ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, February 1, 2016

=လူထုကျန်းမာရေး(အစာအိမ် အချဉ်ပေါက်ခြင်း)=

>
**Public Health**
 အစာအိမ် အချဉ်ပေါက်ခြင်း (Gustro oesophageal reflux Disease) ဟာ အစာအိမ် ရေမျိုအောက်ပိုင်း ကြွက်သား အားနည်းတဲ့အခါ အစာအိမ် အတွင်းက အက်စစ်ချဉ်ရည်တွေ အပေါ်ကို လျှံတက်လို့ ဖြစ်ရတာပါ။

++ရောဂါလက္ခဏာများ++

 ရင်ပူခြင်း၊ လေချဉ်တက်ခြင်း၊ ခံတွင်းချဉ်ခြင်း၊ အစာစားပြီးပါက ရင်ဝမှာ မီးစထိုးသကဲ့သို့ ပူခြင်း၊ အစာများ မကြာခဏ အပေါ်သို့တက်ခြင်း၊ တံတွေး အထွက်များခြင်းနဲ့ တခြားလက္ခဏာတွေ ဖြစ်စေနိုင်ပါတယ်။

++တခြားရောဂါ လက္ခဏာများ++

 ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ မောခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ လည်ချောင်းနာခြင်း၊ လည်ချောင်းယားခြင်း၊ အသံဝင်ခြင်း၊ မကြာခဏ လည်ချောင်းဝ တစ်ဆို့ခြင်း၊ နားယားခြင်း၊ နားကိုက်၊ နားလေထွက်ခြင်း၊ သွားပိုးစားခြင်း၊ ခံတွင်းအနံ့ မကောင်းခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်းနဲ့ အအေးမိခြင်းတို့ ဖြစ်တတ်ပါတယ်။

++ရောဂါပိုဆိုးစေခြင်း++

အဝလွန်ခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ အဝတ်အစား တင်းကျပ်စွာဝတ်ခြင်း၊ အစာစားသုံးမှု များလွန်းခြင်း၊ တစ်ကြိမ်တည်းဖြင့် အစားများစွာ စားသုံးခြင်း၊ ကြာရှည် ဆောင့်ကြောင့်ထိုင်ခြင်း၊ မကြာခဏ ခါးကုန်းခြင်း၊ ပစ္စည်းအလေးမခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးငုံခြင်းနဲ့ ဓာတ်မတည့်တဲ့ ဆေးသုံးစွဲမိခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။  

++ရောဂါပိုဆိုးစေတဲ့ ဆေးများ++

 ဗိုက်နာပျောက်ဆေး၊ ရင်ကျပ်ပျောက်ဆေး၊ ပိုးသတ်ဆေး၊ အကိုက်အခဲ ပျောက်ဆေး၊ သံဓာတ်အားဆေး၊ ဗီတာမင်စီ၊ ဝိတ်ကျရောဂါ ပျောက်ဆေးနဲ့ သွေးတိုးကျဆေး တို့ကြောင့် ရောဂါကိုပိုမိုဆိုးရွား စေပါတယ်။ 

++ရောဂါနဲ့ မတည့်တဲ့အစာ++

 ပူလွန်း၊ စပ်လွန်း၊ ချဉ်လွန်းတဲ့ အစားအစာတွေ၊ ငရုတ်ကောင်း၊ ခရမ်းချဉ်သီး၊ ပဲအမျိုးမျိုး၊ နာနတ်သီး၊ ဆီပြန်ဟင်း၊ ဆီနဲ့ကြော်တဲ့ အစာများ၊ မဆလာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ပါဝင်တဲ့ အစားအစာများ၊ ချောကလက်နဲ့ ဂက်စ်ပါတဲ့ အရည်များ၊ ကွမ်း၊ ဆေးလိပ်၊ အရက်၊ လက်ဖက်ရည်၊ ကော်ဖီ၊ လက်ဖက်၊ ဖာလာ၊ လေးညှင်း၊ ပရုတ်၊ သစ်ကြံပိုး၊ လိမ္မော်ရည်၊ ခရမ်း ချဉ်သီးနဲ့ ပြုလုပ်ထားတဲ့ အစားအစာများ ပါဝင်ပါတယ်။ 

