ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, April 14, 2016

ထိုင်းဘက်မှ အလုပ်သမား တင်သွင်းသည့် အေဂျင်စီများ ဥပဒေနှင့် အညီ ဆောင်ရွက်ကြရန် ညွန်ကြားချက် ထုတ်ပြန်

>
+(MOEAF Thai ဧင်္ပြီ ၁၄)+

 ထိုင်း အလုပ်သမား ၀န်ကြီးဌာနသည် နိုင်ငံခြား အလုပ်သမားများကို တင်သွင်းသည့် ထိုင်းနိုင်ငံမှ ကုမ္ပဏီများနှင့် အေဂျင်စီ များ၏ လွဲမှားစွာ လုပ်ဆောင်နေခြင်းများကို ပြန်လည် စစ်ဆေးမည် ဖြစ်ကြောင်း ဧပြီလ ၁၂ ရက်နေ့က ကြေညာချက် တရပ် ထုတ်ပြန်လိုက်သည်ဟု သတင်းရရှိသည်။ ယင်းကြေညာချက်ကို ထုတ်ပြန်သူမှာ ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် မစ္စတာ အာရပ် ပရုန်မနီး ဖြစ် သည်။ ဒီကြေညာချက်မှာ မစ္စတာ အာရက်က ပြောထားတာကတော့ ´ပြဿနာက ဘာလဲဆိုရင် အလုပ်ရှင်တွေက နိုင်ငံခြား အလုပ်သမားတွေရဲ့ ပတ်စ်ပို့ကို သိမ်ထားတဲ့ ကိစ္စပါဘဲ.. တကယ် တော့ နိုင်ငံခြားသား အလုပ်သမားတွေကို တင်သွင်းဖို့ Quota တောင်းတဲ့ ကုမ္ပဏီ အေဂျင်စီတွေရဲ့ စာချုပ်ထဲမှာ ပတ်စ်ပို့ သိမ်းထားရမယ်လို့ မပါဘူး။ ဒါကြောင့်မို့လို့ အလုပ်သမား ၀န်ကြီးဌာနအနေနဲ့ လွဲမှားစွာ ပြုကျင့်နေကြတဲ့ အလုပ်သမား တင်သွင်းတဲ့ ကုမ္ပဏီတွေ အေဂျင်စီတွေကို နောက်ကြောင်းပြန် စစ်ဆေးရမယ်။ ပြီးတော့ နိုင်ငံခြားသား အလုပ်သမားတွေ ကိုလည်း အလုပ်သမား စုဆောင်းတဲ့ အေဂျင်စီတွေနဲ့ ဘယ်လို လက်မှတ်ထိုး စာချုပ်ချုပ်လာတာလဲ ဆိုတာကိုလည်း ပြန် ပြီး စစ်ဆေးရပါမယ်။ ဒီလို စာချုပ်ပါ အချက်အလက်တွေနဲ့ မညီဘဲ ပြုကျင့်ခံနေရတဲ့ အုလပ်သမားတွေကို အလုပ်သ မား ၀န်ကြီးဌာနက ကူညီပေးမယ်။ စာချုပ်ပါအတိုင်း မဆောင်ရွက်တဲ့ ဖောက်ဖျက်တဲ့ အေဂျင်စီတွေ ကုမ္ပဏီတွေကို လုပ်ပိုင် ခွင့် ရပ်စဲတာမျိုး ယာယီ ရပ်ဆိုင်းထားတာမျိုး လုပ်မယ်။ ဒါ့အပြင် အလုပ်သမား ၀န်ကြီးဌာနအနေနဲ့ Sub- contractors ကိုလည်း ဖိတ်ခေါ်ပြီးတော့ နိုင်ငံခြား အလုပ်သမားတွေနဲ့ စာချုပ်ချုပ်ဆိုတဲ့ ကိစ္စရပ်တွေအတွက် ဆွေးနွေးမှာ ဖြစ်ပါတယ်´ ဟူ၍ ဖြစ်သည်။

