်း ဖြတ်လိုက်သည့် အချိန်ကျခါမှ သူမသည် မလှုပ်နိုင်မရှားနိုင် ဂီလာန လူနာတစ်ယောက်အနေဖြင့် သည်မှောင်မိုက်နေသည့် အခန်းလေးထဲတွင် ကမ္ဘာတစ်ခုတစ်ဖွယ် အသက်ရှင်ရုံမျှ ရှင်သန်နေရသည်။ အမှန်ဆိုလျှင် သည်ဝဋ်ကြွေးမှ လွတ်ချင်လှပြီ။ အိပ်ယာပေါ်ကြီးကျောခင်းလို့ လှဲနေရဖန်များလာသည့်အခါ အပူလောင်လျှက် ကျောဘက်တွင်အနာအသေးလေးများ ဖြစ်လာသည်။ အခန်းသည်မှောင်မိုက်လျက် မသန့်ရှင်းသည့် အတွက်အနာအသေးမှ အနာများကြီးလာကြသည်။ ကျောသည်ပူရုံမျှမကနာကျင်နေရသည်။ နာပါသော်လည်း ဘေးတစ်ခြမ်းစောင်းအိပ်မိသည်အခါ အရိုးပြိုင်းပြိုင်းဖြစ်နေသော အရိုးနှင့်ထောက်အိပ်ရသည့်အတွက် သည်းစွာနာကျင် ခံစားရပြန်သည်။ နာလျှင်နာသည်ဟု မှတ်ဆိုသည့် တရားသဘောကိုသိပါသော်လည်း လက်တွေ့တွင်မူအမှတ်ခက် လှသည်။ တစ်ခါတစ်ရံ တူမတော်မိသီ မိမိကို ပြောဆိုဆက်ဆံနေသည့် ပုံစံကိုကြားရမြင်ရ သည့်အခါ ဒေါသမီးတောက် လောင်လှသည်။ ဒေါသသည် တစ်ရက်လည်းမပြေ နှစ်ရက်လည်းမပြေ စိတ်တွင်းမှ နာကြည်းမှုသည် တင်းမာသော “တောက်” ခေါက်သံ အဖြင့် ပြောင်းလဲထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် မာသည် တင်းသည် မာန် ပါလှသည်။ နှစ်ရှည်လများ အိပ်ယာထဲလှဲနေသည့် မီးစာကုန်ခါနီး လူမမာတစ်ယောက်၏ အသံဟုဆိုလျှင် ယုံနိုင်ဖွယ်ရာမရှိပေ။ မိသန်းလာသည့်အချိန် တရားခွေလေးများ ဖွင့်ပေးသည့်အခါ စိတ်သည်တရားကိုလိုက်မှတ်နေရင်း တစ်ခါပြန် လည် ငြိမ်းချမ်းပြန်လေသည်။ ဧည့်သည်လိုပင် ခဏလာ၍ခဏဆို ပျောက်သွားသည့် တရားဖြစ်နေသည်။ သေချင်းတ ရားကို တွေးမိပြီး ကြောက်ရွံတုန်လှုပ်မိသည့်အခါ နှုတ်မှ ရသမျှ ဘုရားစာတို့ကို ရွတ်ဆိုမိပြန်သည်။ သူမ၏ဘ၀သည် သေဆိုသော်လည်း မသေရဲ ရှင်ဆိုသော်လည်း နေသာသည့်ဘ၀မဟုတ်။ စိတ်သည် အတိတ်က ရွှေထီးဆောင်းခဲ့သည့် ဘ၀ကို အပြေးအလွှား ပြန်ရောက်ရှိသွားခဲ့သလို ခုကျတော့ရောဆိုသည့် အတွေးတို့ပြန်ဝင်လာသည့်အခါ ခန္ဓာကိုယ်သည် အေးစက်တောင့်တင်းလျက် ချွေးတို့ဖြင့် ရွှဲနှစ်နေတတ်သည်။ ထိုအချိန်မျိုးတွင် သူမသည် ငါသေတော့ မည်ထင်သည်ဟု တွေးကြံမိသည့်အခါ မာန်သည်ပြန်တင်းပြန်လေသည်။ ဟင့်အင်း မသေနိုင်သေးဘူး ငါရှာထားတဲ့ ပစ္စည်း ငါ့ဥစ္စာ ငါမှ မသုံးရသေး ပဲ။ ငါ့စီးပွားရေး စိတ်မချဘူး စိတ်မချဘူး ထိုသို့ဖြင့် အသက်ကို အလုအယက်ဝအောင် ရှုသွင်း ရှုထုတ်ပြန်လေသည်။ ထိုသို့ဖြင့် သူမသည် နေ့လား ညလားမကွဲပြားသော သည်အခန်းလေးထဲတွင် လူသက် တစ်ရက်ပိုရှည်ပြန်လေသည်။ သူမသည် ထိုကဲ့သို့ လူသက်တစ်ရက်ပိုရှည်နေသည်ကိုပင် ၀မ်းသာနေလျက်ရှိသည်။ ဤသည်ကို ဒုက္ခဟု ရေရာသေချာစွာမသိနိုင်သေးပေ။ သူမပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို သုံးပင်မသုံးစွဲရသော်လည်း ငါပိုင်သည့်ပစ္စည်း ငါ့ဥစ္စာဟူသည့် အစွဲသည် မပျက်နိုင်သေးပေ။ “ကျွီ” ဟော တံခါးဖွင့်သံ မိသန်းပါလား။ ပီတိကြောင့် သူမ၏မျက်နှာသည် ပြုံးရိပ်သန်းသွားသည်။ မိသန်းသမီးလေးလည်း ပါလာသည်။ သြော် …သူမသည် မိသန်းကို နောက်တစ်ကြိမ် ပြန်တွေ့ခွင့် ရပြန်ပြီ။
 “ကြီးကြီးသိမ့် နေလို့ကောင်းရဲ့လား” 

မိသန်းသမီးလေး၏ ချိုသာသော အပြုံးလေးနဲ့ မေးသံသည် သူမ၏စိတ်ဘ၀င်ဝယ် အေးမြလွန်းနေပြန်သည်။ သြော် ငါ့ရဲ့ မြေးမကလေး သမီးလေးသာဖြစ်လိုက်လျှင် မည်မျှလောက်ကောင်းမည်နည်း။ ငါ့ဘ၀ခုလိုနေရမည်မဟုတ်။ အသံမထွက်နိုင်သည့် သူမ ခေါင်းကိုလှုပ်သည်ဆိုယုံလေးမျှသာ ညိမ့်ပြမိလိုက်သည်။ မိသန်းကတော့ ထုံးစံအတိုင်း အခန်းတံခါးတွေဖွင့် သန့်ရှင်းရေးလုပ် တရားခွေလေး ဖွင့်ပေးထားပြန်သည်။ ကလေးမလေးသည် သူမကို မုန့်အနည်း ငယ်ခွံကျွေးလိုက် ရေအနည်းငယ်တိုက်လိုက်နှင့် အလုပ်ရှုပ်လျက်ရှိသည်။ သူမသည် ကလေးမလေး ခွံကျွေးသည့် မုန့်အရသာထက် ကြင်နာခြင်းဆိုသည့် စိတ်အရသာအား ပိုပြီးခံတွင်းတွေ့လျက်ရှိသည်။ အရင်ရက်တွေက ခြောက်ကပ် ကပ်နိုင်လှသော သူမ၏ ဘ၀ကြီးသည် သည်နေ့တွင်တော့ ပြန်လည်စိုပြေလာပြန်သည်။ စိတ်သည်အေး ၍ ကြည်သော အခါ တရားတော်သည် စိတ်နှလုံးထဲဝယ် ညင်ညင်သာသာ ငြိမ့်ညောင်းစွာဖြင့် စီးဆင်းပြန်လေသည်။ ထိုခဏတွင် သူမ၏ စိတ်ထဲ အလှုတစ်ခု ပြုလုပ်ချင်မိသည်။ သူမထံတွင် လှူစရာဘာမျှမရှိ။ စိတ်ကိုအနိုင်နိုင် ဖမ်းဆုပ်မိသောအခါ သူမ၏ နားမှ နားကပ်ကို သတိရလိုက်မိသည်။ တူမတော်မိသီက အစတွင်တော့ ချွတ်ဖို့ကြိုးစားသေးသည်။ နားမှ သွေးထွက်ကာ အသည်းအသန်ရုန်းကန်အော်ဟစ်နေသော သူမကြောင့် လက်လျော့သွားခြင်းဖြစ်သည်။ ယခုမိသန်းတို့ရှိနေတုန်း အလှူတစ်ခုမျှ စီစဉ်ခိုင်းလျှင် ကောင်းလေစွ။ အတွေးဖြင့်လက်ကိုမလျှက် နားမှ နားကပ်ကိုဖြုတ်ပေးရန် ကလေးမကိုတောင်းဆိုမိသည်။
 “ကြီးကြီးသိမ့် နားကပ်ဖြုတ်ခိုင်းတာလား။” 

သူမ၏ ခေါင်းအညိမ့်တွင် ကလေးမသည်ငြင်သာစွာ နားမှ နားကပ်ကိုဖြုတ်ပေးလေသည်။ ဖြုတ်ထားသည့် နားကပ်ကို လက်တွင် ကိုင်ဆုပ်ထားလျက် မိသန်းကို မျက်လုံးအကြည့်ဖြင့် လှမ်းခေါ်မိသည်။ “မေမေ ကြီးကြီးသိမ့် ပြောစရာရှိတယ် နဲ့တူတယ် ” မိသန်းလက်ထဲ နားကပ်လေးကိုထိုးထည့်ပေးရင်း သူမနှုတ်က အားယူကာလေသံမျှဖြင့် “အလှူ ” ဟူသည့် ဆိုစကား ကို အားတင်းပြောယူရသည်။ မိသန်း အနားနားကပ်ခါ နားထောင်ရင်း သဘောပေါက်သွားပုံရသည်။ “မိသန်း သန်ဘက်ခါလောက် မမသိမ့်ဖြစ်စေချင်သလို အလှူလာလုပ်ပေးမယ်နော်.”
 “ကျွီ”
 တံခါးဖွင့်သံကြောင့် လှမ်းကြည့်လိုက်လျှင် တူမတော်မိသီသည် အခန်းထဲ ၀င်လာရင်း
 “ဒီမှာ ဒေါ်လေးနားက နားကပ်ကို ဒီသားအမိ ကိုဖြုတ်ပေးလိုက်ရအောင် ဒေါ်လေးနှင့် ဘာတော်နေလို့တုန်း ဟောဒီက မိသီကမှ တူမအရင်းပါ ဒေါ်လေးရဲ့။ အဲဒီနားကပ် ဘယ်လောက်တန်လဲ ဒေါ်လေးသိတယ်မဟုတ်လား။ နားကပ်ထဲက စိန်အရည်သန့် တစ်လုံးတည်းနဲ့တင် ဒီသားအမိ သူဌေးဖြစ်လောက်တယ် ဒေါ်လေးရဲ့ .. ထင်တယ် ဒီသားအမိ အလာစိပ်နေထဲက ဒါမျိုးလိုချင်လို့ဆိုတာ သိပြီးသား ဒါကြောင့် စောင့်ကြည့်နေတာ. တော်သေးတာပေါ့ အိမ်ဖော်ကောင်မလေး အမြန်လာပြေးပြောပေလို့ ” 
ထိုစကားတို့ကိုကြားလိုက်ရသည့်ခဏတွင်ပင် သူမ၏ နှလုံးခုန်သံတို့သည် ပိုပိုမြန်လာသည်။ ရေသောက်ချင်သည့်အချိန် ဘဲလ်တီးခေါ်သည့်အခါ မကြားသော မလာသော သူများသည် ယခုမူ အသံမထွက် တိုးတိုးတိတ်တိတ်အမှာစကားတို့ ကြားနိုင်စွမ်းကြသည် မြင်နိုင်စွမ်းကြသည်။ အရိုးကျနေသည့် ရင်အစုံ သည် နိမ့်ချီ မြင့်ချီ။ အသက်ရှုကြပ်လာသည်။ အမြင်တို့ေ၀၀ါးလာသည်။ ခန္ဓာကိုယ်သည် အေးစက်လာသည်။ “ကြီးကြီးသိမ့် သတိထားလေ သတိထား ကြီးကြီးသိမ့်ဖြစ်ချင်တဲ့ အလှူမလုပ်ရသေးဘူးလေ.” “မမသိမ့် မနက်ဖြန် ဘုန်းကြီးပင့်ခဲ့မယ်နော်.. အလှူလုပ်ပေးမယ်။” ဟုတ်တယ် အလှူမလုပ်ရသေးဘူး ငါသေလို့မဖြစ်ဘူး။ စိတ်ကို တစ်ခါပြန်တင်းမိပြန်သည်။ မိသန်းသည် သူမ၏လက်ထဲသို့ နားကပ်လေးပြန်ထည့်ပေးသည်။ 
“ရော့ မမသိမ့်ရဲ့ နားကပ်ကို သေချာပြန်ယူထား မနက်ဖြန် ဘုန်းကြီးပင့်လာတော့မှ ကိုယ်တိုင် လှူနော်။ ဒီည မိသန်းတို့ သားအမိ ဒီမှာပဲ အိပ်မယ်နော်..စိတ်ချ နေကောင်းအောင်သာနေ ရတယ်မဟုတ်လား မမသိမ့်” 
သူမသတိကပ်ခါ လှုပ်သည်ဆိုရုံမျှ ခေါင်းညိမ့်ပြလိုက်သည်။ မိသန်းသည် တူမမသီကို အခန်းပြင်သို့ ခေါ်ထုတ်သွား သည်။ “၀ုန်း” အခန်းတံခါးပြန်ပိတ်သံကို သူမကြားလိုက်ရသည်။ အခန်း၏အပြင်တွင် မိသန်းနှင့် တူမမိသီတို့ ဘာပြောကြမည် သူမ မသိ။ သည်ညအဖို့ မိသန်းတို့ သားအမိရှိနေသဖြင့် သူမအားတက်မိသည်။ ငါ ဒီနေ့ညကိုမှ အသက်ရှိလျှက် ဖြတ်သန်းနိုင်ပါ့မလား။တရားခွေမှ တရားသံတို့သည် သူမ၏နားစည်ထဲ ရိုက်ခတ်ဝင်လာပြန်သည်။ သူမ အလှူကို ကိုယ်တိုင် လှူတန်းချင်သေးသည်။ ရှိသမျှစိတ်တို့ကိုလျှော့ချထားလိုက်ရင်း အတွေးတို့ကို လက်စသိမ်းလျက် တရားသံထဲ စီးမျောနိုင်အောင် ကြိုးစားမိသည်။ ခန္ဓာကိုယ်အတွင်းတွင် မီးများလှိုက်လှောင်နေသလို ခံစားရသည်။ ခြေဖျား လက်ဖျားတို့သည် တစ်ဖြည်းဖြည်း အေးစက်လာနေကြသည်။ ထိုခဏတွင် မျက်လုံးတို့သည် ပြာဝေလာလိုက် အသံတို့သည် နီးလာလိုက်ဝေးသွားလိုက် သတိရတစ်ချက် မရတစ်ချက် သိသလိုလို မသိသလိုလို တစ်ခါတစ်လေ မည်းမှောင်နေလိုက် တစ်ခါတစ်လေ လင်းထင်းလာလိုက် ဒီတောင်ကို သူမ မကျော်နိုင်တော့ပြီ။ “ကျွီ” ဟော. ဒါ သူမကျွမ်းဝင်နေကျအသံ သူမ၏ အခန်းတံခါးအားဖွင့်သည့်အသံ။ စွဲသောစိတ်သည် သတိကို ပြန်ကပ်မိပြန်သည်။ မိသန်းသည် သူမ၏ အခန်းတံခါးကို ဖွင့်ဟကာထားသည်။ ထို့နောက် သူမအနားသို့လာကာ
 “မမသိမ့် အခန်းအပြင်မှာ ဘုန်းဘုန်းတို့ရောက်နေပြီနော်။ နားကပ်ကို မိသန်းသွားလှူပေးမယ်။ တံခါးဖွင့် ထားခဲ့မယ်။ မမသိမ့် ဘုန်းဘုန်းတို့ကို မြင်တယ်နော်။ ဒီနေရာကနေ တရားနာပြီး သာဓုခေါ်နော်.. ” 

