ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, January 2, 2016

=လူထုကျန်းမာရေး("ဆေးမီးတိုများ အစွမ်းထက်သည်.. ရှေးလူကြီးများပြောကြသည့် ပျားရည် ..သံပုရာသီး အကျိုးထူးများ")=

>
**Public Health** 
ဆီးချို၊ သွေးချိုရောဂါရှိသူများအတွက် သကြားနှင်. သကြားပါဝင်သော အစားအသောက်အားလုံးကို လုံးဝရှောင်ရမည်၊သကြား၊ ၈လူးကို.စ်၊ကြံသကာ ၊ထန်းလျက်၊ယိုအမျိုးမျိုး ၊ချိုချဉ်၊ ချောက်လက်၊ အိုက်စ်ကရင်၊ လမုန်.၊ထိုးမုန်.၊ မလိုင်မုန်.၊ ကိတ်မုန်. ၊အဖျော်ယမကာ အမျိုးမျိုး ၊စည်သွပ်သီး အမျိုးမျိုး ၊အချိုလွန်သော ဘီစကစ်၊ ပေါင်မုန်.၊ကိတ်မုန်.၊ ချိုသောအသီးအနှံများ၊ ဥပမာ - ဖရဲသီး ၊နာနတ်သီး၊ သရက်သီး၊ သကြား၊နို.ဆီ၊ နို.မှုန်.၊ကော်ဖီမစ် တို.နှင်. ဖျော်သော ကော်ဖီ၊လက်ဖက်ရည်။

++ကန့် သတ်ရန်မလိုသော အစားအစာများ (ကြိုက်သလောက်စား)++

(က) စိမ်းစိုသော ဟင်းရွက်အမျိုးမျိုး ဘူးရွက်၊ ကန်စွန်းရွက်၊ မန်ကျည်းရွက်၊ ချဉ်ပေါင်ရွက်၊ ဆူးပုပ်ရွက်၊ မြင်းခွာရွက်၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပွင်.၊ ပန်းမုန်လာ၊ ကိုက်လန်ရွက်၊ မုန်ညှင်းရွက်။

 (ခ) မချိုသော အသီးအမြစ်များ ခရမ်းချဉ်သီး၊ သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး၊ မျှစ်၊ မုန်လာဥဖြူ၊ဘူးသီး၊ ဂေါ်ရခါးသီး၊ ခရမ်းသီး၊ ကင်းပုံသီး၊ခ၀ဲသီး၊ ရုံးပတီသီး ၊ ဂွေးချိုသီး၊ သလဲသီး။

 (ဂ) သားငါးများ ကြက်၊ဘဲ၊ ဆိတ်၊ အမဲ ၊၀က်၊ ငါး၊ ပုစွန်၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ။

 (ဃ) ကော်ဖီ ၊လက်ဖက်ရည် နွားနို.အစစ်နှင့် ဖျော်ပြီး ဆက်ကရင်နှင့် အချိုတုများနှင့်
.ဖျော်သော ကော်ဖီ၊ လက်ဖက်ရည် တို.ကို သောက်သုံးနိုင်ပါသည်။ သကြား၊ နို.ဆီ ၊ နို.မှုန်. လုံးဝ(လုံးဝ)မသုံးရ။

++အုပ်စု(၃) သင့်တင့်သော အတိုင်းအတာအထိသာ စားသင်.သော အစားအစာများ (လျော့.စား)++

 အုပ်စု (၃) အစားအသောက်များသည် ကစီဓတ် (ခေါ်) ကာဘို ဟိုက်ဒြိတ်ဓာတ်
အများဆုံးပါရှိသည်။ မိမိနှင့်သင့်တင့်သော တစ်နေ့ အတွက် 
ကစီဓာတ် ယူနစ်ပမာဏ ကို ဆရာဝန်နှင့် တိုင်ပင်ရန် လိုအပ်ပါသည်။
 (က) ဆန်နှင့် ပြုလုပ်သောအစားအစာများ ထမင်း၊ ဆန်ပြုတ် ၊ မုန်.တီ ၊ မုန့်ဟင်းခါး၊ 
ဆန်ခေါက်ဆွဲ ၊ကောက်ညှင်း။

 (ခ) ဂျုံနှင့် ပြုလုပ်သော အစားအစာများ မချိုသောပေါင်မုန်. နှင့်ဘီစကစ်၊
 ခေါက်ဆွဲ ၊နံပြား၊ဂျပါတီ၊ ပူရီ ။အီကြာကွေး၊ ထပ်တရာ၊ ပလာတာ။

 (ဂ) ကစီဓာတ်များသော အသီးနှင်.ဥများ အာလူး၊ ရွှေဖရုံ၊ ကန်စွန်းဥ၊ ပိန်းဥ၊
 ခါကြက်ဥ၊ ပဲအမျိုးမျိုး၊ လိမော်သီး၊ ငှက်ပျောသီး၊ မလကာသီး၊ စိမ်းစားဥ ။ 

**ပျားရည်**

 ပျားရည်ကို လူသားတို့ အသုံးပြုခဲ့ကြသည်မှာ နှစ်ပေါင်း ၂၇၀၀ ကျော်ခဲ့ပြီ ဖြစ်သည်။ အစားအသောက်အတွက်သာမက ဆေးဖက်လည်း ၀င်သောကြောင့် 
လူမျိုးတိုင်း ဘာသာတိုင်း နည်းပါး၏ သမိုင်းတွင် ပျားရည်၏ အခန်းကဏ္ဍကို တွေ့နိုင်ပါသည်။ ရှေးခောတ်ကတည်းကပင် ပျားရည်ကို အနာကျက်ဆေး အနေဖြင့်လည်းကောင်း၊ ချောင်းဆိုးပျောက်ဆေးအနေဖြင့်လည်းကောင်း၊ အသားလှဆေးအနေဖြင့်လည်းကောင်း အသုံးပြုခဲ့ကြသည်။ ယခင်က မည်သည့်အတွက်ကြောင့် ဤမျှ အစွမ်းထက်သည်ကို မသိခဲ့ကြသော်လည်း ယခုအခါ သိပ္ပံပညာ၏ တိုးတက်မှုနှင့်အတူ သိခွင့်ရှိလာပြီ ဖြစ်သည်။ ပျားရည် အစွမ်းထက်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အမြောက်အများ ပါဝင်သောကြောင့် ဖြစ်ပါသည်။ ပျားရည်ကို ထုတ်လုပ်သည့်ဒေသနှင့် ပျားအမျိုးအစားအပေါ်မူတည်ပြီး အမျိုးအစား မြောက်များစွာ ခွဲခြားနိုင်ပါသည်။ အကြမ်းဖျင်းအားဖြင့် raw honey လို့ခေါ်တဲ့ ပျားအုံမှ တိုက်ရိုက်ဖွတ်လာသော ပျားရည်အကြမ်းနှင့် processed commercial honey လို့ခေါ်တဲ့ အပြင်မှာ လွယ်လွယ်ကူကူ ၀ယ်လို့ရတဲ့ ပျားရည်ဆိုပြီး ခွဲကြည့်ရအောင်။ ပျားရည်အကြမ်းခြင်း ယှဉ်ရာတွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ပျားအုံမှ ဖွတ်လာသော ပျားရည်သည် မွေးမြူရေး ပျားရည်ထက် အစွမ်းသတ္တိ ပိုမိုထက်မြက်ပါသည်။

