>
ရေချမ်းစင်ဆိုသည်များကို မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများ
တွင်သာမက မြို့ပြဒေသ၏ နေရာအနှံ့တွင်တွေ့ရှိနိုင်ပေသည်။
ရေချမ်းစင်ကလေးများသည် မြန်မာလူမျိုးတို့၏ စေတနာနှင့် ယင်းစေတနာ၏ အေးမြမှုကို ကိုယ်စားပြုထားသော မှတ်တိုင်ကလေးများ ဖြစ်ကြသည်။ စပါးပင်ပေါက် စိမ်းစိမ်းကလေးများအောက်ခံထား၍ ရေအရောင်ဖြင့် စိုလက်နေသော ရေချမ်းစင်များသည် အဝေးမှလာသူ၊
နေပူထဲမှ လာသူများ၏ မောပန်းမှု၊ ပူလောင်မှုတို့ကို
မြင်ရရုံနှင့်ပင် အေးမြစေသည်။ အမောအပန်းပြေစေသည်။ သဲအိုးကလေးများထဲမှ ရေကြည်အေးအေးတို့သည်
သောက်သုံးရသူ၏ နှုတ်ဖျားမှ ရင်တွင်းတိုင်အောင်
အေးမြစေ၍ လန်းဆန်းစေခဲ့သည်။ ရေချမ်းစင်ဟူသော အရာတို့ကို မြန်မာနိုင်ငံ မှတပါး အခြားတပါးသော
တိုင်းပြည်တို့တွင် မမြင်ဖူး၊ မတွေ့ဖူးပါ။ ကမ္ဘာ့နေရာအနှံ့ မရောက်ဖူးသောကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
ရေချမ်းစင်ယဉ်ကျေးမှုသည် မြန်မာလူမျိုးတို့အလယ်တွင်
မည်သည့်ရာစု၊ မည်သည့်ခုနှစ်တွင် စတင်ဖြစ်ပေါ်
လာသည်ကို ကျွန်မ မသိပါ။ ဤသည်မှာ ကျွန်မ၏
အားနည်းချက်တွေထဲမှာ တစ်ခုသာ ဖြစ်ပါသည်။
သို့ရာတွင် အိမ်ရှေ့၌ နေရာရှိလျှင် ရေချမ်းစင်တည်လိုသော
စိတ်ဆန္ဒသည် မည်သည့်အခါကမှ ပျောက်ပျက်သွားခြင်း
မရှိခဲ့ပါ။ သို့ရာတွင်ထိုကဲ့သို့ ရေအရောင်တဖိတ်ဖိတ်
တောက်နေသော၊ စပါးပင်ပေါက် စိမ်းစိမ်းကလေးများ၏
အလယ်တွင် တည်ရှိနေသော သဲအိုးလေးများနှုင့် တင့်တယ်လှသော ရေချမ်းစင်ကလေးများကို မမြင်
မတွေ့ရသည်မှာ ဆယ်စုနှစ် တစ်စုကို အတန်ပင်
ကျော်ခဲ့ပြီ။ သဲအိုးကလေးများ၏နေရာတွင် အရောင်တဖိတ်ဖိတ်လက်နေသော သံမဏိရေစည်များ၊ ရေအိုးများ၊ ကော်ဖြင့်ပြုလုပ်ထားသော
ရေသန့်ဟု အမည်တပ်ထားသော ရေအိုးများ အစားထိုး နေရာယူလာကြသည်မှာ ကြာခဲ့ပြီ။
စေတနာရှင်တို့၏ မပျက်စီးစေလိုသော စိတ်စေတနာ
အလျောက် ပျက်စီရန် မလွယ်ကူသော ရေစည်ရေဗူးများ လှူဒါန်းလာခြင်း၏နောက်ကွယ်တွင် အေးမြလှသော သဲအိုးကလေးများသည် မြင်ကွင်းများထဲမှာ တဖြည်းဖြည်း ပျောက်ကွယ်ခဲ့လေသည်။
နွေရာသီ နေပူပူထဲတွင် သဲအိုးထဲမှာရေချိုမြမြ ၏
အရသာသည် သံမဏိစည်များ၊ ရေသန့်ကော်ဗူးများထဲမှ
ရေနွေးနွေးတို့ထက် အဆပေါင်းများစွာ သာလွန်စွာပင် အေးမြမှုကို ပေးနိုင်စွမ်းခဲ့သည်။
မြေအိုး၊ သဲအိုးထဲမှ အေးမြသောရေနှင့် ရေခဲစိမ်ထားသော ပုလင်းများထဲမှာ ရေတို့၏ တုံ့ပြန်မှုသည် ကိုယ်ခန္ဓာ
အပေါ်တွင် သက်ရောက်မှု များစွာ ကွာခြားကြပါသည်။
အကြောင်းပြခြင်း အမျိုးမျိုးတို့ကြောင့် မြေအိုး သဲအိုးတို့ဖြင့် တင့်တယ်သော ရေချမ်းစင်များ တဖြည်းဖြည်း တိမ်ကော
သွားခြင်းသည် စိမ်းလန်းအေးမြမှု တစ်ခု ပျောက်ရှသွားခြင်း
ပင်ဖြစ်ပါသည်။ ကျွန်မအဖို့အတွက်တွင်မူ အခြေအနေပေးလျှင် မြေအိုးသဲအိုးကလေးများ၏အောက်တွင် စပါးပင်ကလေးများခင်းထားသော ရေချမ်းစင်ကလေးများကို တည်ထားနိုင်ရန် ကြိုးစားပါဦးမည်။ မိတ်ဆွေ သူငယ်ချင်း
များကိုလည်း အားပေးပါဦးမည်။
//////////////////////////////////////////////////////
+ ပျိုးယုဝသုန်+

Wednesday, January 13, 2016
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)
No comments:
Post a Comment