ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, January 18, 2016

=သရဲ....တကယ်ရှိသလား=

>
သင်ဟာ သရဲတွေတကယ်ရှိတယ်လို့ ယုံကြည်သူဆိုရင် သင်တစ်ဦးထဲသာ ယုံကြည်သူမဟုတ်ပါဘူး။ ၂၀၀၅ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လူထု အမြင်စစ်တမ်း ကောက်ယူမှုအရ ၃၇ ရာခိုင်နှုန်းသော အမေရိကန်လူမျိုးများက သရဲခြောက်တဲ့အိမ်တွေနဲ့ ပတ်သက်ပြီး အယုံအကြည် ရှိကြပြီးလူဦးရေရဲ့ ၃ ပုံ ၁ ပုံကတော့ သရဲတကယ်ရှိတယ်လို့  ယုံကြည်ကြပါတယ်။ကမ္ဘာမအနှ့ံလူသောင်းပေါင်းများစွာက မိမိတို့ ဝါသနာအရ သရဲကို တက်တက်ကြွကြွ လိုက်လံ ရှာဖွေကြပါတယ်။ Doubtful Newsblog မှ သုတေသန ပညာရှင် Sharon Hill ဟာ အမေရိကန်မှာ သရဲကို လိုက်လံရှာဖွေနေသူ ၀ါသနာရှင်များ ၂၀၀၀ကျော်ရှိတယ်လို့  ရေတွက်ပြောဆိုခဲ့ပါတယ်။ သရဲတွေဟာ နှစ်ထောင်ပေါင်းများစွာကြာအောင် ၀ီလျံရှိတ်စပီးယားရေးသားခဲ့တဲ့ နာမည်ကြီး Macbeth ၀ထ္ထုကနေပြီး သမ္မာကျမ်းစာအထိ မရေတွက်နိုင်အောင် များပြားလှတဲ့ စာအုပ်ပေါင်းများစွာမှာ ပါဝင်ခဲ့ပြီး အလွန်လူပြောများတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ သလို အမျိုးမျိုးသော သရဲနဲ့ သက်ဆိုင်တဲ့ ပါးစပ်ရာဇ၀င်တွေကို ပေါ်ပေါက်လာစေပါတယ်။ သရဲတွေဟာ ကမ္ဘာပေါ်မှာ မြင်တွေ့ ကြားသိရဆုံး သဘာဝလွန် ယုံကြည်မှုတစ်ရပ်ပဲဖြစ်ပါတယ်။ သရဲတွေ တကယ်ရှိတယ်လို့  ယုံကြည်တာဟာ သေခါနီး တွေ့ ကြုံခံစားရတာတွေ၊ သေပြီးနောက် ဘ၀တွေကို ယုံကြည်တာ နဲ့ နာနာဘာဝ ၀ိညာဉ်တွေနဲ့  ဆယ်သွယ်တာကို ယုံကြည်တာ စတာတွေ အပါအ၀င် ယင်းနဲ့ဆက်စပ်ရာ သဘာဝလွန် ယုံကြည်မှုတွေ စုဆုံရာ ကွန်ယက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတဲ့ အချက်ဟာ ယင်းအကြောင်းရင်းရဲ့  တစ်စိတ်တစ်ပိုင်းပါပဲ။ သေပြီးသားလူဟာ ၀ိညာဉ်အဖြစ်နဲ့ ကျွန်တော်တို့ နဲ့ အတူရှိနေသေးတယ်ဆိုတဲ့ အယူအဆဟာ ရှေးကျတဲ့ အယူအဆဖြစ်ပြီး မိမိချစ်ခင်တဲ့သူတွေ သေဆုံးသွားပြီးတဲ့အခါ မိမိတို့ အနားမှာမရှိတော့ဘူးဆိုတာကို မယုံကြည်ချင်တဲ့သူတွေ အဖို့  ဒါမှမဟုတ် ကျွန်တ်ာတို့ လိုအပ်တဲ့အချိန်မှာ ရှိနေစေဖို့ မျှော်လင့်နေတဲ့အခါ ကျေနပ်နှစ်သိမ့်မှုကို ပေးတဲ့ အယူအဆမျိုးပါပဲ။ကိုယ်ပိုင် အတွေ့ အကြုံကြောင့် သရဲတကယ်ရှိတယ်လို့ ယုံကြည်ကြပါတယ်။သူတို့  မရှင်းပြနိုင်တဲ့ တည်ရှိမှုတစ်ခုခုကို တွေ့ မြင်ခဲ့တာမျိုး အာရုံခံစားမိတာမျိုး ဖြစ်ပါတယ်။ +သရဲများရဲ့ သိပ္ပံနည်းကျ နဲ့ ယုတ္တိတန်မှု+ ကိုယ်တွေ့  အတွေ့ အကြုံဟာ အကြောင်းအရာ တစ်ရပ်ဖြစ်သလို