 ပျားရည်ဆိုသည်မှာ ပျားလုပ်သားများက ပန်းပွင့်ပေါင်းများစွာကို လှည့်လွယ်သွားလာပြီး ရရှိလာသော ပန်ဝတ်ရည်တို့မှ တဆင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းတို့ သွားထားသော အပင်အမျိုးအစား
 စုံလေလေ ပန်းပွင့်တို့မှ ရရှိသော ပိုးသေစေသည့်သတ္တိများ၊ နှင့် ဓာတ်တိုးဆန့်ကျင်သည့် သတ္တိများ ပိုများလေလေဖြစ်သည်။ သို့သော် တစ်ခါတစ်ရံတွင် Clostridium botulinum bacteria spore ဟုခေါ်သည့် ဘယ်တီးရီးယားတို့၏ ဥများ ပါလာတတ်သည်။ ထို့ကြောင့် အသက် ၁ နှစ်အောက် ငယ်သော ကလေးများကို ပျားရည်လုံးဝ မတိုက်ရပါ။ အဘယ့်ကြောင့်ဆိုသော် အဆိုပါ ဘက်တီးရီးယားများ ပေါက်ပွားကာ Botulism လို့ခေါ်တဲ့ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပါတယ်။ အသက်ကိုပင် သေစေနိုင်ပါသည်။ လူကြီးတွေအတွက်တော့ စိုးရိမ်စရာမရှိပါ။ ပျားရည်ကို ဓာတုဗေဒနည်းဖြင့် ဓာတ်ခွဲကြည့်မည်ဆိုပါက fructose နှင့် glucose သကြားများက ၆၀ ရာခိုင်နှုန်း မျှ ပါဝင်ပါသည်။ အခြားပါဝင်သော ပစ္စည်းများမှာ ဗိုက်တာမင်၊ သတ္တုဓာတ်များ နှင့် ဓာတ်တိုးမှုကို ဆန့်ကျင်နိုင်သည့် သတ္တိရှိသော ဒြပ်ပေါင်းများ ပါဝင်ပါသည်။ ပျားရည်၏ အသုံးဝင်ပုံများ ပျားရည်တွင် ဘက်တီးရီးယားပိုးများ နှင့် မှိုများကို သေစေနိုင်သော သတ္တိရှိသည်။ အရေပြားတွင် ဖြစ်ပေါ်နေသော အနာများတွင် ဆေးအဖြစ်ထည့်ပါက အနာအကျက်မြန်သည်ကို ရှေးကတည်းကပင် သိရှိခဲ့ကြသည်။ ပျားရည်တွင် ရေဓာတ်ပါဝင်မှု အရမ်းနည်းပါးသောကြောင့် ပြင်ပရေမပါဝင်ဘဲ ပျားရည်ချည်း သက်သက်ဖြင့် အနာကို ထည့်ပေးပါက ဘက်တီးရီးယားပိုးများ မပေါက်ပွားနိုင်ပါ။ ပျားရည်၏ pH သည် ၄ ပတ်ဝန်းကျင်တွင် ရှိသောကြောင့် အက်ဆစ်ဓာတ်က ပိုးများကို သေစေနိုင်ပါသည်။ ထို့အပြင် အနာမှ ထွက်လာသည့် အရည်တို့နှင့် ဓာတ်ပြုပြီး hydrogen peroxide လို့ခေါ်တဲ့ ပိုးသတ်ဆေးရည်တစ်မျိုးကိုလည်း ဖြစ်စေသည်။ ထိုအခါ ပျားရည်သည် အလွန်အစွမ်းထက်သည့် အနာထည့်ဆေးတစ်လက် ဖြစ်လာပါသည်။ ဆေးမတိုးတော့သော ဘက်တီးရီးယားပိုးများဖြင့် ပွထနေသော ဆေးရုံများအတွက် သတင်းကောင်းပင်ဖြစ်သည်။ ထို့ကြောင့် အချို့ သုတေသီတို့က အမေရိကန်တွင် ပျားရည်ကို အနာထည့်ဆေးအဖြစ် hospital protocol များတွင် ထည့်သွင်းရန် အကြံပြုကြသည်။ သုတေသန စာတမ်းများအရ ပျားရည်ကို အနာထည့်ဆေးအဖြစ် အသုံးပြုပါက ပုံမှန်အနာထည့်ဆေးများအသုံးပြုသော အနာများထက် ၄ ရက် ၅ ရက်ခန့် ပိုမိုလျင်မြန်စွာ အနာကျက်သည်ကို တွေ့ရပါသည် ပျားရည်တွင် ဘက်တီးရီးယားပိုးများ နှင့် မှိုများကို သေစေနိုင်သော သတ္တိရှိသည်။ အရေပြားတွင် ဖြစ်ပေါ်နေသော အနာများတွင် ဆေးအဖြစ်ထည့်ပါက အနာအကျက်မြန်သည်ကို ရှေးကတည်းကပင် သိရှိခဲ့ကြသည်။ ပျားရည်တွင် ရေဓာတ်ပါဝင်မှု အရမ်းနည်းပါးသောကြောင့် ပြင်ပရေမပါဝင်ဘဲ ပျားရည်ချည်း သက်သက်ဖြင့် အနာကို ထည့်ပေးပါက ဘက်တီးရီးယားပိုးများ မပေါက်ပွားနိုင်ပါ။ ပျားရည်၏ pH သည် ၄ ပတ်ဝန်းကျင်တွင် ရှိသောကြောင့် အက်ဆစ်ဓာတ်က ပိုးများကို သေစေနိုင်ပါသည်။ ထို့အပြင် အနာမှ ထွက်လာသည့် အရည်တို့နှင့် ဓာတ်ပြုပြီး hydrogen peroxide လို့ခေါ်တဲ့ ပိုးသတ်ဆေးရည်တစ်မျိုးကိုလည်း ဖြစ်စေသည်။ ထိုအခါ ပျားရည်သည် အလွန်အစွမ်းထက်သည့် အနာထည့်ဆေးတစ်လက် ဖြစ်လာပါသည်။ ဆေးမတိုးတော့သော ဘက်တီးရီးယားပိုးများဖြင့် ပွထနေသော ဆေးရုံများအတွက် သတင်းကောင်းပင်ဖြစ်သည်။ ထို့ကြောင့် အချို့ သုတေသီတို့က အမေရိကန်တွင် ပျားရည်ကို အနာထည့်ဆေးအဖြစ် hospital protocol များတွင် ထည့်သွင်းရန် အကြံပြုကြသည်။ သုတေသန စာတမ်းများအရ ပျားရည်ကို အနာထည့်ဆေးအဖြစ် အသုံးပြုပါက ပုံမှန်အနာထည့်ဆေးများအသုံးပြုသော အနာများထက် ၄ ရက် ၅ ရက်ခန့် ပိုမိုလျင်မြန်စွာ အနာကျက်သည်ကို တွေ့ရပါသည်။ စွမ်းအင်တိုးဆေး ပျားရည်တွင် ပါဝင်သော သကြားနှစ်မျိုးအနက် glucose သည် အစာလမ်းကြောင်းမှ စုပ်ယူမှုမြန်သောကြောင့် စားပြီးပြီးချင်း လန်းဆန်းစေသည်။ Fructose ကမူ စုပ်ယူမှု နှေးသောကြောင့် သွေးအတွင်း၌ သကြားဓာတ်ကို ပုံမှန်ထောက်ပံ့ပေးနိုင်သည်။ ထိုအချက်က အားကစားသမားများအတွက် အထူးသင့်တော်သည်။ မနက်အိပ်ယာထထချင်း လမ်းလျှောက်မည်ဆိုပါက အချိုဓာတ်လွန်ကဲသော ဘီစကစ်များ၊ မုန့်များစားမည့်အစား ပျားရည်နှစ်ဇွန်းလောက် သောက်ပါက ကိုယ်အလေးချိန်ထိန်းသည့်အပြင် သွေးတွင်း သကြားဓာတ်ကို ပါ အလွန်အကျွံမတက်စေသောကြောင့် ရေရှည်တွင် ကျန်းမာရေးကို အထောက်အကူပြုပါသည်။

