ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, January 29, 2016

=ကျိန်စာသင့်သော=

>
မယုတို့ နေထိုင်ရာ ရွာကလေး၏ အမည်ကို ကျွန်မ… နှုတ်ဖျားတင် မေ့တေ့တေ့ ဖြစ်လို့နေတတ်သည်။ မော်တင်စွန်းနှင့် တစ်ဆက်တစ်စပ်တည်းရှိသော အနောက်ဖက် တောင်တန်းများကြားမှ ရွာကလေး တစ်ရွာဟုသာ မှတ်မိတော့သည်။ မယုက သူ့ရွာကလေး ၏ အကြောင်းကိုလည်း လွမ်းလွမ်းတတ တစ်ခါမှ ပြန်မပြောပြစဖူး။ ရွာမှာ စိတ်နာစရာတွေ ရှိခဲ့လို့များ လားဟု ကျွန်မ ကျီစယ်စပ်စုမိတော့ မျက်နှာပျက်လေသည်။ မယုက ပင်ကိုယ်လည်း နှုတ်စကားနည်းပါးလွန်းလှပါသည်။ သူ့ကိုကြည့်လိုက်လျှင် အလုပ်တစ်ခုနှင့် တွဲလျက်သာ။ တလှုပ်လှုပ်နှင့် အမြဲတစေ အလုပ်ရှုပ်နေတတ်မြဲ။ အေးအေးဖြည်းဖြည်း၊ နားနားနေနေပဲ နေပါမယုရယ် ဟုဆိုလျှင် … “အလုပ် လုပ်နေရမှ နေပျော်တယ်” …တဲ့။ ကျွန်မတို့အိမ်မှာ မယု နေမပျော်မှာတော့ အထူးပူပန်စိုးရိမ်လွန်းလှပါသည်။ မယု ရောက်မလာခင်က ဖေဖေ၊ မေမေနှင့် ကျွန်မတို့ သားအမိ၊ သားအဖ သုံးဦးသာ ရှိခဲ့ရာ နွေးထွေးစည်းလုံး သော်လည်း အနည်းငယ် သွေ့ခြောက်လှသည် ထင်မိသည်။ တစ်ဦးတည်းသော သမီးဖြစ်သော ကျွန်မက အဖော်အပေါင်းမင်လွန်းလှသူမို့ ကိုယ်နဲ့ မတိမ်းမယိမ်း အရွယ် မယုရောက်လာတော့ ပျော်ရွှင်ကျေနပ်မဆုံးနိုင်ခဲ့။ မယုကို ကိုယ့်ညီမလေးလို၊ သူငယ်ချင်းမိတ်ဆွေလို ရင်းနှီးချစ်ကြည်ချင်ပါသည်။ မယုကလည်း ကျွန်မကို သာမက ကျွန်မ၏ ဟေးလား၊၀ါးလား သူငယ်ချင်းတွေ ကိုပါ သံယောဇဉ်တွယ် နေခဲ့ပါပြီ။ ကျောင်းပြီးစ အလုပ်လက်မဲ့ မိန်းကလေးတစ်စု အိမ်မှာ စုရုံးလာကြကာ လက်ဖက်သုတ်လိုက်၊ အခွေကြည့်လိုက်ဖြင့် အုံးတသဲသဲ ဆူညံသံ မစဲကြားမှာ သူပါ ရောနှောပျော်ရွှင်နေတတ်ပြန်မြဲ။ 

