ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, December 12, 2015

=မန်ယူတိုက်စစ်နဲ့ ရွှန်နေးရဲ့ လတ်တလောအဓိပ္ပါယ်=

>
ဒီလပိုင်းအတွင်း ကြားနေရတာကတော့မန်ယူတိုက်စစ်မှူးရွန်နေး တိုက်စစ်စွမ်းရည်နဲ့ပတ်သက်ပြီးကျဆင်းမှုတွေရှိလာပြီဆိုတာပဲ ဖြစ်ပါတယ်။အမှန်တကယ်လည်း ဒီနှစ်ရာသီကို ကြည့်မယ် ဆိုရင် ရွန်နေးဟာ ၁၂ပွဲကစားပြီးချိန်မှာတော့ နှစ်ဂိုးသာ သွင်းယူထားနိုင်တာ ကိုတွေ့ ရတာကြောင့်  ထင်သာမြင်သာ ရှိတယ်လို့ တော့ပြောရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လည်း တိုက်စစ်မှူး ရွန်နေးဟာခြေချင်းဝတ်ဒဏ်ရာကြောင့်  လက်တလော ပွဲတွေကို ပါဝင်ကစားနိုင်ခဲ့ ခြင်းမရှိပါဘူး။ တိုက်စစ်မှူး ရွန်နေးရဲ့ လက်ရှိရာသီမှာကစားနေတဲ့  အခြေအနေတွေကို ကြည့်မယ်ဆိုရင်လည်း အားရစရာ မကောင်းတာကိုတွေ့ ရမှာပါ။ လက်ရှိအချိန်ရွန်နေး နောက်ဆုံးကစားခဲ့ တဲ့ လက်စတာအသင်းနဲပွဲကိုပဲကြည့် ပြီး ပြောရမယ်ဆိုရင်လည်းဂိုးပေါက်မှန်အောင်ကန်သွင်းနိုင် ခြင်းလည်းမရှိတာကို တွေ့ ရပါတယ်။ ဒါ့အပြင် အခွင့်အရေး ဖန်တီးနိုင်မှုမရှိ၊ ဖြတ်တင်ဘောပေးနိုင်ခြင်းမရှိတာကို လည်းတွေ့ ရပါတယ်။ ရွန်နေးဟာအဲ့ ဒီပွဲမှာဘော လုံးပေးပို့ မှု ၂၃ကြိမ်ရှိခဲ့ ပြီး ပေးပို့ ရာမှာတိကျမှုကတော့ ၇၀ရာခိုင်နှုန်းပဲ ရှိခဲ့ တယ်။ ၆၈မိနစ်မှာလူစားလဲခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ကမ်္ဘာကျော်မန်နေဂျာတစ်ဦးဖြစ်တဲ့  ဗန်ဟားလ်ကိုယ်တိုင်ကလည်း ရွန်နေးရဲ့ တိုက်စစ်စွမ်းအားကျဆင်းမှု တွေနဲ့ ပတ်သက်ပြီး ကူညီပေးနိုင်ခြင်း မရှိတာကိုတော့ တွေ့ ရမှာဖြစ်ပါတယ်။ ရွန်နေးဟာဝက်စ်ဟမ်းနဲ့ ဂိုးမရှိသရေကျခဲ့ တဲ့ပွဲနဲ့  ၀ုဖ်ဘတ်အသင်းနဲ့ ကစားခဲ့ တဲ့  ချန်ပီယံ လိဂ်ပွဲတွေမှာတော့ ခြေချင်းဝတ်ဒဏ်ရာကြောင့်ပါဝင်ကစားနိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့်  သူပြန်လည်ကစားနိုင်ချိန်မှာတော့အသင်းကို အားအင်သစ်တွေနဲ့ အတူ ဂိုးတွေသွင်းယူပေးနိုင်မလားလို့  တော့ မျှော်နိုင်စရာတွေရှိနေပါတယ်။ဒါပေမယ့် ဒီနှစ်ရာသီမှာ တိုက်စစ်မှူးရွန်နေးရဲ့ ဂိုးသွင်းယူနိုင်မှုအချိုးတွေကိုကြည့်မယ် ဆိုရင်လည်း အံ့ သြ ဖွယ်ကောင်းလောက်အောင်ကျဆင်းသွား တာကို တွေ့ ရ မှာပါ။ ရွန်နေးဟာ ၂၀၁၁-၁၂ရာသီမှာဆိုရင် ၁၀၅မိနစ်တိုင်းမှာတစ်ဂိုးရရှိခဲ့ ပါတယ်။ အခုအချိန်မှာတော့ ၅၂၅ မိနစ်မှာသာ တစ်ဂိုးရရှိနိုင်တာကြောင့်အဲ့ ဒီအချိန်တုန်း ကနဲ့ယှဉ်ရင် ငါးဆလောက်ဆိုးရွားသွားတယ်လို့ပြော ရမှာပါ။ တိုက်စစ်မှူးရွန်နေးအနေနဲ့  ယခင်ရာသီတွေတိုင်းမှာတော့ အခုလောက်ဆိုးရွားတဲ့ ရာသီမရှိခဲ့ သလိုမန်ယူကစားသမားဘ၀မှာ တော့ ယခုနှစ်ရာသီဟာ အဆိုးရွားဆုံးလည်းဖြစ်ပါတယ်။ တိုက်စစ်မှူး ရွန်နေးဟာအခုဆိုရင် ပရိုကစားသမားအဖြစ် ကစား လာတာဟာ အသက်၃၀ရှိပြီဖြစ်ပြီး ကစားသမားသက် ကလည်း ၁၄နှစ်တိုင်ခဲ့ ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တိုက်စစ်မှူးရွန်နေးဟာပွဲပေါင်း၆၇၈ ပွဲကစားပြီးပြီလည်းဖြစ်ပါတယ်။ ဒါဟာအမြဲတမ်းပွဲအများဆုံးကစားထားတဲ့ကစားသမားအဖြစ် စံချိန်တင်ထားတဲ့မန်ယူကွင်းလယ်ကစားသမားရွိုင်ယန်ဂစ်နဲ့  ယှဉ်ရင်တောင်မှ ဂစ်ဟာအသက် ၃၀အရွယ်မှာပွဲပေါင်း ၆၀၆ပွဲ သာကစားရသေးတာကိုတွေ့ ရမှာပါ။ ဒါကြောင့်လည်း ဘောလုံးပညာရှင် တချို့ က ရွန်နေးအနေနဲ့  အခုလိုဂိုးသွင်း စွမ်းရည်ကျဆင်းလာရခြင်းဟာ ပွဲပန်းခြင်း၊ ပွဲအလွန်အမင်း ကစားခြင်းကြောင့်  ဖြစ်တယ်လို့ လည်း တွေးထင်ကြပါတယ်။ ပွဲစဉ်၁၄မတိုင်ခင်ကဆိုရင်လည်း ဒီနှစ်ရာသီမှာအကွာအဝေး အများ ဆုံးကစားနိုင်တဲ့  တိုက်စစ်မှူးတွေကို ကြည့်မယ် ဆိုရင်လည်း တိုက်စစ်မှူး ရွန်နေးရဲ့ ကစားနိုင်မှုအကွာအဝေး ဟာ ၇၃ဒသမ၉၈မိုင်ရှိတာကိုတွေ့ ရပါ တယ်။ ဒီအကွာအဝေးဟာ ပရီမီယာလိဂ်အခြားတိုက်စစ်မှူးတွေနဲ့ ယှဉ်မယ်ဆိုရင်တော့ရွန်နေးရဲ့ ကစားနိုင်မှုအကွာအဝေး ဟာစတုတ်္ထနေရာမှာရှိနေပြီး ထိပ်ဆုံးနေရာမှာကတော့ ဟယ်ရီကိန်းဖြစ်ပြီး ၈၀ ဒသမ ၁မိုင်နဲ့အဝေးဆုံးကစားထားနိုင်သူ ဖြစ်ပြီး ဒုတိယကတော့ဗာဒီနဲ့တတိယကတော့ ပယ်လီဖြစ်ပါတယ်။
မန်ယူအသင်းဟာ လက်ရှိအချိန်မှာပရီမီယာလိဂ်အမှတ် ပေးဇယားရဲ့  အဆင့် ၎မှာရပ်တည်နေပေမယ့်  ဂိုးပေါက်ကန်သွင်းမှုကိုကြည့်မယ် ဆိုရင်တော့ အကြိမ် ၁၀၂ကြိမ်သာရှိခဲ့ပြီး အသင်းကြီးတွေနဲ့  ယှဉ်ရင်တော့အလွန်ပဲနည်းပါးလွန်းပြီး ဗီလာအသင်းဆိုရင်တော့ အကြိမ် ၁၀၅ကြိမ်ရှိတာကြောင့် သူ့ ရဲ့ အထက်မှာရှိနေသလို စတုတ်အသင်းဆိုရင် ၁၁၆ ကြိမ်တောင် ရှိတာကို တွေ့ ရပါတယ်။ ဒါ့အပြင် မန်ယူ တိုက်စစ်မှူး ရွန်နေးရဲ့ အခွင့်အရေးရရှိအောင်ဖန်တီးမှုပိုင်းကို ကြည့် မယ်ဆိုရင်လည်း