ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, December 11, 2015

= ဘေဘုတ်ပေါ်ကအကျော်ကြားဆုံးတေးသီချင်း ၁၀၀မှာပါဝင်နေတဲ့PSYရဲ့  Daddy နဲ့  ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း=

>
** ဘေဘုတ်ပေါ်ကအကျော်ကြားဆုံးတေးသီချင်း ၁၀၀မှာပါဝင်နေတဲ့PSYရဲ့  Daddy** 

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းကစတင်ထုတ်လွှင့်ခဲ့ တဲ့  တောင်ကိုရီးယားကမ်္ဘာကျော်တးသံရှင် PSY ရဲ့  တေးသီချင်းသစ် ““ Daddy ””ဟာဘေဘုတ်ပေါ်မှာရှိတဲ့ အကျော်ကြားဆုံးသောတေးသီချင်း ၁၀၀ အတွင်း ပါဝင် သွားပြီဖြစ်ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။ လတ်တလောမှာအကျော်ကြားဆုံးသော တေးသီချင်းများ အနက် ““Daddy ””ဟာ နံပါတ် ၉၇ နေရာမှာရပ်တည်နေပါတယ်။ ယခုကဲ့သို့  ဘေဘုတ်ရဲ့ အကျော်ကြားဆုံးသောတေး သီချင်း စာရင်းမှာပါဝင်လာခဲ့ ရခြင်းဟာ PSYအတွက်တော့ စတုတ်္ထအကြိမ်မြောက်ဖြစ်ကာ တေးဂီတသမိုင်း တစ်လျှောက် သူဟာဘေဘုတ်မှာစာရင်းဝင်တဲ့ တစ်ဦးတည်းသော အာရှအနုပညာရှင်လည်းဖြစ်ပါတယ်။ ယခင်ကထုတ်လွှင့် ခဲ့ တဲ့  သူ့ ရဲ့ တေးသီချင်းတွေဖြစ်တဲ့  ““Gangnam Style”၊ ““ Gentleman”” နဲ့  ““Hangover ”” တို့ ဟာလည်း ဘေဘုတ်ရဲ့ အကျော်ကြားဆုံးသောတေးသီချင်းစာရင်းမှာ ပါဝင်ခဲ့ပါတယ်။““Gangnam Style”” ဟာ နံပါတ် ၂ နေရာမှာ ရပ်တည်ခဲ့ ပြီး ““Gentleman ””မှာနံပါတ် ၅နဲ့  ““Hangover”” မှာ နံပါတ် ၂၆ တို့ မှာအသီးသီးရပ်တည်ခဲ့ကြတာပါ။
““Daddy””ဟာ အခြားသော တေးဂီတ၀က်ဘ်ဆိုက် တော်တော်များများမှာအကျော်ကြားဆုံးသော တေးသီချင်းများအတွင်းပါဝင်နေပါတယ်။ အီလက်ထရွန်နစ်နှင့်  ဒစ်ဂျစ်တယ်အကနှင့် သီချင်းတွေထဲမှာနံပါတ် ၁၂နေရာကို ရယူထားပြီး အကျော်ကြားဆုံးသော အီလက်ထရွန်နစ်အကနှင့် တေးသီချင်းဝက်ဘ်ဆိုက်မှာတော့ နံပါတ် ၆ နေရာမှာ ရှိနေပါတယ်။ တွစ်တာရဲ့  ရေပန်းစားနေသော တေးသီချင်း ၁၄၀အနက် နံပါတ် ၅ နေရာမှာရှိနေကာယူကျူဒေါ့ကွန်းပေါ်မှာ တော့ အမှတ်စဉ် ၆ နေရာကို သိမ်းပိုက်ထားပါတယ်။ (အေးပြည့်)

