ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, December 6, 2015

=အာဂျင်တီးနားနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲအကြောင်း သိကောင်းစရာ=

>
အာဂျင်တီးနားအထွေထွေရွေးကောက်ပွဲကိုလွန်ခဲ့သည့်  အောက်တိုဘာလ၂၅ ရက်နေ့ကကျင်းပခဲ့ ရာ ပါဝင်ယှဉ်ပြိုင်သူ သမ်္မတလောင်းသုံးဦးမှာမည်သူမျှ အပြတ်အသတ်အနိုင်မရ ရှိခဲ့ ပေ။ ၄င်းရွေးကောက်ပွဲ၌ သမ်္မတလောင်းသုံးဦး ယှဉ်ပြိုင် ခဲ့ ရာတွင် ဗျူနိုအေရီပြည်နယ်အုပ်ချုပ်ရေးမှူး ဒင်နီယယ်ရှီယိုလီ က ထောက်ခံမဲ ၃၇ ဒသမ ၀၈ ရာခိုင်နှုန်း၊ မြို့တော်ဝန် မော်ရီရှိုမာကရီက ထောက်ခံမဲ ၃၄ ဒသမ ၁၅ ရာခိုင်နှုန်းနှင့်  ဆာဂျီယိုမာဆာက ၂၁ ဒသမ ၃၉ ရာခိုင်နှုန်း ထောက်ခံမဲ အသီးသီးရရှိခဲ့ ကြသည်။ သို့ သော်အာဂျင်တီးနားဖွဲ့ စည်းပုံ အခြေခံဥပဒေအရ သမ်္မတလောင်းတစ်ဦးသည် သမ်္မတဖြစ်ရန် ပြည်သူထောက်ခံမဲ ၄၅ ရာခိုင်နှုန်း ရရှိရမည်ဖြစ်သည်။ သို့မဟုတ်လျှင် အနီးဆုံပြိုင်ဘက်ထက် မဲ ၁၀ မဲ ပိုရပြီး ပြည်သူထောက်ခံမဲ ၄၀ ရာခိုင်နှုန်းရရှိရမည်ဖြစ် သည်။ အခြေခံဥပဒေအရသမ်္မတသက်တမ်း နှစ်ကြိမ်ထမ်းဆောင်ပြီး ဖြစ်သည့်  လက်ရှိသမ်္မတ ခရစ်္စတီးနား ဖာနန်ဒက်မှာ တတိယအကြိမ် ရွေးကောက်ခံခွင့် မရှီဘဲ အငြိမ်းစား ယူရတော့မည်ဖြစ်သည်။ ဒုတိယအကျော့ရွေးကောက်ပွဲ မတိုင်မီ ပြည်သူ့  ဆန်္ဒကောက်ယူသောအခါ လက်ရှိသမ်္မတ ခရစ်္စတီးနားဖာနန်ဒက်၏ပါတီမှလက်ဝဲဗဟိုဝါဒီသမ်္မတလောင်း ရှီယိုလီမှာကွန်ဆာဗေးတစ် လက်ယာဗဟိုဝါဒီသမ်္မတလောင်း မာကရီ၏ နောက်တွင် ကျန်ရစ်သည်ကိုလူထုစစ်တမ်း၌ တွေ့ ရှိရသည်။ ပထမအကြိမ် ရွေးကောက်ပွဲ၌ မည်သူမျှ မဲအပြတ်အသတ် မနိုင်သဖြင့်  နိုဝင်ဘာလ ၂၂ ရက် နေ့တွင် ဒုတိယအကျော့ရွေးကောက်ပွဲကိုကျင်းပပြုလုပ်ခဲ့ ရာ အတိုက်အခံခေါင်းဆောင် မော်ရီရှိုမာကရီက ပြည်သူ ထောက်ခံမဲ ၅၃ ဒသမ ၄၆ ရာခိုင်နှုန်းဖြင့်  ထောက်ခံမဲ ၄၆ ဒသမ ၅၄ ရာခိုင်နှုန်းရရှိသည့်ဒင်နီယယ်ရှီယိုလီ အပေါ်တွင်အနိုင်ရရှိသွားပြီဖြစ်သည်။ မစ်္စတာရှီယိုလီက မစ်္စတာမာကရီ၏ ရွေးကောက်ပွဲအောင်မြင်မှုကို တယ်လီဖုန်းဖြင့်ဆက်သွယ်၍ ချီးကျူးစကားပြောကြားခဲ့ ပြီး ၄င်းရှုံးနိမ့် ကြောင်းကိုလည်းဝန်ခံခဲ့  သည်။ 

