ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, January 25, 2016

=The Mummyရုပ်ရှင်သစ်မှာပါဝင်မယ့်တွမ်ခရူးစ် နဲ့  ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း=

>

 **The Mummyရုပ်ရှင်သစ်မှာပါဝင်မယ့်တွမ်ခရူးစ်**

 ဟောလိဝုဒ်၏ ထိပ်တန်းမင်းသားတစ်ဦးဖြစ်တဲ့  တွမ်ခရူးစ်သည်
 ယူနီဗာဆယ်လ်ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်မည့် 
ရုပ်ရှင်သစ် ““The Mummy””တွင် ပါဝင်သရုပ်ဆောင်
သွားမည်ဖြစ်ကြောင်း ယူပီအိုင်ဒေါ့ကွန်းက အတည်ပြုေ
ပြောကြားခဲ့ သည်။ အသက် (၅၃)နှစ်အရွယ်မင်းသားကြီး
တွမ်ခရူးစ်သည် ယင်းရုပ်ရှင်တွင်အယ်လ်ဂျီးရီးယား-
ပြင်သစ်လူမျိုး မင်းသမီး ဆိုဖီယာဘွတ်တဲလ်လာနှင့် 
အတူ တွဲဖက်သရုပ်ဆောင်သွားမည်ဖြစ်သည်။

ယင်းရုပ်ရှင်ကို ၂၀၁၇ ခုနှစ် ဇွန် ၉ရက်တွင် စတင်
ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းလည်း ယူနီဗာဆယ်လ်
ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်ပြန်ခဲ့ သည်။
 ““The Mummy””ရုပ်ရှင်၏ မူလရုပ်ရှင်ကို ၁၉၃၂ ခုနှစ်တွင်
 စတင်ရိုက်ကူးခဲ့ ခြင်းဖြစ်ကာ ယင်းနောက်တွင် အဆိုပါ
ရုပ်ရှင်ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားသည့်
ရုပ်ရှင်ဇာတ်ကားပေါင်း ကိုးကားခန့် ထွက်ရှိခဲ့ ပြီးဖြစ်သည်။
 ၁၉၉၉ခုနှစ်က ဒါရိုက်တာ စတီဖင်စွန်းမားစ်ရိုက်ကူးခဲ့ သော
 ““ Mummy”” ရုပ်ရှင်သည် ၀င်ငွေ အမေရိကန်ဒေါ်လာ
 ၁ ဒသမ ၄ ဘီလီယံအထိ ရရှိခဲ့ သည့်  ၀င်ငွေကောင်းသော
 ရုပ်ရှင်တစ်ခုဖြစ်ခဲ့ သည်။ ရတနာသိုက်ရှာဖွေသူတို့ ၏
 စွန့်စားခန်းများအကြောင်း ရိုက်ကူးထားသည့်  သည်းထိတ်
ရင်ဖိုရုပ်ရှင် ““ Mummy””ကို ယခုတစ်ကြိမ်တွင်လည်း
အသွင်သစ်ဖြင့်  ပြန်လည်ဆန်းသစ်ရိုက်ကူးသွားမည်
ဖြစ်ကြောင်းသိရသည်။(အေးပြည့်)  

**မျိုးဆက်သစ်အနုပညာရှင်တွေအတွက်အကြံဉဏ်တွေပေးခဲ့တဲ့ပါ့ခ်ရှင်ဟေး** 

 တောင်ကိုရီးယားရဲ့  ကလေးသရုပ်ဆောင်တစ်ဦးအဖြစ်မှေ
အာင်မြင်တဲ့ ထိပ်တန်းအနုပညာရှင် တစ်ဦးအဖြစ် တက်လှမ်းန
နိုင်ခဲ့ တဲ့ အနုပညာရှင်တွေထဲကတစ်ဦးဖြစ်တဲ့  ပါ့ခ်ရှင်ဟေးဟာ
 ဇန်န၀ါရီ ၂၃ ရက်တွင် အန်တာတိန်းမန့် ဝိခ်ကလီးနဲ့  ပြုလုပ်
ခဲ့ တဲ့ အစီအစဉ်တစ်ခုမှာမျိုးဆက်သစ်အနုပညာရှင်တွေ 
အတွက် အကြံဉာဏ်တွေပေးခဲ့ ကြောင်း စွန်ပီဒေါ့ကွန်းက
 ဖော်ပြခဲ့ ပါတယ်။ 

