>
(Photo-ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်ကြမည့် မြန်မာနိုင်ငံသားများအား မြ၀တီချစ်ကြည်ရေး တံတားအနီးတွင် တွေ့ရစဉ်)
လာအို၊ ကမ္ဘောဒီးယား အပါအ၀င် မြန်မာရွှေ့ပြောင်း လုပ်သားများ ပြုလုပ်မည့် ပန်းရောင်ကတ် (ဘတ်) သစ်များမှာ ခရီးသွားလျှင် မြို့နယ်ရုံးသို့ လျှောက်ရခြင်း။ နှစ်နှစ်အတွင်း အလုပ်ပြောင်းရွှေ့ မလွယ်ကူခြင်း။ နယ်မြေအကန့်အသတ် ရှိသည့်အတွက် မြန်မာအလုပ်သမားများ အနေဖြင့် အကျပ်အတည်း ဖြစ်စေကြောင်း မြန်မာပြည်သားများ အရေးပူးတွဲ လှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌက ဆိုသည်။
“ထိုင်းမှာ ဘယ်လို အထောက်အထားပဲလုပ်လုပ် မူလကုန်ကျစရိတ် သတ်မှတ်ပေမယ့် အေဂျင်စီက တစ်ဆင့် ပွဲစားက တစ်ဆင့် ပြုလုပ်ရလို့ ကုန်ကျတာရယ်၊ သူဌေးအမည်ခံ ကြေးပေးရတာလည်း ပါတဲ့အတွက် ပိုမိုကုန်ကျတာချည်းပါပဲ။ ယခုတစ်ခါ ပန်းရောင်ကတ်ကို ဆဲဗင်းအလဲဗင်း စတိုးဆိုင်တွေမှာ ၀န်ဆောင်ခပေးပြီး လုပ်နိုင်တယ် ဆိုပေမယ့် အထူးသတိပြုရမှာက အခုလုပ်ပေးမယ့် ပန်းရောင်ကတ်သစ်ဟာ ခရီးသွားချင်ရင် မြို့နယ်ရုံးကို လျှောက်ရမယ်။ အလုပ်ရှင် ပြောင်းလဲလို့ မရဘူး။ အလုပ်လည်း နှစ်နှစ်အတွင်း ပြောင်းလို့ မလွယ်ဘူး။ နယ်မြေ အကန့်အသတ်ကလည်း တစ်မြို့နယ်ထဲမှာပဲ နေထိုင်အလုပ်လုပ်လို့ ရမှာဖြစ်တဲ့အတွက် မြန်မာအလုပ်သမားတွေ အတွက် အကျပ်အတည်း ဖြစ်စေပါတယ်” ဟု ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ဧပြီ ၁ ရက်ကစပြီး ပန်းရောင်ကတ် ပြုလုပ်ပေးမည် ဆိုသော်လည်း (လူသစ်။ တောင်ကျော်။ ခိုးဝင်။ အလည် VISA ဖြင့် လာသူများ) ကို ပြုလုပ်ပေးမည် မဟုတ်ကြောင်းလည်း သိရသည်။
ပန်းရောင်ကတ် ပြုလုပ်ရာတွင် အမှန်တကယ် ကုန်ကျငွေမှာ ပကန်စံခုမ် (လူမှုဖူလုံကြေး) နှစ်နှစ်စာ (သို့မဟုတ်) ဆေးရုံဘတ် (ကျန်းမာရေး အာမခံ နှစ်နှစ်စာ + သွေးစစ်ခ) = ၃၇၀၀ ဘတ် ထော်ရော် ၃၈/၁ (နိုင်ငံခြားသား ကိုယ်ရေးရာဇ၀င်) = ၈၀ ဘတ် WP (ယာယီအလုပ်လုပ်ခွင့်) နှစ်နှစ် = ၁၉၀၀ စုစုပေါင်း = ၅၆၈၀ ဘတ် ဖြစ်ပါတယ်။ ထပ်ဆောင်း ကုန်ကျငွေအဖြစ် ကားခ + ၀န်ဆောင်ခ (ပွဲစား) အပါအ၀င် ခန့်မှန်းကုန်ကျငွေ (၆၅၀၀/ ၆၇၀၀/ ၇၀၀၀) ဘတ်ခန့် ကုန်ကျနိုင်ကြောင်းလည်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက ပြောကြားသည်။
“ပန်းရောင်ကတ်တွေ ပြုလုပ်ရာမှာ အမှန်တကယ် ကုန်ကျငွေ ကျသင့်သူဟာ ထိုင်းရောက်မြန်မာ ရွှေ့ပြောင်းအြလုပ်သမားဦးရေရဲ့ ရာခိုင်နှုန်း ၂၀ တောင် မရှိနိုင်ပါဘူး။ မဲဆောက် (တာ့ခ်) ခရိုင်အပါအ၀င် ထိုင်းနိုင်ငံက နေ့စားခ ၃၀၀ ဘတ် မရကြတဲ့ ခရိုင်ဒေသကြီး ၁၇ ခုက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကတော့ အကုန်အကျ မတတ်နိုင်ကြလို့ အထောက်အထား ဘာမှမရှိတဲ့ ဘ၀က ကျွတ်မယ်။ လွတ်မယ်လို့တော့ သိပ်မထင်ပါဘူး” ဟုလည်း ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။
ပန်းရောင်ကတ် ပြုလုပ်ရန်အတွက် ကျသင့်ငွေများကို ထိုင်းနိုင်ငံရှိ ဆဲဗင်းအလဲဗင်း စတိုးဆိုင်များမှာ ကာယကံရှင် ရွှေ့ပြောင်း
အလုပ်သမား ကိုယ်တိုင် ကုန်ကျငွေ ပေးသွင်း၍ ရသည့်
စတစ်ထားရှိပြီး ယင်းဆိုင်များမှ ငွေရပြေစာနှင့် ထိုင်းအစိုးရဖွင့်
ထားသည့်ဝမ်းစတော့တ် ဆားဗစ်ရုံးများတွင် ထုတ်ယူနိုင်ကြောင်း သိရသည်။
ယခုပြုလုပ်ပေးမည့် အစီအစဉ်မှာ ယာယီနိုင်ငံကူး လက်မှတ်
(အနီရောင်) သက်တမ်း ခြောက်နှစ်ပြည့်ပြီးသူများ၊ ပြည့်မည့်
သူများနှင့် ယာယီနိုင်ငံကူး လက်မှတ် (ခရမ်းရောင်) လေးနှစ်ပြည့်ပြီးသူများ၊ နှစ်ပြည့်မည့်သူများ အပါအ၀င် လက်ရှိ ပန်းရောင်ကတ် ကိုင်ဆောင်ထားသည့် သူများလည်း ပြုလုပ်နိုင်ကြောင်း သိရသည်။
Writer:
ကိုရွှေသိန်း (မြ၀တီ)Eleven Media(5-3-2016)

Wednesday, March 16, 2016
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment