>
တစ်နေ့က ဖေ့ဘုခ်ထဲမယ် ဟာသလေးတစ်ခုတင်ထားတာ
ဖတ်ရတယ်။ ရယ်စရာမဂ္ဂဇင်းထဲက ဆရာနတ်ရဲရေးတဲ့
ဥက္ကဌရွေးပွဲဆိုတဲ့ ဟာသစာစုနဲ့ ခပ်ဆင်ဆင်ပါပဲ။
အဲဒါလေး ဖတ်ပြီး ကိုယ့်ဘာသာရယ်ရုံနဲ့ အားမရသေး၊
ထုံးစံအတိုင်း ဦးရေချမ်းကိုပါ ပြောပြပြီး နှစ်ယောက်သား
အတူ အားပါးတရရယ်လိုက်ကြတာဆိုတာ။ ဘာဟာသမို့လို့ ဒီလောက်တောင်ရယ်ရလဲမေးရင်
တကယ်တော့ မိန်းမကြောက်တဲ့အကြောင်းရေးထားတဲ့ ဟာသ၊ ပြောရရင် မိန်းမတွေကိုပြောင်လှောင်ထားတဲ့
ဟာသတွေထဲက တစ်ခုပါပဲ။
ဟာသက ဒီလိုပါ၊ တစ်ခါက မယားကြောက်ရွာမှာနေတဲ့
ယောကျာ်းတွေဟာ နာမည်နဲ့လိုက်အောင် မယားကြောက်
ကြရသတဲ့၊ တခြားရွာကလူတွေလှောင်ပြောင်ကဲ့ရဲ့မှုကို
ခံရတာများလာတော့ ရွာမှာရှိတဲ့ ယောကျာ်းတွေအားလုံး
မိန်းမ မကြောက်ရေး အဖွဲ့ ဖွဲ့ဖို့ အစည်းအဝေးလုပ်ကြ
တယ်တဲ့။ ဒီလိုလုပ်တာကိုမိန်းမတွေသိမှာစိုးတော့ သူတို့ထဲကတစ်ယောက်ကို ကင်းစောင့်ခိုင်းပြီး
တိတ်တိတ်ဆွေးနွေးတိုင်ပင်နေကြတာပေါ့။
အဲ့သမှာ အဖွဲ့အတွက်ခေါင်းဆောင်ရွေးဖို့ လုပ်နေကြတုန်း
ရှိသေး ကင်းစောင့်နေတဲ့သူကပြေးလာပြီး မိန်းမတွေလိုက်လာတယ်သတင်းပို့လို့ အားလုံး
ဒရောသောပါးနဲ့ ထွက်ပြေးကြရောတဲ့။ တစ်ယောက်
ကတော့ ထွက်မပြေးပဲ နေရာမှာပဲ ငုတ်တုတ်လေးကျန်ခဲ့
တယ်တဲ့။ နောက်မှ ကင်းထောက်ကမှားပြီး သတင်းပို့မှန်းသိတော့ ဆွေးနွေးတဲ့နေရာကို လူပြန်စု
ရောက်လာကြပြီး ထွက်မပြေးပဲ ငုတ်တုတ်ထိုင်ကျန်ခဲ့တဲ့
သူကို အထင်တကြီးနဲ့ဝိုင်းချီးကျူးကြတာပေါ့၊ ဒါနဲ့ သူ့ကိုပဲ
ခေါင်းဆောင်တင်ဖို့ ဆုံးဖြတ်ပြီး ပခုံးပုတ်ခေါ်လိုက်တော့မှ လက်စသတ်တော့ အဲဒီလူက
နေရာမှာတင်အသက်ပျောက်
နေပြီကိုးတဲ့။ အကြောက်လွန်ပြီး အသက်ပျောက်တယ်ပေါ့လေ။
နောက်ထပ်ပုံပြင်တစ်ခုကတော့ လူထုဦးလှရဲ့အညာကျေးလက်ပုံပြင်များထဲကနဲ့
ခပ်ဆင်ဆင်။ အဖေက သားလုပ်သူကို နွားတစ်အုပ်နဲ့ မြင်းတစ်အုပ်ပေးလိုက်ပြီး ရွာထဲမယ်
မိန်းမကြောက်တဲ့သူတွေ့ရင် နွားတစ်ကောင်၊ မိန်းမ မကြောက်တဲ့သူတွေ့ရင် မြင်းတစ်ကောင်ကျစီဝေပေးဖို့
