ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, January 31, 2016

=ဖေဖေနှင့်အိပ်မက်=

>
ကျွန်မဘ၀ရဲ့အကြီးမားဆုံးလစ်ဟာမှုကိုပြပါဆိုရင် “ဖေဖေ”ဆိုတဲ့ လူပုဂ္ဂိုလ်လို့ ပြောရလိမ့်မယ်…။ ဖေဖေကျွန်မတို့ကိုထားသွားခဲ့တာ ခုဆိုရင် (၂၈)နှစ်တိုင်ခဲ့ပြီ…။ ဒါပေမယ့် ကျွန်မဖေဖေ့ကို ယနေ့ထိ အိပ်မက်မက်နေတတ်တုန်းပဲ….။ အိပ်မက်ထဲမှာဖေဖေ့ရုပ်ကို ကျွန်မငယ်ငယ်တုန်းကမြင်ဖူးခဲ့တဲ့အတိုင်းပဲ အသားခပ်ညိုညို ဆံပင်ကောက်ကောက်ကွေးကွေး ကျစ်လစ်သန်မာယောကျာ်းပီသတဲ့ အသွင်ကိုမြင်မက်ဆဲ။ ဖေဖေကျွန်မကို ကောက်ချီပြီး ကျွန်မမျက်နှာကို ခပ်စူးစူးကြမ်းကြမ်း ရိပ်ပြီးခါစ ပါးမြိုင်းမွှေးတွေနဲ့ လာပွတ်ပြီး စတတ်တယ်…။ အိပ်မက်ထဲမှာ ဖေဖေ့ ပါးမြိုင်းမွှေးတွေကအစ အဲဒီတိုင်းပဲ စိမ်းမှောင်လို့…။ ပြီးခဲ့တဲ့နှစ်နောက်ဆုံးမက်တဲ့ အိပ်မက်ထဲမှာ ဖေဖေက ဟိုးး ... အဝေးဆုံးတစ်နေရာကနေ ပြန်လာပုံရတယ်။ ပြီးတော့ ကျွန်မတို့ကို အကြာကြီးဝေးကွာသွားပြီးမှပြန်လာတဲ့ပုံမျိုးပဲ သမီးတို့နဲ့ဖေဖေအတူပြန်လာနေတော့မယ်တဲ့…။ မတွေ့တာကြာတဲ့ ဆွေမျိုးတွေအိမ်ကိုလည်း ဖေဖေက အလည်သွားတယ်တဲ့...။ ဖေဖေကပြောသေးတယ် ဖေဖေ့တူ အာကာတို့အိမ်ကိုလည်းသွားလည်ရဦးမယ်တဲ့…။ ဖေဖေတို့က မောင်နှမဆယ်ယောက်ရှိတယ် အဲဆယ်ယောက်ထဲကမွေးလိုက်တဲ့ ကျွန်မတို့ ၀မ်းကွဲမောင်နှမတွေ အားလုံး လေးဆယ်နှစ်ယောက်ရှိတယ် ဆိုတာ အစ်မ၀မ်းကွဲတစ်ယောက်က ပြောပြလို့သိရတာ အားလုံးကို ကျွန်မ မမြင်ဖူးဘူး…။ ဖေဖေပြောတဲ့ အာကာဆိုတာ ဘယ်သူဖြစ်မလဲ ကျွန်မ အိပ်မက်ကနိုးလာတော့ ရက်တော်တော်ကြာတဲ့အထိ စဉ်းစားနေခဲ့တယ် ..။ ဖေဖေ့ညီအငယ်ဆုံးဦးလေးက မွေးတဲ့ သားသုံးယောက်ရှိတယ် ငယ်ငယ်တုန်းကတော့ အလတ်တစ်ယောက်ကို မြင်ဖူးသေးတယ် အာကာဆိုတာ သူတို့သုံးယောက်ထဲကလဲဖြစ်နေနိုင်တာပဲ..။ ဖေဖေအိပ်မက်ထဲရောက်ပြီး နိုးလာတိုင်း ကျွန်မငိုတယ်…။ ကျွန်မငယ်ငယ်တုန်းက စကားပြောတတ်ခါစကနေ ဖေဖေနဲ့နောက်ဆုံးတွေ့တဲ့အချိန်ထိ “ဖေဖေ့ကိုသမီးလေးချစ်လား”လို့ ဖေဖေဘယ်နှစ်ကြိမ်မေးခဲ့ဖူးသလဲ ကျွန်မကရော “ဖေဖေ့ကိုသမီးချစ်တယ်”လို့ ဘယ်နှစ်ခါဖြေခဲ့ဖူးသလဲ….။ အဲ...အချိန်က ဖေဖေ့ကို မပြောဖြစ်ခဲ့တာတွေ တော်တော်ကြီးနောက်ကျသွားပြီဖြစ်ပေမယ့် ကျွန်မ ဖေဖေ့ကိုသတိရတိုင်း စိတ်ထဲကပြောဖြစ်ခဲ့ပါတယ်… မဟုတ်ဘူး ပြောဖြစ်နေတုန်းပါပဲ…။ 

