ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, February 7, 2016

=လူထုကျန်းမာရေး(ကျမနာမည် အချိုမှုန့်ပါ)=

>
**Public Health** 

မင်္ဂလာပါ။ ကျမနာမည် အချိုမှုန့် လို့ ခေါ်ပါတယ်။ ဒီနာမည်ကို ဘယ်သူက စပြီး ကင်ပွန်းတပ်လိုက်တယ် ဆိုတာ ကျမမသိပါဘူး။ကျမသိတာ ကျမရဲ့ နာမည်ဟာ အချိုမှုန့်။ ကျမကို လေးစားသမှုနဲ့ မ အချိုမှုန့်၊ ဒေါ် အချိုမှုန့် ဆိုပြီး အရှေ့က မ တွေ ဒေါ် တွေ တပ်ခေါ်နေစရာလည်း မလိုပါဘူး။ ဒါလဲ ရှင်တို့ သိတဲ့အတိုင်းပဲလေ။ အခုနောက်ပိုင်းထုတ်တဲ့ နိုင်ငံကူးလက်မှတ်တွေမှာ မ တွေ ၊ ဒေါ် တွေ ဘယ်မှာ ပါတော့လို့လဲ။ ကျမရဲ့ ဇာတိက ဘယ်ကလာမှန်း သေသေချာချာ မသိပါဘူး ကျမမှာ မိဘတွေလည်း မရှိပါဘူး ။ညီအစ်ကို မောင်နှမတွေလည်း တစ်ယောက်မှ မရှိပါဘူး။ ကျမအသက်ကိုလည်း ကျမမသိပါဘူး။ ကျမကို ဘယ်သူတွေက ဘယ်အချိန်တုန်းက မွေးဖွားပြီး ဘယ်လိုလုပ် ဒီ အမှုန့်လောကထဲ ရောက်လာတယ် ဆိုတာလည်း တကယ် မသိခဲ့ပါဘူး။ မွေးနေ့မသိတော့ သူများတွေလို မွေးနေ့ပွဲတွေ ဘာတွေလည်း အကြီးအကျယ် မကျင်းပနိုင်ခဲ့ပါဘူး။ ကျမဟာ တကယ်တော့ တစ်ကောင်ကြွက် (သို့မဟုတ်) တစ်ကောင်မှုန့်ပါ။ ရယ်စရာများ ကောင်းနေမလားပဲ။ တချို့ကတော့ ပြောကြတယ်။ ကျမဟာ ပလောပီနံ ဆိုတဲ့ ဥ တစ်မျိုးက ဆင်းသက်လာသတဲ့။ မဖြစ်နိုင်တာရှင်။ကျမလို သေးကွေးဖြူနုတဲ့ အမှုန့်ကြည်ကြည်လေးကို အဲဒီ မြေကြီးထဲက တွန်းထိုးပြီး ထွက်လာတဲ့ ပလောပီနံဆိုတဲ့ ညိုညစ်ညစ် ၀တုတ်တုတ် ဥတစ်မျိုးနဲ့ ဘယ်လိုများ ဇွတ် အတင်း ဆက်စပ် ပတ်သက်ပစ်လိုက်ကြတာပါလိမ့်။ကျမမှာ ရယ်ချင်စိတ်တစ်ဝက်နဲ့ အော်… လူတွေ… လူတွေ… လို့သာ မကြာခဏ ရေရွတ်နေမိတာပါပဲ။ တချို့ကလည်း ပြောကြသေးတယ်။ ကျမက ဂျပန်သူလေး တဲ့။ ကျမရဲ့ ဇာတိက ဂျပန်ပြည် တဲ့။ ကျမ နာမည်ရင်းက အာဂျီနိုမိုတို တဲ့။ အင်း… ဒါတော့လည်း ဖြစ်နိုင်ပါတယ်။ ကျမက ဂျပန်မလေးတွေလိုပဲ သေသေးသွယ်သွယ်နဲ့ အသားအရည်က ကြည်စင်စင် ဖြူလွလွလေး မဟုတ်လား။ ဒီလိုဆိုတော့ ကျမရဲ့ ကိုယ်ရေးရာဇ၀င်မှာ အမည် - အာဂျီနိုမိုတို၊ မွေးဖွားရာဇာတိ - ဂျပန် လို့ ဖြည့်ရမှာပေါ့နော်။ သဘောကျစိတ်နဲ့ ကျမ ပြုံးမိတယ်။ ကျမကို သိပ်မနှစ်မြို့ကြသူ တချို့ကတော့ဖြင့် ဒိုက်ဦးသူ တဲ့။ ခက်လိုက်တာရှင်။ ကျမကို သူတို့ပါးစပ်ထဲ ပြောချင်သလိုကို ပြောနေကြတာပဲ။ ဘာပဲဖြစ်ဖြစ် ကျမကတော့ ပရိတ်သတ် အများစု တွင်တွင်ကျယ်ကျယ် သိကြ ခေါ်ကြတဲ့နာမည် အချိုမှုန့် ဆိုတာကိုပဲ စွဲလမ်းနှစ်သက်ပါတယ်လေ။ တကယ်တော့လေ ဒီလို အမှုန့်ဘ၀မှာ ကျမပျော်ပါတယ်။ ဘာလို့ဆို ကျမနာမည်နောက်မှာ မှုန့် ဆိုတာ ပါတယ် မဟုတ်လား။ ကျမမှာ ဆွေရင်းမျိုးချာရယ်လို့ မရှိပေမဲ့ ကျမနဲ့ နာမည် နောက်ဆုံးစာလုံးချင်း တူတဲ့ အဖေါ်အပေါင်းတွေ အများကြီး ရှိတာလေ။ ကော်မှုန့် ၊ ဂျုံမှုန့် ၊ ဆန်မှုန့် ၊ ပဲမှုန့် ၊ ကောက်ညှင်းမှုန့်၊ ရွှေကြည်မှုန့် အစရှိသည်ဖြင်ပေါ့။ သူတို့အားလုံးက ကျမနဲ့ မနီးမဝေးမှာ ရှိနေကြသူတွေချည်းပဲဆိုတော့ ကျမလို တစ်ကောင်မှုန့်မှာ အားတက်ရပါတယ်လေ။ ဒါတွေ ထားပါ… တကယ်တမ်း ကျမ ပြောချင်တာက ဒီလိုရှင့်။ ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ် အလလထဲက လူတိုင်းရဲ့ရင်ထဲမှာ - အိမ်တိုင်းရဲ့ မီးဖိုခန်းမှာကျမရှိနေခဲ့တာလေ။ ကျမမပါရင် ဘယ်ဟင်းခွက်မှ မပြီး၊ ဟင်းတကာဟင်းရဲ့ အရသာဟာ ကျမ အပေါ်မှာပဲ မူတည်နေတာ။ အရသာ ခြောက်ပါး ဆားမပါဘိ ပျက်သိသိ ဆိုတာ ဟိုးရှေးပဝေသဏီက စကားပါ။ အမှန်ကတော့ အရသာဟာကျမဆိုတဲ့ အချိုမှုန့် မပါမှ ပျက်တာ ရှင့်။ သိရဲ့လား။ ဟင်းချက် တတ်ကာစ အိမ်ရှင်မတွေရဲ့ ပျက်လုလု ဟင်းခွက်တွေမှာလည်း ကျမ ပါတာပဲ။ မတတ်တတတ်နဲ့ လက်စွမ်းပြနေတဲ့ လူပျိုကြီးတွေရဲ့ ဟင်းခွက်မှာလည်း ကျမ ပါတာပဲ။ အို… ကုန်ကုန်ပြောရရင် ဘယ်ဟင်းခွက်မှာမဆို ကျမပါတာပါပဲ။ နောက်ပြီး