သိပ္ပံပညာအရ သက်သေအထောက် အထားကလည်း အရေးကြီးတဲ့ အကြောင်းရပ်တစ်ခုပါပဲ။ သရဲတကယ်ရှိသလားဆိုတာကို ရှာဖွေထောက်လှမ်းမှုမှာ တွေ့ ရတဲ့ အခက်အခဲ တစ်စိတ်တစ်ပိုင်းကတော့ သူရဲ ဟာ ဘယ်လိုမျိုးဆိုတာကို အားလုံးက သဘောတူညီလက်ခံ ထားတဲ့ အဓိပ္ပါယ် ဖွင့်ဆိုမှုမျိုး မရှိတာပဲဖြစ်ပါတယ်။ တစ်ချို့ကတော့ သူရဲဆိုတာဟာ တစ်ဖက်ကမ္ဘာကို ကူးတဲ့ လမ်းမှာ အကြောင်းကြောင်းကြောင့် လမ်းပျောက်နေတဲ့ သေသူတွေရဲ့ ဝိညာဉ်လို့ ယုံကြည်ကြပါတယ်။ တစ်ချို့ ကလည်း သူရဲဆိုတာဟာ ကျွန်တော်တို့ ရဲ့ စိတ်တွေကနေ ဒီကမ္ဘာကြီးဆီကို ထိုးဖောက်ဝင်ရောက်လာတဲ့ စိတ်ခံစားဆက်သွယ်မှု သီးခြားဖြစ်တည်မှုတစ်ရပ်လို့ ယုံကြည်ကြပါတယ်။ တစ်ချို့ ကလည်း သူတို့ ဘာသာသူတို့ သူရဲအမျိုးမျိုးရဲ့  အမျိုးအစားတွေကို ခွဲခြားသတ်မှတ်ကြပါတယ်။ ပုဏ္ဏကတိုက်တဲ့သူရဲ၊ အိမ်တွေမှာ ကပ်ပြီး ခြောက်လှန့်  နေတဲ့သူရဲ၊ စွမ်းအား အနည်းငယ်ရှိတဲ့သူရဲ ၊ ဖုတ် စတာတွေပဲဖြစ်ပါတယ်။ အမှန်တကယ်တော့ ဒါတွေဟာ နတ်သမီးပုံပြင် ၊ နဂါးပုံပြင်အမျိုးမျိုးလိုမျိုး ဟာတွေလို တွေးတောပြီးလုပ်ကြံဖန်တီး ထားတာပဲဖြစ်ပါတယ်။ သင်လိုချင်သလို သင်ဖန်တီးချင်သလို သရဲ အမျိုးအစား တွေ ရှိနိုင်ပါတယ်။ သရဲ နဲ့ ပတ်သက်တဲ့ အယူအဆတွေကနေ ဖယ်ထုတ်လို့  မရတဲ့ ဆန့်ကျင်ချက်တွေလည်း အများအပြားရှိပါတယ်။ ဥပမာ သရဲဆိုတာဟာ ကိုင်တွယ်လို့ ရတဲ့ ဒြပ်ရှိလား၊ မရှိဘူးလား။သူတို့ တွေဟာ အရာဝတ္တုတွေကို မထိတွေ့ မကိုင်တွယ်ပဲ ရွေ့ ပစ်နိုင်သလား။ ဒါမှမဟုတ် တံခါးတွေကို ဆောင့်ပိတ်ပြီး အခန်းထဲမှာ ပစ္စည်းတွေကို လျှောက်ပစ်နိုင်သလား။ သရဲတွေဟာ လူတွေရဲ့ စိတ်ဝိညာဉ်သာဖြစ်တယ်ဆိုရင် သူတို့ တွေဟာ ဘာကြောင့် ၀တ်စုံအပြည့်နဲ့ ဖြစ်နေရာတာလဲ။ သရဲ ပူး နေတဲ့ ရထား၊ သရဲပူးနေတဲ့ကား၊သက်မဲ့ပစ္စည်းတွေဖြစ်တဲ့ ဦးထုပ်တွေ၊ တုတ်ကောက်တွေ၊ အခြားဝတ်ရုံတွေ ၀တ်လျှက်သား ပေါ်လာရတာလဲ။သူတို့ တွေက ကိုတွယ်မရတဲ့ စိတ်ဝိညာဉ် သာသာမဟုတ်ဘူးလား။ သရဲတွေဟာ လူဘ၀က လက်စားချေခွင့်မရပဲ မတရားသေဆုံးခဲ့ရသူတွေရဲ့ ဝိညာဉ်တွေသာဆိုရင် ဘာလို့ ဖြေရှင်းလို့ မရတဲ့ လူသတ်မှုတွေ ရှိနေရသေး တာလဲ။တစ်ချို့ သော ၀ိညာဉ်တွေဟာ နတ်ဝင်သည်တွေနဲ့ ဆက်သွယ်ပြောဆိုနိုင်တယ်လို့  အဆိုတွေရှိတဲ့အတွက် သူတို့ တွေဟာ ဘာလို့ ရဲတွေကို သူတို့ ကို သတ်သွားတဲ့ လူသတ်သမားတွေအကြောင်း မပြောပြရတာလဲ။ ဒါကြောင့် သရဲ တကယ်ရှိသလားဆိုတာ နဲ့  ပတ်သပ်ပြီး သံသယဖြစ်ဖို့ ယုတ္တိတန်တဲ့ အကြောင်းရင်းတွေ ရှိလာရပါတယ်။ သရဲရှာဖွေ ထောက်လှမ်းသူတွေဟာ ၀ိညာဉ်ဖြစ်တည်မှုကို ထောက်လှမ်းမှုဖို့  ရူပဗေဒ နညးလမ်း တွေအပါအ၀င် တီထွင်ဖန်တီးထားတဲ့ ( သံသယရှိဖွယ်ရာ) နည်းလမ်းမျိုးစုံကို အသုံးပြုကြပါတယ်။ သရဲကို စုံစမ်း ထောက်လှမ်းသူတွေဟာ သူတို့ သိပ္ပံနည်းကျ လုပ်ဆောင်တယ်ဆိုတာကို လည်း အခိုင်အမာပြောကြ ပါတယ်။ သူတို့ ဒီလို အခိုင်အမာပြောနေကြတာဟာ ရေဒီယိုသတ္တိကြွ တာကို တိုင်းတာတဲ့ ကိရိယာ၊ လျှပ်စစ်သံလိုက်စက်ကွင်းကို တိုင်းတာတဲ့ ကိရိယာတွေ၊ အိုင်ယွန်း လို့ခေါ်တဲ့ လျှပ်စစ် အဖိုဓာတ်၊အမဓာတ်သီးသန့်  ဆောင်တဲ့ အမှုန်လေးတွေကို ထောက်လှမ်းတဲ့ ကိရိယာတွေ၊ အမှောင်ထဲမှာ မြင်နိုင်တဲ့ အနီအောက်ရောင်ခြည်ကင်မရာတွေ နဲ့  အသံဖမ်းအားကောင်းလွန်းတဲ့ မိုက်ခရိုဖုန်း စတဲ့ နည်းပညာမြင့် သိပ္ပံကိရိယာများကို အသုံးပြုတဲ့အတွက် ကြောင့်ပါ။ ဒါပေမယ့်လည်း ယင်း ကိရိယာတွေဟာ သရဲတွေကို အမှန်တကယ် ထောက်လှမ်းမိကြောင်းကို တော့ သက်သေ အထောက်အထား လုံးဝမတွေ့ ရှိရသေးပါ။ သရဲ တကယ်ရှိကြောင်း သက်သေအထောက်အထား တွေဟာ လွန်ခဲ့တဲ့ ၁ နှစ်ကရော၊ ဆယ်စုနှစ် တစ်စုကရော၊ ရာစုနှစ်တစ်စုကရော ပိုမိုကောင်းမွန်စွာ ရှာဖွေမတွေ့ ရှိ ရသေးပါ။သရဲ ရှာဖွေထောက်လှမ်းသူတွေ သရဲတကယ် ရှိကြောင်း ရှာဖွေတွေ့ ရှိကြောင်း သက်သေအထောက် အထားတွေကို မရှာတွေ့ နိုင်ရသလဲဆိုတဲ့ ဖြစ်နိုင်တဲ့ အကြောင်းရင်း ၂ ရပ်ရှိပါတယ်။ တစ်ချက်ကတော့  သရဲဆိုတာ တကယ်မရှိပါဘူး။သရဲ အကြောင်းမှတ်တမ်းတင်ထားတာတွေအားလုံးဟာလည်း စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်အရ ၊ အမှားတွေ၊ လုပ်ကြံဖန်တီး ချက်တွေ၊ တလွဲထင်ယောင်မြင်မှားမှုတွေနဲ့ ရှင်းချက်ထုတ် ထားတာပါ။ဒုတိယ အကြောင်းရင်းကတော့ သရဲ တကယ် ရှိနေတယ် ဆိုရင်လည်း သရဲ ရှာဖွေသူတွေက အရည်အချင်း မပြည့်မီမှု မရှိတာပါပဲ။ နောက်ဆုံးအနေနဲ့ ပြောရရင်တော့ သရဲ ရှာဖွေတာဟာ သက်သေအထောက်အထား ရှာဖွေတာနဲ့ မဆိုင်ပါဘူး(သက်သေရှာဖွေတာ သက်သေရှာတွေ့ တာဟုတ်တယ်ဆိုရင် သရဲရှာဖွေတဲ့ လုပ်ရပ်ကို ဟိုးအရင်ကတည်းက စွန့်ပစ်ပြီးလောက်ပါပြီ)။ အဲ့ဒီအစား သရဲ ရှာတယ်ဆိုတာဟာ ၄င်းတို့ မသိတာကို ရှာဖွေ နေသယောင်ပြုရင်း မိတ်ဆွေသူငယ်ချင်းတွေကို ပုံပြင်တွေပြောရင်း အပျော်ရှာတဲ့သဘော ဒါမှမဟုတ် ခြောက်လှန့်တဲ့ သဘောသာသာဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ လူတိုင်းက သရဲပုံပြင်ကောင်းတစ်ပုဒ် ကိုတော့ ကြိုက်နှစ်သက်ကြတာချည်းပဲလေ။ 

Ref-livescience.com 
From: Trend Myanmar

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)