အပိုဒ်-၁။ ။(.ပြုံး..ပြုံး..အကုန်ပြုံး.....ပရိသတ်..အကြိုက်ဆုံး...... ဟောဒီစနေနေ့ ..ရောက်တဲ့အခါ..
မက်ပ်ရေဒီယို..ထဲမှာဗျာ.... ရသစုံလင်လှ..လို့ ဖွင့် နား..ဆင်စရာ....ဟောဒီ့ ..စနေဆို..အချစ်တော်...၃ဦး. .ရောက်လာတာ..(အို)..ကျန်းမာ..ချမ်းသာ.....လန်းဖြာကြ....ဖို့ .. ဆုတောင်းတယ်ဗျာ...)၂
အပိုဒ်-၂။ ။ဖွင့်ကြည့်..ကြပါ....(၁၀၂ဒသမ၅) ၁၀၂ဒသမ၅........(ဖွင့်ကြည့်..ကြပါ) မဲဆောက်မြို့ ..၀န်းကျင်...မကပါ.....(မြ၀တီကလည်း... ပါသေးသဗျ) မမေ့...မလျော့ ..နဲ့ သာ...နေ့ စဉ်ဖွင့်ကြပါ (ဗဟု..သုတတွေ..ဟာ..တစ်ထောကြီး..သင်ရမှာ) စိတ်ကမကြည်လင်..မောပန်း (ဗဟုသုတ..တွေနဲ့ ..လန်းဆန်း) ဒီလို..အချိန်မျိုး....ပရိသတ်..တွေမှာ..၀မ်းစမိုး..ပါပဲကွာ....
(သံပြိုင်)ဟေး......ရွှီး.....ဖြောင်း..ဖြောင်း...
(ဒီသီချင်းရဲ့ မူရင်းက*နွဲ့ ယဉ်ဝင်းသီဆိုခဲ့တဲ့*ကြိုးစားကြပါ*ဖြစ်ပါတယ် ပရိသတ်)
////////////////////////////////////////////////////////////////////////
အစီအစဉ်(၁)။ ။အဖွင့်နိဒါန်းသီချင်းသီဆိုပါမယ်။(ဆရာမိုး ကိုယ်တိုင်ရေး-ကိုယ်တိုင်ဆိုမယ့် သီချင်းကတော့* ပြုံးပြုံးပျော်ပျော်-စနေ့ နော်*)သီချင်းနဲ့  နိဒါန်းပျိုးပါမယ်ပရိသတ်ရေ..။
အစီအစဉ်(၂)။ ။*အသံတွေကြားနေရတယ်---ဘာသံတွေလဲ*ဆိုတဲ့သတင်းပလင်းအစီအစဉ် ဖြစ်ပါတယ်။ဒီလိုသတင်းနဲ့ ပလင်းကိုတင်ဆက်ကြတဲ့အခါမှာ ဒါတွေ၊ဒါတွေပါဝင်ပါတယ်ပရိသတ်တို့ ရေ။
သတင်း(က) -တရားဝင်နေထိုင်ခွင့် လက်မှတ်ဖြင့် နယ်ကျော် အလုပ် လုပ်ကိုင်သောမြန်မာနိုင်ငံသားများကို ထိုင်းအာဏာပိုင် လိုက်လံဖမ်းဆီး ---ဆိုတဲ့သတင်း။
သတင်း (ခ) -မဲဆောက်မြို့ ရောက်Spark Circus အဖွဲ့ နေ့ သစ်အလကကျောင်းသားတွေ၊မောနင်းဂလိုရီ ကျောင်းသားတွေနဲ့ ပျော်ရွှင်စွာကစား ---ဆိုတဲ့သတင်း။
သတင်း (ဂ)- ဇန်န၀ါရီလ၂၅ရက်နေ့ မနက်စောစောမြ၀တီမြို့  ဘက်ကနေမဲဆောက်ဘက်ကို အလုပ်သွားဆင်းတဲ့ပျိုမေတစ်သင်း၊ ဇန်န၀ါရီလ၂၄ရက်နေ့ ညကမြ၀တီမြို့ သောင်ရင်း ခန်းမမြင်ကွင်း၊ဦးဂျော်လီထွန်းနယ်လှည့်ရောင်းချနေဆဲ ၂၃နှစ်စာအုပ်တွေ၊ဆရာမင်းကိုနိုင်၊ဆရာဦးမေတ္တာတို့ ရဲ့  စာပေဟောပြောပွဲ(သတင်းဆောင်းပါး)
သတင်း (ဃ)ဆိုးရွားတဲ့အအေးဒဏ်ကြောင့် မဲဆောက်မှာမြန်မာအလုပ်သမတဦးသေဆုံး---ဆိုတဲ့သတင်း။
သတင်း(စ) ဗီဇာ ၆ နှစ်ပြည့် မြန်မာအလုပ်သမားတွေ၊ ထိုင်းနိုင်ငံမှာ ဆက်လက်နေထိုင်ခွင့် မသေချာ-- ဆိုတဲ့သတင်း။
(င)ကြားဖြတ်ကြားညှပ်သီချင်း၁ပုဒ်သီဆိုပါမယ်။ ဆရာမိုး ကိုယ်တိုင်ရေး-ကိုယ်တိုင်ဆိုမယ့်ကိုယ်တိုင်ဆိုမယ့်-*စိတ်ညစ်ရကြောင်း- -မောင်ရွှေ့ ပြောင်း-မေရွှေ့ ပြောင်း*-သီချင်း။
အစီအစဉ်---၃။ ။ထိုင်းဥပဒေပါအလုပ်သမားအခွင့်အရေး(ထိုင်းနိုင်ငံလျော်ကြေး အက်ဥပဒေ-BE2537/1994မှာဖော်ပြပါရှိတဲ့အလုပ်သမားအခွင့်အရေး အကြောင်းတစေ့တစောင်းဆွေးနွေးချက်ဖြစ်ပါတယ်။)
အစီအစဉ်-၄။ ။တိုက်ရိုက်လေလှိုင်း(ပရိသတ်နဲ့ တိုက်ရိုက်စကားပြောခန်း) ပရိသတ်ထဲကလူ-၇ယောက်လောက်ပြောနိုင်မယ်ထင်ပါတယ်။
အစီအစဉ်---၅။ ။ပုံပြင်လက်ဆောင်-အတွေးလက်ဆောင်အစီအစဉ်ဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့
* (“ကျော က်တုံး ပုံပြင်” )=ဆိုတဲ့ပုံပြင်ဖြစ်ပါတယ်။်-- ဒီပုံပြင်လေးကိုပြောပြဖို့ စီစဉ်ထားပါတယ်ပရိသတ်။
အစီအစဉ်---၇။ ။။ နိဂုံချုပ်သီချင်း(ဆရာမိုးကိုယ်တိုင်ရေးဖွဲ့ တဲ့ * -အန္တရာယ်ကင်း--ဘေးရှင်းဆုတောင်းသီချင်း -*)အဲဒီသီချင်းကိုသီဆိုကြပြီး ကျနော်တို့ ရဲ့ အစီအစဉ်ကိုပြီး ဆုံ့းကြမှာဖြစ်ပါတယ်။
……………………………………………………..