ဆိုင်တကာ့ဆိုင်က အစားအစာတွေမှာလည်း ကျမက အဓိကကျတာပဲ။ ရှင်တို့ပြောပြောနေကြတဲ့ နာမည်ကြီး ခေါက်ဆွဲကြော်ဆိုင်၊ နာမည်ကြီး ကြေးအိုးဆိုင်တွေဆို ကျမကို ဖန်ပုလင်းအကြီးစားကြီးနဲ့ တခန်းတနား ထည့်ထားပြီး ဟင်းပွဲတွေတိုင်းမှာ ဟင်းခတ်ဇွန်း အကြီးစားနဲ့ ခပ်ထည့်ပလိုက်ကြတာရှင့်။ သူတို့ရဲ့ စီးပွားရေးဟာ ကျမအပေါ်မှာ မူတည်နေတယ်လို့ကို ပြောနိုင်တာ။ သူတို့ဆိုင်က စားစရာတွေကို လူတွေက စွဲစွဲလမ်းလမ်းနဲ့ အခေါက်ခေါက် အခါခါ လာစားကြရင်း စားလို့သိပ်ကောင်းတယ် အရသာရှိလိုက်တာ…လို့ ချီးကျူးလေတိုင်း ဆိုင်ရှင်အန်တီကြီးက ကျွန်မနေတဲ့ ဖန်ပုလင်းကြီးကို လက်နဲ့ တယုတယ လာပွတ်ပေးပြီး ကျေးဇူးတင်ကြောင်းတွေ တတွတ်တွတ် ပြောသေးတာ။ ဟိုမယ်… ဆန်မှုန့် တို့ ဂျုံမှုန့်တို့ဆို ပုလင်းထဲနေရဖို့ ဝေးစွ၊ ပလတ်စတစ်အိတ် ညစ်ထပ်ထပ်ထဲကတောင် အပြင်ကို ထွက်ခွင့်ရရှာတာ မဟုတ်ဘူး။ ကိုယ့်ဂုဏ်ကိုယ်ဖေါ် မသူတော် တဲ့။ကျမအကြောင်းတွေ ဆက်ပြောနေရင် ရှင်တို့် နားညီးနေမှာ သေချာပါတယ်။ အခုများတော့ စိတ်ကို ညစ်ရရောရှင်။ ဘယ်သူက ဘယ်လိုများ စပြီး သတင်းလွှင့်လိုက်တယ် မသိပါဘူး။ ကျမကိုလည်း မိုနိုဆိုဒီယမ် ဂလူတမစ် ဆိုတဲ့ ပုံတုံးတုံးနဲ့ ရှည်လျားထွေပြားတဲ့ နာမည် ပေးကြတယ်။ ပြီးတော့ ကျမကို စားရင်ပဲ ချက်ချင်း ရောဂါတွေရတော့မလို၊ အသက်ဘေးပဲ ကြုံရတော့မလို အပိုတွေ ပြောပြီး ကျမကို ပ ထုတ်နေကြတာ။ ဖြစ်နိုင်တာတော့ ကျမကို မနာလိုဖြစ်နေတဲ့ ဟို အသားမှုန့်ဆိုတဲ့ အမှုန့်မ ပဲ ဖြစ်မယ် ထင်တယ်။ ကျန်တဲ့ ဂျုံမှုန့် ၊ ဆန်မှုန့် ၊ ပဲမှုန့် တွေကလည်း သူတို့ မျက်နှာသာ မရကြတော့ကျမကိုဆို အလိုလို မျက်မုန်းကျိုးနေကြပြီးသား။ ဟို အသားမှုန့်ကို သွေးထိုးပေးတာလည်း သူတို့ပဲ ဖြစ်မှာ ကြိမ်းသေတယ်။ ပြီးတော့ သုတေသနလုပ်တယ်ဆိုတဲ့ အဖြူရောင် ၀တ်ရုံနဲ့ လူတစ်စုက ကျမကို ကြွက်တွေကို ချကျွေးပြီး