 **ချောင်းဆိုးပျောက်ဆေး **

ကလေးများတွင် ချောင်းဆိုးပျောက်ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။ ၂ နှစ်အထက် ကလေးများတွင် ချောင်းဆိုးပျောက်ဆေးအဖြစ် အသုံးအများဆုံးမှာ dextromethophan လို့ခေါ်တဲ့ ချောင်းဆိုးပျောက်ဆေးဖြစ်ပါတယ်။ မြန်မာပြည်မှာ ဆေးသမားတွေရဲ့ လက်ဆွဲ ဖြစ်ဖူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ပိတ်ထားတဲ့ ဆေးပါ။ ထိုဆေးသောက်ပါက ငိုက်မြီးခြင်း လေးလံထိုင်းမှိုင်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ အမေရိကန်မှာ အသက် ၂နှစ်မှ ၁၈ နှစ်ကြားရှိတဲ့ ကလေး ၁၀၅ ယောက်တွင် ပြုလုပ်ခဲ့သော သုတေသနာ စာတမ်းတစ်ရပ်အရ ညအိပ်ခါနီးတွင် ပျားရည်တစ်စွန်း ကို သောက်၍ အိပ်သောကလေးများသည် dextromethophan ကို သောက်၍ အိပ်သောကလေးများကဲ့သို့ပင် ညဘက်ချောင်းဆိုးသက်သာသည်ကို တွေ့ရသည်။ 

ထို့အပြင် ပျားရည်သည် အာသီးရောင်ခြင်း နှင့် လည်ချောင်းနာခြင်းတို့ကိုလည်း
 သက်သာစေသောကြောင့် တုတ်ကွေးရာသီတွင် ကလေးများအတွက် ဆေးတစ်လက်အနေဖြင့် သုံးလို့ရပါတယ်။ ကလေးများသာမက လူကြီးများအတွက်ပါ အသုံးပြုနိုင်ပါသည်။ 

+အသုံးပြုပုံ +

သင်အာသီးရောင်နေပါက သောက်ရေခွက်အတွင်းသို့ ပျားရည်နှစ်ဇွန်း၊ သံပရာရည် လေးဇွန်း နှင့် ဆားတစ်ဇွန်းတို့ကို ထည့်ပြီး ရေနွေးဖြင့်ရောကာ ပလုပ်ကျင်းပါက လည်ချောင်းနာခြင်း အာသီးရောင်ခြင်းတို့ကို လျင်မြန်စွာ သက်သာနိုင်ပါသည်။ ၀မ်းရှင်းစေသည် ၂၀၀၈ ခုနှစ် ဇန်န၀ါရီလမှာ ပြုလုပ်ခဲ့တဲ့ ပျားရည်နှင့် ကျန်းမာရေး စာတမ်းဖတ်ပွဲနှင့် ဟောပြောပွဲအရ ပျားရည်တွင် လူသားတို့ကို အကျိုးပြုသည့် lactobacilli ဘက်တီးရီးယားများပါဝင်တဲ့အတွက် ၀မ်းပျက်ဝမ်းလျှောရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်နှင့် အူလမ်းကြောင်းရှိ ပိုးမွှားတွေကို သေစေနိုင်ပါတယ်။ အချို့လည်း အူမကြီးကင်ဆာကို ကာကွယ်နိုင်သည်ဟု ပြောကြသည်။ ဆီးချိုသမားတို့အတွက် ထို့အပြင် ပျားရည်ကို ဆီးချိုသမားများတွင် ဆေးသကြားအဖြစ် သုံးနိုင်ပါသည်။ အချိုကို လုံးဝရှောင်နိုင်ရင်တော့ အကောင်းဆုံးဆိုပေမယ့် မရှောင်နိုင်လို့ အနည်းငယ် စားမည်ဆိုပါက ပျားရည်သည် စားသင့်သော သကြားတစ်မျိုးဖြစ်ပါသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ဆီးချိုသမားများအတွက် မရှိမဖြစ်လိုအပ်လှသည်။ ပျားရည်တွင် အဆိုပါ ပစ္စည်းများပါဝင်သောကြောင့် အသည်းကို တစ်ခါတည်း ကာကွယ်ပေးရာရောင်သလို သွေးကြောများ ကျဉ်းခြင်းကိုလည်း ကာကွယ်ပေးပါသည်။ သွေးထဲတွင် သကြားဓာတ်ကို အရမ်းမတက်အောင် level တစ်ခုတွင် ထိန်းသိမ်းပေးရာတွင်လည်း အထောက်အကူပြုပါသည်။ ဆီးချို အမျိုးအစား ၁ သာမက အမျိုးအစား ၂ တွင်ပါ စားသုံး၍ ရပါသည်။ တစ်နေ့တစ်ဇွန်း မည်သူမဆို ပျားရည်ကို တစ်နေ့တစ်ဇွန်း စားသုံးပါက အထက်ပါ အကျိုးကျေးဇူးများကို ရရှိမည့်အပြင် ကင်ဆာရောဂါများကို ကာကွယ်ခြင်း၊ အသားအရေလှခြင်း၊ ဆံပင်လှခြင်း၊ အိုမင်းမှုကို နှေးကွေးစေခြင်း နှင့် ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းတို့ကိုလည်း ဖြစ်စေပါသည်။ အရက်မူးနေပါက ပျားရည်တွင် ပါဝင်သော သကြားဓာတ်သည်အစာအိမ်အတွင်းမှ alcohol တို့နှင့် ဓာတ်ပြုကာ ဓာတ်ပြယ်အောင်ပြုလုပ်ပေးနိုင်သော အစွမ်းရှိသည်။ အနောက်တိုင်းတွင်သာမက အရှေ့တိုင်းတွင်ပါ ပျားရည်ကို အမူးပြယ်ဆေးအနေဖြင့် သုံးကြသည်။ သံပရာရည်ဖြင့် ရောပြီးသောက်ပါက ပိုမို အစွမ်းထက်ပါသည်။ အိပ်မပျော်ပါက နွားနို့ပူပူတစ်ခွက်အတွင်းသို့ ပျားရည် ၂ဇွန်းခန့် ထည့်၍ မွှေပြီး သောက်ပါက စိတ်တည်ငြိမ်ကာ အိပ်ပျော်စေသည်ကို တွေ့ရပါသည်။

 **ဘေးထွက်ဆိုးကျိုးများ**

 UK နှင့် US ရှိ သဘာဝပျားရည်များတွင်မူ အထက်တွင် ဖော်ပြထားသော botulinum spore များ ပါဝင်တတ်သောကြောင့် (အထူးသဖြင့် california တွင်) အထူးသတိပြုစေလိုသည်။ 
ထို့အပြင် New Zealand မှထွက်သော tutu အပင်များတွင် နေသည့် ပျားများမှ 
ထွက်သည့် ပျားရည်သည် ပျားရည်အဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါသည်။ လက္ခဏာများမှာ အထက်လန်အောက်လျှော ဖြစ်ခြင်း နှင့် သတိလစ်ခြင်း နှင့် တက်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။ မှတ်ချက် အထက်တွင် ဖော်ပြခဲ့သော ကျန်းမာရေး ကောင်းကျိုးများမှာ ပျားရည်ကိုသောက်သုံးခြင်းမှ ရသော အကျိုးကျေးဇူးများ ဖြစ်ပါသည်။ ပျားရည်မှ ထုတ်လုပ်ထားသော သောက်ဆေးများကို စားသုံးခြင်းကြောင့် မဟုတ်ပါ။ သို့သော် သတိပြုရန်မှာ ဓာတ်တိုးဆန့်ကျင်သည့် ဒြပ်ပေါင်းများ ပါဝင်သော မည်သည့်ဆေးမဆို သဘာဝ အတိုင်းဖြစ်သော ထွက်ကုန်များကသာ အစွမ်းထက်ပါသည်။ ဥပမာ။ ။ ပျားရည်မှ ထုတ်လုပ်ထားသောဆေးသည် သဘာဝပျားရည်ကဲ့သို့ အစွမ်းထက်မည်ဟု မည်သူမှ အာမ မခံနိုင်ပါ။ ထို့ကြောင့် သဘာဝထွက်ကုန်ကိုသာ အားပေးစေလိုသည်။ 