 ** တေးယွန်ဖွင့်ဟလာတဲ့သူမဘ၀ရဲ့ မမေ့နိုင်တဲ့နှစ်**
တောင်ကိုရီးယား အမျိုးသမီး ပေါ့ပ်တေးဂီတအဖွဲ့ ““Girls' Generation ””မှ အဖွဲ့ဝင်တစ်ဦုးဖြစ်သူ တေးယွန်က သူ့ ရဲ့ ဂီတလမ်း ကြောင်းတစ်လျှောက်မှာ ၂၀၁၅ ခုနှစ်ဟာ မမေ့နိုင်တဲ့ နှစ်တစ်နှစ်ဖြစ် တယ်လို့ ဒီဇင်ဘာ ၈ ရက်က OSENမဂ်္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့  အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တာကို စွန်ပီဒေါ့ကွန်းကဖော်ပြခဲ့  ပါတယ်။ ၂၀၁၅ ခုနှစ်ဟာ သူတို့ ရဲ့  တေး ဂီတအဖွဲ့  ““ “Girls' Generation ”” ရဲ့  အအောင်မြင်ဆုံးနှစ်တစ်နှစ်ဖြစ်ပြီး သူ့ အတွက် ဆုတံဆိပ်ပေါင်း များစွာရရှိစေခဲ့တဲ့ နှစ်လည်းဖြစ် တယ်လို့  တေးယွန်ကဆိုပါတယ်။ တေးယွန်ဟာ ယခုနှစ်အတွင်း ကျင်းပခဲ့ တဲ့ ဆုပေးပွဲအသီးသီးကနေဆုတံဆိပ်ပေါင်း ၃၂ခု ရရှိခဲ့ ပြီး အဖွဲ့အတွင်းမှာဆုအများဆုံးရရှိထားတဲ့  အနုပညာရှင်ဖြစ်ပါတယ်။ ဒီနှစ်အတွင်း ““Girls' Generation ””ရဲ့  အောင်မြင်ခဲ့တဲ့  တေးသီချင်းတွေကတော့ ““Party”” နဲ့ “Lion Heart””ဖြစ်ပြီး ယခုနှစ်အတွင်းထွက်ရှိခဲ့ တဲ့  တေးယွန်ရဲ့  တစ်ကိုယ်တော် မီနီတေးအယ်လ် ဘမ် ““ I””ဟာလည်း သူ့ အတွက် အောင်မြင်မှုများစွာကို ယူဆောင်ပေးနိုင်ခဲ့ ပါတယ်။ (အေးပြည့်) 

** ဘောလုံးအားကစားပရိသတ်များအဖွဲ့မှ ရွေးချယ်သည့် ၂၀၁၅ ခုနှစ်အတွက်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို အလက်ဇီဆန်းချက်ဇ်ရရှိ**
ပရီမီယာလိဂ်ကလပ် အာဆင်နယ်အသင်း တောင်ပံတိုက်စစ် ကစား သမား အလက်ဇီဆန်းချက်ဇ်သည် ဘောလုံးအားကစား ပရိသတ်များအဖွဲ့မှရွေးချယ်သည့် ၂၀၁၅ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး ကစား သမားဆုကိုရရှိခဲ့ ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ အဆိုပါ ဆုပေးပွဲအခမ်းအနားကို ပြီးခဲ့ သည့် တနင်္လာနေ့ ညပိုင်းတွင် လန်ဒန်၌ ကျင်းပခဲ့ သည်။ ချီလီကစားသမား ဆန်းချက်ဇ်သည် အဆိုပါဆုအား လက်စတာတိုက်စစ်မှူး ဂျိမ်းစ်ဗာဒီ၊ မန်စီးတီးတိုက်စစ်မှူး ဆာဂျီယိုအဂူရို၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ မန်ယူဂိုးသမား ဒီဂီယာနှင့်  အဲဗာတန် ခံစစ်မှူး ဂျွန်စတုန်း တို့ ကိုကျော်ဖြတ်ကာ ရရှိခဲ့ ခြင်းဖြစ်သည်။ ဘာစီလိုနာကစားသမားဟောင်း ဆန်းချက်ဇ်(၂၆နှစ် )သည် ၂၀၁၅ ခုနှစ်အတွင်းတွင် အာဆင်နယ်အသင်းနှင့်  အတူ အက်ဖ်အေဖလား၊ ချီလီလက်ရွေးစင်အသင်းနှင့်အတူ ကိုပါအမေရိကဖလား တို့ ကို ဆွတ်ခူးနိုင်ခဲ့ သူဖြစ်သည်။ လက်ရှိအချိန်တွင် တောင်ပံကစားသမား ဆန်းချက်ဇ်သည် တံကောက်ကြော ဒဏ်ရာကြောင့်  သီတင်းပတ် လေးပတ်ကျော်အနားယူရ မည်ဖြစ်သည်။ ဆန်းချက်ဇ်က ““ဘောလုံးအားကစား ပရိသတ်များအဖွဲ့ က ၂၀၁၅ ခုနှစ်အတွက် တစ်နှစ်တာ အကောင်းဆုံးကစားသမားအဖြစ် ကျွန်တော့် ကို ရွေးချယ်ခဲ့ တာကြောင့်ကျေနပ်ဝမ်းသာမိပါတယ်။ ၂၀၁၅ ခုနှစ်ဟာ ကျွန်တော့်အတွက် အာဆင်နယ် အသင်းမှာရော ချီလီအသင်းမှာပါ ကောင်းမွန်တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ ပါတယ်။ အခုနှစ် ဘောလုံးရာသီမှာ လည်း အာဆင်နယ် ကကောင်းမွန်တဲ့ ပုံစံနဲ့  စတင်နိုင်ခဲ့ လို့  ၀မ်းသာမိတယ်။ ဒဏ်ရာရရှိခဲ့ တာ ကိုတော့ စိတ်ပျက်မိပါတယ်။ ဒါပေမယ့်ဒဏ်ရာကနေ အမြန်ဆုံးပြန်လာပြီး အာဆင်နယ်အသင်း နောက်ထပ် အောင်မြင်မှုတွေ ရယူနိုင်ဖို့ အတွက် အသင်းဖော်တွေကို ကူညီပေးနိုင်လိမ့် မယ်လို့  မျှော်လင့်ထားတယ်””ဟု ပြောသွားသည်။ မန်နေဂျာ အာဆင်ဝင်းဂါးကလည်း ““၂၀၁၅ ခုနှစ်ဟာ ဆန်းချက်ဇ်အတွက် ကောင်းမွန်တဲ့နှစ် တစ်နှစ်ပါ။ သူဟာ အာဆင်နယ်အသင်းကိုစတင် ရောက်ရှိ လာချိန်ကတည်းက အင်္ဂလန်ဘောလုံးလောကမှာ ထိရောက်တဲ့ စွမ်းဆောင်မှုတွေ ပြုလုပ်နိုင်ခဲ့ တယ်””ဟု ပြောဆိုခဲ့ သည်။ အင်္ဂလန်နှင့်  ဝေလတို့ မှ ဘောလုံးပရိသတ် များဖြင့်  ဖွဲ့ စည်းထားသည့်  ဘောလုံးအားကစားပရိသတ်များအဖွဲ့ ကို ၂၀၀၂ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ ကာ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ၂၀၁၃ ခုနှစ်မှ စတင်၍ ပေးအပ်ခဲ့ ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ်အတွက် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို လီဗာပူးတိုက်စစ်မှူး ဆွာရက်ဇ်၊ ၂၀၁၄ ခုနှစ် အတွက် တစ်နှစ်တာ အကောင်းဆုံးဆုကို မန်စီးတီးတိုက်စစ်မှူး အဂူရိုတို့ က ရရှိခဲ့ သည်။ (လင်းဆက်) 