++ရောဂါနောက်ဆက်တွဲ ဆိုးကျိုးများ++

 အစာရေမျို ကျဉ်းပြီး အစာမမျိုနိုင်ခြင်း၊ သွေးအန်ခြင်း၊ ဝမ်းအမည်းသွားခြင်း၊ သွေးအားနည်းခြင်း၊ အစာရေမျို ရောင်ခြင်း၊ အစာရေမျို ကင်ဆာဖြစ်ခြင်းနဲ့ တခြားဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်တယ်။

++ရောဂါရှာဖွေခြင်း++

 ရောဂါလက္ခဏာနဲ့ ဆိုင်တဲ့မေးခွန်းမေးခြင်း၊ အစာအိမ် ဆေးပေးပြီး စမ်းသပ်ခြင်း၊ အစာအိမ် မှန်ပြောင်းကြည့်ခြင်း၊ အစာအိမ် အက်စစ်ဓာတ် တိုင်းတာခြင်း၊ အစာအိမ် ကြွက်သားညှစ်နိုင်မှု တိုင်းခြင်းနဲ့ ဆေးဓာတ်မှန် ရိုက်ခြင်းတို့ဖြင့် ရောဂါရှာဖွေ နိုင်ပါတယ်။

++ရောဂါဖြစ်ရင်++

 ကိုယ်အလေးချိန် လျှော့ချရမယ်။ အဝတ်အစား တင်းတင်းကျပ်ကျပ် ဝတ်ခြင်းက ရှောင်ကြဉ်ရမယ်။ ပစ္စည်းအလေးတွေ မ မသင့်ပါဘူး။ မကြာခဏ ခါးမကုန်းသင့်ပါ။ အစာ စားပြီးလျှင်ပြီးချင်း အိပ်ရာဝင်ခြင်း၊ လဲလျောင်းခြင်း၊ အစားများများ စားခြင်း မပြုလုပ်သင့်ပါ။ အိပ်စက်ရာမှာလည်း ခေါင်းအုံးကို ၆ လက်မမြှင့်ပြီး အိပ်ခြင်း၊ မတည့်တဲ့ အစာနဲ့ ဆေးရှောင်ခြင်း၊ ဆေးလိပ်၊ အရက်၊ ကွမ်းဖြတ်ခြင်း၊ ဆရာဝန် ညွှန်ကြားတဲ့ ဆေးတွေကို သတ်မှတ်ထားတဲ့ ရက်၊ လ၊ နှစ်အထိ သောက်သုံးသင့်ပါတယ်။

++ကုသခြင်းနှင့် ကုသမှုကာလ++

 ဆေးဝါးနဲ့ကုသခြင်း၊ ရယ်နီတီဒင်း၊ မက်ထရို၊ အမောက်ဆလင်၊ အင်တဆစ် ဆေးလေးမျိုး တစ်နေ့သုံးကြိမ် တစ်ပတ်ကနေ ၁ဝ ရက်အထိ တိုက်ခြင်း၊ ခွဲစိတ်ကုသခြင်းနဲ့ မှန်ပြောင်းမှတစ်ဆင့် ကုသမှု ခံယူခြင်းတို့ လိုအပ်ပါတယ်။ အနည်းဆုံးနှစ်လ ဆေးသောက်ရမယ်။ ဆေးရပ်ရင် ရောဂါ ပြန်ဖြစ်တတ်လို့ မိသားစု ဆရာဝန်နဲ့ ပြသရမယ်။

++ခွဲစိတ်ခြင်း++

 ဆေးဝါးနဲ့ ကုသလို့ မပျောက်သူများ၊ ဆေးကြာရှည် မသောက်လိုသူများ၊ အစာရေမျို ကျဉ်းသူများ၊ ကင်ဆာရောဂါ ရှိသူများ၊ အစာအိမ်ကျု့ံ့ တဲ့ လူနာများ၊ ၂၄ နာရီအက်စစ်ဓာတ် များလွန်းတဲ့

 လူနာများ အနေနဲ့ ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။

++မှန်ပြောင်းဖြင့်ကုသခြင်း++

 မှန်ပြောင်းနဲ့ကြည့်ပြီး အစာရေမျို ပြွန်အောက်ပိုင်း ကြွက်သား ပြန်ကောင်းအောင် လုပ်တာ၊ ချုပ်တာလုပ်နိုင်တယ်။ 

+မြ၀တီ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)