ကောင်းမွန်လုံလောက်တဲ့ အခြေအနေမှာရှိတာကိုမတွေ့ ရ ပါဘူး။ လက်ရှိပရိမီယာလိဂ်ရဲ့  အခွင့်အရေးဖန်တီးမှုအကောင်းဆုံး ကစားသမားကတော့ အိုဇေးလ်ဖြစ်ပြီး ၅၈ ကြိမ်ရှိပါ တယ်။ မန်ယူအသင်းရဲ့အခွင့်အရေး ဖန်တီးမှုအများဆုံး ကစားသမား ကတော့ မာတာဖြစ်ပြီး ၂၃ ကြိမ်သာ ရှိပါတယ်။ တိုက်စစ်မှူးရွန်နေးရဲ့  အခွင့် အရေးဖန်တီးမှုကတော့ ၁၂ ကြိမ်ပဲရှိပြီး မာတီရယ်က ကိုးကြိမ်ပဲရှိပါတယ်။ ဒါပေမယ့် ဒီနှစ်ရာသီမှာမန်ယူ အသင်းရဲ့  ဂိုးမိုးခေါင်နေခြင်းဟာတိုက်စစ်မှူးရွန်နေးတစ်ဦးတည်းရဲ့ အပြစ်လို့ တော့ ပြောလို့မရပါဘူး။ တိုက်စစ်မှူး ရွန်နေးဟာ ဒီနှစ်ရာသီမှာရှဝိန်းစတိန်ဂါကိုဘောလုံးပေးပို့မှု ၅၁ကြိမ်ပြုလုပ် ခဲ့သလို မာတာဆီကိုလည်း ၅၅ကြိမ် ဘောလုံးပေးပို့ ပါတယ်။ မာတီရယ်ဆီ ကိုတော့ ၁၇ကြိမ်ဖြစ်ပါတယ်။ ဒါ ကြောင့်  တစ်သင်းလုံး ကစားသမားတွေရဲ့  ဂိုးသွင်းစွမ်းရည်ကျဆင်းနေမှုတွေကြောင့်  လို့ လည်းဆိုနိုင်ပါတယ်။ တိုက်စစ်မှူး ရွန်နေးအနေနဲ့  အသင်းရဲ့တိုက်စစ်မှူးတွေကို အားပေးကြဖို့  တောင်းဆိုထားပေမယ့်  သူနဲ့ မာတီရယ်တို့ ကြားမှာ တော့ နားလည်မှုတွေလွဲနေပါသေးတယ်။ ဒါကြောင့်လည်း အင်္ဂလန်ဂန်္ထ၀င်ကစားသမား အလန်ရှီးယားက ““တိုက်စစ်မှူးတွေရဲ့  ကြားထဲမှာတော့ကွာဟမှုတွေရှိနေ ပါတယ်။ မာတီရယ်နဲ့  ရွန်နေးတို့ ရဲ့  ကြားထဲမှာလည်း အချိတ်အဆက်မိတာကိုမတွေ့ရပါဘူး။ ဒါဟာမန်နေဂျာကြောင့် ပဲဖြစ်ပါတယ်။ ကျွန်တော်ဆိုရင်တော့ အဲ့ လိုအသင်း မှာ ကစားမှာတောင်မဟုတ်ပါဘူး””လို့  ပြောဆိုခဲ့ ပါတယ်။ ဒါတွေကြောင့်  လက်ရှိတိုက်စစ်မှူးရွန်နေးရဲ့ တိုက်စစ်စွမ်းရည်တွေ ယုတ်လျော့နေခြင်းဟာ မန်နေဂျာဗန်ဟားလ်ရဲ့  ကစားကွက်တွေ ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်  ငြင်းလို့ မရတဲ့ အချက် ကတော့ တိုက်စစ်မှူးတိုင်းနီးပါးဟာ အသက်၃၀ကျော်လာရင် တော့ တိုက်စစ်စွမ်းရည်ကျဆင်းလာစမြဲဖြစ်တာကြောင့် အသက်အရွယ်ကြီးရင့်မှုကို ရွန်နေးအနေနဲ့ လွန်ဆန်လို့ မရပါဘူး။ ဒါပေမယ့် တိုက်စစ်မှူး ရွန်နေးရဲ့  လက်တလောခြေစွမ်းကျဆင်း နေမှုတွေဟာ ကြားကနေပြန်လည်ရုန်းထနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့် ရဦးမှာဖြစ်ပါတယ်။ 

+လင်းဆက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)