စေခိုင်းလိုက်သတဲ့။ ဒီလိုနဲ့လိုက်ဝေကြည့်တာ နွားတွေချည်းလက်မလည်အောင်
ဝေရလို့ ကုန်သွားတာတောင် မြင်းပေးရမဲ့သူ ရွာသား
တစ်ယောက်မှ မတွေ့မိဘူးတဲ့။ နောက်ဆုံး ရွာသား
တစ်ယောက်အလှည့်ကျမှ မိန်းမကို သူစားချင်တဲ့
ဟင်းချက်ပေးစမ်းပါ ခိုင်းနေသံကြားရတော့ မိန်းမနိုင်တယ်ယူဆပြီး မြင်းတစ်ကောင်ပေးခဲ့လိုက်သတဲ့။
သူ့အဖေဆီပြန်အရောက် ခုနကမြင်းရသွားတဲ့သူက အနောက်ကနေ မောကြီးပန်းကြီးပြေးလိုက်လာပြီး
သူရထားတဲ့ မြင်းညိုကို မြင်းဖြူနဲ့ ပြန်လဲပေးပါလို့
တောင်းဆိုသတဲ့။ ဘာဖြစ်လို့လဲဆိုတော့မှ သူ့မိန်းမက အညိုရောင်မကြိုက်ဘူး၊ အဖြူရောင် ခုချက်ချင်းလိုက်လဲလို့
ခိုင်းလိုက်လို့ အမောတကော ပြေးလာရတာလို့ ဆိုသကိုး။
တကယ်တော့ ဒီပုံပြင်ဟာသလေးတွေက မိန်းမတွေကို အာဏာရှင်တွေလိုလို ကြောက်စရာသရဲတဘက်တွေလို
စိတ်ထားသေးသိမ်သူတွေလိုသဘောထား ဟာသနှောပြီး
ရေးထားကြတာပါ။
ဒီလိုပဲ မိန်းမတွေဆိုးကြောင်း ကောက်ကျစ်ကြကြောင်း ဘာမဟုတ်တာတွေကို သဝန်တိုတတ်ကြောင်း စတဲ့
ပုံပြင်တွေ အများကြီးပါပဲ။ အရပ်ထဲမယ်လည်း စိတ်ထားသေးသိမ်တဲ့ယောက်ျားမြင်ရင် သူ့စိတ်ဓါတ်မကောင်းတာ
ကိုသူ့နာမည်တတ်ပြီးကဲ့ရဲ့ရုံနဲ့
အားမရ၊ ယောကျာ်းတွေဖြစ်ပြီး သိပ်မိန်းမလိုမိန်းမရနိုင်
တဲ့သူလို့ မိန်းမတွေကို ဘာမဆိုင်ညာမဆိုင် ကြားထဲ
ဆွဲထည့် ထိခိုက်ပြီး ခပ်လွယ်လွယ်နဲ့ နှိုင်းယှဉ် ပြစ်တင်
ပလိုက်တာပဲ။ ကိုယ်တွေကိုယ်တိုင်ကလည်း မိန်းမ ဖြစ်ပေတဲ့ လောကကြီးမှာ မိန်းမတွေကို
လက်ဦးမဆွကတည်းက နှိမ်ချ နှိုင်းယှဉ်ခံရတာကြားနေရ
ဖန်များတော့ ဝါးလုံးရှည်နဲ့ပတ်ရမ်းခံရတာလည်း စိတ်ထဲထူးခြားပြီးထိခိုက်မနေတော့ဘူး။ အဲသလို
မကောင်းတာတွေ ကိုယ်မဟုတ် ကိုယ်မလုပ်ရင်ပြီးရော၊ ဟာသလိုသဘောထားလိုက်တော့
နာရကောင်းမှန်းလည်း မသိပါဘူး၊ စိတ်ထဲလည်း ထားမနေပါဘူး၊
တဟေးဟေး တဟားဟားနဲ့ ဒီလိုပဲ ပြီးသွားတာပါပဲ။
ကံကောင်းချင်တော့ ကိုယ့်အနီးအနားက ယောကျာ်းတွေ
ကလည်း မိန်းမတွေကို ဒီလိုအထင်သေးအမြင်သေးနှိမ့်ချ