စားခိုင်းသတဲ့။ ရာရာစစ… နဂိုထဲကမှ ပေတိပေတေ မြေကြီးထဲတိုးနေတဲ့ ကြွက် အစုတ်ပလုတ်တွေဟာ ကျမကိုစားတော့ ရောဂါဖြစ်ကြသတဲ့။ ဆိုးကျိုးရကြသတဲ့။ မဖြစ်နိုင်တာ။ရောဂါဟာ သူတို့ကိုယ်ထဲမှာ အစထဲက ရှိနှင့်ပြီးသားပါ။ အဆိုးဆုံးကတော့ အရင်က ကျမနေခဲ့တဲ့ နေရာတွေမှာ ဟို အသားမှုန့် ဆိုတဲ့ အမှုန့်မက ခေါင်းတခါခါ လည်တမော့မော့နဲ့ နေရာဝင်ယူနေတာပါပဲ။ ဘယ့်နှယ့်ရှင်… အမျိုးမသိ အဆွေမရှိ၊ ကျမလိုတောင် ဂျပန်ဇာတိ၊ ဒိုက်ဦးဇာတိ စတဲ့ ဇာတိ ဇစ်မြစ်လေး မှိန်ပြပြ မဖေါ်ပြနိုင်တဲ့ ဘယ်က ဘယ်လိုရောက်လာမှန်းမသိတဲ့ အဲဒီအမှုန့်မကို လူတွေက အရာပေး အရေးလုပ်နေကြတာမြင်တော့ ကျမ တကယ်ကိုပဲ အသည်းနာမိပါရဲ့။ ပြောသေးတယ် သူက ကြက် က လာတာတဲ့။ ကျမဖြင့် ရယ်ချင်လိုက်တာ။ ပြောပုံကိုလည်း ကြည့်အုံးလေ။အသားမှုန့်ဆိုတာ ကြက် က လာသတဲ့။ သိပ်ရယ်စရာကောင်းတာပဲနော်… နောက်ဆုံးကျတော့ အချိုမှုန့် ဆိုတဲ့ ကျမ ဟာ ကောင်းကျိုးမပေး ဆိုးကျိုးကိုသာ ပေးတတ်သတဲ့။ မစားကြရင် ကောင်းမယ်တဲ့။ စာစောင်တွေ
 ကြော်ငြာတွေမျာဆို မမြင်ချင်မှ အဆုံး ပလူကို ပျံနေတာပဲ။ ဘာတဲ့… 
No MSG added တဲ့။ ခက် ခက်ရချည်ရဲ့။
သူတို့ပဲ နာမည်ရှည်ကြီး ပေး… ပြီးပြန်တော့ သူတို့ပဲ နာမည်ကို အတိုချုံ့ပစ် နဲ့။ ဆိုင်တွေနဲ့ အသင့်သုံးဆောင်နိုင်တဲ့ အစားအစာတွေမှာ ကျမမပါကြောင်း အကျယ်တ၀င့် ရှင်းလင်း ပြောပြ။
 ကြော်ငြာကြ။ကျမကို သုံးလက်စ အိမ်ရှင်မတွေကလည်း ခါးခါးသီးသီးကို 
ပစ်ပယ်ကြ။… ပြီးတော့ဘာမှန်းညာမှန်းမသိတဲ့ အသားမှုန့် ဆိုတာကို အစားထိုးကြ။ 
ကျမမပါတဲ့ အစားအစာတွေဟာ ဂုဏ်ယူ ၀ံ့ကြွားစွာ
 အောင်ပွဲခံကြ။ လူတွေကလည်း တစ်ခုခုစားတော့မယ်ဆို အချိုမှုန့်ပါသလား
… အချိုမှုန့်ပါသလား… နဲ့ အသည်းအသန် မေးကြတာကလား။ စားသောက်ဆိုင်တွေရဲ့ 
ဆိုင်းဘုတ်မှာ ကြော်ငြာမှာ အချိုမှုန့် မပါဘူး လို့ ကြော်ငြာပြီး သူတို့ရှေ့ကို
