ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, March 11, 2016

="အချိုရည်ဘူးလေးတစ်ဘူး" =

>
ကျွန်တော့်ဦးလေး အပြင်က ပြန်လာစဉ်မှာ လမ်းမှာတွေ့သည့် အမေ့ မိတ်ဆွေ တစ်ယောက်က အမေသောက်ဖို့ မန်ကျည်းနှင့် လုပ်ထားသော ဖျော်ရည် ဘူးသေးလေး တစ်ဘူး လက်ဆောင် ပေးလိုက် သည်ဟု ဆိုကာ ကျွန်တော်တို့ ထမင်းစားပွဲပေါ်မှာ တင်ထား၏။ ထိုဘူးလေးကို အမေသောက်မှာပဲ ဆိုသည့် အတွေးနှင့် ကျွန်တော်တို့ မသောက်ခဲ့။ နောက်လေးငါးရက် အကြာ ထိုဘူး လေးက သည်အတိုင်း။ တကယ်ဆို အိမ်မှာ အဖေ၊ အမေ၊ ကျွန်တော့် အစ်ကိုနှင့် သူ့မိန်းမ၊ ကျွန်တော့်ညီနှင့် အဖေ့ညီ ကျွန်တော်တို့ ဦးလေး စသည်ဖြင့် အားလုံးက သည်ဘူးလေးကို နေ့တိုင်း မိုးလင်း၊ မိုးချုပ် တွေ့နေရ၏။ ထူးခြားတာက ဘယ်သူမျှ သောက်ပါမည်ဟုစကား မဟကြခြင်းပင်။ အားလုံးက အမေ့အတွက်ဟုရည်ရွယ်ထား၍ မသောက်ကြခြင်းပါ။ သို့သော် အမေကလည်း ဘာကြောင့် မသောက်သေးလဲ ကျွန်တော်တို့ မသိ။ တစ်ပတ်လောက်ကြာပြီး တစ်ညနေမှာ အမေက "ဒီလောက်ကြာနေတာ သောက်လိုက်ကြတော့လေ" ဟု ဆိုတော့ ကျွန်တော်တို့က "အမေသောက်ဖို့ ထား ထားတာလေ" ဟု ပြန်ပြောကြသည်။ ထိုအခါ အမေက "အမေတစ်ယောက်တည်း မကုန်ပါဘူး၊ လာ - တစ်ယောက် တစ်ငုံ သောက်မယ်" ဟု ဆိုမှ အမေက သူ တစ်ယောက်တည်း မသောက်ချင်ဘဲ အားလုံးကို မျှတ၍ သောက်စေချင်တာ ကျွန်တော်တို့ နားလည် လိုက်သည်။ ကျန်သူတွေက မသောက်ကြသော်လည်း အမေကျေနပ်အောင် ကျွန်တော်နှင့် ကျွန်တော့် ညီက ရောပြီး သောက်ပေးလိုက်ပါသည်။ တကယ်တော့ ကျွန်တော်တို့ အခြေအနေက သည်လို ဖျော်ရည်ဘူးလေး တစ်ဘူးကို မျှတပြီး သောက် ရလောက်သည့် အခြေအနေ မဟုတ်။ ကျွန်တော်တို့ မိသားစု၏ တစ်ယောက် အပေါ် တစ်ယောက်က နားလည်စွာ ထားသော သို့မဟုတ် လျှို့ ဝှက်စွာ ရှိနေသော မေတ္တာ၊ စေတနာကြောင့်သာ ဖျော်ရည်ဘူးလေး တစ်ဘူးကို သူသောက်၊ ငါသောက် လုပ်နေကြခြင်းပင်။ သည်လို သောက်လိုက်တော့မှ တီဗွီထဲမှာ ခဏ ခဏ လာနေသော ကြော်ငြာတွေ ထဲက အချိုရည်ပုလင်း ကြော်ငြာ တစ်ခုမှာ ထမင်းစားပွဲပေါ် တင်ထားသော အချိုရည်ပုလင်း တစ်လုံးကို မိသားစုထဲက တွေ့သမျှလူ သောက်ချသွားတာ သတိရသည်။ ကြော်ငြာ ကတော့ အချိုရည် ပုလင်း၏ ဆွဲဆောင်မှုကို ပြခြင်းပါ။ ကျွန်တော်တွေးမိသည်က ကျွန်တော်တို့ မိသားစု ပုံစံသာ ဆိုလျှင် သည်လို ကြော်ငြာပုံစံမျိုး ရိုက်လို့ရမှာ မဟုတ်။ ဟုတ်သည်လေ။ ထမင်းစားပွဲပေါ်က အချိုရည်ဘူးလေး တစ်ဘူးကိုပင် ကျွန်တော်တို့မှာ မတို့ရက်၊ မထိရက် ဖြစ်နေရသည် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ထိုညနေက ဖျော်ရည်ဘူးထဲမှာ ပါသော မန်ကျည်း ဖျော်ရည်၏ အရသာသည် ကျွန်တော်တို့ လျှာဖျားမှာ အလွန် အရသာရှိခဲ့သည်က အမှန်ပင်။ ပြီးတော့ သည်ဖျော်ရည်ဘူးလေးမှာ ထူးခြားမှုတွေ ရှိနေသည်ကို ကျွန်တော် သိလိုက်ရ၏။ မန်ကျည်းဖျော်ရည် ဖြစ်လျက် မချဉ်ဘဲနှင့် ရင်ထဲကို ချိုဆင်း သွားတာက ထူးခြားမှု တစ်ခု၊ မသောက်ရသူတွေ၏ ရင်ထဲမှာလည်း သောက်ရသလို ပြည့်ဝ သွားတာက ထူးခြားမှု တစ်ခု။ ။ /////////////////////////////////////////////////////////////////// 

+သားလတ် +

 ၂၁.၁၂.၁၉၉၉ (ထူးခြားဂျာနယ်၊ အတွဲ ၁ - အမှတ် ၄၂၊ ၂၀၀၀ပြည့်နှစ်၊ ဇန်န၀ါရီလ ၂၀ ရက်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)