 ********** 

မယုနှင့် ကျွန်မက ညီအစ်မ၀မ်းကွဲတွေ ဖြစ်သော်လည်း တစ်ယောက်နှင့်တစ်ယောက် တွေ့သိရင်းနှီးကာ စည်းလုံးချစ်ကြည်မိခဲ့ကြတာတော့ သိပ်မကြာလှ သေးပါ။ ဖေဖေ့မှာ ညီတစ်ယောက်ရှိနေသေးတာ သိပင်သိငြား ချစ်ခင်တွယ်တာစိတ်တော့ ကျဲပါးခဲ့ လေသည်။ ဦးလေး၏ မိသားစုအကြောင်းကိုလည်း တခါဖူးမျှ စိတ်မ၀င်စားခဲ့ စဖူး။ သွားရေး၊လာရေး ဝေးလှမ်းသည်ဟု အကြောင်းပြကာ အသွား၊အလာ၊ အဆက်အဆံ ပြတ်တောက်လုနီးပါးပင်။ ရွာမှာ အကြောင်းကြီးငယ် ကိစ္စရှိလို့ မဖြစ်မနေအရေးပေါ်လျှင်လည်း ဖေဖေပဲ ပြေးသွား၊ ရောက်ပြန် လုပ်နေတတ်သည်ပင်။ မေမေနှင့် ကျွန်မ တို့တော့ မြို့ကြီးသူတွေပီပီ ဖေဖေ့ရွာငယ်ကလေးကို စိတ်ကိုမ၀င်စားပေ။ ဆယ်ကွေ့ တစ်ကွေ့ ဆိုသလို အိမ်ကို အ၀င်အထွက်ရှိတတ်ကြသော ရှားရှားပါးပါး ဖေဖေ့ရွာသား အချို့ကိုတော့လည်း ကျွန်မတို့က ဖော်ရွေပျူငှာစွာ ဖိတ်ကြိုကာ တသသ မျှော်နေတတ်ပြန်တာပင်။ လွန်ခဲ့သော နှစ်တွေဆီက ကမ္ဘာကျော် လေပြင်းမုန်တိုင်းမှာ ဖေဖေတို့၏ရွာကလေး အပျက်အစီး၊ အဆုံးအရှုံးတွေနဲ့ အတုံးအရုံး လဲပြိုသေပျောက်မှု သတင်းတွေကြောင့် ကျွန်မတို့မိသားစုတွေ ပူပန်ပျာယာခပ်ခဲ့ရ ဖူးသေးသည်။ ဖေဖေတစ်ယောက် သူ့ရွာကလေးဆီ ပြေးရောက်သွားခဲ့သေးသော်လည်း သူ့အား ကြိုဆိုနေကျမျက်နှာတွေထဲက တချို့တစ်ဝက်မက လျော့ပျောက်သွားခဲ့ပြီဟု ဆိုသည်။ ကျွန်မတို့အိမ်ကို ၀င်ထွက်နေကျ ဧည့်သည်တွေလည်း နောက်တစ်ကြိမ် ရောက် မလာနိုင်ကြတော့ပြီကို ယူကျုံးမရစွာ နားလည်လျက် နာကျင်ဝမ်းနည်းခဲ့ရပါသည်။ အဲသည်စဉ်ကတော့ မယုတို့ သားအမိ၊ သားအဖတွေ ကျွန်မတို့ထံ ရက်အတန်ကြာ ရောက်လာ ခိုနားကာ မြို့မှာပဲ အခြေချကြရန် စီစဉ်ခဲ့ကြပါသေးသည်။ သို့ပေမယ့် အခြေအနေတွေ ပြန်လည် ငြိမ်သက်သွား ခဲ့ပြန်ရာ သူတို့၏ ဓါးမဦးချ နေထိုင်ခဲ့ရာ ရွာကလေးကို သံယောဇဉ်မျှင်တမ်း မပြတ်နိုင်ကြပြန်ပေ။ နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေ၊ ပြီး ချစ်ခင်တွယ်တာရသူတွေ… လေလွင့်ရေမျောခဲ့ပြီ ဖြစ်ပေမယ့် လယ်မြေဧကများစွာ ကျန်ရစ်သေးသည် မဟုတ်လား။ လယ်လုပ်ကိရိယာနှင့် ကျွဲနွားများ ပြန်လည်စုဆောင်းရင်းလူကြီးတွေ အလုပ်ရှုပ်နေကြစဉ် ကျွန်မနှင့် မယုတို့ ညီအစ်မတွေကတော့ အတိုးချ အလွမ်းသယ်လို့ ကောင်းနေကြပါသည်။ မယုတစ်ယောက် သူ့ရွာကို ပြန်မလိုက်ဖြစ်အောင်လည်း နေ့ညမပြတ် စည်းရုံးဆွဲဆောင်နေရပါသေးသည်။ မယုကတော့ ရောက်ကတည်းက ခေါင်းတစ်ခါခါ လုပ်နေတော့တာ ရွာပြန်သည်အထိပင်။ မယု ရွာပြန်တော့ ကျွန်မတို့ညီအစ်မဖက်တွယ်ကာ အပြိုင်ငိုကြွေးလျက် မခွဲရက်ရက် ဖြစ်ခဲ့ကြသေးတာ..။ ကျွန်မ မယုထံ လူကြုံအခွင့်သင့်တိုင်း စာရေးကာ အလွမ်းသယ်တတ်ခဲ့သော်လည်း မယုကတော့ စာပြန်ရန် ၀န်လေးတတ်သူဖြစ်လေသည်။ သတိရတယ် ပြောလိုက်ပါ ဟုသာ လူကြုံအလွမ်းစကားပါးတတ်ခဲ့လေသည်။ မယုတစ်ယောက် တရှောင်ရှောင်ဖြင့် ကျန်းမာရေးမကောင်းလှဟု သတင်းစကား ကြားတော့ အိမ်မှာခေါ်ထားကာ ဆေးကုသပေးရန် ကျွန်မ ဖေဖေ့အား နားပူနားဆာ ပြုမိရတော့သည်။ ဖေဖေမှတဆင့် အတင်းအကြပ်ပြုကာ ရာဇသံပေးလေမှ သူ့ဖေဖေ တစ်ယောက် မယုအား ပို့ပေးခဲ့တော့တာ ဖြစ်သည်။ 

***********

 လေထဲမိုးထဲ အတိဒုက္ခကြားထဲမှာ ဒရွတ်ဆွဲရောက်လာစဉ်ကတောင် စိုပြည်ပြည့်တင်းနေဆဲ မယုတစ်ယောက် ခုတစ်ခေါက်မှာ ပိန်ချုံးချိနဲ့ကျသွားခဲ့တော့တာ မမှတ်မိချင်စရာမို့ အံ့အားတသင့်၊ စိတ်မကောင်းဖြစ်ရပါသည်။ ဘာဖြစ်တာလဲမေးတော့လည်း ရေရေရာရာ ဘယ်သူမှ မပြောနိုင်ကြပြန်ပေ။ အစား စားချင်စိတ် မရှိတာက စသည်တဲ့။ ည ညတွေ အိပ်မပျော်ဘူးဟု ဆိုပြန်သည်။ လက်လှမ်းတမီမှာတော့ ကောင်းနိုးရာရာ ဆေးဝါးတွေ လည်း စုံလှပြီ။ မယုအား နားလည်တတ်ကျွမ်းသူ ဆရာဝန်ကြီးများနှင့် ပြသဖို့ အလောတကြီး စီစဉ်ကြရသည်။ ပြောပလောက်စရာ ရောဂါကြီးကြီးမားမား ရယ်လို့လည်း ရှာမတွေ့ပြန်ရာ ဇဝေဇ၀ါဖြင့် ပူပန်မှုတော့ လျှော့ ကျမသွားနိုင် ခဲ့ကြပေ။ 

********* 

အိမ်သို့ရောက်စ ရက်တွေကထက်စာ လျှင်တော့ မယုတစ်ယောက် အနည်းငယ်မက ရွှင်လန်းလာသည် ထင်ရပါသည်။ သူငယ်ချင်း တစ်အုပ်တစ်မနှင့် လမ်းများနေကျ ကျွန်မက သွားလေရာခေါ်ကာ ဟိုဆိုင်ဝင်၊ သည်ဆိုင်ထွက် ပြုမြဲ။ ကျွန်မတို့တတွေ ရောက်ရာအရပ်မှာ တ၀ါးဝါး၊ တဟားဟားနှင့် အကဲမရဖြစ်နေလျှင် မယုတစ်ယောက် ရောယောင် ပြုံးတတ်စ ပြုလေသည်။ အစုံစားသတ္တ၀ါတွေဖြစ်သော ကျွန်မတို့ သူငယ်ချင်းတွေကြားမှာ မယုလည်း တို့ကာထိကာ အစားနည်းနည်းမက ၀င်ဖြစ်မည် ထင်၏။ တခါတရံ တစ်ဦးတည်း ရှိနေချိန်များမှာတော့ တွေးတွေးငေးငေးနှင့် ငြိမ်သက်လျှက် မျက်နှာနွမ်းနေတတ်ပြန်ပါသည်။ မယုတစ်ယောက် အသည်းကွဲလာခဲ့သလားဟု ကျွန်မ မနေနိုင်စွာမေးတော့ မျက်နှာနွမ်းနွမ်းကြားမှပင် ဟက်ပက်စွာ ရယ်မော ငြင်းဆိုနိုင်ခဲ့သေးသည်။ “ဒါဆို ဘာဖြစ်နေတာလဲ။ မယု တစ်ခုခုတော့ ဖြစ်နေတာ သေချာပါတယ်” မယုကတော့ လျှို့ ဝှက်စွာသာ ပြုံးလျက် ငြိမ်သက်နေပြန်တာ..။ သူ့ရွာကို ခင်တွယ်လွန်းလှသော မယုက ဒီတစ်ခေါက်တော့ ရွာကို မပြန်ချင်တော့ဘူးဟု အတိအလင်းဆိုလာပြန်ရာ ၀မ်းသာရသော်လည်း အံ့သြတကြီး ဖြစ်ရပြန်သည်။ “မယု ပျော်သလောက်နေပါ။ တစ်သက်လုံးနေရင် ပိုတောင် ကောင်းသေးတယ်” “တစ်သက်လုံးတော့ နေနိုင်မယ် မထင်ပါဘူး။ တစ်ခါတလေကျရင် ရွာကို အရမ်းသတိရတာပဲ” “ဖြစ်ပြန်ပြီ။ ဒါပေမယ့် ဒီမှာပဲ အမြဲနေပြီး တစ်နှစ် တစ်ခေါက်လောက်ပဲ ရွာကို ပြန်မယ်ဆိုလည်း ဖြစ်တာပဲ မဟုတ်လား မယုရဲ့။ မယု ပြန်ရင် တို့လည်း ရောက်ဖူးတယ်ရှိအောင် လိုက်လည်မယ်လေ” “တကယ်လား” ရုတ်တရက်တော့ မယုရဲ့ မျက်နှာကလေး ရွှန်းလက်သွားခဲ့သေးပေမယ့် ချက်ချင်း ညှိုးလျသွားပြန်လျက်…. “ရွာက အရင်လို ပျော်စရာ မကောင်းတော့ဘူး မလေးရဲ့။ ချောက်ကပ်ပြီး နည်းနည်းမှ မစည်ကားတော့ဘူး။ အရင်ကဆိုရင်လား မလေးမြင်စေ့ချင်တယ်” သူတို့၏ ရွာကလေး ဘယ်လောက်သာတောင့်သာယာ၊ နေပျော်စရာကောင်း လှပုံကို သာချင်းတစ်ထပ် လွမ်းပြနေတတ်ပြန်သေးတာ။ စကားနည်းလှသော မယုက သူ့ရွာအကြောင်း အဆက် မပြတ်စကားတွေ တတွတ်တွတ် ဆိုနေချိန်မှာတော့ မျက်နှာကလေးလည်း ကြည်လင်စွာ ပြုံးမြနေပြန်လျက်ပေ။ 

