ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 26, 2016

= ‘အိပ်မက်ရိပ်’=

>
‘မင်းသဘောမပေါက်ဘူး ။ဟုတ်တယ်မလား။ A ပုဂ္ဂိုလ် က B ပုဂ္ဂိုလ်ကို နားလည်တာ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုဖြစ်လာဖို့ အချိန်ကျလာလို့ပဲ။ Bပုဂ္ဂိုလ်က Aပုဂ္ဂိုလ်ရဲ့ နားလည်မှုလိုချင်လို့ မဟုတ်ဘူး။’ ဟာရုခိ မူရာကာမိရဲ့ နော်ဝေတောအုပ်ဆိုတဲ့ စာအုပ်ထဲက ချစ်သောမိန်းမ ဟာဆုမိနှင့် မချစ်သောယောကျာ်း နာဂဆဝါကို သတိရသောအခါ စိတ်မသက်မသာဖြစ်ရသည်။ နားလည်မှုမလိုအပ်သူကို နားမလည်တာ အကောင်းဆုံးဖြစ်ပေ လိမ့်မည်။ သူမသည် အခုတော့ ဘယ်သူ့ကိုမှ နားမလည်ချင် တော့ပေ။ သူမကိုယ် သူမလည်း နားမလည်ချင်ပေ။ နားမလည်စေချင်သည့်သူကို အဘယ့်ကြောင့် နားလည်စရာ လိုမည်နည်း။ သူ့ဆီက နားလည်မှုကိုရော အဘယ်ကြောင့် လိုအပ်နေသနည်း။ အဖြေမရှာချင်တော့။ ပင်ပန်းလွန်းလှသည်။ စိတ်ပညာစာအုပ်များကို လှန်လှောမကြည့်ချင်တော့။ သီအိုရီတွေ၊ အမေး၊အဖြေတွေနှင့် သုံးသပ်ရခြင်းမှာ နွမ်းနယ်လှသည်။ သို့သော် သူမခေါင်းထဲက အသံသည် သူမမကြားလိုသည့် အဖြေကို ရေရွတ်နေသည်။ ‘ဒီလိုဖြစ်အောင် မင်းရွေးချယ်လုပ်ယူထားတာ။ ကိုယ့်ကိုနှစ်လိုသူဆီမှာ ပျော်ရွှင်ကြည်နူးနိုင်ရဲ့သားနဲ့ မချစ်မနှစ်သက်တဲ့သူရဲ့အရိပ်နောက်လိုက်ပြီး လောကကြီးကို နာကျည်း၊ အသည်းကွဲခံစားနေချင်တာ။ သေချင်လွန်းလို့ ကိုယ့်သေတွင်းကိုယ်တူးနေတာ။’ မဟုတ်ဘူးလို့ သူမ မငြင်းနိုင်။ မကြားယောင်ဆောင်နေသည်။ ဘာမှလာမပြောနဲ့။ နင်က အချစ်အကြောင်းမသိဘူးလို့ ရန်ထောင်ချင်သေးသည်။ အရေးမစိုက်ပါဘူးဆိုပေမယ့် သူပြောသလို ငါမဟုတ်ဘူးဆိုတာ သက်သေပြမည်ဟု သံန္တိဋ္ဌာန်ချမိပြန်သည်။ ကောင်းကင်ကိုပဲ မော့ကြည့်နေမိသည်။ နေရောင်ခြည်မရှိသောအရပ်မှာ သွားလို့ နေထိုင်မည်။ အလင်းကွယ်သောအရပ်တွင် အိပ်မက်လည်း မှောင်အတိဖြစ် နေမည်။ အရိပ်မျှ မမြင်ရလျှင် အမှတ်တရဆိုတာ မှတ်ဥာဏ်ထဲက လွင့်ပါးသွားမည် မဟုတ်လား။ အချစ်ဆိုတာလည်း ကြွေမွ ပျက်စီးသွားမည်။ နားလည်မှုတွေနဲ့ အချိန်ကုန်ရမယ့် အရွယ် မဟုတ်တော့ပြီ။ ဘဝကို လိုသလို ပုံသွင်းတည်ဆောက်ရမယ့် အချိန်ရောက်ပြီ မဟုတ်လား။ ဥပေက္ခာဟု စကားအလှသုံးကာ မြင်တွေ့ခံစားရသမျှကို တတ်နိုင်သလောက် လစ်လျူရှုနိုင်အောင် ကြိုးစားနေလေသည်။ သူ့ကို နားလည်ချင်စိတ်ပေါ်လာသောအခါ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ ငါ့နဲ့မဆိုင်ဟု အဖန်ဖန်ရွတ်ကာ ထုံနေအောင် နှလုံးသွင်းရသည်။ ပင်ပန်းလှသည်။ ကြာတော့လည်း နေတတ်သွားမှာပါဟု ကိုယ့်ကိုယ်ကိုယ်အားပေးရသည်။ မေ့ပျောက်သွားမှာပါလို့လည်း ဖြားယောင်းသွေးဆောင်ရသည်။ သူ့ဘဝထဲမှ အမှုန်အစတစ်ခုလို သူမတစ်ယောက် လွင့်စင်ပျောက်ကွယ်သွားမည်။ ဝမ်းနည်းစရာလား။ သူမဘဝ ထဲမှာလည်း သူပုံရိပ်သည် ပါးလွှာမှေးမှိန်သွားမည်။ ပျက်စီးခြင်းအမှန်တရား အနိစ္စလို့ ဘုရားဟောသည် မဟုတ်လား။ မမြဲခြင်းသဘော သင်္ခါရလည်း ဖြစ်တော့သည်။ နောက်နောင်ဘဝတွင် သူမသည် သူမကိုချစ်သော၊သူမက ချစ်သောသူတွေနှင့် ဝန်းရံနေမည်ဟု အိပ်မက်မက်ပြန်သည်။ နောက်နောင်ဘဝ။ No! ဘယ်လောက်မှားယွင်းအကျည်းတန်လိုက်တဲ့ အတွေးအခေါ်လဲ။ သူမသည် ဒီဘဝမှာ အချစ်ကို မထွေးပွေ့ရဲလောက်အောင် သရဲဘောကြောင်သူဖြစ်သလား။ သူမသည် ချစ်ခင်ခြင်းငှာ မထိုက်တန်သော မိန်းမလို့ ကိုယ့်ဘာသာပြဋ္ဌာန်းပြီး အချစ်ကို အကြောက်အကန်ငြင်းနေခဲ့သလား။ တခြားလူတွေ အနိုင်ကျင့်တာနဲ့ သူမကိုယ်သူမ ဒဏ်ခတ်နေမိသလား။ဟင့်အင်း။ မဟုတ်ပါဘူးလို့ ထပ်မံငြင်းချင်သေးသည်။ ‘နင့်ကို ဘယ်သူမှ မချစ်ဘူး။’ လို့ အမေ့စကားကို လည်းကောင်း၊ ‘ အစ်မကို ဘယ်သူမှ မချစ်ဘူး။’ လို့ မိတ်ဆွေအမျိုးသမီးတစ်ယောက်ပြောစကားကိုလည်း ခါးသည်းမှုမှန်သမျှ နှလုံးသားထဲက အပြီးအပိုင်ထုတ်နိုင်အောင် ကြိုစားရမည်။ သူမ ချစ်ခြင်းကို ရသင့်သော၊ ရထိုက်သော၊ ရနိုင်သော လူတစ်ယောက် ဖြစ်သည်။ ထိုသို့အကြမ်းဖျဉ်းခံယူထားရမည်။ သို့သော် ယုံကြည်မှုကို ဘယ်လိုတည်ဆောက်ရမည်နည်း။ ခွေးတစ်ကောင်လောက်မွေးမည်။ သူမကိုတော့ ချစ်လိမ့်မည်ဟု မျှော်လင့်ရသည်။ အချစ်ခံရရင် သူမ ပျော်ရွှင်မည်လား။ ချစ်ခြင်းသည် ဆင်းရဲခြင်းရဲ့အကြောင်းလို့ ဘုရားဟောကို သတိရပြန်သည်။ အချစ်မခံရခြင်း ငရဲထက်ပင် ဆင်းရဲဦးမည်လား။ မမှုချင်။ တိရစ္ဆာန်တစ်ကောင်ရဲ့ အချစ်ကိုပဲ ရနိုင်မှာပေါ့လို့ မိတ်ဆွေအမျိုးသမီးကအစ အမေအဆုံး ဘယ်သူကပဲဖြစ်ဖြစ် ကဲ့ရဲ့လာလျှင်လည်း အလေးမထားလို။ ထရံကာ ဓနိမိုးပဲဖြစ်ဖြစ် အိမ်လေးတစ်လုံးဆောက်နိုင်အောင် ကြိုးစားမည်။ ခွေးမလေးတစ်ကောင်ကို သမီးလေးအဖြစ် မွေးစားမည်။ သမီးလေးက ကလေးတွေ မွေးလာရင် သူမက မြေးတွေဘာတွေရကာ အဘွားပင် ဖြစ်နိုင်သေးသည်။ ထိုအိပ်မက်သည် နောက်နောင်ဘဝ ဆုတောင်းထက် ဖြစ်နိုင်ချေရှိသည်ဖို့ စိတ်ကူးယဉ်ရင်းမှာပင် ကြည်နူးချမ်းမြေ့ ရလေသည်။ ။

 ///////////////////////////////////////// 

+မယ့်ကိုး +

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)