+သတင်း(က)+**တရားဝင်နေထိုင်ခွင့် လက်မှတ်ဖြင့် နယ်ကျော်အလုပ် လုပ်ကိုင်သော မြန်မာနိုင်ငံသားများကို ထိုင်းအာဏာပိုင် လိုက်လံဖမ်းဆီး**
ထိုင်းနိုင်ငံ တောင်ပိုင်း ပူးကက်နဲ့ ချွန်ဖုံး ခရိုင်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၃၁ ဦးနဲ့ အတူ ထိုင်းလုပ်ငန်းရှင် ၀ိဆို စွမ်စ၀ပ်အား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံသားများဟာ သတ်မှတ်ထားတဲ့အဆင့်သာ လုပ်ရမယ့်အလုပ်အကိုင် သတ်မှတ် ပေးထားတဲ့အတိုင်း မလုပ်ဘဲ ထိုင်းနိုင်ငံသားတွေအတွက် သာ လုပ်ကိုင်ခွင့်ရတဲ့ လုပ်ငန်းတွေမှာ ၀င်ရောက်လုပ်နေကြ လို့ ဖြစ်တယ်လို့  ရဲမှူး ကြီး ဖတ်ဖုံးစိုင်အူဗွန်က သတင်းစာရှင်းလင်းရာမှာ ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ လာရောက် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများအနေနဲ့  သက်ဆိုင်က ခွင့်ပြုထားတဲ့နယ်မြေကို ကျော်ပြီး တခြားပြည်နယ်တွေမှာ သွားရောက် လုပ်ကိုင်လို့ မရတဲ့အပြင် သတ်မှတ်ပေးထားတဲ့ အောက်ခြေအလုပ် (အိမ်ဖေါ်-ငါးဖမ် စက်လှေ-တောင်ယာခုတ်-အလုပ်ကြမ်း)ကိုသာ လုပ်ကိုင် ခွင့်ရပြီး၊ အဆိုပါ အလုပ် အကိုင် တွေကနေ တခြားထိုင်းလူမျိုးများ လုပ်ကိုင်နေတဲ့အလုပ်များ ကို ၀င်ရောက် လုပ်ပိုင်ခွင့် မရှိကြောင်းနဲ့  နားလည်မှုနဲ့  လုပ်ပိုင်ခွင့် ပေးထားတာတွေကို တွေ့ ရှိခဲ့ရင် သတင်းပေး ကြဘို့  ရဲမှူးက အရေးပေါ်ဖုန်းနံပါတ်နဲ့  ထိုင်းပြည်သူတွေကို တိုက်တွန်းထားကြောင်း ထိုင်းနိုင်ငံထုတ် မန်နေဂျာအွန်လိုင်းသတင်းမှာ ဖေါ်ပြထားပါတယ်။ ဒီသတင်းကိုးကားချက်ကတော့။အခုလ၂၅ရက်နေ့ ထုတ် -ဆော(SAW)အဖွဲ့ ရဲ့ သတင်း၁ပုဒ်ဖြစ်ပါတယ်။
…………………….
သတင်း(ခ)=မဲဆောက်မြို့ ရောက်Spark Circus အဖွဲ့ နေ့ သစ်အလကကျောင်းသား တွေ၊မောနင်းဂလိုရီကျောင်းသားတွေနဲ့ ပျော်ရွှင်စွာကစား=
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ ကိုခရီးလှည့်လည် ရောက်ရှိနေတဲ့Sparkဆပ်ကပ်အဖွဲ့ ဟာ
ဇန်န၀ါရီလ၂၅ရက် နေ့ လိုအလွန်အေးစိမ့် ပြီးနေရောင်မမြင်ရတဲ့ နေ့ မှာနေ့ သစ်(New Day Learning Centre)ဆီကိုရောက်ရှိလာကြပါတယ်။ သူတို့ ရောက်လာတာနဲ့ အတော်ပါပဲ။တော်တော်အေးစိမ့် နေပြီးခြေဖျားလက်ဖျားတွေတောင်တောင့်တင်းနေ
တဲ့ အချိန်မှာ*ဟေး--ဟေး--ဟား-ဟား*နဲ့ သူတို့ ကစလိုက်တာနဲ့ နေ့ သစ်အလကကျောင်းက ချမ်းနေကြတဲ့မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေရဲ့  ရင်သွေးလေးတွေဟာ အတော်ပဲဖြစ်သွားပါတော့တယ်။ သူတို့ ထဲက၁ဦး၊၂ဦး၊၃ဦးစသဖြင့်အဖွဲ့ ငယ်ကလေးတွေ လူခွဲပြီးကလေးတွေနဲ့ အတူဆပ်ကပ်ပညာအခြေခံတွေထဲ ကတချို့ ကိုကလေးတွေကရှေ့ ကနမူနာပြပြီးဆော့ကစားသွားစေ တာတွေ့ ရပါတယ်။ နေ့ သစ်အလကကျောင်းကိုမြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီ(JACBA)က၂၀၀၅ခုနှစ်ဒီဇင်ဘာလ၃၀ရက်န့ မှာ ဂျက်ဂွာစတီးလ်စက်ရုံ၊စိန့် ဟိန်းစက်ရုံ(ယခုDKသိုးမွှေးစက်ရုံ)၊ ဆောက်လုပ်ရေး၊ကျပန်းစတဲ့
လုပ်ငန်းခွင်တွေက မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေရဲ့ ရင်သွေး၂၅ဦးနဲ့  မူကြိုကျောင်းငယ်ဘ၀ကနေမူလတန်းကျောင်း၊အဲဒီကနေ အလယ်တန်းကျောင်းစသဖြင့်အဆင့်ဆင့်ဖြတ်သန်းခဲ့တာပါဗျ။ အခုအခါမှာမူကြိုကနေ၇တန်းအထိကျောင်းသား(၄၃၀)ခန့် ၊ ဆရာ၁၅ဦး၊တို့ နဲ့ အတူ၂၀၁၅-၁၆ပညာသင်နှစ်ကိုဖြတ်သန်းနေ ကြဆဲဖြစ်ပါတယ်။လက်ရှိပင်မအလှူရှင်ကတော့နယ်စည်းမခြား အကူအညီပေးရေးအဖွဲ့ (HWF)ဖြစ်ပါတယ်။ အလားတူစွာပဲ၊မဲဆောက်မြို့ မယ့်ကဆာတိုက်နယ်မှာရှိတဲ့ မောနင်းဂလိုရီကျောင်းကိုလည်းSpark ဆပ်ကပ်အဖွဲ့ ရောက်ရှိသွားပြီးကျောင်းသား တွေနဲ့ ပျော်ရွှင်စွာဆော့ကစားခဲ့တယ်လို့ သိရပါတယ်။ (သတင်းကိုးကားကတော့။ ။ဆရာမိုးရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့(သောင်ရင်းနဂါး)ဆီက သတင်းဖြစ်ပါတယ်။
………………………………….
သတင်း(ဂ)=ဇန်န၀ါရီလ၂၅ရက်နေ့ မနက်စောစောမြ၀တီမြို့  ဘက်ကနေမဲဆောက်ဘက်ကို အလုပ်သွားဆင်းတဲ့ပျိုမေတစ်သင်း၊ ဇန်န၀ါရီလ၂၄ရက်နေ့ ညကမြ၀တီမြို့ သောင်ရင်း ခန်းမမြင်ကွင်း၊ဦးဂျော်လီထွန်းနယ်လှည့်ရောင်းချနေဆဲ ၂၃နှစ်စာအုပ်တွေ၊ဆရာမင်းကိုနိုင်၊ဆရာဦးမေတ္တာတို့ ရဲ့  စာပေဟောပြောပွဲ(သတင်းဆောင်းပါး)=
လောကဓာတ်တခွင်လုံးနှင်းတွေဖုံးမဖုံးသေချာမသိရပေမယ့် ဒီကနေ့ မနက်ထိုင်း-မြန်မာနယ်စပ်မြ၀တီနဲ့ မဲဆောက် ဘက်မှာတော့စတင်အေးစိမ့် မှုနဲ့ အတူနှင်းတွေလည်း အတော်အတန်ဝေနေပါပြီပရိသတ်။ ဇန်န၀ါရီလ၂၄ရက်နေ့ ညပိုင်းကမြ၀တီစာပေဟောပြောပွဲ အပြီးမှာစာရေးသူ(သောင်ရင်းနဂါး)မှာမအိပ်နိုင်သေးပဲ (ကြမ်းပိုးကိုက်တာထက်ဆိုးတဲ့ပရီးမီးယားလိဂ်ဘောလုံးပွဲ ကိုက်တာမို့ )အာကြီး-ချဲလ်ဆီးပွဲပြီးအောင်ကြည့်ရှုပြီးသကာလ တစ်ရေးမှေးစက်ကာမြ၀တီကနေခါတိုင်းကူးနေကျမိုးကုတ်ဂိတ် ၊ဘောဂိတ်ဘက်ကနေမကူးပဲသတင်းသိုးသိုးသန့် သန့်ကြား နေရတဲ့မဲဆောက်-မြ၀တီနှစ်ဘက်ခွ