တတ်တဲ့သူဆိုတာ ရှိတာမဟုတ်ဘူး။ ကိုယ့်အဖေဆို မိန်းကလေးတွေမကောင်းကြောင်း အမနာပပြောတတ်
တဲ့သူဆို လုံးဝမကြိုက်ဘူး။ အဲ့လိုလူတွေဟာသိမ်ဖျင်းတဲ့
ယောကျာ်းတွေလို့ သူကယူဆတယ်။ ဦးရေချမ်းဆိုလည်း ဘယ်မိန်းကလေးကိုမှ အထင်သေးအမြင်သေးစိတ်နဲ့
ဆက်ဆံတာမမြင်ဖူးဘူး။ မိန်းမလည်းလူ ယောကျာ်းတွေလည်း
လူ ဘယ်သူကမှခေါင်းတစ်လုံးပိုမသာဘူး၊ ထူးထူးချွန်ချွန်ထက်ထက်မြက်မြက်အမျိုးသမီးကောင်း
ဖြစ်အောင် လုပ်ဖို့ အမြဲပဲအားပေးတိုက်တွန်းတတ်တဲ့သူ။
ကိုယ့်သူငယ်ချင်း ကိုယ့်လုပ်ဖော်ကိုင်ဖက်တော်တော်
များများကလည်း ကိုယ့်ကိုဆို တန်းတူလိုသဘောထား
ဆက်ဆံလွန်းလို့တောင်
ခက်နေတယ်၊ မိန်းကလေးမို့လို့ အလျှော့ပေးမယ်ဆိုတာမျိုး မလေးမစားရှိတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ဘူး၊
လူ လူ ချင်း အတူတူ တန်းတူ အခွင့်အရေးပဲလို့ဆိုတဲ့
သူက ခပ်များများ။ ကိုယ်ကတောင်သူတို့ကို ပြန်အလျှော့
ပေးနေရသေး။
စဉ်းစားကြည့်မိတော့ တကယ့်တကယ် စိတ်ဓာတ်ပြည့်ဝတဲ့ယောက်ျားတွေဟာ မိန်းမတွေကိုဘယ်တော့မှ
နှိမ်ချဆက်ဆံခြင်းမပြုဘူးဆိုတာပဲ။ ဆရာကြီးဇော်ဂျီရေးတဲ့ ဦးသောဘိတနဲ့ကိုခင်ဆိုတဲ့ ဝတ္ထုလေးကိုဖတ်ရတော့
ပြုံးမိတယ်။ ဆရာကြီးက အမျိုးသမီးတွေရဲ့ကရုဏာစိတ် ကြင်နာစိတ်ရှိပုံကို သဘောတကျနဲ့ပုံဖော်ထားတာ
ချစ်စရာကောင်းလှပါတယ်။ ဆရာကြီးကပြောလိုက်သေးတယ်၊ မိန်းမတွေမရှိရင်
အမေတွေမရှိ၊ အမေတွေမရှိရင် ယောကျာ်းတွေရော ဘယ်လိုလုပ်မွေးလာပါ့မတုန်းတဲ့။
မဃဒေဝလင်္ကာသစ်ကြီးမှာ မန်လည်ဆရာတော်
ဘုရားကြီးက အမျိုးသမီးတွေစာရိတ္တကောင်းမွန်စေ
ရန်ရည်ရွယ်ပြီး ဖွဲ့ဆိုခဲ့တာတွေကို ဆရာတော်ကြီးက
မိန်းမတွေကိုနှိမ်လွန်း အဆိုးမြင်လွန်းတယ်လို့ အမြင်မှားနေတဲ့သူတွေရှိနိုင်ပါတယ်။ တကယ်တော့
ဆရာတော်ကြီးက မိန်းမ မကောင်းကြောင်းသက်သက်ကိုသာ ဖွဲ့ဆိုသွားတာမဟုတ်ပါဘူး။ မိန်းမယုတ်တွေ
အကြောင်း သတိထားနိုင်အောင်ဖွဲ့ဆိုခဲ့သလို မိန်းမမြတ် မိန်းမကောင်းအကြောင်းတွေလည်း ကြည်ညိုမြတ်နိုးဖွယ်ရာ