သူမနှုတ်ခမ်းလှုပ်ရုံမျှ အသိအမှတ်ပြုသည်။ သူမ၏ လက်ထဲမှ နားကပ်လေးကို မိသန်းလက်ထဲ ထည့်ပေးလိုက်သည်။ မိသန်းယူပြီးအခန်းပြင် ပြန်ထွက်သွားသည်။ သာယာအေးမြသော တရားဟောသံသည် သူမ၏ စိတ်ဘ၀င်ဝယ် ငြိမ့်ညောင်းစွာစီးဆင်းပြန်သည်။ စိတ်အစဉ် ၀ယ် ပီတိဇောအဟုန်သည် အေးချမ်းစွာ နေရာဝင်ယူလာသည်။ သူမလက်အုပ်ချီဖို့ ကြိုးစားသည်။ လောက၀ယ် မပိုင်ပိုင်အောင်ကြိုးစားခဲ့သမျှ နောက်ဆုံးတွင် ဗလာဖြစ်သော လက်ချည်းသက်သက်ပင်လျှင် သူမ မပိုင်ပါလေ။ လက်အုပ်ချီဖို့ ကြိုးစားမှုသည် အရာမထင်။ ငါ၏ လက်ကိုလည်း ငါမပိုင်နိုင်တော့ပါလား။ သြော် နောက်ဆုံးတော့လည်း ကိုယ်ဘာမှ မပိုင်သည့်အရာတွေ အတွက် ငါ ပိုင် ငါဆိုင်ဖို့ . ကြိုးစားခဲ့တာပါလား။ သူမ၏ နေ၀င်ချိန်လား။ သည်တစ်ချိန် အေးချမ်းမှုလေးကနေ သူမပြန်ပြီး မပူလောင်ချင်တော့ပေ။ အားလုံးကို သူမလွှတ်ချခဲ့ချင်ပြီ။ အမျှဝေသံ ကြားလျှင် အသိကိုစုကာ သာဓု ခေါ်မိသည်။ ထိုခဏတွင် သူမ၏ အရင်က မည်းမှောင်နေခဲ့သော အခန်းသည် ကြည်သောအဆင်းဖြင့် လင်းနေသည်။ သူမသည် ပြင်းထန်စွာသော ရောဂါဝေဒနာ၏ နာကျင်ခံစားနေရခြင်းမှ လွတ်မြောက်ခဲ့လေပြီ. သူမသည် ပေါ့ပါးနေသည်။ သူမသည် လေးလံသော အရာအားလုံးကို လွှတ်ချခဲ့ပြီ။ ဘာဆိုဘာမျှ မရှိ. မပိုင်ဆိုင်ရခြင်းသည် အေးချမ်းလိုက်တာဟု သူမသိရှိခဲ့ပြီ။ ပီတိအဟုန်ဖြင့် သူမ၏မျက်နှာသည် ပြုံးနေပြန်သည်။ သည်အခန်းထဲမှ လွတ်မြောက်သွားခဲ့လေပြီ။ သည်အခန်းကား ..သူမအတွက် သံဝေဂရစရာ ကမ္ဘာတစ်ခုဖြစ်ခဲ့ သလို ဒေါသမီး မောဟမီး လောဘမီးတို့ လှောင်မြိုက်ခဲ့သေးသည်။ နောက်ဆုံးတွင်တော့ .. သူမသည် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်မိခဲ့ပြီ။ သတိကို အသိရှိသည့်တစ်ခဏ၀ယ် သတိကို လက်ကိုင်ထားကာ ညဏ်ကိုအသုံးပြုပြီး ချုပ်ငြိမ်းရာအမှန်ကို သူမလျှောက်လှမ်းနိုင်ခဲ့ပြီဟုသာ ထင်မြင်မိတော့သည်။ 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ 

+ဆွေလေးမွန်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)