နေထိုင်သူတွေရဲ့ တော့ပ်ဖောင်းအမျိုးသမီးအတွင်းခံပစ္စည်းစက်ရုံ ကပျိုမေတွေကိုအနီးကပ်လေ့လာဖို့ ကျွန်းတောကုတို့ ဆိပ်ကနေ မဲဆောက်ဘက်ကူးခဲ့ပါတယ်။ စာရေးသူ-သောင်ရင်းနဂါးဟာဖြင့်၊သောင်ရင်းမြစ်ကိုကူးတဲ့ အချိန်မှာမြန်မာစံတော်ချိန်၅း၄၅နာရီ (ထိုင်းစံတော်ချိန်၆း၁၅)ပဲရှိသေးတာမို့ သူမတို့ ကို မေးကြည့်မိပါတယ်။ *ဟဲ့ ..ညည်းတို့ လှေကူးတာအစောကြီးပါလား... အလုပ်တက်ရမှာရး၃၀အဆိုင်းတစ်ဆိုင်းရယ်၊၈း၀၀အဆိုင်း တစ်ဆိုင်းရယ်မဟုတ်ဘူးလား* *အံမယ်..ဒီဦးလေးကြီးကသိသားပဲ..ဒီလိုပါသမီးတို့  ကလှေကူးရုံနဲ့ မပြီးသေးဘူးလေ။စက်ရုံရောက်အောင် လမ်းလျှောက်ရဦးမ.ယ်။ စက်ရုံရောက်ရင်လည်းအလုပ်ဝင်ချိန်တိုင်းကဒ်နှိပ်ရဦးမယ်. .ပြီးတော့အချိန်နည်းနည်းရရင်ဟိုဟာဒီဟာမာမားလေးဘာလေး အဆာပြေစားဖို့ ပေါ့..* *ဟဲ့ ..လမ်းလျှောက်ရင်း..ဘဲနဲ့ ဖုန်းပွားတာပါပြောပြလိုက်. .ကောင်မရေ့ *
*၀ါး.......................*
သူမတို့ ရယ်ပွဲဖွဲ့ ကြတာပါပရိသတ်။ ကိုင်း... ဇန်န၀ါရီလ၂၅ရက်နေ့ မနက်မှာမဲဆောက်မြို့ ဘန့် ထာ့ အာန် ကျေးရွာရှိတော့ပ်ဖောင်းအမျိုးသမိးအတွင်းခံ
ပစ္စည်းစက်ရုံကို သွားတဲ့သူမတို့ ကူးသန်းမှုများရာကျောက်ဖျာဂိတ် ၊သရက်ပင်ဂိတ်စတဲ့ကုတို့ ဆိပ်တွေကို ကြည်ံရင်းသူမတို့ စက်ရုံအနီးအထိလိုက်ကြည့်မိပါတယ်။ သူမတို့ ထဲကတစ်ယောက်က....*ဆရာရယ်။သမီးတို့ မှာအခု လောလောဆယ်ပြသနာကရက်ပေါင်ကြေး
(အလုပ်စတင် ၀င်ရောက်ချိန်မှာမိမိကအခကြေးငွေမရပဲအလကားလုပ်ပေး ရတဲ့ရက်အချို့ )များတာရယ်၊အိုတီချိန်များတာရယ်၊ အထောက်အထားလုပ်ရတဲ့အတွက် လစဉ်ပေးရတဲ့လစာထဲကဖြတ်တောက်ကြေးကမူလကုန်ကျစရိတ် ထက်ကျော်နေတာကိုလည်းရုံးခန်းကခပ်တည်တည်နဲ့  ဆက်ဖြတ်နေတာရယ်၊အဲဒါလောက်ပဲရှိပါသေးတယ်..* အခြားသူမတစ်ယောက်ကလည်း..*ဟဲ့..ငါအလုပ်ဝင်တုန်းက အလုပ်ဝင်ကြေး၎သိန်းကျပ်ပေးရတာလေ။အခု၃နှစ်ကျော်ပြီ။ ဘယ်မှာပြန်ပေးလို့ လဲ။ဝင်စက၁နှစ်ကျော်ရင်အဲဒီဝင်ကြေးထဲ ကအပြည့်ပဲပြန်ပေးတော့မလိုလို၊တစ်ဝက်ပဲပြန်ပေးတော့မလိုလို.. နဲ့ ညာထားတာလေ။ ဟို..အကြဲ(စူပါမ)ကြီးလေဟာ..အဟီး..*
သူမကအဟီးဆိုသော်လည်းစာရေးသူမှာမပြုံးနိုင်ပါ။ စာရေးသူရဲ့ အတွေ့ အကြုံ၁၃နှစ်အတွင်းမှာဟောဒီ တော့ပ်ဖောင်းစက်ရုံ(အရင်က-ဒီဘန့် ထာ့အာန်ရွာတစ်ရုံ တည်းပါပဲ။အခုတော့မယ်ကုတိုက်နယ်၊ ဘန့် ဖလက်ကျေးရွာမှာနောက်ထပ်တော့ပ်ဖောင်း တစ်ရုံရှိနေပါသေးတယ်။) အော်.....တော့ပ်ဖောင်း..တော့ပ်ဖောင်း။ရွှေ့ ပြောင်းအလုပ်သမား တွေရဲ့ 
