ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, April 28, 2016

=တိမ်းညွတ်တတ်တယ်=

>
သိပ်ချစ်ပါတယ်။ ကြင်နာသူဆီက အပြစ်မြူမှုန်မှန်သမျှ ဖယ်ရှားပေးချင်ခဲ့သူပါ။ သူစေသမျှ မြေဝယ်မကျတည်ဆောက်နိုင်ဖို့ စွမ်းဆောင်ခဲ့သူပါ။ကိုယ်ပိုင်အိပ်မက်ကို မီးရှို့လို့ သူ့ကောင်းကင်ကိုသာ ဆေးခြယ်ခဲ့သူပါ။ သိပ်ချစ်ပါတယ်။ ဆုတောင်းရှိခိုးမှုကို ပစ်ပယ်လို့ ဝဋ်ဒုက္ခ အားလုံးကို ရင်ဆိုင်တွေ့ဖို့သာ ဆုံးဖြတ်ခဲ့သူပါ။ ပျော်ရွှင်မှုကျိုးပဲ့ကာ ငရဲတွင်းထဲအကြိမ်ကြိမ်ဆင်းရလည်း တွယ်တာစိတ်မခေါင်းပါးနိုင်သူပါ။ နှလုံးရည်နိမ့်ကာ ထိရှလွယ်ပေမယ့် အရေခွံချက်ချင်းလဲကာ ဒဏ်ရာမဲ့သူလို သူ့အနားမြဲခဲ့သူပါ။ သိပ်ချစ်ပါတယ်။ သူ့ကောက်ကျစ်ပြုံးကို သူတကာမြင်မှာ စိုးကာ မျက်နှာဖုံးလှလှလေး လက်ဆောင်ပေးချင်ခဲ့သူပါ။မလည်မဝယ်နဲ့ ထောင်ချောက်များ အနားမှာ ကြောက်စိတ်ဖျောက်လျက် အချစ်ကြောင့်ရဲနေတဲ့သူပါ။ အသည်းမည်မျှကွဲစေကာမူ သေနည်းမျိုးစုံအဖုံဖုံမှ လွတ်နေသော ရူးမလု သေမတတ်ချစ်မိသူရယ်ပါ။ သိပ်ချစ်ပါတယ်။ ရင်ဝဆီပြေးလာတဲ့ မြှားလှံလက်နက် အလုံးစုံကိုလည်း သူ့ရှေ့မှရပ်ကာ ပမာမခန့်ပြုံးကြည့်နေချင်သူပါ။ သူ့ဆင်ခြင်ဥာဏ်နဲ့သာ လှုပ်ရှားသော၊ သူ့အရိပ်အကဲကိုသာ ကြည့်ကာ ရွေ့လျားတတ်သော စက်ရုပ်ဖြစ်ခဲ့သူပါ။ ဥာဏ်ကလေးလက်တစ်ဆစ်နဲ့ မျှော်မြင်နိုင်သလောက် ပေးဆပ်ရင်း ပိုင်ဆိုင်မှုမှန်သမျှု စတေးဖို့လည်း ဝန်မလေးခဲ့သူပါ။ ဒါပေမယ့် သိပ်ချစ်ပါတယ်ဆိုတဲ့ ပြောသမျှစကားအလုံးစုံဟာ ကျွန်မရဲ့ အချစ်ကို စန်းတင်လိုခြင်းသာ ဖြစ်ပါလိမ့်မယ်။ ကျွန်မရဲ့ အချစ်မှာ မျှော်လင့်ချက်နည်းသော၊ ပကတိအရောင်လင်းသော၊ မကောင်းကြံခြင်း ဝေးကွာသော ၊ အပြစ်ဖွဲ့ခြင်းကင်းသော အချစ်ပါလို့ အမွှန်းတင်လိုနေခြင်းလည်း ဖြစ်ပါလိမ့်မယ်။ သိပ်ချစ်ပါတယ်။ ထိုသို့ပင် ထပ်ပြောပါရစေ။ လူတိုင်းမှာ လူ့အခွင့်အရေးရမယ်ဆိုလျှင် ကျွန်မရဲ့ ချစ်ခြင်းမှာလည်း ကျွန်မရဲ့ ရပိုင်ခွင့်ပင် ဖြစ်ပါလိမ့်မယ်။ ကျွန်မရဲ့ အချစ်ကို အမုန်းမြူမှုန်များမကပ်ငြိစေလိုပါ။ အတ္တမီးခိုးမျှင်များ မစွဲထင် စေချင်ပါ။ ကျွန်မရဲ့ ချစ်ခြင်းကို သန့်စင်နှစ်လိုဖွယ် ဖြစ်စေလိုသာ ၊ အမှတ်တရလှလှအဖြစ်သာ လိုလားမိသော ကျွန်မရဲ့ဆန္ဒမှာ အပြစ်မရှိဟု ထင်မိတာ။ ဒါကြောင့် လွပ်လပ်ငြိမ်းချမ်းစွာ၊ အနှောင်အဖွဲ့ကင်းစွာ၊ မေတ္တာပြည့်စွာ ဖွဲ့တည်ထားသော ချစ်ခြင်းပါလို့ ဆိုဦးမှာ။ သိပ်ချစ်ပါတယ်။ သူတစ်ဦးတစ်ယောက်ကို ချစ်ခြင်းထက် ကျွန်မရဲ့ချစ်ခြင်းကိုသာ ကြည်ညိုလိုခြင်းဖြင့် ထိုသို့ ဆိုချင်ပါတယ်။ ခွင့်ပြုပါ။ သိပ်ချစ်ပါတယ်လို့ မာနအတ္တခေါင်ခိုက်ကာ ကျွန်မ ဆိုချင်ပါသေးတယ်။..

.။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ 

+မယ့်ကိုး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)