**သံပုရာသီး**

သံပုရာသီးကို မျက်နှာတခြမ်း လေဖြတ်ထားသူများ, သွေးပေါင်ချိန် တက်တတ်သူများ, အမူးအမော် ရှိသူများ, ရင်တုန်တတ်သူများသည် သံပုရာသီးကို အမြဲဆောင်ထားသင့်သည်၊ ခေါင်းမရှင်း မကြည်လင်လျှင် သံပုရာရည်တခွက်ကို သောက်လိုက်ရသည်၊ ထိုအခါမှ ခေါင်းရှင်း ခေါင်းကြည်သွား၍ လန်းဆန်းတက်ကြွသွားလေသည်။ သံပုရာသီးသည် ချဉ်သောအရသာရှိသဖြင့် များများစားလျှင် ရင်ကိုပူစေသည်၊ သံပုရာသီးသည် လေကိုင်နိုင်ပြီး နှုတ်ကိုမြိန်စေသည်၊ ၀မ်းကိုသက်စေသည်၊ ပိုးများကို နိုင်သည်၊ ၀မ်းမီးကိုတောက်စေပြီး ၀မ်းတွင်းရှိ အန္တရာယ်ပြုသော ပိုးများကို ဖျက်ဆီးနိုင်သော အစွမ်းသတ္တိရှိသည်။ ထိုအန္တရာယ်ပြုသော ပိုးများကြောင့် ဖြစ်ပေါ်လာသည့် ကင်ဆာ ရောဂါ, အဆုတ်နာ ရောဂါ, တိုက်ဖွိုက် ရောဂါ, အတိဿရ ၀မ်းရောဂါ, ကာလ ၀မ်းရောဂါများကို သံပုရာရည်က နိုင်နင်းစွာ ဖျက်ဆီးချေမှုန်းနိုင်သည်။ အဆစရောင် ရောဂါ, သွေးတိုး ရောဂါ, အစာမကြေ ရင်ပြည့်ရင်ကယ် ရောဂါ, သလိပ်ကပ် ရောဂါတို့ကိုလည်း သံပုရာရည်က ကာကွယ်ပေးနိုင်သည်။ ငှက်ဖျားရောဂါသမားများအနေဖြင့်ကျကျဖျော်ထားသော ကော်ဖီတွင် သံပုရာရည်ကိုထည့်၍ မှန်မှန်သောက်သုံးပေးပါက ငှက်ဖျားရောဂါသည် တနေ့တခြား လျော့ပါးသွားပါလိမ့်မည်၊ နှလုံးသွေးကြောကျဉ်း ရောဂါရှိသူများအနေဖြင့် ရေနွေးပူပူကို မတ်ခွက်အတွင်းထည့်၍ သံပုရာသီးကို အလုံးလိုက်ထည့်ပါ၊ ထို့နောက် မတ်ခွက်အဖုံးကို အုပ်ထားပါ၊ သံပုရာသီး နွမ်းလောက်သောအချိန်ကျမှ မတ်ခွက်အတွင်းရှိ အရည်ကို သောက်၍ အသီးကို စားသုံးပါက ရောဂါသက်သာပျောက်ကင်းစေနိုင်ပါသည်၊ အသက်ရှူကျပ်၍ အသက်ရှိုက်ပြီး ရှူနေရသော ဝေဒနာရှင်များအဖို့လည်း အထူးသက်သာရာ ရစေပါသည်။ ထို့ပြင် သံပုရာရည် ဇွန်းကြီး ၂-ဇွန်းကို ရေ ၂-ဇွန်းဖြင့် ရောစပ်ပြီး နံနက်တကြိမ် ညတကြိမ် ပုံမှန်သောက်ပေးပါက သွေးတွင်းအဆီကို ကျစေကာ ခန္ဓာကိုယ် မ၀အောင် ထိန်းချုပ်ထားနိုင်သည်၊ ထိုမျှမက ဆီးကို ကောင်းစေပြီး သွေးပေါင်ချိန်ကိုလည်း ထိန်းထားနိုင်ကြောင်း တွေ့ရသည်။ ရေ၀ဲစားသောအနာ ပွေး ဒက် မွှေးကျွတ်နာ ဦးခေါင်း၌ပေါက်သော ဗောက်များ အရေပြား၌ အမည်းကွက်များပေါ်ခြင်း-စသော ယားနာအမျိုးမျိုးတို့အတွက် သံပုရာသီးကို ထက်ခြမ်းခြမ်း၍ နာနာပွတ်တိုက်ပေးပါ၊ ထိုအနာတို့ သက်သာပျောက်ကင်းစေပါသည်။ သံပုရာရည်တွင် သကြားအနည်းငယ်ထည့်၍ များများသောက်ပေးပါက အရက်မှဖြစ်သော အဆိပ်, အစာမှဖြစ်သော အဆိပ်,ဘိန်းမူးလွန်သော အဆိပ်, မြွေဆိပ် စသည်တို့ကို သက်သာပျောက်ကင်းစေနိုင်သည်။ သံပုရာရည်တွင် သကြားအနည်းငယ်ထည့်ပြီး နံနက်တကြိမ် ညတကြိမ် ပုံမှန်သောက်ပေးလျှင်လည်း သွားမှ သွေးယိုခြင်း၊ ၀မ်းဗိုက်အတွင်း ပူလောင်ခြင်း၊ အဆီများ၍ ချောင်းဆိုခြင်း၊ သည်းခြေအားနည်းခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း ရောဂါတို့ကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ သံပုရာရည်တွင် ပျားရည်အနည်းငယ်ရောစပ်ပြီး မျက်နှာကိုလိမ်းပေးကာ လက်ဖြင့် အသာအယာ နှိပ်နှယ်ပေးပါ၊ ပြီးနောက် ရေဆေးချလိုက်ပါ၊ သွေးလှည့်ပတ်မှု အားကောင်းလာပြီး ၀က်ခြံ တင်းတိပ်များ ပျောက်ကင်း၍ မျက်နှာပြင် အသားအရေ ချောမွေ့လာပါလိမ့်မည်။ ခြေသည်းလက်သည်းများ၌ဖြစ်သော မှိုစွဲရောဂါရှိသူတို့အဖို့ ထိုရောဂါရှိသောနေရာကို သံပုရာရည်ထဲတွင် မိနစ် ၂၀-မျှ စိမ်ထားပေးပါ၊ သက်သာပျောက်ကင်းပါလိမ့်မည်။ သံပုရာသီးအခွံစိမ်းကို စားပေးပါက လေနာရောဂါကို ပျောက်ကင်းစေနိုင်ပါသည်၊ ထို့ပြင် သံပုရာစေ့ ၅-စေ့ခန့်ကို အခွံခွာ၍ နေ့စဉ်စားပေးခြင်းဖြင့် သွေးပေါင်ချိန်ကို ထိန်းထားနိုင်သည်၊ အအေးမိ ကိုက်ခဲခြင်း၊ အဆစ်အမြစ်များ အလွန်နာကျင်ကိုက်ခဲခြင်းဖြစ်ပါက သံပုရာရည်တွင် ဇ၀က်သာအနည်းငယ်နှင့် ပျားရည်အနည်းငယ် ရောစပ်၍ သောက်ပေးခြင်းဖြင့် သက်သာရာရစေပါသည်။ အဖျားဖြတ်ဆေးအနေဖြင့်လည်း သံပုရာပင် အခေါက်ကို အသုံးပြုနိုင်သည်၊ သံပုရာပင် အခေါက် ၅-ကျပ်သားကို ရေ ၅၀-ကျပ်သားနှင့် ရော၍ ၂၅-ကျပ်သားခန့်ရအောင် ကျိုပါ၊ ထိုအရည်ကို တခါသောက် ၂-ကျပ်သားမျှ သောက်ပေးပါက အဖျားရောဂါ ပျောက်ကင်းစေနိုင်ပါသည်၊ သရက်ရွက်ကြီးသောရောဂါ ရရှိပါက သံပုရာသီးသနပ်ကို ထမင်းဖြင့် အမြဲစားသုံးခြင်းဖြင့်လည်း သက်သာပျောက်ကင်းစေနိုင်ပါသည်။ ကင်ဆာရောဂါဝေစဒနာရှင်များအတွက် အရည်ပြည့်ဝသော သံပုရာသီးကို ရေအေးတွင် စိမ်ထားပါ၊ ထို့နောက် သံပုရာသီးကို အလုံးလိုက်ပြုတ်၍သော်၎င်း၊ ပေါင်း၍သော်၎င်း ပြုပါ၊ ထို့နောက် ထိုသံပုရာသီးကို အလုံးလိုက် အရည်ကိုစုပ်၍၎င်း၊ အရည်ညှစ်၍ ပျားရည်နှင့်ရောစပ်၍၎င်း၊ နံနက်တကြိမ် ညတကြိမ် ပုံမှန်သောက်ပေးနိုင်မည် ဆိုပါက မည်သည့်ကင်ဆာရောဂါမျိုးကိုမဆို သက်သာပျောက်ကင်းစေနိုင်သည်-ဟု အဆိုရှိပါသည်။ ထို့ပြင် ပေါင်းထားသော သံပုရာသီးရည်ကို တရက်လျှက် တလုံး စသည်ဖြင့် ၁၂-လုံးပြည့်အောင် သောက်ရပါမည်၊ ၁၂-လုံးပြည့်သောအခါ တဖန်ပြန်၍ ဆေးတပတ်လျှင်တရက် လျှော့၍ သောက်ရပါမည်။ အကယ်၍ ၁၂-လုံးပြည့်အောင် မသောက်နိုင်ပါက ၈-လုံးပြည့်သောအခါ တဖန်ပြန်၍ တရက်စီလျှော့ ပြီး သောက်ပေးပါက ကင်ဆာရောဂါကို သက်သာပျောက်ကင်းစေနိုင်ကြောင်း သံပုရာရည်တွင် ပိုးကို အထူးနိုင်သော ဓာတ်တမျိုး ပါရှိခြင်းကြောင့်ဖြစ်ကြောင်း၊ အရှင်နာဂသိန်၏ ပုံပြဆေးအဘိဓာန်ကျမ်း၊ စာမျက်နှာ ၄၂၂-တွင် ဖော်ပြထားသည်ကို တွေ့ရပါသည်။ ခန္ဓာကိုယ်တွင်းရှိ ပိုးများမှဖြစ်သော အဆိပ်တို့သည် လေဒေါသနှင့်တွေ့ပါက လေရောဂါ အမျိုးမျိုး၊ သလိပ်ဒေါသနှင့်တွေ့ပါက သလိပ်ရောဂါအမျိုးမျိုးတို့ကို ဖြစ်စေတတ်ပါသည်၊ ထို့ကြောင့် ထိုရောဂါပိုးများကို သံပုရာရည်က အံ့သြလောက်အောင်ပင် နှိမ်နှင်းနိုင်ပါသဖြင့် သံပုရာသီးကို ကျန်းမာရေးအတွက် သင့်သလို သုံးစွဲနိုင်ကြောင်း တိုင်းရင်းဆေးရှုထောင့်မှ တင်ပြအပ်ပါသည်။ 