ချွေးတွေ၊မျက်ရည်တွေကိုတော့ယူ၊ကော့ယူပြီး အိတ်ဖောင်းနေတာများလားကွယ်။သဟာတွေကဇန်န၀ါရီလ ၂၅ရက်နေ့ မနက်အတွေ့ ၊အမြင်နဲ့  ဆင့်ပွားအတွေးနယ်ချဲ့ မှုတွေပါဗျ။ ကိုင်း..မနေ့ ကညပိုင်းမြ၀တီမြို့ နယ်စာပေဟောပြောပွဲအကြောင်း ဆက်ကြပါဦးစို့ ရဲ့ ။*သောာင်ရင်းခန်းမ*အ၀င်မှာမြ၀တီမြို့ နယ် စာရေးဆရာအသင်းကကြီးမှူးကျင်းပတဲ့အဌမအကြိမ်မြောက် စာပေဟောပြောပွဲကြော်ငြာကိုထင်းထင်းနဲ့ မှလင်းလင်းချစ်သုဝေ တွေ့ ရပါတယ်။ ပထမနေ့ ကဆရာမောင်သာချို(ခ)ဂျက်-ကွမ်းခြံကုန်းနဲ့  မိုးလေ၀သပညာရှင်-ဒေါက်တာထွန်းလွင်တို့ ၂ဦးဟောပြောခဲ့ပြီး ပြီးပါပြီ။ ဇန်န၀ါရီလ၂၄ရက်၊ဒုတိယနဲ့ နောက်ဆုံးနေ့ မှာတော့ စာရေးဆရာမင်းကိုနိုင်နဲ့ ဆရာဦးမေတ္တာတို့ ရဲ့ စာပေ ဟောပြောပွဲအစီအစဉ်ဖြစ်ပါတယ်။ စပေဟောပြောပွဲမစမီကြီုတင်ရောက်ရှိပြီးစာဖြန့် ဖြူးရေး မောင်သိန်းတန်လုပ်နေသူတစ်ဦးရှိပါတယ်။
သူကနယ်လှည့် ကိုယ်ပိုင်နိုင်ငံရးစာအုပ်အရောင်းသမား-ဦးဂျော်လီထွန်း ဖြစ်ပါတယ်ဗျ။ဦးဂျော်လီရဲ့ အကျဉ်းထောင်တွင်း
၂၃နှစ်ပြည့်ရန် ၂ရက်အလို-စာအုပ်ဟာရောင်းအားကောင်းတယ်-လို့ ဆိုပါတယ်။ ဒီလိုနဲ ဇန်န၀ါရီလ၂၄ရက်နေ့ ညပိုင်းစာပေဟောပြောမယ့် စာရေးဆရာကဗျာဆရာ ဦးမင်းကိုနိုင်ရောက်လာရောဆိုပါစို့ ။သူကခရီးရောက်မဆိုက် ဆိုသလိုသူ့ စာအုပ်အချို့ကိုဝယ်ယူအားပေးတဲ့စာဖတ်ပရိသတ်ကို သူကိုယ်တိုင်အမှတ်တရလက်မျတ်ရေးထိုးပြီးမှည၈နာရီမှာ စတင်ဟောပြောပါတယ်။ ဆရာမင်းကိုနိုင်ဟောပြောနေစဉ်မှာသောင်ရင်းခန်းမတစ်ခုလုံး ပြည့်လျှံသွားပြီးသကာလ၊အပြင်ဘက်
ကကြားချင်သပနဲ့  နားဆင်သကြသူတွေအတွက်ပရိုဂျက်တာထိုးပြီးပြသပေးရပါတယ်။ ဆရာမင်းကိုနိုင်ကနိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ပျိုးခင်းပမာဖြစ်တဲ့ ကလေးတွေနဲ့ ပတ်သက်ပြီးဇောင်းပေးဟောပြောသွားတာကြားကြ ရပါတယ်။ဆရာမင်းကိုနိုင်ပြီးတော့လူရွှင်တော်စာရေးဆရာ-ဦးမေတ္တာရဲ့ အလှည့်ဖြစ်ပါတယ်။(ဒီသတင်းဆောင်းပါး အကိုးအကားကတော့။ ။ဆရာမိုးရဲ့ သောင်ရင်းနဂါးဖေ့စ်ဘွတ်ကဖြစ်ပါတယ်။)
…………………………………………..
သတင်း -(င)**ဆိုးရွားတဲ့အအေးဒဏ်ကြောင့် မဲဆောက်မှာမြန်မာအလုပ်သမတဦးသေဆုံး**
အအေးလှိုင်းဖြန်သန်းမှု ဂယက်ရိုက်ခတ်ခဲ့တဲ့ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ မှာ အအေးဒဏ်ကြောင့် မဲဆောက်ချစ်ကြည်ရေးတံတားအနီးရှိ အလုပ်ရုံတခုမှာအလုပ် လုပ်ကိုင်နေတဲ့မြန်မာအလုပ်သမ တဦးဖြစ်တဲ့ မစန္ဒာအေး (၃၀) နှစ်ဟာ ဇန်န၀ါရီလ၂၅ရက်နေ့ ညနေပိုင်းက သေဆုံးသွားခဲ့ပါသတဲ့။ လက်ရှိမဲဆောက်မှာ၁၂ ဒီဂရီစင်တီဂရိတ်တွင် ရှိနေတဲ့အပြင် မိုးပါရွာနေတဲ့အနေအထားတွေဖြစ်ပေါ်နေတာပါတဲ့။ နောက်ထပ်ရက်အနည်းငယ် အအေးပိုမှာဖြစ်တာမို့ လို့ ၊ ပြည်သူတွေဟာနွေးနွေးနဲ့ မှ၊ ထွေးထွေး(ညီအမ၂ယောက်ပေါ့လေ) နေထိုင်ဖို့ နဲ့ ကျန်းမာရေးကလညိးု အထူးဂရုစိုက်နေထိုင်ကြဖို့  တာဝန်ရှိသူတွေက မဲဆောက်မြို့ မှာအသိပေးကြေညာထားပါ သတဲ့။အဲ….တရုပ်နိုင်ငံမှာဆိုးရွားတဲ့ အအေးလှိုင်းဖြတ်သန်း မှုကြောင့် ဆက်စပ်လျှက်ရှိနေတဲ့ထိုင်း-မြန်မာနယ်စပ်ရှိ ဒေသ အချို့ကိုပါ ဂယက်ရိုက်ခတ်ခဲ့တာဖြစ်ပါသတဲ့။အဲဒီလိုဂယက်ရိုက်ခတ် မှုကြောင့် ထိုင်ဝမ်မှာလူ ၈၅ ဦးသေဆုံးခဲ့ပါသတဲ့ပရိသတ်တို့ ရေ။ (ဒီသတင်းအကိုးအကားကတော့။ ။ ဇန်န၀ါရီလ၂၆ နေ့ ထုတ်- ကရင်အမျိုးသား မီဒီယာကဖြစ်ပါတယ်ပရိသတ်။)
…………………………………………………….
