ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, March 12, 2016

=အချစ် နှင့် ဆင်ကြယ် ဖိနပ်=

>
ကျွန်တော်ငယ်စဉ်က စီးခဲ့တဲ့ ဖိနပ်အများစုက ရာဘာ ဖေါ့ ဖိနပ်များပါ၊ တံဆိပ်မျိုးစုံ အရောင်မျိုးစုံတဲ့ ဖိနပ်တွေပေါ့။ ရာဘာဖိနိပ် စီးတဲ့သူတိုင်း ကြုံတွေ့ရတဲ့ ဒုက္ခ ကတော့ ဖိနိပ်ကို အမြဲ တိုက်ချွတ် ဆေးကြောရတဲ့ အလုပ်ပါ။ ရာဘာဖိနိပ်ကို ပုံမှန် ဆပ်ပြာနှင့် သွားပွတ်တံ အဟောင်း သုံးပြီး တိုက်ချွတ် မဆေးကြောရင် ဂျီးတွေတက်ပြီး အင်မတန် အကြည့်ရ ဆိုးလွန်းပါတယ်။ မိုးတွင်းဆို အင်္ကျီမှာ ဖားဥတွေစွဲ သလို ဖိနပ်မှာ အမဲကွတ်တွေနဲ့ အရုပ်ဆိုးလွန်းလှပါတယ်။ ရာဘာဖိနပ် တွေထဲမှာ ယိုးဒယားကလာတဲ့ ဆင်ကြယ် တံဆိပ် ဖိနပ်ကတော့ ဈေးအကြီးဆုံးနဲ့ လူကြိုက် အများဆုံးပါ။ အဲဒီ ခေတ်က အခြားရာဘာ ဖိနပ်တွေနဲ့ နှိုင်းယှဉ်ရင် ဆင်ကြယ် ဖိနပ် က သိသိ သာသာ သေသပ် လှပ ခိုင်ခန့်တယ်၊ ဈေးနှန်း ကလဲ အဆများစွာ ကြီးတယ်။ ကျွန်တော့မိဘတွေက သာမန် အစိုးရ ၀န်ထမ်း တွေပါ၊ ဆင်ကြယ် ဖိနိပ်ကို အမြဲတမ်း ၀ယ် မပေးနိုင်ပါဘူး၊ တခြား ရာဘာ ဖိနပ် တွေကိုပဲ ပုံမှန် စိးရတာပေါ့။ ကျောင်း စတက်ရတဲ့ နေ့မှာ တော့ ဆင်ကြယ် ဖိနပ် အသစ် တစ်ရံ ၀ယ်ပေးလေ့ရှိတယ်။ ကျောင်းဝတ်စုံအသစ် လွယ်အိတ်အသစ် ဖိနပ်အသစ် နဲ့ အတန်းသစ် ကို လှမ်းလို့ပေါ့။ ဖိနပ်အသစ် စစီးတဲ့နေ့ တွေမှာ ရင်ကော့ ခေါင်းမော့လို့ ပျော်တပြုံးပြုံးနဲ့ ဆင်ကြယ် ဖိနပ် လေးကို ပုံမှန် တိုက်ချွတ် ဆေးလို့ပေါ့။ ဘယ်လောက်ပဲကောင်းပါစေ သင်္ခါရ သဘောကို မလွန်ဆန်နိုင်ပါဘူး၊ ဟောင်းလာမယ် ပြီးရင်ပျက်မယ်။ တခြား ရာဘာ ဖိနပ်တွေရဲ့ သက်တမ်းက နဲနဲ ဟောင်းလာတာနဲ့ မကြာခင်မှာ ပျက် တယ်၊ ဘာဖြစ်လဲ လွှင့်ပစ် လိုက်ပေါ့။ ခက်တာက ဆင်ကြယ် ဖိနပ် ကြတော့ ခိုင်လွန်းတယ်၊ တော်တော်လေး ဟောင်းလာတာတောင် မပျက်နိုင်ဘူး။ ဖိန
တိုက်ချွတ် ဆေးကြောပါစေ ကြည့်လို့ မြင်လို့ မကောင်းတော့ဘူး။ ဈေးကြီးပေး ၀ယ်ထားရတာဆိုတော့ နောက်ထပ် တစ်ရန် (sorry ပဲ) မ၀ယ်ပေးဘူး။ ကျွန်တော့မှာ တော့ အဲဒီ ဆင်ကြယ် ဖိနပ်ကြီးကို မစီးခြင်တော့ဘူး ၊ ဘယ်လို လုပ်ရမလဲ ? လွယ်ပါတယ်----- မိဘတွေ မသိအောင် ဖိနပ် သဲကြိုးကို ခဲတံ ချွှန်တဲ့ ဒါးနဲ့ တနေ့ကို နဲနဲ လှီးပေါ့ ၊ ပျက်ရာလေးစရင် မကြာပါဘူး စီးနေရင်းနဲ့ ပျက်ရာလေးက ကြီးလာတယ် ၊ လုံးဝ မပျက်သေးခင် မိဘ တွေကို သတင်းပို့၊ ဟဲဟဲဟဲ ပိုင်ပါတယ်။ အသစ် နောက် တစ်ရံ ဆင်ကြယ် ဖိနပ် မမျှော်လင့်နဲ့ ၊ ရိုးရိုး ရာဘာဖိနပ်ပဲ ရမယ် ။ ကျွန်တော် ၀မ်းမနဲပါဘူး ၊ “ဟောင်းပြီး မလိုခြင်တော့တဲ့ အချိန်မှာ ဆင်ကြယ် ဖိနပ်ကို ပစ်လို့မှ မရတာ”။ ကျွန်တော့ရဲ့ ဘ၀မှာ လှပတဲ့ အချစ် တခုကို ရထားတယ် ၊ ခိုင်မြဲတဲ့ အချစ်လို့လဲ ထင်ပြီး တန်ဖိုးထားတယ် ၊ ကျွန်တော့အတွက်တော့ အကောင်းဆုံးပေါ့ ။ အချစ်ဆိုတာ အလိုလို အမြဲတမ်း သစ်လွင်တောက်ပ နေမည်ပေါ့။ အမြဲသစ်လွင် နေမယ်လို့ ထင်ထားတဲ့ အချစ်တွေ တဖြည်းဖြည်း အရောင်မှိန်လာတော့ ကျွန်တော် မလိုခြင်တော့ဘူး။ ဆင်ကြယ် ဖိနပ်ကိုပဲ ကျွန်တော် မလိုခြင်တော့တဲ့ အချိန် မှာ စွန့်ပစ်လို့ ရအောင် လုပ်တတ်တယ် ၊ အချစ်ကို ဘယ်လို လုပ်ရ မလဲဆိုတာ သိရင် ပြောကြပါဦး ။ 

+ကုမာရ စက်ပြင်း+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)