ကောင်းအောင် ချီးမွမ်းဖွဲ့ဆိုခဲ့ပါတယ်။ ဒီလိုပဲ ယောကျာ်းတွေ ကောက်ကျစ်တတ်ကြောင်း
ရေးဖွဲ့ခဲ့သလို လေးစားကြည်ညိုဖွယ်ရာ
ယောကျာ်းကောင်း ယောကျာ်းမြတ်တွေအကြောင်းကိုလည်း ဖွဲ့ဆိုသွားခဲ့ပါတယ်။
မင်းကွန်းဆရာတော်ဘုရားကြီးဆိုလည်း မေတ္တာတရား
ကြီးမားစွာနဲ့ အမျိုးသမီးထုဘက်က ရပ်တည်ပေးလေ့
ရှိတာကိုတွေ့ရတယ်။ တစ်ခါက ဆရာတော်ဘုရားကြီး
မန္တလေးမှာ သီတင်းသုံးစဉ် အကျင့်သီလဖြူစင်တဲ့ ကိုယ်ကျင့်တရားကောင်းတဲ့ အမျိုးသမီးတွေကို
ချီးမြှင့်မြှောက်စားတဲ့အနေနဲ့ ဣတ္ထိ ဝိမာနဝတ္ထု တရားတော်
တွေကို ဝါတွင်းတစ်ခုလုံးဟောကြားခဲ့ပါတယ်တဲ့။
ဣတ္ထိဝိမာနဝတ္ထု ဆိုတာ ခုဒ္ဒကနိကာယ် သုတ္တန် ပါဠိတော်လာ ကောင်းမွန်တဲ့ကိုယ်ကျင့်တရားနဲ့ကုသိုလ်ထူး
တွေကြောင့် ထူးဆန်းအံ့သြဖွယ်ရာလှပတဲ့ နတ်ဗိမ္မာန်ဘုံတွေမှာ စံစားနေကြတဲ့နတ်သမီးတွေအကြောင်းဖြစ်ပါတယ်။
ဆာဦးသွင်ဆိုတာ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ရဟန်းဒကာတော်ကြီးပေါ့၊ ဒကာကြီးဆာဦးသွင်နဲ့
ဆာဦးသွင်ရဲ့ဇနီး ဒကာမကြီးဒေါ်ဒေါ်သိန်းတို့
အငြင်းအခုန်ဖြစ်ကြရင် ဘယ်တော့မှ ဒကာကြီးဘက်က
မလိုက်ဘူး၊ ဒကာမကြီးဘက်ကရပ်တည်ပေးတယ်လို့ ဆရာတော်ဘုရားကြီးက မိန့်တော်မူဖူးပါတယ်။
ဘာဖြစ်လို့လဲဆိုတော့တဲ့... လူတွေဟာ များသောအားဖြင့် အမျိုးသမီးများကို နှိမ်တတ်ကြတယ်၊ ဒါကို ဆရာတော်
ဘုရားကြီးက သဘောမကျဘူးလို့ ဆိုပါတယ်။ ဆရာတော်
ဘုရားကြီး သူ့မယ်တော်ကို ဂရုစိုက်ပုံ ကြင်နာပုံ သည်းညည်းခံပုံတွေကလည်း အံ့မခန်းချီးကျူးစရာပါပဲ။
သားကြီးသြရသအနေနဲ့ မယ်တော့်ဘက်က အမြဲတမ်း
မားမားမတ်မတ် ရပ်တည်ပေးမဲ့သူလို့ ဆရာတော်ကြီး
က သူ့ကိုယ်သူ မိန့်ဆိုပါတယ်။
တချို့ကတော့ ပြောကြတယ်၊ အို... ဘာပဲဖြစ်ဖြစ်
မိန်းမနဲ့ယောကျာ်းလာကိုမနှိုင်းနဲ့၊ မတူရင် လာမတုနဲ့၊ လူမြင်ကွင်းထဲမယ် ယောကျာ်းတွေ
အပေါ်ပိုင်းကိုယ်လုံးတီးလုပ်ပြီးသွားသလို မိန်းမက လိုက်လုပ်လို့ရမယ်ထင်သလားတဲ့။ နို့...နေပါဦး၊