အာဂျင်တီးနား ရွေးကောက်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့်  သမ်္မတလောင်း မစ်္စတာမာကရီသည် အတိုက်အခံ ကမ်ဘီအီမိုစ် မဟာမိတ်ပါတီ (Cambiemos Alliance) ၏ ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ် ပြိုင်ခဲ့ခြင်းဖြစ်သည်။ ကမ်ဘီအီမိုစ်၏ အဓိပ်္ပာယ်မှာအင်္ဂလိပ်ဘာသာအားဖြင့် Let's Change ဟူ၍ဖြစ်ပြီး အပြောင်းအလဲပြုလုပ် ကြပါစို့  ဟူသော အဓိပ်္ပာယ်ရရှိသည်။ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ သည့် ရှီယိုလီ (၅၈နှစ်)သည် သမ်္မတ နက်စတာ ကာချနာ လက်ထက်တွင် အားကစားနှင့်  ခရီးသွားလာရေးဝန်ကြီးအဖြစ်လည်း ကောင်း၊ ဒုတိယသမ်္မတအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင် ခဲ့ သည်။ သမ်္မတအဖြစ် ရွေးကောက်ခံရသည့် ဗျူနိုအေရီ မြို့ တော်ဝန်မစ်္စတာ မာကရီကအာဂျင်တီးနားနိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ရန်အတွက် လွတ်လပ်သောဈေးကွက် စီးပွားရေးစနစ်ကို ပိုမိုတိုးမြှင့်ဖော်ဆောင်မည်ဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်သည် နိုင်ငံကိုအန်္တရာယ်ကျရောက် 
 စေနိုင်သည်ဟူသော ပြောဆိုမှုများမှာမုသားများသာ ဖြစ်ကြောင်း မဲဆွယ်စည်းရုံးစဉ်ကအလေးထားပြောဆိုခဲ့သည်။

 လက်တင် အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် 
 လူဦးရေ ၄၂ သန်းရှိသော အာဂျင်တီးနားနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းမှာပြောင်းလဲလျက်ရှိသည်။ မစ်္စတာမာကရီ (၅၆နှစ် )သည် PRO (Republican Proposal) ပါတီခေါင်းဆောင် ဖြစ်သည်။ ၄င်းသည် ၁၉၉၀ ပြည့် နှစ် ကတည်းကပင်အာဂျင်တီးနားနိုင်ငံ၌လစ်ဘရယ်စီးပွားရေး စနစ်ကို ဖော်ဆောင်နိုင်မှသာလျှင် စီးပွားရေး ပိုမို ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဟု ယုံကြည်ထားသည်။ ယနေ့အချိန်၌ မစ်္စတာမာကရီသမ်္မတအဖြစ်ရွေးကောက် ခံရပြီဖြစ်သည့်အတွက် ပြင်ပရင်းနှီးမြှုပ်နှံမှုများဝင်ရောက် လာမည်ဖြစ်ပြီး သမ်္မတဖာနန်ဒက်အစိုးရ၏ လူမှုရေးနှင့်  ကုန်သွယ်မှုပေါ်လစီများအပေါ်အကျိုးခံစားနေ ရသည့်  ပြည်တွင်းလုပ်ငန်းရှင်များနှင့်ဆင်းရဲသားပြည်သူ များ အခက်တွေ့ နိုင်သည်ဟု ပညာရှင်များက ဝေဖန်သည်။ မစ်္စတာ မာကရီက စီးပွားရေးနှင့်အရေးပါသော အင်စတီကျူးရှင်းများကို လက်ရှိအစိုးရက လက်ဝါးကြီး အုပ်ထားမှုတိုက်ဖျက်မည်။ သမ်္မတခရစ်္စတီးနားဖာနန်ဒက်၏ မူဝါဒကို အဆုံးသတ်ပစ်မည်ဖြစ်ကြောင်း ရုပ်သံတွေ့ ဆုံ ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ သည်။ ရွေးကောက်ပွဲတွင် ရှုံးနိမ့် ခဲ့သည့် မစ်္စတာရှီယိုလီသည် သမ်္မတခရစ်္စတီးနားကိုယ်တိုင်က ၄င်း၏ နေရာဆက်ခံသူ အဖြစ်လျာထားခံရသူဖြစ်သည်။ မစ်္စတာရှီယိုလီသည် လက်ရှိအစိုးရ၏စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်မူဝါဒများကို ဆက်လက်အကောင် အထည်ဖော်မည်ဟုအစဉ်တစိုက်ပင်ပြောဆိုလာခဲ့သည်။ မစ်္စတာမာကရီက ပြောင်းလဲမှုတစ်ရပ်အမှန်ပင်လိုအပ်နေပြီဟု ပြောဆိုလျက်ရှိရာအာဂျင်တီးနား
 ပြည်သူများ အနေဖြင့်  ၄င်းကြွေးကြော်နေခဲ့ သလို ပြောင်းလဲမှုတစ်ရပ်ကိုအမှန်ပင် လိုအပ်နေပြီလောဟု နိုင်ငံရေးလေ့လာသူတို့ က မေးခွန်းထုတ် နေသည်။ နိုင်ငံရေးပညာရှင်အချို့ကမူ
 ရွေးကောက်ပွဲတွင် မည်သူအနိုင်ရရှိသည်ဖြစ်စေ၊ ဘဏ္ဍာရေးအကျပ်အတည်း များနှင့် ရင်ဆိုင်နေရသော တောင်အမေရိက၏ဒုတိယစီးပွားရေး အကြီးမားဆုံး နိုင်ငံဖြစ်သည့်အာဂျင်တီးနားနိုင်ငံအနေဖြင့် စီးပွားရေးနာလန်ထူနိုင်မည်။ မဟုတ်ဟု ပညာရှင်များက ယူဆထားကြသည်။