**ပျားရည်(သို့ )အသက်ရှည်ဆေး**

 ပျားရည် ကို မြန်မာမှုနယ်ပယ်မှာ အသက်ရှည်ဆေး လို့ တင်စားကြပါတယ်။ 
ပန်းပေါင်းတစ်ထောင်လို့လဲ တင်စား ခေါ်ဝေါ်ကြပါတယ်။ ပျားရည်ကို
 မြန်မာအမည် ပျားရည် ၊ ပါဠိအမည် မဓု ၊ သက္ကတအမည် မဓု Madhu, Makshika ၊
 ဟိန္ဒီ အမည် Ben, Madha စသဖြင့် ခေါ်ဝေါ်ကြပါတယ်။ မြန်မာ ဘယဆေးလောကမှာ
 သစ်ရွက်ပေါင်း တစ်ထောင်မှာ (ဆိတ်ချေး) ၊ အခိုးပေါင်းတစ်ထောင်မှာ 
(ကျပ်ခိုး) ၊ ပန်းပေါင်းတစ်ထောင်မှာ (ပျားရည်) လို့ ဆိုးရိုးရှိပါတယ်။
 ပျားရည်ရဲ့ ဂုဏ်နဲ့အစွမ်းကတော့ ..... ပျားရည်စစ်လျှင် ပြောင်းလဲဖောက်ပြန်မှု မရှိပေ။ တိုးလာခြင်း ၊ လျော့နည်းသွားခြင်းလည်း မရှိပေ။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်သုံးထောင်မှ အီဂျစ်ရှိ ဖေရို ဘုရင်များ၏ ဂူသင်္ချိုင်းများကို တူးဖော်ရာတွင် ပျားရည်များကို တွေ့ရှိရသည်ဟု ဆိုသည်။ အဆိုပါ ပျားရည်များသည် နှစ်ပေါင်းများစွာကြာမြင့်သော်လည်းအရသာမပျက်ပေ။ သို့ရာတွင် အရောင်မှာ မည်းညစ်နေသည်ဟု ဆိုပေသည်။ ဤသည်မှာ ထူးခြားလှသော ပျားရည်၏ ၀ိသေသ လက္ခဏာ ရပ်ဖြစ်ပေသည်။ ဘုရားလက်ထက် ဗုဒ္ဓရှင်တော်ဘုရားသည် ရဟန်းတော်များနှင့် သတ္တ၀ါတို့အား အသက်ရှည်ရာ အနာကင်းဝေးရေးအတွက် ပျားရည် အဓိကပါသည့် (စတုမဓူဆေး) တော်ကို မဟာဝါဘေသဇ္ဇခန္ဓ၀ဂ် တွင် ဟောတော်မူခဲ့သည်။ ထို့ကြောင့် ရှင်တော်ဗုဒ္ဓ ၏ ပထမဦးဆုံးသော အသက်ရှည်ရာအနာကင်းကြောင်းဆေးတော်ဟု ဆိုသင့်လှပေသည်။ ထို့ကြောင့် မြန်မာ့ရှေးသူဟောင်း တို့သည် စတုမဓူ အသက်ရှည်ဆေးကို အမြတ်တနိုးထားကာ မှီဝဲသုံးဆောင်ခဲ့ကြသည်။ သုံးဆောင်ဆဲလည်း ဖြစ်သည်။ ထို့ကြောင့် နောင်လာနောက်သားတို့ မှတ်သားလွယ်ကူစေရန် ကဗျာတို့ဖြင့် ဖွဲ့နွဲ့ သီကုံးခဲ့ကြသည်။ ယင်းတို့မှာ (၁) နှမ်း ၊ ထော ၊ တင် ၊ ပျား ၊ ဤလေးပါး ၊ ယူငြားမဓူမှတ်။ 