မင်းသမီးက မျိုးဆက်သစ်အနုပညာရှင်တွေကို ကိုယ့် ဘ၀ကို 
ကိုယ်တိုင်ကျေနပ်နှစ်သက်ဖို့လို ကြောင်း၊ သူ့ အနေနဲ့ 
 ဆယ်ကျော်သက်အရွယ်မှာဖြစ်ပေါ်ခဲ့ တဲ့ခံစားချက်၊ 
အဲဒီခံစားချက်တွေကြောင့်  ဖြစ်ပေါ်လာရတဲ့  ကိုယ့် ရဲ့ 
ဆုံးဖြတ်ချက်တွေအတိုင်း အသက် ၂၀ ၊ ၃၀ အရွယ်တွေကို
 ဖြတ်သန်းရတာ ဖြစ်တယ်လို့  ခံစားရကြောင်းနဲ့  
ဆယ်ကျော်သက်အရွယ်မှာသူငယ်ချင်းတွေ၊ မိဘတွေနဲ့  
ရင်းရင်းနှီးနှီး နေထိုင်ဖို့ လည်း လိုအပ်ကြောင်း
 ပြောကြားခဲ့ ပါတယ်။ ပါ့ခ်ရှင်ဟေးဟာ အသက် (၁၃)နှစ်
အရွယ်မှာအနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ သူပါ။
 သူ့ ရဲ့ ပထမဦးဆုံးသောရုပ်သံဇာတ်လမ်းတွဲကတော့
 မြန်မာပရိသတ်များအထူးအားပေးခဲ့ တဲ့ရုပ်ရှင် တစ်ခုဖြစ်တဲ့
  ““အချစ်လှေကားထစ်လေးများ””ပဲ ဖြစ်ပါတယ်။ ယင်းရုပ်ရှင်မှာ
 ပါ့ခ်ရှင်ဟေးဟာ ခေါင်းဆောင် မင်းသမီး ချွိုင်ဂျီဝူးရဲ့  
ငယ်ဘ၀ကိုသရုပ်ဆောင်ခဲ့ ပါတယ်။ အဆိုပါရုပ်ရှင်ပြီးနောက် ပါ့ခ်ရှင်ဟေးဟာ ခေါင်းဆောင်မင်းသမီးအဖြစ် ဒရမ်မာရုပ်ရှင်တွေ
ရိုက်ကူးလာခဲ့ ပြီး လတ်တလောမှာလည်း သူဟာ
 ထိပ်တန်းသရုပ်ဆောင်တစ်ဦးအဖြစ်သာမက
 တောင်ကိုရီးယားရဲ့  အောင်မြင်တဲ့ မော်ဒယ်လ်တစ်ဦး 
အဖြစ်ပါ ရပ်တည်နေပါတယ်။ (အေးပြည့်) 

**ဂျွန်စတုန်းအားခေါ်ယူရန် ဘာစီလိုနာ၊ရီးယဲလ်၊မန်စီးတီးနှင့်
 ချယ်လ်ဆီး တို့ အပြိုင်ကြိုးပမ်းနေ**

 အဲဗာတန်အသင်းမှ အင်္ဂလန်လူငယ် ကစားသမားတစ်ဦး
ဖြစ်သည့်  ဂျွန်စတုန်းအားခေါ်ယူရန် စပိန် လာလီဂါ၏
 ထိပ်တန်းအဆင့် ရှိအသင်း နှစ်သင်းဖြစ်သည့်  ဘာစီလိုနာ
အသင်း နှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့  အပါအ၀င် 
အင်္ဂလန်ပရီမီယာလိဂ်မှ မန်စီးတီးအသင်းနှင့်  ချယ်လ်ဆီး
 အသင်းတို့ ကလည်း အပြိုင်ကြိုးပမ်း လျက်ရှိကြောင်း 
သိရသည်။ သို့ ရာတွင် အဲဗာတန်အသင်းသည် ပြီးခဲ့
သည့်နွေရာသီအပြောင်းအရွှေ့  ကာလအတွင်းက
 ချယ်လ်ဆီးအသင်း ၏ ပြောင်းရွှေ့ ကြေးပေါင် ၃၅ သန်း
 ဖြင့်  ကမ်းလှမ်းလာမှုကို သုံးကြိမ် တိုင်တိုင်ငြင်းဆိုခဲ့ ပြီး
 လက်ရှိတွင်ဘာစီလိုနာအသင်းနှင့် ရီးယဲလ်မက်ဒရစ်
အသင်းတို့ ကပါ ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ဘင်နီတက်ဇ်ရှိစဉ်က
 ဂျွန်စတုန်းအား ခေါ်ယူရန်စိတ်ဝင်စားခဲ့သော်လည်း 
လက်ရှိဘင်နီတက်ဇ်မရှိတော့သည့် အချိန်တွင်လည်း
 ခေါ်ယူရန်ပစ်မှတ်ထားလာခဲ့ သည်။ ထို့ ပြင်
 ရီးယဲလ် မက်ဒရစ်အသင်း၏ လာလီဂါ ပြိုင်ဘက်ဖြစ်သည့် 
 ဘာစီလိုနာ အသင်းကလည်း ဂျွန်စတုန်းအား
 ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ ဖြင့်  ခေါ်ယူရန်
ပြင်ဆင်လျက်ရှိသည်။ မန်စီးတီးအသင်းသည်လည်း 
မန်ဂါလာနှင့် အော့တမန်ဒီတို့မှာ မကြာခဏဆိုသလို
ဒဏ်ရာပြဿသနာ ကြုံတွေ့  နေခဲ့ခြင်းကြောင့်  နောက်တန်း
 ခံစစ်ကြောင်းအတွက် ဂျွန်စတုန်းကို ခေါ်ယူရန်
ပစ်မှတ်ထား လာခဲ့ ခြင်းဖြစ်သည်။ (ငွေကြယ်) 

