ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, January 14, 2016

အနီရောင် ကြာသပတေးကြယ်နှင့်တွေ့ဆုံနှုတ်ဆက်ခွဲခွာခြင်း (My Red Jupitar )

>
စက်တင်ဘာလ လလည်ခေါင်….။ အဲဒီနေ့က မိုးမရွာဘူး….။ နေ့ခင်း နေပူကျဲတောက်အောက်မှာ အနီရောင်တောက်တောက် ကြာသပတေးကြယ်လေး ကျွန်မဆီကို ရောက်လာခဲ့တယ်…။ တဖန်ပြန်လည်တွေ့ဆုံခြင်း တဖြစ်လဲ နှုတ်ဆက်ခွဲခွာခြင်း အဓိပ္ပါယ်သက်ရောက်မှုတို့က ကျစ်ကျစ်တောက်ပူနေတဲ့ နေရောင်အောက်မှာ အရည်ပျော်လုပျော်ခင်လေး….။ ဒါပေမယ့် တခဏကလေး ပြန်တွေ့ရလို့ ကြည်နူးဝမ်းသာပီတိဖြစ်မှုတို့က တမဟုန်ချင်း အေးမြတဲ့ မိုးဖွဲလေးအဖြစ် ဖန်ဆင်းလိုက်သလား….။ ကျွန်မနဲ့သူ နှစ်ယောက်ရှိရာ တစ်နေရာလေးမှာ ကွက်ကျားမိုးရွာချလိုက်တယ် ဆိုပါစို့…။ ငါးမိနစ်စာခရီးလောက်မှာရှိတဲ့ ကော်ဖီဆိုင်လေးဆီကို အငှားကားလေးနဲ့ ကျွန်မတို့အတူသွားကြတယ်…။ လမ်းမှာပြန်လည်ဆုံတွေ့ နှုတ်ဆက်စကားတွေ ဝေဆာပျံ့လွှင့်လို့ပေါ့…။ ထုံးစံအတိုင်း ကျွန်မက ကော်ဖီအပူ သူက အအေးမှာတယ်….။ နေပူလို့ထင်ရဲ့ ကျွန်မရဲ့ ကြာသပတေးကြယ်လေးက သူဝတ်ထားတဲ့ အနီရောင်စပို့ရှပ်လေးလို မျက်နှာတွေနီလို့ရယ်…။
အချိန်တိုလေးပေမယ့် စကားတွေအစုံပြောဖြစ်ခဲ့ကြတယ်…။ ဟိုးး….အဝေးကြီးကို အကြာကြီးသွားတော့မယ့် သူ့ကို ကျွန်မအမှတ်တရလက်ဆောင်လေးပေးချင်တယ်…။ စာပေချစ်တတ်သူမို့ စာအုပ်လက်ဆောင်လေးပေးဖြစ်တယ်…။ “ဦးနှောက်နဲ့ နှလုံးသား”တဲ့..။ ဆရာဖေမြင့်ရဲ့ ကျစ်လစ်ပြေပြစ်ရှင်းလင်းတဲ့ စကားလုံးတွေနဲ့ ဘာသာပြန် စာအုပ်လေးပါ…။ သူ့အတွက် ဦးနှောက်ရော နှလုံးသားပါ အဟာရဖြည့်ဖို့ တစ်သက်လုံးအမှတ်တရဖြစ်စေဖို့ လက်တစ်ဖ၀ါးစာ လက်ဆောင်လေးပါ..။ စာအုပ်လေးရဲ့ ပထမဆုံးစာမျက်နှာအလွတ် ညာဖက်ဒေါင့်မှာ နေ့စွဲတတ်ပြီး ကျွန်မလက်မှတ်ထိုးလိုက်တယ်..။ မကြာခင် သူဟာ ကျွန်မနေထိုင်ရာနေရာရဲ့ ကမ္ဘာတစ်ဖက်ခြမ်းကိုသွားရတော့မှာ… ကာလကြာရှည်မယ့် အချိန်တစ်ခုထိပေါ့….။ အချိန်အားဖြင့် သူနေထိုင်မယ့်မြို့ရဲ့ ဒေသစံတော်ချိန်ဟာ ကျွန်မတို့နဲ့ ဆယ်နာရီခွဲတိတိနောက်ကျတယ်…။ ကျွန်မကို သူတက်စီပေါ်လိုက်ပို့ပြီး ကားထွက်ခါနီး သူ့ကိုလက်ပြတော့ သူ့မျက်ဝန်းဆီက အရောင်တစ်ခုခုကို လှမ်းမြင်လိုက်ရတယ်…။ အို…တကယ်ဆို ဟိုးးး အဝေးကြီးကို အကြာကြီးခွဲခွာသွားတော့မယ့်သူကို ကျွန်မနွေးထွေးတဲ့ ပွေ့ဖက်နှုတ်ဆက်မှုတစ်ခုပြုလိုက်သင့်တာလို့ နောင်တရနေမိတယ်…။ ညနေသုံးနာရီနောက်ပိုင်းရဲ့ နေပူပူအောက်မှာ ကျွန်မတို့ယဉ်ကျေးမှုထုံးတမ်းတစ်ခုဟုတ်ပေမယ့် အနောက်တိုင်းဆန်ဆန် ပွေ့ဖက်နှုတ်ဆက်ခြင်းအားဖြင့် သူ့ရဲ့ ခရီးဆက်ရမယ့်ခြေလှမ်းတွေအတွက် အများကြီးမဟုတ်ရင်တောင် အားသေးသေးလေးတစ်ခုဖြစ်လောက်ရဲ့လို့ ကျွန်မ နောက်ကျစွာတွေးခဲ့မိတယ်…။ ခုတော့ …….။
ရန်ဖန်ရန်ခါ ကမ္ဘာမြေနဲ့အနီးဆုံးရောက်တဲ့အခါ ကောင်းကင်ရဲ့ ညနေခင်းမှာ အနီရောင်တောက်ပနေမယ့် ကြယ်တစ်စင်းကို မြင်တွေ့တတ်ကြမှာပါ…။ ခုတော့ အဲဒီအချိန်ကလေးကိုပဲ စောင့်ဆိုင်းရင်း ကျွန်မရဲ့ အနီရောင်ကြာသပတေးကြယ်ကလေးကို မော့ကြည့်ရတော့မှာပေါ့…။

 ///////////////////////////////////////////// 

+မိုးငွေ့ +

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)