(၂) ဧက် ၊ ဒွေး ၊ ပဉ္စ ၊ သတ္တရ ၊ ပေါင်း တစ်ဆယ့်ငါးကျပ်။ 
(၃) ရိပ်တွင်မွှေကာ ၊ ရောစပ်ပါ ၊ ရသာဂုဏ်ကြီးမြတ် (၄) စတုမဓူ ၊ သုံးလိုသူ ၊ ဖော်ယူ ဤနည်းမှတ်။ (၅) သွေးသားဖွံ့ဖြိုး ၊ အားခွန်တိုး ၊ ကောင်းကျိုးဖြစ်စေတတ် အထက်ပါ သံပေါက် ၅ ပိုဒ်အရ ရသာယန အာယုဝဍ္ဎန ဆေးမျိုးဖြစ်သော စတုမဓူ တွင် ပျားရည်ကို အများဆုံး ကဲထားသည်ကို တွေ့ရှိရပါသည်။ စတုမဓူ ကျေးဇူးရှင် သဘာဝဓမ္မ ဆရာတော်ဘုရားကြီး၏ စတုမဓူဆေး ဖော်စပ်ပုံမှာ (၁) ကြံသကြား ၂၅ ကျပ် (၂) ပျားရည် ၂၅ ကျပ် (၃) နှမ်းဆီ ၂၅ ကျပ် (၄) ထောပတ် ၃၀ ကျပ် ယင်းတို့ကို ကြွေရည်သုတ်ဇလုံတွင် ရေနွေးငွေ့ဖြင့် ၂ နာရီခန့်ချက်။ အရသာ (အေး ၊ ချို ၊ ဆိမ့်) ၊ အကျိုးသွား (သီတ၊ ပထ၀ီဖြစ် ၊ လေကြေ ၊ အာကာသရ) ။ ဆရာတော်ကြီးသည် သကြားကို အသုံးပြုထားသည်မှာ တင်လဲအစား အဋ္ဌကထာ များ၏ အဆိုအရ သုံးထားသည်ကို သတိပြုရမည်။ ဗိမ္ဗိသာရနှင့် စတုမဓူ ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ် အခါတစ်၌ ဒေ၀ဒတ်၏တိုက်တွန်းချက်အရ အဇာတသတ်မင်းသားသည် ဖခင်ဗိမ္ဗိသာရဘုရင်ကို အခိုးထွက်သော အကျဉ်းထောင်၌ သွင်းလှောင်၍ အစာအာဟာရဖြတ်တောက်ပြီး သေစေရန်ထားလေသည်။ ထိုအခါ မိဖုရားကြီးသည် မိမိတစ်ဦးတည်းသာ ၀င်ခွင့်ရသဖြင့် ရွှေခွက်၌ စားတော်ထမင်းကိုထည့် ပြီး ခါးပိုက်၌ ဖုံးအုပ်ယူဆောင် ကျွေးမွေးလေသည်။ ထိုအကြောင်းကို သားတော်ကြား၍ တားမြစ်သောကြောင့် ဆံထုံးထဲ ထည့်ဝှက် ယူဆောင်ကျွေးမွေးပြန်သည်။ တစ်ဖန် သားတော်က တားမြစ်သောကြောင့် မိဖုရားကြီးသည် မိမိကိုယ်ကို နံ့သာရည်ဖြင့် စင်ကြယ်စွာချိုးပြီး (စတုမဓူ) ဖြင့် ကိုယ်ကိုလိမ်း၍ အပေါ်ရုံဖုံးအုပ်ကာ ယူဆောင်၍သွား ပြန်သည်။ မင်းကြီးသည် ထိုစတုမဓူကိုလျက်၍ အာဟာရမျှတစေပြန်သည်။ ဤကား စတုမဓူ ဖြင့် ဗိမ္ဗိသာရဘုရင်၏ အသက်ကို ကယ်ဆယ်မျှတခဲ့ပုံတည်း ဤ စတုမဓူ စပ်နည်းကို နှစ်နည်းရှိပါသည်။ ပထမနည်းမှာ (၁) ထောပတ် (၂) သကြား (၃) ပျားရည် (၄) အုန်းဆီ လေးမျိုးစပ်တည်း။ ဒုတိယနည်းမှာ - (၁) ဒိန် (၂) ပျားရည် (၃) ထောပတ် (၄) တင်လဲရည် လေးမျိုးစပ်တည်း။ မြန်မာတို့ အိမ်တိုင်းလိုလိုတွင် ပျားရည်ကို အသုံးပြုလိုက အသင့်ရရှိစေရေန် ဆောင် ထားတတ်ကြသည်မှာ ယခုမှမဟုတ်။ ရှေးအစဉ် အဆက်ဆက်မှပင် ဖြစ်သည်။ မွှေးကင်းစနှင့်ပျားရည် မွေးကင်းစ ကလေးငယ်များအတွက် နို့ချိုမတိုက်ကျွေးမီ ပျားရည်တစ်ဇွန်းကို ရေကျက်ရေနွေး တစ်ဇွန်းဖြင့် ရောစပ်၍ ကလေးသူငယ်အား လျှာကိုပွတ်ပေးခြင်း ၊ ပါးစပ်ကို ဆေးကြောခြင်းများ ပြုလုပ်ပေးလေ့ရှိသည်။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် ခံတွင်း သန့်ရှင်းစေပြီး အခြားပိုးမွှားများကိုလည်း သေစေသည်။ ( ပျားရည်၏ တန်ခိုးသတ္တိသည် အခြားရောဂါနှင့် ပိုးမွှားများကိုလည်း သေစေ၍ ပျောက်ကင်းနိုင်သော စွမ်းပကားထူးရှိသည်။) ထို့နောက် စောစောက ရောစပ်ထားသော ပျားရည်ကိုအစက်ချ၍ ကလေးငယ်အားတိုက်ကျွေးသည်။ ဤသို့ ပြုလုပ်ပေးခြင်းဖြင့် ကလေးငယ်၏ ပါးစပ်သန့်ရှင်းမှုနှင့် ၀မ်းတွင်းသို့ရောက်သွားသည့်အခါ ကလေး၏အစာအိမ်တွင် မိခင်နို့ရည်အား အလွယ်တကူကြေညက်စေရန် ပျားရည်က ဦးစွာစောင့်နေခြင်းသဘောပင်ဖြစ်သည်။ ဤသည်တို့မှာ မြန်မာ့ရိုးရာဆေးပညာ၌ ဦးစွာပထမ ပျားရည်ကို သုံးစွဲမှုပင်ဖြစ်သည်။ 

