ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, March 11, 2016

=ငြိမ်းချမ်းတဲ့နေ့=

>
အချိန်ဆိုတာ အကောင်းဆုံး သမားတော်ပါပဲ ဆိုတဲ့ စကားကို ဟိုးငယ်ငယ်လေးကတည်းက ကြားဖူးခဲ့ပေမယ့် ကိုယ်တိုင်မကြုံခဲ့ဘူးလေတော့ ဘယ်လောက် အသုံးကျမှန်ကန်တဲ့စကားလည်းဆိုတာ သဘော မပေါက်ခဲ့မိဘူး….. တကယ်လက်တွေ့ကျကျ ကြုံဖူးတော့မှပဲ ဒါဟာသိပ်ကို မှန်တဲ့ အမှန်တရားရယ်လို့ နားလည် လက်ခံလာမိပါတယ်… လောဘတွေ ၊ မာနတွေ ၊ အနိုင်ယူလိုစိတ်တွေ ၊ တကိုယ်ကောင်းစိတ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူအ၀န်းအ၀ိုင်းမှာ နေ့စဉ်နေ့တိုင်း အဆင်ပြေမှုတွေ ကိုပဲ ကြုံ တွေ့ နေရတယ်ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး… တခါတလေ စိတ်ညစ်စရာတွေ ကြုံရမယ် ..တခါတလေ ၀မ်းနည်းစရာတွေ ကြုံရမယ် .. တခါတလေ တစ်ဘ၀စာ လက်တွဲပါမယ်လို့ ရည်ရွယ်ထားပေမယ့် လမ်းခွဲရတာတွေလည်း ကြုံရနိုင်တာပါပဲ.. ဒါဟာ လူ့ဘ၀ရဲ့ အချဉ်အခါး ခပ်စူးစူး အရသာ တစ်မျိုးပေပဲပေါ့… အဲဒီအခါ အချို့က ငိုကြတယ် .. အချို့ကတော့ လွမ်းကြတယ် … အချို့ကတော့ ဆွေးကြတယ်… အချို့က အရက်တွေ သောက်တယ် .. အချို့က အလုပ်တွေ ပျက်တယ် … အချို့က လောကကြီးကို စိတ်နာတယ်လို့ မြည်တမ်းတယ်… အချို့ကတော့ ကိုယ်အရင်က အသည်းနင့်အောင် ချစ်ခဲ့ပါတယ် ဆိုတဲ့ သူတွေကို ကျိန်ဆဲတယ် … ဒါတွေဟာ တကယ့် ပြသနာ ဖြေရှင်းနည်းတွေတော့ မဟုတ်ခဲ့ပါဘူး …. ကိုယ်ငိုလို့လည်း သူပြန်လာတော့မှာမှ မဟုတ်တာ … ငိုလွမ်းလို့လည်း သူပြန်လွမ်းမှာမှ မဟုတ်တော့တာ .. ကိုယ်ဆွေးလို့လည်း သူနဲ့ ပြန်လည်နွေးထွေးလာမှာမှ မဟုတ်တော့တာ… ကိုယ်အရက်သောက်တော့ ကိုယ်ဇိုးသမားဖြစ်မယ်…ကိုယ်အလုပ်ပျက်တော့ ကိုယ်ထမင်းငတ်မယ်.. ကိုယ်က လောကကြီးကို စိတ်နာတော့ ကိုယ့်အတွေးတွေ နာမယ်.. ကိုယ်ကျိန်ဆဲတော့ရော ကိုယ်သာပူလောင်ပြင်းပြရမှာပေါ့… ကိုယ်အလုပ်သင့်ဆုံး အရာကတော့ ထားရှိခဲ့ဖူးတဲ့ မေတာမပျက်ဆက်လက် ချစ်ခင်သွားဖို့ ဆိုတာပါပဲ .. ဒီလိုပဲ ကိုယ်လုပ့်သင့်တဲ့ လုပ်စရာရှိတဲ့ အရာကိုလည်း ဆက်လက်အကောင်အထည်ဖေါ်သွားဖို့ပါပဲ … မတည်မြဲတဲ့ လောက၀ဲမှာ ပူလောင် မှုတွေကို အသစ်မဖန်တီးတော့ပဲ တက်နိုင်သမျှငြိမ်းအေးစေဖို့ပဲ ကြိုးစားသင့်ပါတယ်… ငယ်ငယ်တုန်းက ဆရာမ ဂျူးရဲ့ “ လိပ်ပြာဖမ်းသူများ” ကို သဘောကျခဲ့မိပေမယ့် အခုတော့ လိပ်ပြာ ဖမ်းခဲ့သူတွေ ကို မတွေ့ချင်တော့တာ အမှန်ပဲ…ပူလောင်လှတဲ့ ခဏတာ လူ့ဘ၀လေးမှာ ဘာအတွက် ရယ်နဲ့များ လိပ်ပြာဖမ်းချင်ကြတာတုန်း …. ဆင်လိပ်ပြာမို့ ပိုလှသယောင်ထင်ရပေမယ့် လိပ်ပြာအမျိုးဝင် ပုစဉ်း ဆိုတာလည်း သူ့အစွမ်းနဲ့ သူပါပဲ …. ငါးစိမ်းမြင်ရင် ငါးကင်ပြစ်တဲ့ ဆိုတဲ့ စကားပုံက အသစ်မြင်လို့ အဟောင်းမေ့တယ်ဆိုတဲ့ လိပ်ပြာဖမ်းသူတွေအတွက်ပဲလေ…. ဒါဟာ သိပ်ကောင်းတဲ့ ဂုဏ်ပုဒ်တစ်ခုတော့ မဟုတ်ပါဘူး… လောကမှာ မလိမ်သင့်တဲ့အရာဟာ နှလုံးသားလို့ ခံစားနားလည်လာတဲ့အချိန်မှာတော့ ကိုယ့်ဘ၀ လုံခြုံမှုအတွက် အသုံးမချသင့်တဲ့ အရာဟာ လူသားပါလားရယ် သဘောပေါက်လာခဲ့တယ် … ဒါပေမယ့် ခုချိန်ထိတော့ လိပ်ပြာဖမ်းသူတွေ ရှိနေသေးသလို …. ကိုယ့်ဘ၀လုံခြုံမှုအတွက် လိမ်လည် ဟန်ဆောင်မှုတွေလည်း ဆက်ပြီး ဖြစ်ပွားနေသေးတယ် … ဒါတွေ ရပ်တဲ့နေ့က ကမာကြီး ငြိမ်းချမ်းတဲ့နေ့ဖြစ်လိမ့်မယ် ……

 ////////////////////////////////////////////////
. လေးစားစွာဖြင့် 

+မင်းအိမ်ဖြူ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)