သတင်း(စ) **ဗီဇာ ၆ နှစ်ပြည့် မြန်မာအလုပ်သမားတွေ၊ ထိုင်းနိုင်ငံမှာ ဆက်လက်နေထိုင်ခွင့် မသေချာ **
ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် ဗီဇာ ၆ နှစ် ရရှိထားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ မကြာခင်မှာ သူတို့ရဲ့ ဗီဇာ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ နိုင်ငံခြားသားများအနက် ၆ နှစ် ဗီဇာ ပြည့်တဲ့သူတွေရဲ့ ဆက်လက် နေထိုင်ခွင့်ကို ၎င်းတို့အနေဖြင့် အတိအကျမပြောဆိုနိုင်ကြောင်း ရန်ကုန်မှာ ပြုလုပ်တဲ့ ထိုင်း-မြန်မာ အစည်းအဝေးမှာ ထိုင်းအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ရွေ့ပြောင်းအလုပ်သမားအရေး အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီ လဆန်းမှာ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ ၆ နှစ် ဗီဇာသက်တမ်းပြည့် သူတွေကို တာဝန်ယူပေးဖို့ မြန်မာဘက်က တောင်းဆိုခဲ့ပါ တယ်။ ဒီတောင်းဆိုချက်ကို ထိုင်းဘက်က သက်ဆိုင်ရာ လူကြီးတွေက အစည်းဝေး တရပ်ခေါ်ယူပြီး ဆုံးဖြတ်ကြမှာ ဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ထိုင်းဥပဒေအရ ယာယီပတ်စပို့ ကိုင်ဆောင်သူတွေအတွက် နေထိုင်ခွင့် ဗီဇာကို ၄ နှစ် သတ်မှတ်ထားခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ်တွေက ဗီဇာသက်တမ်း ၄ နှစ်ပြည့်သွားတဲ့ သူအတွက် မြန်မာဘက်က ဆက်လက် နေထိုင်ခွင့်တောင်းဆိုတာကြောင့် နောက်ထပ် ၂ နှစ် ထပ်မံ သက်တမ်းတိုးပေးခဲ့ခြင်း ဖြစ်ပါတယ်။ မကြာခင် ကာလအတွင်းမှာ ၆ နှစ် ဗီဇာ သက်တမ်းပြည့် တော့မယ့် သန်းချီတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် နှစ် နိုင်ငံအစိုးရက တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးတာကြောင့် အလုပ်သမားတွေမှာ ဆက်လက် နေထိုင်ခွင့် ရရှိရေး အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ (ဒီသတင်းအကိုးကတော့ဇန်န၀ါရီလ၂၉ရက်နေ့ ထုတ်-ဧရာဝတီသတင်းဌာနရဲ့ သတင်း၁ပုဒ်ဖြစ်ပါတယ်။)
(လေးဖြူ-သီချင်းသိဆိုရန်) *မသေချာ..ဘူး...မရေရာ..ဘူး...ဟူး*
////////////////////////////////////////////////
**စိတ်ညစ်ရကြောင်း မောင်ရွှေ့ ပြောင်း-မေရွှေ့ ပြောင်းသီချင်း**
(သံပြိုင်ဆို)(မောင်..ရွှေ့ ပြောင်း...မေ...ရွှေ့ ပြောင်း..အကုန်အကျ တွေများ စိတ်..တအား..ညစ်တယ်ကွယ်)၂ အပိုဒ်-၁။ ။ပတ်စ်ပို့ ..မလုပ်..မနေရတယ်.....၀ပ်ပါမစ်.. သက်တမ်းတိုးမယ်.. ပြောပါ..များတော့..ကြောက်လာတယ်.....(အဲ့ ..အယ်) အပိုဒ်-၂။ ။နှစ်ဖက်..အစိုးရ..မငဲ့ ညှာတယ်...ရှာသမျှက.. တက်တက်ပြောင်တယ်....သူငြီး..ကိုယ်ငြီး..အကုန်ငြီး..ကြသမို့ .. ဗဲရီး..ဆောရီး..ဆောရီး..အော်ချင်တယ်.... (*ပန်းကောက်တေး*သီချင်းအလိုက်ဖြစ်ပါတယ်ပရိသတ်)
//////////////////////////////////////////////////////////////////////
**ပုံပြင်လက်ဆောင်-အတွေးလက်ဆောင်(“ကျောက်တုံး ပုံပြင်”
တခါတုန်းကလူသွားလူလာများတဲ့လမ်းမပေါ်မှာ ကျောက်တုံးကြီးတစ်တုံးကျရောက်ပိတ်ဆို့နေသတဲ့။ အဲ..လူတွေကလည်း အဲဒီလမ်းမကြီးကို အသုံးပြုနေကြရတာ မှန်ပေမယ့် ကိုယ်နဲ့မဆိုင်သလို သူလုပ်နိုး၊ ငါလုပ်နိုး တွက်ကပ်ကြပြီး၊ ကျောက်ဘေးကပဲ ကွေ့ဝိုက်ပြီး သွားကြသတဲ့။ အဲဒီမှာ လမ်းဘေးက ချိုင့်ထဲ ထိုးကျလို့ လှည်းတွေ ဘာတွေမှောက်လိုမှောက်၊ကလေးတွေလည်း လမ်းဘေးက ဆူးတွေ ဘာတွေ စူးပေါ့လေ။(အမေလေး… သေပါပြီတော်)