++ရင်ကျပ်နှင့်ပျားရည်++

ကလေးငယ်များ လသားအရွယ်၊ နှစ်သားအရွယ်သို့ရောက်ပြန်သောအခါ ချွဲကျပ် ရင်ကျပ်ဖြစ်နေပါက ပျားရည်နှင့် သံပရာရည် ဆတူရောစပ်၍ လသားဖြစ်လျှင်အစက်ချ၍လည်းကောင်း နှစ်သားဖြစ်လျှင်ကော်ဖီဇွန်းဖြင့်လည်းကောင်း တိုက်ကျွေးရသည်။ ထိုသို့ တိုက်ကျွေးပေးခြင်းဖြင့် ရင်ကျပ် ချောင်းဆိုးခြင်းဝေဒနာမှ ပျောက်ကင်းပေသည်။ ပျားရည်နှင့်သန် ကလေးငယ်များ၌ သန်ထခြင်း၊ တုတ်ကောင်များထိုးခြင်း၊ ဗိုက်ပူနံကားဖြစ်နေခြင်း၊ အားနည်း အစားမစားခြင်း ဖြစ်နေပါကလည်း အုန်းနို့ ကြွေဇွန်းကြီးတစ်ခုကို ပျားရည်တစ်ဇွန်းဖြင့်ရောစပ်၍ မနက်စောစောတွင် တိုက်ကျွေး၍ ညပိုင်းတွင် ကလေးအပုပ်ချဆေးကို တိုက်ကျွေးပါက ကျန်းမာဝဖြိုး၍ သန်ကောင် တုတ်ကောင်များ ကင်းရှင်းသွား နိုင်ပါသည်။ ပျားရည်သည် မူလအားဆေးဖြစ်သည့်အတိုင်း ကျား/မ အရွယ်မရွေး လူလတ်ပိုင်းအတွင်းသို့ရောက်လာသည့် အခါ နေ့စဉ်ပျားရည်ကိုသုံးဆောင်သွားပါက မူလသဘာဝအားများ မယုတ်လျော့စေသည့်အပြင် ကုန်ဆုံးသွားသော အင်အားများကိုလည်း ပြန်လည်ပြည့်ဖြိုးစေနိုင်ပါသည်။ အောက်ပါ အလွယ်တကူဖော်စပ်နိုင်သော အသက်ရှည်၍အားအင်ပြည့်ဖြိုးစေသော နည်းများအတိုင်းဖော်စပ်၍ နေ့စဉ်စားသုံးပေးမည်ဆိုပါက ကျန်းမာဝဖြိုး အလှတိုးစေပြီး အသက်ရှည်စွာ လူ့လောကတွင် နေထိုင်နိုင်သော လူတစ်ယောက်ဖြစ်လာမည်မှာ မလွဲပေ။ ယင်းတို့မှာ ..... ၁။ မြင်းခွာရွက် ပဉ္စငါးပါးမှုန့် ၅ ကျပ်သားကို ပျားရည် ၁၀ ကျပ်သားနှင့် ဖျော်စပ်ပြီး နံနက်တစ်ကြိမ် ညတစ်ကြိမ် ကြွေဇွန်းကြီးနှင့် သုံးဆောင်ပါ။ ၂။ မြင်းခွာရွက်သတ္ထုရည် (ထောင်း၍အရည်ညှစ်ထားသော အရွက်စိမ်းရည်) ကြွေဇွန်းကြီးတစ်ဇွန်းကို ပျားရည် တစ်ဇွန်းဖြင့် ရောစပ်၍လည်း နေ့စဉ်သုံးဆောင်နိုင်သည်။ ၃။ ကြစုမှုန့် ၅ ကျပ် ၊ ပျားရည် ၁၀ ကျပ်နှင့်ရောစပ်ပြီး နေ့စဉ်သုံးဆောင်ပါကလည်း ရောဂါကင်း၍ ကျန်းမာဝဖြိုး အသက်ရှည်စေနိုင်ပါသည်။ မေ့တတ်သောရောဂါနှင့်ပျားရည် အထူးသဖြင့် ကျောင်းသူကျောင်းသားများ နေ့ညမပြတ်ပညာကိုကြိုးစားနေသောအချိန်တွင် ဦးနှောက်မကြည်လင် ဘဲ ကျောင်းစာကိုမကြည့်ချင်ခြင်း ၊ ရရှိပြီးသောစာများကို အလွယ်တကူ မေ့ပျောက်သွားခြင်း ၊ မအီမသာဖြစ်နေခြင်း ၊ အားအင်ကုန်ခမ်း မောပန်းလွယ်ခြင်း ၊ စာကို စိတ်မ၀င်စားခြင်း စသည့် လက္ခဏာများဖြစ်ပေါ်နေပါက ပျားရည်ကို နေ့စဉ်စားသုံးပေးလျှင် ပျားရည်၏အစွမ်းသတ္တိများကြောင့် ဦးနှောက်ကြည်လင်၍ ပညာကိုတိုးပွားရရှိပြီး စာပေများကို မမေ့မပျောက်ရှိနေမည်ကို အံ့သြစွာ တွေ့ရမည်။ ပျားရည်နှင့်အားကစား အားကစား မောင်/မယ်များအတွက်လည်း ပျားရည်သည် အဓိကအခန်းက ပါဝင်နေပြန်သည်။ အားကစားမောင်/ မယ်များသည် ကုန်ခမ်းသွားသည့်အားများကို ပျားရည်မှ ပြန်လည်၍ ရယူနိုင် ပါသည်။ အားကစားသမားများအတွက် ပျားရည်ထက်ကောင်းသော အားဆေးသည်မရှိသေးဟု ကမ္ဘာ့ဆေးဝါးပါရဂူများက မိန့်ဆိုကြသည်။ ပျားရည်ကိုစားသုံး ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ အစိတ်အပိုင်းများသို့ ချက်ချင်းရောက်ရှိသွားပြီး လိုအပ်သည့် အားအင်သစ်များကို တစ်ဖန်ပြန်၍ ပေးပေသည်။ ထို့ကြောင့် အားကစားမောင်မယ်များ အားသစ်မွေးချိန်တွင် ပျားရည်ကိုနေ့စဉ်မှန်မှန် စား သုံးပေးရန်လိုသည်။ ထို့အပြင် ပြိုင်ပွဲမ၀င်မီ ပျားရည်ကို ကြွေဇွန်းတစ်ဇွန်းစားသုံးပေးခြင်းဖြင့် အောင်ပန်းကိုဆွတ်ခူး နိုင်မည်မှာ မလွဲပေ။ ပျားရည်သည် မသေဆေးရည်(သို့)ပန်းပေါင်းတစ်ထောင်ဟုတင်ပြခဲ့သည့်အတိုင်းအသက်ကြီး ၍ ကျားကန်ရ သည့်ဘ၀မျိုးသို့ ရောက်စေကာမူ ပျားရည်ကို နေ့စဉ်စားသုံးပေးပါက ရုပ်ပျို၍ လူငယ်များကဲ့သို့ ကိုယ်နုနေမည်ဖြစ် သည်။ ပျားရည်နှင့်သူတို့အမြင် ပျားရည်ဓာတ် စွမ်းပကားသည် ပိန်သူကို ၀ စေ၍ ၀ သူကို ပိန်စေနိုင်သည်။ ပျားရည်သည် လူပိန်အဖို့ အာယုဗလ ဆေးတလက်ဖြစ်သလို လူအိုအဖို့ရာ တွင်လည်း အာယုဒီဃဆေးပင်ဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးတို့အဖို့မူ အာယု သိဒ္ဓိဆေးဖြစ်သည်ဟုဆိုက မမှားပေ။ ပျားရည်ကို တစ်သမတ်တည်းပင် တကယ်စွဲ ၍စားသုံးသွားပါလျှင် များစွာသော ဝေဒနာတို့ကို သွေခွာထွက်ပြေး သွားနိုင် ပေသည်။ ထို့ကြောင့် အာယုဗ္ဗေဒဆေးကျမ်းများ၌ Natures Elixir of Health သဘာဝနတ်ဆေးရည်ဟူ၍ တင်စားခေါ်ဝေါ်ထားခဲ့ပေသည်။ ပျားရည်နှင့်ပတ်သက်၍ယောအတွင်းဝန် ဦးဖိုးလှိုင်၏ ဥတုဘောဇန သင်္ဂဟကျမ်းတွင် ပျားရည်၏ အကျိုးသတ္တိကို အောက်ပါအတိုင်း ဖော်ပြထားပေသည် ... ပျားရည်ဟူသမျှသည်ချို၏။ စဉ်းငယ်ဖန်၏။ အဆီမရှိ၊ ကျေလွယ်၏ ၀မ်းမီးကိုတောက်စေ၏။ အနည်း ငယ်စားလျှင်ဝမ်းချုပ်၏။ ၀အောင်စားလျှင် ၀မ်းပျော့ပျော့သွား၏။ လူကိုပိန်စေတတ်၏။အသံကိုကောင်းစေတတ် ၏။ မျက်စိနှင့်သင့်၏။ ပေါက်သောအမာကို သုတ်သင်စေတတ်။ပေါက်သောအမာကို တင်အပ်၏။ ကိုယ်အပေါက် ငယ်တို့ကိုဝင်၍ ပျံ့နှံ့စေတတ်၏။အရွယ်ကိုပျိုစေတတ်၏။ သွေးလေအရသာတို့ သွားရောလမ်းကို သုတ်သင် ရှင်းလင်းစေတတ်၏။နှလုံးကို နှစ်သက်စေတတ်၏။ လွန်စွာ ကြည်လင်ခြင်းကိုပြုတတ်၏။ အဆင်းကိုကောင်းစေ တတ်၏။ဂုဏ်ပညာတိုးပွားစေတတ်၏။ သုတ်ကိုလည်း ပွားစေတတ်၏။ ခံတွင်းကိုရှင်းစေတတ်၏။နှုတ်ကိုမြိန်စေ တတ်၏။ နူနာ မြင်းစရိုက်နာ၊ ချောင်းဆိုးနာ၊ သွေး၊ သည်းခြေ၊ သလိပ်မောဟနာ၊ မောပန်းသောအနာ၊ ပိုးနာ၊ အဆီခဲနာ၊ ရေငတ်နာ၊ အော့အန်သောနာ၊ ပန်းနာ၊ရှူရှိုက်နာ၊ ၀မ်းသွန်ဝမ်းပျက်နာ၊ ၀မ်းချုပ်နာ၊ ကိုယ်ပူနာ၊ ထိခိုက် ရှနာသောအနာ၊ဓာတ်အားခွန်အားကုန်ခန်းသော အနာတို့ကိုနိုင်၏။ စဉ်းငယ် လေကိုပျက်စေတတ်၏။ မေထုန်ကို များစွာမှီဝဲစေနိုင်၏။ အဆိပ်ကိုနိုင်၏ ဟူ၍ ဖော်ပြထားပါသည်။ အနောက်တိုင်းဆေးပညာနှင့်ပျားရည် ပျားရည်သည် ပတ်ဝန်းကျင်အခြေအနေ(အထူးသဖြင့် စိုထိုင်းမှု) ၀တ်ရည်ရယူသောပန်းများ၊ ပျားရည် ထုတ်ယူစဉ် ၀တ်ရည်၏ရင့်မှည့်မှု၊ ပျားရည်ထုတ်ယူသည့် နည်းစနစ်နှင့် ထားသိုမှုအခြေအနေ စသည်တို့ကိုလိုက် ၍ပျားရည်တွင် ပေါင်းစုပါဝင်သော အဟာရဓာတ်များ ကွဲလွဲမှုရှိပေသည်။ အမေရိကန်ပြည်ထောင်စုစိုက်ပျိုးရေးဌာနမှ ပျားရည်ကို ဓာတ်ခွဲထားသည်မှာ အောက်ပါအတိုင်းဖြစ်သည် ရေ - ၁၇.၇ % ဒက်စ်တြို့စ် - ၃၄.၀၂ % လီဗျူလို့စ် - ၄၀.၅ % ဆူးကရို့စ် - ၁.၉ % ဒက်စ်တြင်း - ၁.၅၁ % ပြာဓာတ်(သတ္တု) - ၀.၁၈ % အက်ဆစ် - ၀.၀၈ % ပရိုတိန်း - ၀.၄ % စသဖြင့် ပါဝင်ပေသည်။ အဆီမှာအနည်းငယ်၊ သို့မဟုတ် လုံးဝမပါရှိပေ။ သတ္တုပြာဓာတ် ၀.၁၈ % ပါဝင်သည်တွင်ကယ်လ်စီယမ် ၅ မီလီဂရမ် ၊ ဖော့စ်ဖရပ်စ် ၁၅.၁၇ မီလီဂရမ်၊ သံဓာတ် ၀.၄ - ၁ မီလီဂရမ်အသီးသီးပါရှိပြီး ကြေးနီ ၊ မင်းဂနီးစ် ၊ မဂ္ဂနီဆီယမ် ၊ ဆိုဒီယမ် ၊ ပိုတက်ဆီယမ် ၊အလူမီနီယမ်ကလိုရင်း ၊ စီလီကာနှင့် ဆယ်ဖာစသည်တို့ အနည်းငယ်ပါကြသည်။ယင်းသတ္တုပြာဓာတ်သည် အရောင်ရင့်သော ပျားရည်များထက် ဖြူဖျော့သည့် ပျားရည်တွင်ပိုမိုပါရှိလေသည်။ ဗီတာမင်ပါဝင်နှုန်း ဗီတာမင် စီ ၁.၀ - ၆.၀ ဗီတာမင် ဘီ - ၁ ၀.၀၀၂၁ - ၀.၀၀၉၁ ဗီတာမင် ဘီ - ၂ ၀.၀၃၅ - ၀.၁၄၅ ဗီတာမင် ဘီ - ၆ ၀.၀၂၁၀ - ၀.၄၄၀ ပင်တိုသင်းနစ်အက်ဆက် ၀.၀၄၇ - ၀.၁၉၂ နှင့် ဗီတာမင် အေအနည်းငယ်တို့ ပါဝင်ကြသည်။အခြားပါဝင်မှုများမှာအင်ကိုင်းများ၊ အရောင်အသွေးကို ဖြစ်စေသော ကဲရော့တင်၊ ဒင်သိုဖီးလ် နှင့်ကရိုလိုဖီးလ်၊ မော်တို့စ်၊ သကြားဓာတ်၊ တဆေးနှင့် ပျားဖယောင်းတို့ ဖြစ်ကြသည်။ပျားရည် ဂရမ် ၁၀၀ ၏ ကယ်လိုရီတန်ဖိုးမှာ ၂၈၀ မှ ၃၃၀ ကယ်လိုရီဖြစ်သည်။ ပျားရည်တွင် ရေပါဝင်မှုနှုန်း ၂၁.၅ရာခိုင်နှုန်း အထက်တွင်ရှိလျှင် ၎င်းတွင်ပါရှိသော တဆေးများတိုးပွား လာပြီးပျားရည်အချဉ်ပေါက်တတ်သည်။ ထိုသို့မဖြစ်အောင် ပျားရည်ကို ၁၄၅ ဒီဂရီ ဖာရင်းဟိုက်အထိမိနစ် ၃၀ ကြာ အပူပေးရသည်။ ယင်းသို့ ပြုလုပ်ပေးလိုက်ခြင်းအားဖြင့်အပွင့်အခဲဖြစ်ခြင်းကိုပါ ကာကွယ်ရာရောက်ပေ သည်။ လီဗျူရိုစ် နှင့် ဒက်စ်တြို့စ်အချိုးအစားနည်းသော ၊ တနည်းအားဖြင့် အခဲမြန်သည့်ပျားရည်ကိုမူ ၁၅၅ မှ ၁၆၀ဒီဂရီဖာရင်းဟိုက်အထိ အပူပေးရသည်။ အပူပေးလွန်းပါကလည်းပျားရည်အရောင်ရင့်လာသည်နှင့် အမျှ မူလအနံ့ပါ ပျောက်သွားတတ်သည်။ ထို့အပြင်အပူချိန်မြင့်သော နေရာတွင်လည်းကောင်း၊ အပူလှောင်သော အခန်းများတွင်လည်းကောင်းရှည်ကြာစွာ သိုလှောင်နေသော အခန်းများတွင်လည်းကောင်း ရှည်ကြာစွာသိုလှောင်ထား ပါလျှင် ယင်းပြောင်းလဲခြင်းများ ဖြစ်လာနိုင်သည်။ 