 ရောက်လာတဲ့ ဟင်းခွက်ထဲမှာ အချိုမှုန့် ပါ မပါ ဆိုတာ မြင်နိုင်လို့လား။ 
စားစရာထုတ်ပိုးထားတဲ့ အိပ်ခွံပေါ်မှာ မပါဘူး ရေးထားပြီး အထဲမှာ 
ပါနေတော့ရော ဘယ်သူသိနိုင်မှာလဲရှင်။ စဉ်းစားကြည့်ကြပါအုံး။ 
 ပြောချင်တာကတော့ အနှစ်နှစ်အလလက 
သုံးစွဲလာခဲ့တဲ့ လူတွေ၊ အချိုမှုန့်စားလို့ ဒုက္ခရောက်တယ် ဆိုတာ မကြားစဖူးပါ။ 
အခုနောက်ပိုင်းခေတ်မှာ လူတွေ ကျန်းမာရေး ချို့ယွင်းလွယ်လာကြတာဟာ
 ကျမ တစ်ယောက်တည်းကြောင့်တော့ မဟုတ်ဘူး။ 
လူနေမှု စနစ်နဲ့ နေ့စဉ်ဘ၀ ဟာ အဓိက အကျဆုံးပါ။ စိတ်ထဲရှိသလို
 အဆီအအိမ့်တွေ စား၊ အချိန်ရှိသ၍ မလှုပ်မယှက်နဲ့ စည်းစိမ်ယစ်မူးနေပြီး
 ရောဂါလေးတစ်ခု ပြစရာရတော့မှ ကျမနာမည်ကို ဆွဲ ဆွဲထည့်ကြတာ 
မတရားသဖြင့်ပါ။ ဒီတော့ သိပ်ကြီးလည်း အကဲမဆတ်ကြပါနဲ့လားရှင်။ 
လူကြီးတွေ ပြောနေကြတဲ့ စကားတစ်ခုလိုပေါ့… တန်ဆေး လွန်ဘေး တဲ့။ 
ဘယ်အရာမဆို တန်ဆေး လွန်ဘေး လို့ သဘောထားပြီး သင့်တင့်သလို
 ချင့်ချိန်ပြီး သုံးစွဲ စားသောက်ဖို့ပါပဲ။ ကျမ အချိုမှုန့် မှ မဟုတ်ပါဘူး။
ဘယ်အရာမဆိုပါ။ များလာရင် ဒုက္ခပေးတတ်ကြတာချည်းပါပဲ။ 
ဒါကိုမှ မဟုတ်ဘူး… လုံးဝ ရှောင်မယ် ရှားမယ်၊ ကျမကို စားရင် ရောဂါရတာ
 သေချာတယ်လို့ လှေနံဓါးထစ် မှတ်ထားရင်တော့လည်း ရပါတယ်။ 
လုပ်ကြပါ… ရှင်တို့က ရဲတွေပဲ။ အဲလိုဆိုရင် နေ့စဉ်နေ့တိုင်း ကိုယ့်အိမ်မှာ 
ကိုယ့်ဟာကိုယ် စိတ်တိုင်းကျ ချက်ပြုတ် ပြင်ဆင်ပြီးသာ စားကြပါတော့။
 အပြင်စာတွေမှာ ကျမမပါတာ မရှိသလောက်ပဲ၊ အနည်းနဲ့ အများတော့
 ကျမပါနေတုန်းပဲ ဆိုတာ တိုးတိုး ထပ်ပြောလိုက်ပါရစေ။ ဒါ ရှင်တို့ အတွက် စေတနာရှိလွန်းလို့ ပြောပြရတာနော်။ ပြောရတာ မောလိုက်တာရှင်။ 
နားအုံးမယ်။ ဟုတ်ကဲ့… မှတ်ထားပါနော်။ကျမနာမည် အချိုမှုန့် လို့ ခေါ်ပါတယ်။ 

+သက်ဝေ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)