မေးပါရစေဦး၊ လူမြင်ကွင်း အပေါ်ပိုင်းလုံးတီးလုပ်ပြီး
လျှောက်တာ အံ့သြထူးခြားတဲ့ဂုဏ်စွမ်းရည်သတ္တိတစ်ခု
မို့လို့လား။ စိတ်ပေါ့သွမ်းမူးရူးနေတဲ့သူသာ လူကြားထဲ လုံးတီးလုပ်ပြီးလျှောက်တော့မပေါ့၊
ဒါကိုနှိုင်းစရာလား။
ဒါဖြင့် နောက်တစ်ခု လူတွေမေးနေကြတာရှိသေးတယ်။
ယောကျာ်းပုဆိုးကိုဟောသလိုလူတွေခေါင်းပေါ်
ပစ်တင်လိုက်တာနဲ့ မိန်းမထဘီကို ပစ်တင်လိုက်တာ
ဘယ်ဟာကို လူတွေပိုလန့်ကြမလဲတဲ့။ ဘယ်သူကရော
ပုဆိုးတွေထမီတွေ ဘာအကြောင်းကြောင့် လူကြားထဲ
ပစ်မှာတုန်း။ မိန်းမနဲ့ ယောကျာ်းမတူဘူး၊ ယောကျာ်းကိုမတုနဲ့၊
ယောကျာ်းဟာမိန်းမတွေထက်အရာရာ သာတယ်လို့
ပြောတာဟာ ညာမျက်လုံးဟာ ဘယ်မျက်လုံးထက်သာတယ်၊
ဒါမှမဟုတ် လက်တွေက ခြေထောက်ထက် သာတယ်လို့ ခွဲခြားပြောနေသလိုမျိုးဖြစ်နေတော့မှာပေါ့။
ယောကျာ်း မိန်းမ ခွဲခြားပြီး နှိမ်ချဆက်ဆံပြောဆိုတာတွေ၊
မိန်းမတွေ မကောင်းကြောင်း တစ်ဖက်သတ် ပြောဆိုတာ
တွေကို ကိုယ့်အနေနဲ့လုံးဝလက်မခံနိုင်ပေတဲ့ စွဲမြဲစွာ ယုံကြည်ထားတာတစ်ခုတော့ ရှိတယ်။
အဲဒါကတော့ လောကကောင်းကျိုးအတွက် ကိုယ်ကျင့်သိက္ခာ
နဲ့ပြည့်စုံတဲ့ အမျိုးသမီးကောင်းတွေ အများကြီးလိုအပ်တယ်
ဆိုတာပါပဲ။
ကိုယ့်အနီးကပ်ပတ်ဝန်းကျင်က အမျိုးသမီးတွေကိုကြည့်မိတဲ့အခါ တော်တော်များများဟာ
အကျင့်စာရိတ္တကောင်းမွန် ရိုးစင်းတဲ့သူတွေမို့ သူတို့အတွက်
တကယ်ပဲ ဂုဏ်ယူကျေနပ်မိတယ်။ သူငယ်ချင်း စုံတွဲတစ်တွဲဆို ယောကျာ်းဖြစ်တဲ့သူက
ကျန်းမာရေး
မကောင်းရှာတော့ သူ့ဇနီးက စိတ်ရှည်သည်းခံပြီး
ပြုစုပေးရှာတာ။ ထက်မြက်ပြီး အောင်မြင်တဲ့အမျိုးသမီး
တွေကိုမြင်ရတဲ့အခါတိုင်း သူတို့ကို အားကျဂုဏ်ယူရသလို
ဇနီးကောင်း မိခင်ကောင်း အမျိုးသမီးကောင်းတွေ
တွေ့ရတဲ့အခါမှာလည်း မလျော့ သော အားကျဂုဏ်ယူ
ဝမ်းမြောက်ခြင်း ပီတိကိုခံစားရတယ်။
A good wife makes a good husband ဆိုတဲ့
ဆိုစကားလို အိမ်ထောင်ရှင်မကောင်းတစ်ယောက်ကြောင့် ခင်ပွန်းကောင်းတင်မကပါဘူး၊
သားသမီးကောင်းတွေပါ