**ပျားရည်နှင့်အာဟာရညီမျှကိန်း**

 ပျားရည် ၁၂ ပိုင်း ၁ပိုင်းကျပ်သား စားသုံးခြင်းသည် နို့ ၇၂ ကျပ်သား (သို့) မလိုင်ဒိန်ခဲ တစ်ပိဿသာ(သို့) အသား ၂၂ ကျပ်သား (သို့) အရိုးမဲ့ ပင်လယ်ငါး ၂၇ ကျပ်သား (သို့) လိမ္မော်သီးရှစ်လုံး (သို့) ကြက်ဥ ၁၀ လုံး စားသောက်ခြင်းနှင့် ညီမျှသော အာဟာရကို ဖြစ်စေသည်။ ၎င်းအပြင်ပျားရည် ၇၂ ကျပ်သားသည် နေ့စဉ်လိုအပ် သော ကယ်လိုရီတန်ဖိုးကို ရစေနိုင်ပေသည်။

 ( မှတ်ချက်။ မောင်ယဉ်နွယ် ပြုစုရေးသားသည့် အသက်ရှည်ဆေးဖက်ဝင် နွယ်မြက်သစ်ပင် စာအုပ်မှ မှတ်သားထား သည်အား ပြန်လည်တင်ပြခြင်းဖြစ်ပါသည် )

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)