************ 

ထိုနေ့က မယုတစ်ယောက် နှုတ်ခမ်းနီ ထွေးကလေးနှင့် လှနေခဲ့တာ အမှတ်မဲ့ အမြင်မှာ ကျွန်မ ကျေနပ်သွားသော အပျော်စိတ်ကလေးနှင့်… “အယ်.. မယုက နှုတ်ခမ်းနီတွေ ဘာတွေ ဆိုးလို့ပါလား။ လှတယ်တော့” မယုတစ်ယောက် ရှက်နိုးစွာ ပြုံးယောင်ပြုကာ… “အဲဒီ နှုတ်ခမ်းနီအရောင်လေး မလေး မနေ့က ဆိုးထားတာ ကြိုက်သွားလို့…” အမြဲတစေ သနပ်ခါး မှုန်ဖွေးဖွေးနှင့် နေတတ်သော မယုအား ကျွန်မ၏ မှန်တင်ခုံကို အပိုင်စား ပေးခဲ့ဖူးသေးတာ ဖြစ်သည်။ “မယု အဲဒါတွေ မသုံးတတ်ဘူး” ဇွတ်ငြင်းခဲ့ဖူးတာမို့ လက်လျှော့ခဲ့ရတာ ဖြစ်သည်။ ကျွန်မ အခွင့်ကောင်းယူကာ… “နှုတ်ခမ်းနဲ့လိုက်တဲ့ လက်သဲနီအရောင် မလေးမှာ ရှိတယ်။ မလေးဆိုးပေးမယ်” အကြောက်အကန် ငြင်းလေသည်။ “လှတယ် မယုရဲ့။ ဒီမှာ မလေးလက်ကလေးတွေကို ကြည့်ပါလား” လက်ဖမိုးနှစ်ဘက် အစုံကို ယှဉ်လျက် သူ့မျက်နှာရှေ့ဆီ တိုးရွှေ့လိုက်လေလျှင် ဇွတ်အတင်း မျက်နှာလွဲဖယ်လျက် မျက်လုံးနှစ်ဖက်ကို စုံမှိတ်ပစ်လိုက် တော့လေသည်။ “ဟင့်အင်း..” ငိုချလိုက်တော့မလို မျက်နှာပျက်ယွင်းကာ အကဲဆတ်နေပုံက ကျွန်မ၏ ကျီစယ်လိုစိတ်ကို မီးလောင်ရာ လေပင့်လိုက်သလို ဖြစ်နေသည်။ “မရဘူး။ ဒီမှာ မလေးလက်ကလေးတွေ ဘယ်လောက် လှသလဲ ကြည့်.. ကြည့်” မျက်နှာလည်တိုင်အနှံ့ ချွေးစေးတွေပြန်ကာ မျက်လုံးအကြောင်သားနှင့် ငေးမေ့သွားတော့တာ ငိုက်ခနဲ လဲပြိုကျလာလေမှ ကျွန်မ ရိပ်မိရတော့လေသည်။ 

********** 

…လေတွေ တခြိမ်းခြိမ်း တိုက်လာပြီး မြစ်ရေတွေလည်း တရဟော ထိုးတက်လာတော့ မယုတို့လည်း အိမ်တွေမှာ မနေရဲကြတော့ဘူး။ စပါးကျီလွတ်တွေဆီ ရွှေ့ကြပြောင်း ကြတာပေါ့။ မယုတို့မှာ ကျီသုံးလုံးတောင်ရှိတာ။ အဲဒီ နှစ်လုံးမှာ စပါးမရှိတော့ ဘူးဆိုတော့ အလွတ်ဖြစ်နေတာပေါ့။ မယုတို့ ရောက် သွားတော့ ကျီထဲမှာ ရွာထဲကလူတွေ အတော်တောင် ရောက်နှင့်နေကြပါပြီ။ ကျီအပြည့် လူကို ညို့နေတော့တာ..။ …ယောကျာံးကြီးတွေက ၀ါးထရံအကာ တွေကို ကန်ချပစ်ကြတယ်။ လေဒဏ် ပိုခံနိုင်အောင်လို့တဲ့။ လေက ပိုကြမ်းလာ၊ ရေကလည်း တိုးသည်ထက်တိုး၊ လှိုင်းတွေလည်း တ၀ုန်းဝုန်းရိုက်လာတော့ မယုတို့ ချမ်းလည်းချမ်း၊ ကြောက်လည်း ကြောက်၊ တစ်ယောက်နဲ့ တစ်ယောက် ပူးကပ်တိုးတိုက်ပြီး ဆတ်ဆတ်တုန်နေကြတာပဲ” …ရေက တိုးသည်ထက်တိုးလာနေတာပဲ။ စပါးကျီကြမ်းခင်းတွေပါ ရေထိလာတော့ ဆက်မပြေး တတ်ကြတော့ဘူး။ ကြည့်နေရင်းကို ရေထုက အလုံးအရင်းနဲ့ တရိပ်ရိပ်မြင့်တက်လာနေတာဆိုတော့ ဘေးပတ်တန်းတွေပေါ် တွယ်တက်၊ ခိုတက်ကြရင်း အားလုံး အမိုးပေါ် ရောက်ကုန်ကြတာပေါ့” …သိပ်မကြာလိုက်ဘူး။ မယုတို့နဲ့ ကပ်လျှက် စပါးကျီကြီးကို လှိုင်းတစ်လုံးက လွှမ်းဖုံးပစ်လိုက်ရော။ လူတွေဆိုတာ သစ်သီးတောင်း မှောက်ချလိုက်သလိုပဲ မလေးရယ်။ လှိုင်းကြားမှာ ကစဥ့်ကလျားနဲ မျောပါကြ၊ ကယ်ပါ၊ ယူပါ အော်ကြ ဟစ်ကြ” မယုက သူ့မျက်စေ့ရှေ့မှာ ခုပဲ ရှိနေသေးသလို ထင်ယောင်လျက် ပူပန်မူပျက်ကာ ပျာယာခပ်လာလေသည်။ သူ့ပခုံးကလေးကို ထွေးဖက်ကာ နှစ်သိမ့်ပေးလိုက်လျှင် ရင်ခွင်မှာ မှေးမှီကာ တရှိုက်ရှိုက် ငိုနေပြန်တော့ပြီ။ “မယုတို့ ခိုနေတဲ့ စပါးကျီကို လူတွေ လာကပ်ကြတာ။ လှိုင်းထဲ၊ ရေထဲကနေ တိုးထွက် ဖက်တွယ်လာတဲ့ လက်တွေဆိုတာ အများကြီးပဲ..” “မယုတို့ ဖမ်းဆယ်ကြရတာပေါ့” မယု ငိုပြန်သည်။ ခဏကြာမှ ငိုသံ ဗလုံးဗထွေးဖြင့်… “အစပိုင်းတော့ ဆယ်ကြသေးတယ်။ ဒါပေမယ့် လူတွေက ဆယ်ယူလို့ မနိုင်အောင် များလာတယ်။ ကျီထဲမှာလည်း လူတွေ များလွန်းနေပြီ။ ကျီပြိုကျပီး အပေါ်ကလူတွေအားလုံး ဒုက္ခရောက်ကုန်မှာ လူကြီးတွေက တွေးပူကြတယ်” မျက်ရည်တွေ စို့ဝဲလာသော ကျွန်မ၏ အာရုံအမြင်မှာလည်း ကူကယ်ရာမဲ့ မျက်နှာတွေ။ အသံတွေ…။ “မလေးရယ်။ လက်ကလေးတွေ ဆိုတာလေ။ စပါးကျီ အမိုးစွန်း ပတ်ပတ်လည်မှာ အများကြီးမှ အများကြီးပဲ။ လက် သေးသေးလေးတွေတောင် ပါသေးတယ်” စကားထောက်ရန်ဝေးလို့ အသက်ရှူဖို့တောင် မေ့နေခဲ့မည် ထင်၏။ ပါးပြင်ပေါ်မှ ပူနွေးနွေးအတွေ့ကိုလည်း သတိမပြုမိတော့နိုင်။ “သိလား မလေး။ အပေါ်က လူတွေကလေ.. …အဲဒီ လက်တွေ အကုန်လုံးကို…. ဖြုတ်ချ၊ ဖြည်ချပစ်ကြတာ…” တသိမ့်သိမ့်တုန်နေရှာသော မယု၏ ကိုယ်ပေါ်သို့ ကျွန်မ၏ ပါးပြင်ဆီမှ မျက်ရည်စတချို့ ခုန်ဆင်းသွားကြသည်။

 ********** 

ဆရာဝန် ပြန်သွားအပြီး ဆေးတစ်ခွက်ကို ချော့ချော့မော့မော့ တိုက်အပြီးမှာ မယုတစ်ယောက် ငြိမ်သက်စွာ အိပ်စက် တော့မည်ဟု ထင်ဆဲ…. “ကမ္ဘာကြီး တကယ် မီးလောင်နေတော့ရော အချင်းချင်း ချနင်းစရာလား မလေးရဲ့ ။ မယုတို့အားလုံးဟာ အတူတူပဲ။ ဘယ်သူမှ စတေးမခံထိုက်ပါဘူး။ ဘယ်သူမှ သားကောင်တွေ မဟုတ်ကြဘူးလေ…” မှေးမှိတ်ထားသော မျက်ဝန်းအစုံမှ မျက်ရည်စ နှစ်သွယ် လျှောခနဲ စီးကျလာခဲ့ပြန်သည်။ 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ 

+သတိုး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)