>
ဆွန်နီမွတ်စလင်ဘာသာဝင် အများစုနေထိုင်သည့်ဆော်ဒီအာရေဗျ
နိုင်ငံနှ င့်ရှီးယိုက်မွတ်စလင်ဘာသာဝင်များလွှမ်းမိုးသည့်
အီရန်နိုင်ငံတို့သည် အရှေ့အလယ်ပိုင်းဒေသ၌ ဦးဆောင်နိုင်ငံ
နေရာရယူနိုင်ရေးအတွက်ဆယ်စုနှစ်ပေါင်းများစွာအားပြိုင်နေသည့်
မဟာပြိုင် ဘက်နိုင် ငံများ ဖြစ်ကြသည်။ အတိအကျဆိုရလျှင်
၁၉၇၉ ခုနှစ် တော်လှန်ရေး ကာလကတည်းက အီရန်နှင့်ဆော် ဒီ
တို့ သည် ရန်သူတော်များဖြစ်ခဲ့ကြသည်။ လွ န်ခဲ့သည့် ရက်များက
နှစ်နိုင်ငံတင်းမာမှုများထပ်မံ မြင့်တက် လာခဲ့ ပြီး သံတမန်
အဆက်အသွယ်ပြတ်တောက်သွားခဲ့ကာ ကုန်သွယ်မှုနှင့် 
လေကြောင်းသွားလာမှုများပါ ရပ်သွားဖွယ်ရှိ နေသည်။
ယခုတစ်ကြိမ်ဖြစ်ပွားသည့် တင်းမာမှုမှာကွဲပြား ခြားနားမှုရှိပြီး
အတော်ပြင်းထန်သကဲ့သို့  နှစ်နိုင်ငံစလုံး က အရှေ့ အလယ်ပိုင်း
ဒေသမှဆုတ်ခွာတော့မည့်  အမေရိကန်၏ ဦးဆောင်မှုနေရာကို
ရယူနိုင်ရေးအတွက် ပိုမိုအာရုံစိုက်အားပြိုင်နေခြင်းဖြစ်ကြောင်း
အရှေ့ အလယ်ပိုင်းဒေသဆိုင်ရာ လေ့လာသူများက သုံးသပ် ကြသည်။
““ ဒီတစ်ခါဖြစ်ပွားတဲ့  တင်းမာမှုက အရင်ကဖြစ်ရပ် တွေနဲ့ မတူသလို ပိုပြီးတော့လည်း ပြင်းထန်တယ်။ ဆော်ဒီနဲ့ အီရန်တို့ ဟာအရှေ့ အလယ်ပိုင်းဒေသကနေထွက်ခွာမယ့် အမေရိကန်ရဲ့ဦးဆောင်မှု
နေရာကိုရယူ နိုင်ဖို့ ပြင်ဆင်လှုပ်ရှားနေကြတာကိုလည်း တွေ့ရပါ တယ်။ နှစ်နိုင်ငံစလုံးက အပြိုင်အဆိုင်အင်အားတိုးချဲ့ ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အပြန်အလှန် စောင့် ကြည့် နေခဲ့ ကြတယ်။ နောက်ပြီး အီရန်နဲ့ ဆော်ဒီတို့ဟာ ပဋိပက်္ခ
အချို့မှာ နောက်ကွယ်ကနေ အားပေးအားမြောက်ပြု ခဲ့ဖူးသလို တိုက်ရိုက်
ပါဝင်ပတ်သက်ခဲ့ တာတွေလည်း ရှိခဲ့ ဖူးတော့ အခုဖြစ်တဲ့ တင်းမာမှုက
ထိပ်တိုက်တွေ့ဆုံ မှုကို ဦးတည်သွားစေနိုင်ပါတယ်”” ဟု
အရှေ့ အလယ်ပိုင်း ရေးရာကျွမ်းကျင်သူ ဂျိမ်းစ်ဖီးလစ်က ပြောကြားသည်။
ဆော်ဒီအာရေဗျနိုင်ငံက ဇန်န၀ါရီ ၂ ရက်တွင် ရှီးယိုက်ဘာသာရေး
ခေါင်းဆောင် ရှိတ်ခ်နီမာအယ်လ်နီမာနှင့်  ဆော်ဒီထီးနန်းကို
ဆန့် ကျင်သည့်  ဆွန်နီဘာသာရေးအစွန်းရောက် အကြမ်းဖက်သမား
၄၆ ဦးကို ကွပ်မျက်ခဲ့ သည်။ ကွပ်မျက်ခံရသူအများစုသည်