  ဤထုတ်ပြန်ကျေညာချက်ကို MOEAF မှ ၀မ်းမြောက် ၀မ်းသာ ကြိုဆိုသည်ဟု ပြောသည်။ MOEAF အသင်းချုပ်မှ တွဲဘက် အတွင်းရေးမှူး (၂) ဦးကျော်ဇောက ´အလုပ်သမား လက်ခံတဲ့ နိုင်ငံက အလုပ်သမားအခွင့်အရေး ဥပဒေပါအတိုင်း ဒီလိုဆောင်ရွက်ပေးတာကို ကျွန်တော်တို့ က ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်သမားတွေ ရထိုက်တဲ့ အခွင့်အရေးတွေကိုရော ထိုင်းဘက်က မမှန်မ ကန် ဆောင်ရွက်နေကြတဲ့ အလုပ်ရှင်တွေနဲ့ အေဂျင်စီတွေကိုပါ ကြေညာချက်ပါအတိုင်း ထိရောက်ရောက် အရေး ယူ ပေးမယ်ဆိုရင် ကျွန်တော်တို့ မြန်မာပြည်ဘက်က ၀မ်းသာအားရ ကြိုဆို ရမှာ ဖြစ်ပါတယ်။ ဒီလို အမှန်တကယ် ထိုင်းဘက် က ဆောင်ရွက်လာမယ်ဆိုရင် အခု ဖြစ်ပျက်နေတဲ့ အခက်အခဲ ပြဿနာ တွေ ပိုပြီး လျော့နည်းလာမှာ ဖြစ်သလို အလုပ် သမားတွေအတွက်လည်း ပိုမို အကျိုး ဖြစ်ထွန်းလာမယ် လို့ ယုံကြည်ပါတယ်´ ဟု ဆိုသည်။ 

ဤကြေညာချက်အပေါ်တွင် မြန်မာ့အလုပ်သမားအရေးကို ဆောင်ရွက်ပေးနေသူ ထိုင်းအခြေစိုက်-မြန်မာပြည်သားများ အ ရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ-(JACBA)မှ ဥက္ကဌ ဦးမိုးကြိုးက ပြောဆိုရာမှာ ´MoUစနစ်နဲ့ နှစ်နိုင်ငံက ရွှေ့ ပြောင်းအလုပ်သမားတွေကို စေလွှတ်တဲ့နေရာမှာ မြန်မာနိုင်ငံဘက်ကတော့ MOEAF (မြန်မာ ပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်) ကို တရာဝင်ဖွဲ့ စည်းလုပ်ကိုင်နေပေမယ့်လည်း တရားမ၀င်တဲ့ ကြားပွဲစား၊ လူမှောင်ခိုတွေရဲ့ ပြသနာကဆက်ရှိနေဆဲပါပဲ။ အဲ--တဖက် ထိုင်းနိုင်ငံဘက်ကျတော့ MOEAFလို စနစ်တကျနဲ့ တရားဝင် ဖွဲ့ စည်းထားတဲ့ အေဂျေင်စီတွေ မရှိကြဘူးလေ။ ဒီတော့ MoU စနစ်နဲ့  အလုပ်သမားပို့ သူ၊ လက်ခံသူကြားမှာ လက်ခံတဲ့ ထိုင်းဘက်က ဒီလိုမှ စည်းမျဉ်းစည်းကမ်းနဲ့  ထိထိရောက်ရောက် အရေးမယူရင် တစ်ခုခုဖြစ်လိုက်တာနဲ့  မြန်မာ ဘက်က တာဝန်ခံရှင်းဆိုတာချည်းပဲ ဖြစ်နေမှာပဲ။ MoU စနစ်က ဒီလိုပဲလုပ်ရင်းကိုင်ရင်းနဲ့  အားနည်းချက်တွေ၊ ချို့ယွင်း ချက် တွေကို ပြုပင်ဆောင်ရွက်သွားရမှာပဲ။ ပြီးတော့လည်း မြန်မာဘက်က မှားရင် မြန်မာဘက်၊ ထိုင်းဘက်ကမှားရင် ထိုင်းဘက်၊ နှစ်ဖက်စလုံး မှားရင်နှစ်ဖက်စလုံး တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် ပူးပေါင်းဆောင်ရွက်စရာတွေ အများကြီး ကျန်သေးတယ် လို့  မြင်ပါတယ်´ ဟု သုံးသပ်ပြသည်။ 

ဤကြေညာချက်ထွက်လာသည့်အပေါ်တွင် ထိုင်းနိုင်ငံသို့ အလုပ်သမား တင်ပို့နေကြသော မြန်မာနိုင်ငံမှ အေဂျင်စီများက လည်း ၀မ်းသာ ကြိုဆိုကြောင်း သိရသည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)