(အမေရေ..ကယ်ပါ.. အမေဂျမ်းကယ်ပါ..အမေနံကရိုင်းကယ်ပါ…အမေရေယာဉ် ကယ်ပါယယရှိရှိသမျှအမေတွေကယ်ပါ..အီးဟီးဟီး) အဲဒီလိုငိုကြယိုကြဒဏ်ရာရကြတော့မှပဲနောက်တော့မှ မနေသာသူ တာဝန်သိပြည်သူတဦးက ကျောက်တုံးကို ဖယ်ရှားပေးလိုက်တဲ့အခါ ကျောက်တုံးအောက်မှာ ဆုတော်လာဘ်တော် အနေနဲ့ (ဘုရင်က) ထည့်ထားခဲ့တဲ့ အသပြာထောင်ထုပ်ကို ရသွားသတဲ့။ေ အဲဒီနောက်ပိုင်းတော့ လမ်းမပေါ်မှာ ကျောက်တုံးလး တတုံးတလေ မတော်တဆ ကျရောက်လာရင် လူတွေဟာ သူဖယ်မယ်၊ ငါဖယ်မယ်နဲ့ အငြင်းပွားရင်း ရန်တွေ ဘာတွေတောင် ဖြစ်ကုန်ကြတယ်။ *ဟေ့..ဒါကငါဖယ်ရမယ့်ကျောက်တုံးကွ..မဆိုင်သူမကပ်နဲ့ . .ဒီမှာတွေ့ လား။ * (အံမယ်..သူ့ လက်ထဲကသကြံန်သေနတ်ကလေးများ ဒီကကြောက်မယ်မှတ်နေလား။သွား..ဂိုး….) *အို..ကျမပဲဖယ်မယ်ရှင်..သွားကြ၊သွားကြ*
ကြားကြတဲ့အတိုင်းပါပဲပရိသတ်။မိန်းမတွေဆိုတာလည်း ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထမိန်တွေ ဘာတွေ ကျွတ်တဲ့ လူကျွတ်ပေါ့။ အဲ…..ကျောက်တုံးကို ဖယ်ပြီးတိုင်းမှာလည်း ဖယ်ခဲ့တဲ့လူဟာ ကျောက်တုံးအောက်မှာ အသပြာထောင်ထုပ်ကို တွေ့မလားလို့ ရှာရတာလည်း အမောပေါ့။ *ဟ..ဟ…..ဒီကျောက်တုံးအောက်မှာအကြွေးစာရင်း စာအုပ်(အဲလေ)အသပြာထောင်ထုပ်ရှိတယ်ဟ.. အာ..ဘယ်ရောက်သွားပါလိမ့် ..* *ဒီမှာ..ဒီမှာ..ဒီမှာတွေ့ ပြီ*
*အာ….နောက်ချေးခြောက်ထုပ်ကြီးဟ..*
ဒီလိုနဲ့ တနေ့မှာတော့ အဲဒီလမ်းမပေါ်မှာပဲ ကျောက်တုံး အကြီးကြီး တစ်တုံး ရောက်နေပြန်သတဲ့။ ထုံးစံအတိုင်း ပေါ့ပရိသတ်ရေ။ လူတေဟွာ သူ့ထက်ငါ ဦးအောင် ပြေးတွန်းကြပြန်တာပေါ့။ ဒါပေမယ့် ဒီတခါ ကျောက်တုံးက နှယ်နှယ်ရရ ကျောက်တုံးမဟုတ်ဘူး။ ဘီလူးတကောင် စောင့်ကြပ်နေတဲ့ ကျောက်တုံးတဲ့။ အဲဒီဘီလူးက ကျောက်တုံးလာတွန်းတဲ့လူတိုင်းကို ကျောစုတ်သွားအောင် ကြာပွတ်နဲ့ ရိုက်ထုတ်လေ့ရှိသတဲ့။ အစောပိုင်းကတော့ အသပြာထောင်ထုပ် ရမလား၊ နာမည်ကောင်းရလေမလားဆိုပြီး အူယားဖားယား ပြေးတွန်းတဲ့သူတွေမှာ ကျောကော့အောင် ကြာပွတ်နဲ့ ရိုက်တဲ့ဒဏ်ကို အသီးသီး ခံလိုက်ကြရသတဲ့။
*ဖြန်း..ဖြန်း..ဖြန်း*
*အမေလေး..တေပါပြီဂျာ…အား…နာလိုက်နာ*
*အားပါးပါး..နာလိုက်တာတော်…*
အဲဒီနောက်ပိုင်းမှာ ကျောက်တုံးရဲ့ သဘောသဘာဝကို သိလာကြတော့ကာ၊ လူတွေဟာ အဲဒီကျောက်တုံးအနီးကို မကပ်ရဲတော့ဘဲ မမြင်ချင်ယောင်ဆောင်ပြီး ဘေးကနေ ပတ်သွားဖို့ပဲ ကြိုးစားကြတော့သတဲ့ကွယ်။ အဲ…ဒါပေမယ့် အဲဒီလမ်းဟာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ လမ်းမကြီးဖြစ်နေတာကြောင့် အဆင်မပြေမှုတွေကို လူတိုင်း ကြုံတွေ့နေကြရတော့တာပေါ့။ အဲဒ်ီအချိန်မှာ ထူးဆန်းတာက ကျောစုတ်မယ်မှန်းသိသိနဲ့ ကျောက်တုံးကြီးကို ခွန်နဲ့အားနဲ့ တွန်းဖယ်မယ့် လူအချို့ ထွက်ပေါ်လာကြတာပဲ။ *ဟေ့….တိုင်းရေးပြည်ရေး..ရပ်ရေးရွာရေးဆိုရင် ငတို့ ကလက်မနှေးဘူးကွ..ကိုင်းတွန်းမကွာ..(အားလားလား..ရိုက်တယ်ဟ)*