ဆော်ဒီ နိုင်ငံသားဆွန်နီစစ်သွေးကြွများဖြစ်ပြီး အချို့ က အယ်လ်ခိုင်ဒါနှင့်
ဆက်နွှယ်သူများဖြစ်ကြောင်း သတင်းမီဒီယာ များတွင် ဖော်ပြထားသည်။ ရှီးယိုက်ဘာသာရေး ခေါင်းဆောင်ကို ကွပ်မျက်မှုအတွက် အီရန်နိုင်ငံတွင် မကျေနပ်သည့်  ဒေါသထွက်နေသောလူအုပ်ကြီးက တီဟီရန်မြို့တော်ရှိ
ဆော်ဒီသံရုံးကိုမီးရှို့တိုက်ခိုက်ခဲ့ကြ သည်။ ထို့ ပြင် မတ်ဟတ်မြို့ရှိ
ကောင်စစ်ဝန်ရုံးကိုလည်း တိုက်ခိုက်ခဲ့ ကြသည်။ ဆော်ဒီနိုင်ငံကလည်း
အီရန်နိုင်ငံ နှင့် သံတမန်ဆက်သွယ်မှု ချက်ချင်းဖြတ်တောက်လိုက် ပြီး
ဆော်ဒီရှိ အီရန်သံအမတ်နှင့်  သံရုံးဝန်ထမ်းများ ကို နိုင်ငံအတွင်းမှ
၄၈ နာရီအတွင်း ထွက်ခွာသွားရန်သတိပေး နှင်ထုတ်ခဲ့ သည်။
ဇန်န၀ါရီ ၄ ရက်တွင် ဆော်ဒီဦးဆောင်သော ဆွန်နီလွှမ်းမိုးသည့် 
ပင်လယ်ကွေ့  နိုင်ငံများဖြစ်သော ကူဝိတ်၊ ယူအေအီး၊
ဘာရိန်းနိုင်ငံ နှင့် အာရပ်နိုင်ငံဖြစ်သည့် ဆူဒန်နိုင်ငံတို့ကလည်း အီရန်နိုင်ငံနှင့်  သံတမန်ဆက်သွယ်မှု ရပ်ဆိုင်းလိုက်ကြ သည်။
ဆော်ဒီနှင့် အီရန်တို့ သည်ဆီးရီးယားပြည်တွင်း စစ်နှင့်  ယီမင်ပြည်တွင်းစစ်များတွင် နောက်ကွယ်မှ လက်နက်များ ထောက်ပံ့ ပေးခြင်းဖြင့်  တိုက်ခိုက်အားပြိုင် နေသည့်
နိုင်ငံများဖြစ်ကြသည်။
ဆော်ဒီ-အီရန်တင်းမာမှု၊ ဆွန်နီ-ရှီးယိုက်အကွဲအပြဲ နှင့်
ဒေသတွင်းသံတမန် အဆက်အသွယ်ဖြတ်တောက် မှုတို့ သည်
အမေရိကန် ဦးဆောင်တိုက်ခိုက်နေသည့်အိုင်အက်စ်ဆန့် ကျင်
တိုက်ခိုက်ရေးနှင့်  အစ်္စလာမ်္မစ်အကြမ်းဖက်ဝါဒချေမှုန်းရေးတို့ တွင်
ဆုတ်ယုတ်မှုများ ရှိလာနိုင် သည်။ ထို့ ပြင် အရှေ့ အလယ်ပိုင်းဒေသမှ
အမေရိကန် ထွက်ခွာသွားပြီးနောက် ယင်းဒေသတွင်း ပြဿသနာအရှုပ်
အထွေးများ ပိုမိုကျယ်ပြန့် လာနိုင်သည်ဟု ကျွမ်းကျင်သူ များက သုံးသပ်ကြသည်။
““ အိုဘားမားအစိုးရက အရှေ့ အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့
ပါဝင်ပတ်သက်မှု အခန်းကဏ္ဍကိုလျှော့ချပြီးအခြားတစ်နေရာမှာ
အာရုံစိုက်ဖို့ ရည်ရွယ်နေပါတယ်။ ဒါပေမယ့် ဒေသတွင်း
မဟာပြိုင်ဘက်နှစ်နိုင်ငံဖြစ်တဲ့ ဆော်ဒီနဲ့  အီရန်တို့ ရဲ့  တင်းမာမှု
ပြဿသနာဟာအမေရိကန် ရဲ့  အကျိုးစီးပွားကို သိသိသာသာ ခြိမ်းခြောက်လာနေပါပြီ။