**မန်ယူပရိသတ်များအနေဖြင်၎င်းအပေါ်ငြီးငွေစိတ်ပျက်နေကြသည်မှာ 
မှန်ကန်ကြောင်းနည်းပြဗန်ဟားလ်က ပြောဆို** 

မန်ယူက ဆောက်သမ်တန်အား တစ်ဂိုး-ဂိုးမရှိဖြင့် 
 ရှုံးနိမ့် ခဲ့ သောပွဲအပြီးမှာမန်ယူပရိသတ်များအနေဖြင့်  
၎င်းအပေါ် ငြီးငွေ့  စိတ်ပျက်နေကြသည်မှာမှန်ကန်ကြောင်း 
မန်ယူနည်းပြ ဗန်ဟားလ်က ပြောကြားလိုက်သည်။
 မန်ယူအသင်းသည် အိမ်ကွင်း 
အိုးထရက်ဖို့ဒ်၌ ယှဉ်ပြိုင်ကစားခဲ့ရသော်လည်း ပထမပိုင်း 
၁၁ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခြင်းမရှိသည့်အစဉ်အလာ
အတိုင်း ပထမပိုင်းတစ်ပိုင်းလုံး ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ 
သလို ဒုတိယပိုင်း ၈၇ မိနစ်တွင် ချာလီအော်စတင်၏
 သွင်းဂိုး အား ခွင့် ပြုခဲ့ ရပြီးနောက် တစ်ဂိုး-ဂိုးမရှိဖြင့် ပင်
 အရေးနိမ့် ခဲ့ ရ ခြင်းဖြစ်သည်။ 

ယင်းသို့  ရှုံးနိမ့် ခဲ့ သော်လည်း မန်ယူမှာစတုတ်္ထနေရာမှ
 စပါးအောက် ငါးမှတ်အကွာ၊ ဦးဆောင်သူလက်စတာထက်
 ၁၀ မှတ်လျော့အနေအထားဖြင့် အမှတ်ပေးဇယား 
အဆင့် (၅) နေရာတွင် ဆက်လက်ရပ်တည်ထားနိုင်ဆဲဖြစ်သည်။ 

““မန်ယူ ပရိသတ်တွေ ကျွန်တော်တည်ဆောက်ထားတဲ့အသင်းရဲ့
 ကစားဟန်အပေါ် ဘာကြောင့်  ငြီးငွေ့ တာလဲဆိုတာ နားလည်
 သွားပါပြီ။ ကျွန်တော်ဒါကို မြင်ခဲ့ ပြီးပါပြီ။ ပိုပဲကောင်းကောင်း၊ 
ပိုပဲဆိုးဆိုး ရလဒ်ပိုင်းနဲ့ ပတ်သက်ပြီးတော့ ဖြစ်လာသမျှအပေါ်
 ကျွန်တော်တို့ အားလုံး တာဝန်ယူကြရမှာပါ။ အခုဆို 
ဒါမီယန်ပါ ဒဏ်ရာပြဿသနာ ထပ်ပြီးကြုံရပြီဆိုတော့
 နောက်ခံကစား သမားတွေ အလျင်အမြန်ခေါ်ယူဖို့လည်း
 လိုအပ်နေပါပြီ”” ဟု ဗန်ဟားလ်ကဘီဘီစီသတင်းဌာနသို့ 
 ပြောကြားခဲ့ သည်။ မန်ယူအသင်းသည် လက်ရှိတွင် ဒဏ်ရာပြဿသနာများ
 ကြုံတွေ့ နေရပြီး လီဗာပူးအား ရင်ဆိုင်ခဲ့ သည့် ပွဲ၌ အက်ရှ်လေ ယန်း
 ဒဏ်ရာရရှိခဲ့ သလို ယင်းပွဲတွင် ကြံ့ ခိုင်မှုပြည့် ဝသည့် 
 တစ်ဦးတည်းသော နောက်ခံကစားသမား ဒါမီယန်မှာလည်း
 ရှိန်းလောင်းနှင့်  တိုက်မိခဲ့ ၍ ဒဏ်ရာရရှိခဲ့ ပြီဖြစ်ရာ 
မန်ယူအနေ ဖြင့်  ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာမျှော်လင့် ချက်
အတွက် နောက်ခံကစားသမားသစ်များကို မဖြစ်မနေခေါ်ယူ
ရတော့မည်။ ဒါမီယန်၏ပါးစပ်မှ သွေးများစီးကျကာ 
ချက်ချင်းပင် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဗန်ဟားလ်က 
အတည်ပြု ပြောကြားခဲ့ သည်။ ထို့ကြောင့်  မန်ယူအနေဖြင့် 
 လုခ်ရှော၊ ရိုဂျို၊ အက်ရှ်လေယန်း၊ ဒါမီယန်တို့ အားလုံး
 ဒဏ်ရာရရှိနေ သောကြောင့်  မန်ယူ၏ ပထမပွဲထွက်
နောက်ခံကစားသမားများ မပါဝင်ဘဲ လာမည့် ပွဲစဉ်များကို 
ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။ (မေလဲ့သင်း)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)