 ဖေဖေ့ကို သမီးချစ်တယ်…..
 ဖေဖေ့ကို သမီးချစ်တယ်…..
 ဖေဖေ့ကို သမီးချစ်တယ်…..
 ဖေဖေ့ကို သမီးချစ်တယ်…..
 ဖေဖေ့ကို သမီးချစ်တယ်…..
 ဖေဖေ့ကို သမီးချစ်တယ်…..
 ဖေဖေ့ကို သမီးချစ်တယ်…..
 ဖေဖေ့ကို သမီးချစ်တယ်…..
 ဖေဖေ့ကို သမီးချစ်တယ်…..
 ဖေဖေ့ကို သမီးချစ်တယ်…..
 ဖေဖေ့ကို သမီးချစ်တယ်…..
 ဖေဖေ့ကို သမီးချစ်တယ်…..
 ဖေဖေ့ကို သမီးချစ်တယ်…..
 ဖေဖေ့ကို သမီးချစ်တယ်…..
 ဖေဖေ့ကို သမီးချစ်တယ်…..
 ဖေဖေ့ကို သမီးချစ်တယ်…..
 ဖေဖေ့ကို သမီးချစ်တယ်…..
 ဖေဖေ့ကို သမီးချစ်တယ်…..
 ဖေဖေ့ကို သမီးချစ်တယ်…..
 ဖေဖေ့ကို သမီးချစ်တယ်…..
 ဖေဖေ့ကို သမီးချစ်တယ်….. 

ဘ၀မှာ အနှိမ်ခံခဲ့ရတာတွေ ရှုံးနိမ့်လဲပြိုခဲ့တာတွေ ဆင်ခြင်တုံတရားကင်းမဲ့စွာ စိတ်အလိုကိုလိုက်ပြီး အမှားတွေကျူးလွန်ခဲ့တာတွေ ၀မ်းနည်းကြေကွဲစရာတွေကြုံရတိုင်း ဖေဖေ့ကို အဦးဆုံးမြင်ယောင်မိတယ်…။ ငါ့မှာ ဖေဖေသာရှိခဲ့ရင် ငါ့ရှေ့မှာ ဖေဖေသာမားမားမတ်မတ်ရပ်နေခဲ့ရင် ဒီလိုတွေဖြစ်လာမှာ မဟုတ်ဘူးလို့တွေးမိတယ်..။ တကယ်တော့ ဖေဖေ့ကို ၀မ်းနည်းစရာတွေကြုံမှသာ သတိရတာ တရားတော့မတရားပါဘူး…။ ၀မ်းသာစရာ ပျော်ရွှင်စရာအချိန်တွေ အစားကောင်းစားနေရတဲ့ အချိန်မျိုးတွေမှာလဲ သတိတရရှိရမှာမဟုတ်လား…။ ခုချိန် ဖေဖေဘယ်ရောက်နေမလဲ…. ပျော်စရာကင်းမဲ့တဲ့ လောကကြီးထဲကနေ စောစောစီးစီးထွက်ခွာ
သွားခဲ့တာဟာ ဖေဖေ့အတွက် ကံကောင်းခြင်းလို့ဆိုရမလား....။ ဒါမှမဟုတ် အိပ်မက်ထဲကလိုပဲ ဖေဖေသမီးတို့ဆီတကယ်ပြန်လာခဲ့မှာလား...။ ပြာသိုလပြည့် အမေနေ့တုန်းက မေမေ့ကိုပေးဖို့ရည်ရွယ်ပြီး ၀ယ်ထားခဲ့တဲ့ Toothbrush Holder လေး ...။ ဖေဖေသာရှိရင် အဖိုးကြီးနဲ့ အဖွားကြီးရုပ် Toothbrush Holder လေးနှစ်ခု ယှဉ်တွဲလျက်တွေ့ရဦးမှာ...။ ကျွန်မ ဒီအိပ်မက်ကို မက်ပြီး သိပ်မကြာဘူး ကျွန်မတစ်ဝမ်းကွဲညီမတစ်ယောက် ကိုယ်ဝန်ရတယ်...။ သူ့အတွက်တော ဒုတိယကိုယ်ဝန်ပေါ့...။ လူဝင်စားဆိုတာ တကယ်ရှိသလား ကျွန်မ မသိဘူး...။ ဖေဖေ တကယ်ပြန်လာခဲ့မယ်ဆို ဘယ်ချိန်ဖြစ်ဖြစ် ကျွန်မတို့ အမြဲကြိုဆိုနေပါ့မယ် ဖေဖေ...။

 +မိုးငွေ့+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)