ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, March 15, 2016

==ပုံပြောပြပါ==

>
ကျမတို့ မောင်နှမတွေ ငယ်ငယ်တုန်းကဆို ဦးလေးငယ်ကို တွေ့တာနဲ့ “ပုံပြောပြပါ” ဒါမှ မဟုတ် “ပုံပြင်နားထောင်ချင်တယ်” ဆိုပြီး ပူဆာခဲ့တာပေါ့။ အဲဒီလိုပြောလိုက်လို့ ဦးလေး အချိန်ရပြီ ဆိုတာနဲ့ စိတ်ရှည်ရှည်ထားပြီး သိသလောက် မှတ်မိသလောက်ပုံပြင်လေးတွေကို ကျမတို့ နားလည်အောင် ပြောပြလေ့ရှိတယ်။ ပုံပြင်မဟုတ်လည်း တစ်ထောင့်တစ်ည ၀တ္တုဖတ်ပြပြီး ပြန်ရှင်းပြတတ်တယ်။ ညဘက်ဆိုရင်လည်း ထမင်းစားပြီးချိန်ပေါ့။ ရုံးနားရက် ကျောင်းပိတ်ရက်ဆိုရင်လည်း နေ့လည်နေ့ခင်း ထမင်းစားပြီးချိန်ပေါ့။ ရုံးပိတ်ရက် နေ့လည်ဆိုရင် မြန်မာ့အသံက ကလေးတွေအတွက် ပုံပြင်လာတတ်တာ မှတ်မိသေးတယ်။ အဲဒီအချိန် မတိုင်ခင် ကျမတို့ အဒေါ်က မောင်နှမ အားလုံးကို ရေချိုးပေးပြီး ထမင်းစားခိုင်းထားပြီးပြီ။ ထမင်းစားပြီး တာနဲ့ တအောင့်နားပြီးရင် နေ့လည် တရေးအိပ်ရတယ်။ မအိပ်ခင်မှာ ရေဒီယိုက ပုံပြင်လာတော့ အဲဒါ နားထောင်းရင်း ကလေးတွေ အိပ်ပျော်စေချင်တယ်တူပါရဲ့။ ကျမတို့ မောင်နှမတွေကတော့ ငယ်ငယ်က နေ့လည်ဘက် အိပ်ခိုင်းရင် ဘယ်တော့မှ မအိပ်တတ်ဘူး။ ဆော့ဖို့ပဲ အားသန်နေကြတာ။ အဲဒါကြောင့် ပုံပြင်လည်းပြီးရော အားလုံး ထပြီး ဆော့ဖို့ တာဆူနေကြပြီ။ အခုများတော့လည်း အဲဒီလို အခွင့်အရေးမျိုးရမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးမိသေးတယ်။ ငယ်ငယ်က ပုံပြင်စာအုပ်တွေ ဘာတွေ မဖတ်ခဲ့ရတော့ လူကြီးတွေ ပြောပြတဲ့ ပုံပြင်တွေဆိုရင် စိတ်ဝင်တစား နားထောင်ခဲ့ရတယ်။ အခု ဒီအသက်အရွယ်ရောက်တဲ့ထိလည်း ကြိုက်နေတုန်းပဲ။ ပုံပြင်တွေကို ကြိုက်တဲ့အပြင် မြန်မာ့အသံက ပုံပြင်လာခါနီးမှာ လွှင့်တဲ့ တီးလုံးလေးကိုလည်း ကြိုက်တာပဲ။ နောက်ပြီး ပုံပြင်တွေ ဆုံးခါးနီးတိုင်းမှာ ပြောတဲ့ ဆုံးမစကားတွေ ကိုလည်း သဘောကျခဲ့တယ်။ ပုံပြင်ပြောပြနေသူက “မောင်ညီမလေးတို့ရေ.." လို့ ခေါ်လိုက်ရင် နားဝင်ချိုပြီး ကလေးသဘာဝ သဘောကျမိခဲ့တာပေါ့။ အခုတောင် ဒီစာရေးရင်း နားထဲ ပြန်ကြားယောင်နေမိတယ်။ အမှန်တော့ ကလေးနဲ့ ပုံပြင်ဆိုတာ ခွဲခြားလို့မရပါဘူး။ ပုံပြင် ဆိုတာလည်း ကလေးတွေအတွက် အဓိက ရည်ရွယ်ပြီး ရေးခဲ့ ပြောခဲ့ကြတာပဲ မဟုတ်လား။ “သူတဖက်သားကို ငဲ့ညှာသနားတတ်ဖို့၊ ကူညီပေးဖို့၊ နိုင်လိုမင်းထက် မဆက်ဆံဖို့၊ လိမ်မပြောဖို့၊ ကိုယ်ပြောလိုက်တဲ့ စကားလေးတစ်ခွန်းကြောင့်သူတပါး ဒုက္ခမရောက်ဖို့ ၊ လောဘမကြီးဖို့” စတဲ့ လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမတာပါ။ ပုံပြင်ထဲက ဇာတ်ကောင်လေးတွေနဲ့ ကိုယ်စားပြု ဆုံးမတော့ ပိုပြီး နားလည်လွယ်တာပေါ့။ သုံးထားတဲ့ ဇာတ်ကောင်လေးတွေကိုလည်း ကလေးတွေ မြင်လွယ်အောင် အမျိုးမျိုး အထူးပြုထားသေးတယ်။ ဥပမာ.. ကောက်ကျစ်တဲ့ မြေခွေး၊ ကျားငစဉ်းလဲကြီး၊ တစ်တောလုံးရဲ့ အရှင်သခင် ကေသရာဇာခြသေ့င်္၊ ခွန်အားကြီးတဲ့ ဆင်ကြီး၊ အဆော့သန်တဲ့ မျောက်ကလေး၊ ယုန်ပညာရှိလေး အစရှိသဖြင့်ပေါ့။ ကျမ မှတ်မိသလောက် မြန်မာ့ရိုးရာ ပုံပြင်တွေထဲမှာဆိုရင် ယုန်နဲ့ လိပ်ပုံပြင်၊ ထင်းခုတ်သမားနဲ့ ပုဆိန်၊ မြွေမင်းသားလေးနဲ့ မယ်ထွေးလေး ပုံပြင် အဲဒီလောက်ပဲ မှတ်မိတော့တယ်။ နောက်ပြီး ကြက်ကလေးက ဟတ်ချိုးချီလိုက်လို့ စဥ့်အိုးကွဲသွားပြီး ကြောင်ကြီး ထွက်ပြေးသွားတာ ဆိုရင် ရီလည်း ရီရသလို ချစ်ဖို့ကောင်းတယ်။ အင်္ဂလိပ်ပုံပြင်တွေထဲမှာ အခုထိလည်း နာမည်ကြီးနေသေးတဲ့ လူပုလေး ၇ ယောက်နဲ့ မနှင်းဖြူလေး၊ စင်ဒရဲလားပုံပြင်တို့ပေါ့။ ဂျပန်ပုံပြင်တွေထဲကတော့ ကျေးဇူးဆပ်တတ်တဲ့ ကြိုးကြာငှက် လေး ရယ် ၀ါးထဲက ထွက်လာတဲ့ မင်းသမီးလေး ဆိုတာ လောက်ပဲ သိတော့တယ်။သေချာ အသေးစိတ် မမှတ်မိတော့ဘူး။ အခု ဒီရောက်တော့ အဲဒီ ပုံပြင်လေးတွေကို ဖတ်ချင်ပေမယ့် စာအုပ် ရှာရမှာ ပျင်းနေတာရော၊ ဂျပန်စာ အခက်အခဲရှိတာရော ပြန်မဖတ်ဖြစ်တော့ဘူး။ တချို့လည်း စကားပြောရင်တောင် ပုံပြင်လေး ကြားညှပ်သုံးတတ်ကြတာ ကြားဖူးမှာပေါ့။ “ဟို.. မြည်းတစ်ကောင်နဲ့ သားအဖ နှစ်ယောက်ပုံပြင်” ဆိုတာမျိုးလေ။ ငယ်ငယ်တုန်းကတော့ လူကြီးတွေက ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သိထားတဲ့ ပါးစပ်ပုံပြင်လေးတွေ လက်ဆင့်ကမ်းပေးခဲ့လို့ သိခွင့်ရပေမယ့် အခုခေတ် ကလေးတွေ ဆီက “ပုံ ပြောပြပါ” လို့ ပူဆာတာမျိုး မကြားမိဘူး။ အိမ်က တူဝမ်းကွဲလေးရော တူမလေးတွေရော မပူဆာကြဘူး။ ဒီဘက်ခေတ် မိဘတွေ အနေနဲ့ ကလည်း ပိုက်ဆံ ရှာနေရတာနဲ့ ကလေးကို အချိန်မပေးနိုင်ကြတာ များပါတယ်။ ကလေးတွေ အဖို့မှာလည်း တစ်နှစ်၊ တစ်နှစ်ခွဲလောက်ဆိုတာနဲ့ မူကြိုရောက်ပြီး က ကြီး ခ ခွေး ရွတ်နေကြရပြီ။ ချမ်းသာတဲ့ မိသားစုဝင် ကလေးတွေ အတွက်တော့ မိဘတွေက အလုပ်အားရင် Game Centre လိုက်ပို့တာမျိုး၊ Super Market ထဲမှာ ကလေးတွေ ကစားလို့ရတဲ့ နေရာမျိုးမှာ သွားဆော့ခိုင်းတာမျိုး လုပ်ပေး လာကြတယ်။ ဒါမှမဟုတ်လည်း ကလေးက အိမ်မှာပဲ ကွန်ပျူတာ ဂိမ်းဆော့ချင်ဆော့၊ မဆော့ချင်လည်း တီဗွီ၊ ဗွီဒီယို၊ DVD နဲ့ ကာတွန်းကားတွေ၊ တီဗွီကြော်ငြာတွေ ကြည့်ခိုင်းထားကြတယ်။ နောက်ပြီး ကလေးကို ငယ်ငယ် ကတည်းက တခြားဘာသာစကားပြောနိုင်အောင် ဆရာမ အိမ်ခေါ်ပြီး သင်ခိုင်းလာကြသလို တချို့လည်း ILBC ၊ YES တို့လို သင်တန်းကျောင်းတွေ ပို့ကြတာပေါ့။ ကျောင်းရောက်တဲ့အခါ ဆရာမတွေက ကလေးတွေ ပျော်အောင် ကွန်ပျူတာနဲ့ သီချင်းလေးတွေ ဖွင့်ပြတာတို့၊ ကဗျာရွတ်တာတို့၊ ဥာဏ်ရည်ထက်မြက်အောင်ဆိုပြီး ဂိမ်း အမျိုးမျိုး ကစားကြတာ မျိုးတို့ လုပ်ပေးကြပြန်ရော။ ဒါကလည်း တီဗွီထဲမှာ ကြော်ငြာလို့ မြင်ဖူးတာပါ။ မူကြိုကျောင်းတွေကလည်း တစ်ကျောင်းနဲ့ တစ်ကျောင်း ကစားပြိုင်ကြတဲ့ “ချစ်စရာ့အရွယ် ကစားကြမယ်”ဆိုတဲ့ အစီအစဉ်ကိုလည်း တီဗွီမှာ မြင်နေရတယ်လေ။ အဲဒါဆိုတော့ ခုခေတ် ကလေးတွေ “ပုံပြင်နားထောင်ချင်တယ်၊ ပုံပြောပြပါ” လို့ ပူဆာတတ် ကြရဲ့လားလို့ တွေးမိလာတယ်။ လူကြီးတွေ ဖြစ်လာတဲ့ ကျမတို့ကျတော့ရော ဘာထူးသေးလဲ။ နားထောင်ခဲ့ဖူးတဲ့ ပုံပြင်တွေထဲက တချို့ဟာတွေဆိုရင် မမှတ် မိတော့ဘူး။ တစ်ပိုင်းတစ်စ လောက်ပဲ မှတ်မိတာမျိုးတွေ ဖြစ်လာတယ်။ နောင် ကိုယ့်ရဲ့ ကလေးတွေက “ပုံပြောပြပါ” လို့ ပူဆာလာရင်တောင် မပြောပြတတ်တော့ဘူး ဖြစ်မှာသေချာတယ်။ ကလေးတွေကရော ပုံပြောပြဖို့ ပူဆာမှာထက် “ Nintendo DS ၀ယ်ပေးပါ၊ Wii Game ၀ယ်ပေးပါ၊ Computer ၀ယ်ပေးပါ” ဆိုပြီး လက်ရှိ ခေတ်ရဲ့ လိုအပ်ချက်တွေကိုပဲ ပူဆာကြတော့မယ်လို့ ထင်တယ်။ ဒါမှမဟုတ်လည်း ပါးစပ်နဲ့ပြောတဲ့ ပုံပြင်ထက် “Cinderella ၊ Nemo၊ Shrek၊ Spider Man" တို့လို နိုင်ငံခြားကာတွန်းကား တွေကို ပိုပြီး ကြည့်ချင်လာကြမလားပဲ။ ဒီလိုနဲ့ပဲ ကျမတို့ နားထောင်ခဲ့ရဖူးတဲ့ အိပ်ယာဝင်ပုံပြင်၊ ပါးစပ်ပုံပြင်တွေဟာ တဖြည်းဖြည်း ပျောက်ကွယ်သွား လိမ့်မယ် ထင်ပါရဲ့...။

 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။ 

+ဆာကူရာမြန်မာ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)