** သရုပ်ပြတင်းနစ်ပြိုင်ပွဲတစ်ခုတွင်အင်္ဂလန်လူငယ်တင်းနစ်သမား ကီလီအက်မန်ဒ်ကအင်ဒီမာရေးကို အနိုင်ရရှိ**
အင်္ဂလန်လူငယ်တင်းနစ်သမား ကီလီအက်မန်ဒ်သည် သရုပ်ပြတင်းနစ်ပြိုင်ပွဲတစ်ခု ဖြစ်သော Tiebreak Ten ပြိုင်ပွဲ၏ ဗိုလ်လု ပွဲတွင် ကမ်္ဘာ့ အဆင့်၂ တင်းနစ်သမား အင်ဒီမာရေးကို အနိုင် ရရှိခဲ့ ပြီးနောက် ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ တန်ချက် လက်မှတ်ချီးမြှင့်ခံခဲ့ရ သည်။ပြီးခဲ့ သည့်  ဒီဇင်ဘာ ၅ ရက်၌ မာရေးနှင့် အက်မန်ဒ်တို့  ယှဉ်ပြိုင် ခဲ့ သည့် ဗိုလ်လုပွဲတွင် ကမ်္ဘာ့ အဆင့် ၁၀၂ ဖြစ်သူ အက်မန်ဒ်(၂၀နှစ် ) က ၁၀-၇ ဖြင့်အနိုင်ရရှိခဲ့ ခြင်း ဖြစ်သည်။ အက်မန်ဒ်သည် Tiebreak Tenသရုပ်ပြပွဲမတိုင်မီ ၂၀၁၅ ခုနှစ် အတွင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တင်းနစ်ပြိုင်ပွဲများမှ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂၀၅၆၄၅ သာရရှိခဲ့ သော်လည်း မာရေးနှင့် သုံးနာရီကြာယှဉ်ပြိုင် ကာ အနိုင်ရရှိခဲ့ပြီးနောက် ဆု ကြေးငွေ အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ဆွတ်ခူးနိုင်ခဲ့ ခြင်းဖြစ် သည်။ အက်မန်ဒ်သည် ဒေးဗစ် ဖာရာ၊ ဇာဗီးယားမာလီဆီတို့ကို အနိုင်ယူကာ ဗိုလ်လုပွဲသို့  တက် ရောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သရုပ်ပြပွဲ၏ ဆီမီး ဖိုင်နယ်အဆင့်တွင် မာရေးသည် ဗြိတိသျှနံပါတ် ၁ တင်းနစ်သမား ဟောင်း တမ်ဟန်မန်(၄၁နှစ်)ကို အနိုင်ယူနိုင်ခဲ့ ခြင်း ဖြစ်သည်။ ကမ်္ဘာ့ အဆင့် ၄ တင်းနစ်သမားဟောင်း တင်မ်ဟန်မန်က အက်မန်ဒ်သည် ကမ်္ဘာ့ ထိပ်တန်း ၅၀ ဦးစာရင်းဝင် တင်းနစ်သမားဖြစ် လာလိမ့်မည်ဟု ချီးကျူးပြောဆိုခဲ့သည်။ တင်မ်ဟန်မန်သည် အက် မန်ဒ် အသက်အရွယ်တွင် ကမ်္ဘာ့ အဆင့်၁၅၀ ၌ ရပ်တည်ခဲ့သူ ဖြစ် သည်။ တင်မ်ဟန်မန်သည် ယခု နှစ် သြဂုတ်လအတွင်းတွင် ကမ်္ဘာ့ အဆင့် ၉၉ နေရာသို့  ပထမဆုံး အကြိမ် ရောက်ရှိခဲ့ ဖူးသည်။ ““အက်မန်ဒ်ဟာ၂၀၁၅ ခုနှစ်အတွင်းမှာ အကောင်းဆုံးစွမ်း ဆောင်နိုင်ခဲ့ ပြီး ကမ်္ဘာ့အဆင့်  ၁၀၀ အတွင်းကိုလည်း ပထမဆုံးရောက် ရှိခဲ့ဖူးသူပါ။ အက်မန်ဒ်အနေနဲ့ ကမ်္ဘာ့အဆင့် ၅၀ အတွင်း ၀င်ရောက်လာဖို့  အချိန်အများကြီး ယူရလိမ့်မယ်လို့  မထင်ပါဘူး။ သူဟာ ကျွန်တော်ထင်မြင်ထား တာထက် ပိုမိုကောင်းမွန်တဲ့  အားကစားသမားဖြစ်ပါတယ်။ သူ့ရဲ့ လက်ပြန်ရိုက်ချက်တွေက ပြီးပြည့် စုံမှုရှိတယ်””ဟု တင်မ်ဟန်မန်ကပြောသွားသည်။ (ထက်အောင်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)