ပေါ်ထွက်လာမှာ အမှန်ပါပဲ။ ကိုယ့်ဘဝမှာ ကိုယ်ဟာ ကံကောင်းထောက်မစွာနဲ့ မိခင်ကောင်းတစ်ယောက်ကို
ပိုင်ဆိုင်ခွင့်ရခဲ့တယ်။ ကိုယ့်မိခင်ကြောင့် ကိုယ်တို့မိသားစု
ဟာ အေးချမ်းတဲ့ မိသားစု ဖြစ်ခွင့်ရခဲ့ရုံမက ကိုယ်တို့ဟာ သားသမီးကောင်းတွေ ဖြစ်လာကြတယ်။
ဆရာကြီးဦးအောင်သင်းရဲ့အတွေးစကားစာစုမှာ
နပိုလီယန်နဲ့ မဒမ်ကင်ပန်ဆိုတဲ့ အမျိုးသမီးကြီးတို့ အမေးအဖြေတစ်ခုကိုရေးထားတယ်။ နပိုလီယန်က
ပြင်သစ်လူငယ်တွေကို မြှင့်တင်ဖို့
အလိုအပ်ဆုံးဟာ ဘာဖြစ်မယ်ထင်ပါသလဲလို့ ဆိုတော့ မိခင်ကောင်းတွေပေါ့လို့ ပြန်ဖြေသတဲ့။ ဟုတ်ပါတယ်။
ရိုးသားတည်ကြည်ပြီး အကျင့်စာရိတ္တနဲ့ပြည့်စုံတဲ့
မိခင်ကောင်းတွေကသာ သားသမီးကောင်းတွေကို
မွေးဖွားမြေတောင်မြှောက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ နိုက်သူရဲကောင်းပုံပြင်လေး
တစ်ခုမှာ သူရဲကောင်းကြီးကို ဘယ်လိုအင်အားတွေကြောင့် ဒီလောက်တောင် သတ္တိတွေပြောင်မြောက်ပါ
သလဲမေးတော့ ဂုဏ်သရေရှိအမျိုးကောင်းသမီးတွေက တစ်ချိန်လုံး သူ့ကိုစောင့်ကြည့်နေတယ်လို့
စိတ်ထဲမှာထင်မှတ်ထားတဲ့
အတွက် ဒီလို သတ္တိတွေဖြစ်ထွန်းလာတာပါပဲလို့
ပြောတာကို ဖတ်ရပြီး သိပ်ကို ကျေနပ်မိခဲ့တယ်။
ကြားဖူးနားဝရှိပြီး သဘောကျမိတဲ့ စကားပုံလေးတစ်ခုကို
ပြောရရင်
You educate a boy, and he'll make a man.
You educate a girl, and she'll make a Nation!!!
လို့ ဆိုပါတယ်။
ဒါကြောင့်မို့ ကိုယ်ကျင့်တရားကောင်းမွန် ဖြောင့်မတ်တဲ့
မေတ္တာ ကရုဏာစိတ်ကြီးမားတဲ့ အမျိုးသမီး မိခင်ကောင်းတွေ များများပေါ်ပေါက်လာစေချင်တယ်။
အဲ့သလို ဂုဏ်ယူ
လေးစားထိုက်တဲ့ အမျိုးသမီး မိခင်ကောင်းတွေကိုလည်း
မေလ ၁၀ရက်နေ့ အကြို အမေများနေ့ အမှတ်တရ ဒီနေရာကနေ လေးစားစွာဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။
ချစ်ခင်လေးစားစွာဖြင့်..
.
+စုချစ်သူ+

Friday, January 15, 2016
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)
No comments:
Post a Comment