 ကွန်ဆာဗေးတစ်အယူအဆရှိသည့် မစ်္စတာမာကရီက နိုင်ငံ၏ စီးပွားရေးကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်မည်၊ သမ်္မတခရစ်္စတီးနား၏လက်ထက်တွင် အစိုးရက စီးပွားရေးကိုတင်းကျပ်စွာချုပ်ကိုင်ထားမှုနှင့် အတူ စိုက်ပျိုးရေး တောင်သူလယ်သမားများထံမှ အခွန်အကောက် ကြီးမားစွာကောက်ခံမှုကြောင့်  စီးပွားရေးမတိုးတက်ရ ခြင်း ဖြစ်သည်ဟု ၄င်းကသုံးသပ်ပြောကြားသည်။ ဗျူနိုအေရီမြို့ရှိ စီးပွားရေးအချက်အချာCalle Flordaဟုခေါ်သည့်  လမ်းမပေါ်တွင် ဒေါ်လာကို တရားမ၀င်ရောင်းဝယ်ဖောက်ကား နေသည့် မှောင်ခိုစီးပွားရေးသမားများဖြင့် စည်ကားနေသည်။ စီးပွားရေးသမားများသည်အစိုးရထံမှ ဒေါ်လာများကိုဝယ်ယူ၍ မှောင်ခိုဈေးကွက်တွင်ဈေးတင်ရောင်းချ
နေသည်။ ၂၀၀၁ ခုနှစ်၌ နိုင်ငံ၏စီးပွားရေးဆိုးရွားခဲ့ သည့်အတွက် ပြည်သူတို့ သည် လမ်းပေါ်ထွက်၍ ဆန်္ဒပြပွဲများ ပြုလုပ်ခဲ့သဖြင့် နှစ်ပတ်အတွင်းသမ်္မတသုံးဦးမျှအပြောင်းအလဲဖြစ်ခဲ့ သည်။ ၂၀၀၅ ခုနှစ်တွင် အာဂျင်တီးနားနိုင်ငံသည်စီးပွားရေး အကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့ သည်။ ဒုတိယအကျော့ရွေး ကောက်ပွဲကို အိမ်နီးချင်းဘရာဇီးလ်နှင့် ဗင်နီဇွဲလာ နိုင်ငံတို့ က စိတ်ဝင်တစားရှိနေကြသည်။ စီးပွားရေး အခက်အခဲတွေ့ နေသော ဘရာဇီးလ်နှင့်  ဗင်နီဇွဲလားတို့ သည်လည်း နိုင်ငံရေးလမ်းဆုံလမ်းခွသို့ ရောက်ရှိနေခြင်းကြောင့် ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသူ တို့ က ဆိုသည်။သမ်္မတခရစ်္စတီးနားဖာနန်ဒက်ကာချနာအစိုးရ လက်ထက်တွင် သက်သာချောင်ချိရေး စီမံကိန်းများအရ သန်းပေါင်းများစွာသော ပြည်သူတို့ သည်ဆင်းရဲ မွဲတေမှုမှ လွတ်ကင်းခဲ့သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအရ ပြည်သူလူထု၏ဘ၀များမှာတိုးတက်မှုပီပီပြင်ပြင်မရှိခဲ့ ပေ။ ပြည်သူအများစုက ကြီးကြီးမားမားမျှော်လင့်ချက်မရှိကြဘဲ ရွေးကောက်ပွဲတွင် မည်သူအနိုင်ရသည်ဖြစ်စေ၊ နိုင်ငံ၏ စီးပွားရေး တိုးတက်လာမည်မဟုတ်ဟု ယူဆထားကြသည်ဟု နိုင်ငံရေး ပညာရှင်များက ဝေဖန်သုံးသပ်နေကြ သည်။ 

+ထွန်းတောက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)