*တွန်းဟေ့..တွန်းဟ..* ကြားတဲ့အတိုင်းပါပဲနော်။ကျောက်တုံးစောင့်ဘီလူးကလည်း သူတို့ကို ဘယ်ချမ်းသာပေးပါ့မလဲ။ ကြာပွတ်နဲ့ တရွှမ်းရွှမ်း ရိုက်လိုက်တာ သူတို့ရဲ ကျောပြင်တွေမှာ ဒဏ်ရာတွေနဲ့ သွေးချင်းချင်းနီကုန်သတဲ့။ ဒါပေမယ့်လည်း ဒီလူတွေဟာ နောက်ဆုတ်မသွားပဲ ဒဏ်ရာနဲ့ ဝေဒနာကို အံကြိတ်ခံစားရင်း တွန်းမြဲတွန်းနေကြသတဲ့။ ဒါပေမယ့် လူအရေအတွက်နည်းတာကတကြောင်း၊ ကြာပွတ်ဒဏ်ကြောင့် ခွန်အားဆုတ်ယုတ်တာကတကြောင်း၊ ကျောက်တုံးကြီး ကိုယ်၌က လေးလံတာက တကြောင်းတို့ကြောင့် ကျောက်တုံးကြီးဟာ နေရာက မရွေ့နိုင်သေးဘဲ ဖြစ်နေတော့တာပေါ့။ အဲဒီမှာပဲ။ကနဦးကတည်းက၊ ကျောက်တုံးမတွန်းဘဲ ကျန်ရစ်တဲ့လူတွေထဲက တချို့ဟာ အစက ကြောက်လို့ ၀င်မတွန်းပေမယ့် ၊တချိန်မှာတော့ ရဲရဲဝံ့ဝံ့ ၀င်တွန်းကြတာကိုလည်း တွေ့ရတယ်။ တချို့ကတော့ ကိုယ်တိုင်မတွန်းရဲပေမယ့် တွန်းတဲ့လူတွေကို အားရှိအောင် အော်ဟစ်အားပေးကြတယ်။ တချို့ကတော့ အရိုက်ခံရသူတွေရဲ့ ကြာပွတ်ဒဏ်ရာ တွေကို သက်သာအောင် ဆေးဝါးကုသပေးခြင်း၊ အမောပြေအောင် အစာရေစာ ကမ်းလှမ်းခြင်းတွေ ပြုကြတယ်။ ဒါတောင်မှ ဘီလူးက အနီးအပါးကို ကပ်လာသူတွေကိုပါ ကြာပွတ်စာ လှမ်းကျွေးတတ်တော့ လူတော်တော်များများက ဒီလို ထောက်ပံ့အကူအညီပေး တဲ့ အလုပ်မျိုးကို မလုပ်ဝံ့ကြဘူး။ စိတ်ဝင်စားစရာကောင်းတာကတော့ အခုဆက်ပြောပြမယ့် လူနှစ်မျိုးနှစ်စားအကြောင်းဘဲ။ ပထမတမျိုးဟာ နေ့စဉ် ဒီလမ်းမကြီးကနေ ဖြတ်သန်းသွား လာနေကြပေမယ့် ဒီဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကြီးတခုလုံးကို မမြင်ချင် ယောင်ဆောင်ပြီး ပုံမှန်အတိုင်းသွားလာနေကြတဲ့ သူတွေပဲ။ သူတို့ဟာ ဒီအဖြစ်အပျက်ကို သူတို့နဲ့ မဆိုင်သယောင်၊ ဖြစ်ရိုးဖြစ်စဉ် အရေးမကြီးတဲ့ ကိစ္စ တရပ်သဖွယ် သဘောထားကြတယ်။ ဒီကိစ္စဟာ သူတို့နဲ့ သက်ဆိုင်ပါတယ် သွားပြောရင်လည်း မသိချင်ယောင် ဆောင်နေတတ်ကြတယ်။ ဒုတိယတမျိုးကတော့ ဒီအဖြစ်အပျက်ကြီးတခုလုံး အမှန်တကယ် ဖြစ်ပျက်နေတာကို သူတို့သိတယ်။ ဒီကျောက်တုံးကြီးမရှိတော့ရင် ကောင်းမယ်ဆိုတာကို လည်း သိကြတယ်။ ဒါပေမယ့် သူတို့ဟာ ကျောက်တုံးကို ၀င်တွန်းဖို့ သတ္တိမရှိကြဘူး။ အဲဒီလို သတ္တိမရှိတာကိုလည်း ရိုးရိုးသားသား ၀န်ခံရမှာကို ရှက်ကြတယ်။ ဒီတော့ သွေးအလိမ်းလိမ်းနဲ့ ကျောက်တုံးတွန်းနေကြ သူတွေကို ကြည့်ပြီး အောက်ပါအတိုင်း မှတ်ချက်တွေ ပေးတယ်။ “ဒီလူတွေဟာ မပါးနပ်ဘူး။ ဒီကိစ္စမျိုးဆိုတာ ပါးနပ်ဖို့  လိုတယ်” “ဒီလောက်ကြာကြာတွန်းလာတာတောင် ကျောက်တုံးကို ရွေ့အောင် မတွန်းနိုင်ကြဘူး။ တော်တော် အရည်အချင်း မရှိတဲ့လူတွေ”
“လူတိုင်းပါဝင်နိုင်မယ့် နည်းလမ်းကို စဉ်းစားကြဖို့ ကောင်းတယ်”
“ဘယ်သူက ကူတွန်းချင်ပါ့မလဲ။ စည်းရုံးရေးမှ မကောင်းတာ”
“ခေါင်းဆောင်မှုက ညံ့တာကိုး။ နည်းဗျူဟာကလည်း ဖြစ်ဖြစ်မြောက်မြောက်မရှိ”
“အို…ဘီလူးနဲ့ယှဉ်နိုင်တဲ့ ခေါင်းဆောင်မှ မပေါ်သေးတာ”
“အို… ကျောက်တုံးကို တွန်းမှမဟုတ်ပါဘူး။ လမ်းဘေးက ဆင်းသွားလို့ ဆူးစူးတဲ့လူတွေကို ဆူးထွင်ပေးရင်လည်း ဒါဟာ တဖက်တလမ်းက ကူညီရာရောက်ပါတယ်။”
သြော်... ပရိသတ်တို့ ရေ…။ပုံပြင်ထဲက လူတွေများ ပြောပါတယ်နော်..ပုံပြင်ထဲကနော်ပရိသတ်။ **ပြုံးပြုံးပျော်ပျော်-စနေ့ နော်-သီချင်း**

သြော်... ပရိသတ်တို့ ရေ…။ပုံပြင်ထဲက လူတွေများ ပြောပါတယ်နော်..ပုံပြင်ထဲကနော်ပရိသတ်။
No comments:
Post a Comment