အိုဘားမားရဲ့  အရေးကြီးတဲ့  နိုင်ငံခြားရေးမူဝါဒနှစ်ခုက ငါးနှစ်ကြာနေပြီဖြစ်တဲ့  ဆီးရီးယားပြည်တွင်းစစ်ကို နိုင်ငံ ရေး
နည်းလမ်းနဲ့  အဖြေရှာနိင်ဖို့  အဓိကကျတဲ့  အိုင်အက်စ် အကြမ်းဖက်သမားတွေကို တိုက်ခိုက်ချေမှုန်းသွားဖို့ နဲ့ အီရန်နိုင်ငံနဲ့  နျူကလီးယားသဘောတူညီချက် ရရှိဖို့  ဖြစ်ပါတယ်။ အီရန်နဲ့ နျူကလီးယားသဘောတူညီချက် ရရှိရေး
ကြိုးစားတဲ့ နေရာမှာဆော်ဒီ-အီရန်တင်းမာမှုကို
အလေးမထားခဲ့ပါဘူး”” ဟု ၀ါရှင်တန်အင်စတီကျူ့ ၏ အနောက်တောင်အာရှမူဝါဒရေးရာမှ ပင်လယ်ကွေ့နှင့်  စွမ်းအင်မူဝါဒအကြီးအကဲ ဆိုင်မွန်းဟန်ဒါဆင်က
ပြော ကြားသည်။
အီရန်နိုင်ငံရှိ ဆော်ဒီသံရုံးရှေ့တွင် ဆန်္ဒပြမှုနှင့် မီးရှို့ တိုက်ခိုက်မှုအတွင်း
လူ ၄၀ ခန့် ကို အီရန်အစိုးရ က ဖမ်းဆီးထိန်းသိမ်းခဲ့ ပြီး ယခုကဲ့ သို့ 
လုပ်ဆောင်မှုသည် ဥပဒေနှင့်  ညီညွတ်မှုမရှိကြောင်း အီရန်သမ်္မတ
ဟက်ဆန်ရိုဟာနီက ပြောကြားသည်။ သို့ သော် ရှီးယိုက်ဘာသာရေး
ခေါင်းဆောင် ရှိတ်ခ်နီမာအယ်လ်နီမာကို ကွပ်မျက်မှုနှင့် ပတ်သက်၍
အီရန်သမ်္မတက ဆော်ဒီနိုင်ငံ ကို ပြစ်တင်ဝေဖန်ခဲ့ သည်။ နီမာသည်
ဆော်ဒီ ထီးနန်း အပေါ် ဆန်ကျင်ဝေဖန်ခဲ့ ပြီး ရွေးကောက်ပွဲ
ကျင်းပပေးရန် တောင်းဆိုမှုကြောင့်  ၂၀၁၂ ခုနှစ်တွင် ဖမ်းဆီးခံ
ခဲ့ရသည်။ ၎င်းက ဆော်ဒီတွင် ၂၀၁၁-၂၀၁၂ ခုနှစ် အာရပ်နွေဦး
လှုပ်ရှားမှုအတွင်း ဖြစ်ပွာခဲ့ သည့် ဆန်္ဒပြလှုပ်ရှားမှုများတွင် ဆန်္ဒပြ
လှုပ်ရှားသူ ရှီးယိုက်ဘာသာ ၀င်များအား ဆော်ဒီအစိုးရကို အကြမ်းဖက်မှုထက်ဆိုးရွားသည့်  စကားလုံးများဖြင့်  ဆန့် ကျင်ရန် တိုက်တွန်းခဲ့သည်။
ဆော်ဒီအစိုးရက ရှီးယိုက်ဘာသာဝင်များကို ခွဲခြားဆက်ဆံမှုနှင့် 
ပတ်သက်၍လည်း ဝေဖန်ပြောဆိုခဲ့သူဖြစ်သည်။ နီမာသည်
အကြမ်းဖက်တိုက်ခိုက်ရန် မည်သည့်အခါကမျှ ဟောပြောသူ
မဟုတ်ကြောင်း ၎င်း၏ နောက်လိုက်များကပြောကြားကြသည်။
ရှီးယိုက် မွတ်စလင်ခေါင်းဆောင်များ အုပ်ချုပ်သည့် 
အီရန်နိုင်ငံ က ဘာသာရေးခေါင်းဆောင်ကို ကွပ်မျက်သည့် အတွက် ဆော်ဒီနိုင်ငံအနေဖြင့်  နောက်ဆက်တွဲ
အကျိုးဆက်များ ခံစားရလိမ့် မည်ဟု သတိပေးခဲ့ သည်။
““နှစ်နိုင်ငံစလုံး တင်းမာနေတဲ့  လက်ရှိအခြေအနေ ကနေ
အမြန်ဆုံးရပ်ဆိုင်းလိုက်စေချင်တယ်။ ဒီပြဿသနာကြောင့်  အရှေ့ အလယ်ပိုင်းမှာ နောက်ထပ် ပဋိပက်္ခတစ်ခု ပေါ်လာတာပဲ အဖတ်တင်မယ်။ ဒေသတွင်းအားပြိုင်မှု တွေက တော်တော်များနေပြီ။
ဒေသတွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ကိုပဲ ကျွန်တော်တို့ လိုလားတယ်။ ဆော်ဒီရော အီရန်ပါ ကျွန်တော်တို့ ရဲ့  မိတ်ဆွေတွေပါ။ သူတို့ တွေအချင်းချင်း တိုက်ခိုက်နေတာကို မလိုလားပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဒါဟာ ဒီဒေသတစ်ခုလုံး အတွက် မလိုလားအပ်ဆုံးကိစ်္စလည်း ဖြစ်နေလို့ ပါ””
ဟု တူရကီဒုတိယ၀န်ကြီးချုပ် နူမန်ကာတူလ်မတ်စ်က ပြောကြားသည်။
ဆော်ဒီနှင့် အီရန်ကြားဖြစ်ပွားသည့် တင်းမာမှု ပြဿသနာအရှိန်သည်
ဒေသတွင်းနိုင်ငံများအထိ ကူးစက် ရိုက်ခတ်မှုရှိလာသည့် အတွက်
ကမ်္ဘာ့ အင်အားကြီးနိုင်ငံများက စိုးရိမ်နေကြပြီး အခြေအနေကို
ထိန်းထိန်းသိမ်းသိမ်းဖြင့် ကိုင်တွယ်ဖြေရှင်းကာတင်းမာမှုများ
လျှော့ ချကြရန် ၀ိုင်းဝန်း ဖျောင်းဖျနားချနေကြသည်။ ရုရှား၊ တရုတ်၊ ဂျာမနီနှင့် အမေရိကန်နိုင်ငံတို့က တင်းမာမှုများလျှော့ ချရန်နှင့်  ထိပ်တိုက်တွေ့ ဆုံနိုင်မည့်  အရေးမှ ရှောင်ရှားကြရန် ဇန်န၀ါရီ ၄ ရက်တွင် နှစ်ဖက်စလုံးကို တောင်းဆိုခဲ့ ကြသည်။ သို့ သော် ယခုဖြစ်ပွားသော ဆော်ဒီနှင့်  အီရန်ကြား တင်းမာမှုသည် အမေရိကန်နိုင်ငံပင် ကြားဝင်ဖြေရှင်း ပေးရန် လွယ်ကူလှသည့် အခြေအနေမဟုတ်သကဲ့သို့  ပြဿသနာပေါင်းများစွာ ရှိနေသည့် အရှေ့ အလယ်ပိုင်း ဒေသ အရှုပ်အထွေးမှ ရုန်းထွက်ရန်ကြိုးစားနေသည့်  အိုဘားမားအစိုးရ၏ နိုင်ငံခြားရေးမူဝါဒအတွက်ပါ အခက်အခဲဖြစ်လာဖွယ်ရှိနေသည်။
ထို့ပြင် ဆီးရီးယား ပြည်တွင်းစစ်နှင့်  ယီမင်ပြည်တွင်းစစ်များတွင်
ဆန့်ကျင်ဘက်ရပ်တည်ချက်များဖြင့်  နောက်ကွယ်မှပါဝင်
ပတ်သက်ခဲ့ကြသည့်  အီရန်နှင့်  ဆော်ဒီတို့ ၏ ထိပ်တိုက် တွေ့ ဆုံနိုင်မှုသည် အရှေ့ အလယ်ပိုင်းဒေသအတွက် သာမက ကမ်္ဘာ့ အခြားဒေသများအတွက်ပါ စိုးရိမ်ဖွယ်ရာ
ပြဿသနာဖြစ်လာနိုင်သည်။
+သုဓနု+

Sunday, January 10, 2016
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)
No comments:
Post a Comment