ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, April 30, 2016

=ချစ်ခင်ခြင်းငှာ မထိုက်တန်သော မိန်းမ=

>
ငယ်ငယ်တုန်းက ကလေးသဘာဝမပျော်ရွှင်ခဲ့ဖူးသူတွေက ဒီလစ်ဟာမှုကို ပြန်လည်ဖြည့်ဖို့အတွက် ကလေးလို ချွဲနွဲ့နေ လိုကြသတဲ့။ ထိုစိတ်ပညာ သုံးသပ်ချက်မှာ သူမအတွက် မှန်လေသလား။ သူမက မိတ်ဆွေဆိုလျှင် ရွယ်တူထက် ကိုယ့်ထက်အသက်ကြီးကိုသာ ဦးစားပေးရွေးချယ်မိသလို သူငယ်ချင်းအချစ်ကို အသက်ကြီးသူအစ်မလိုမျိုးသူတွေထံမှသာ ပိုလိုချင်ခဲ့မိတာ။ ထို့ကြောင့်သာ အတန်းတူသူငယ်ချင်းထက် အစ်မရဲ့သူငယ်ချင်းများကိုသာ ရွေးချယ်ပေါင်းသင်းခဲ့တာရယ်။ မမ၊ မလို့ ခေါ်ပြီး ချွဲချင်သလို ကိုယ့်ကိုယ်ကိုယ် မီးလို့ သုံးနှုန်းပြီး ကလေးလုပ်ချင်နေမိခဲ့။ မပျော်ရွှင်ခဲ့ဖူးသော ကလေးဘဝကို အစားထိုးနိုင်မယ်ဆိုရင် သူမ ဘယ်တော့မှ မရင့်ကျက်ချင်ခဲ့။ ထိုအစ်မတွေက သူမကို ချစ်လား မချစ်လားလို့ မသိနားမလည်၊ မစဉ်းစားမိခဲ့ပါ။ ချစ်တယ်လို့ရယ်သာ မှတ်သားထားခဲ့မိရဲ့။ စိတ်ချမ်းသာသလိုသာ နေခဲ့မိရဲ့။ သူမရဲ့အမေက အမှန်စကားမပြောခင်အထိရယ်။ အစ်မတစ်ယောက်အတွက် မင်္ဂလာလက်ဖွဲ့ကို အမေ့ကို မတိုင်ပင်ဘဲ သူမရဲ လုပ်အားခထဲက ပေးလိုက်သောအခါမှာ အမေပြောခဲ့တာက…‘သူတို့တွေက နင့်ကို ချစ်တယ် ထင်နေလား။ နင့်ကို နင့်အစ်မမျက်နှာနဲ့ မတတ်သာလို့ ပေါင်းနေတာ။ နင့်ကို ဘယ်သူကမှ မချစ်ဘူး။ သိပ်ဘဝင်မြင့်မနေနဲ့။ကိုယ့်အကြောင်း ကိုယ်သိ’ တဲ့။ ထိုစဉ်အခါကတော့ သူမ မငိုခဲ့ပေ။ ဟုတ်တယ် ။ သမီးကို ဘယ်သူမှ မချစ်ဘူးဆိုတာ သိတယ်လို့သာ ပြန်ပြောဖြစ်ရဲ့။ နိတိကျမ်းတွေအဆိုအရ အမေပြောသမျှ သစ္စာတရား၊ အမေဆိုတာ ကိုယ့်ကိုနားအလည်ဆုံးတဲ့လေ။ သူမကလည်း အမေ့ဆိုစကားကို ဘုရားစကားလို ယုံမှတ်လိုက်ရမလား။ ဘာပဲဖြစ်ဖြစ် အမေသာအမြဲမှန်တယ်မဟုတ်လား။ သေချာတာက သူမကို ဘယ်သူမှ မချစ်သလို သူမကလည်း ဘယ်သူ့ကိုမှ မချစ်ချင်တော့။ သူငယ်ချင်းများကို အမြဲရွေးချယ်ပေါင်းသင်းခဲ့သလို လွယ်လွယ်ကူကူလည်း ကျောခိုင်းတတ်လာခဲ့။ ထို့အတူ ပျော်ရွှင်မှုဆိုတာလည်း မသိနားမလည်တော့။ တစ်ခါတစ်လေတော့ ကြေကွဲသလိုလိုမို့ မျက်ရည်ကျမိရဲ့။ နင့်ကို ဘယ်သူကမှ မချစ်ဘူး။ သိပ်ဘဝင်မြင့်မနေနဲ့။ ဆိုတဲ့ အမေ့စကားသံကို ပြန်ကြားယောင်မိတိုင်းရယ်။ လောကမှာ အချစ်မခံချင်တဲ့သူဆိုတာ ရှိလို့လား။ သူမကတော့ အလွန်ပင် အချစ်ခံချင်လှတာ ဝန်ခံနိုင်ပါတယ်။ ကလေးဘဝထဲက လစ်လျူရှုခံရသူမို့လည်း အချစ်ကို ပိုလိုချင်မိရဲ့။ ဘဝမှာ ချို့ငဲ့ လွန်းသော ချစ်ခြင်းကို တစ်ပါးသူတွေဆီက ရလိမ့်နိုးနဲ့ မျှော်လင့်မိတာ အပြစ်ရှိလားလို့ သိချင်နေမိခဲ့။ ဒါပေမယ့် ဘယ်သူ့ကိုမှ မမေးလိုတော့။ သူမအရွယ်မငယ်တော့ပြီလေ။ အမေပြောသလို ကိုယ့်အကြောင်း ကိုယ်သိရတော့မှာ။ ခက်တာက အသိတရားက ဒဏ်ရာကို မသက်သာစေဘူး။ ကိုယ်ကောင်းမှ သူကောင်းမယ်။ ကိုယ်ချစ်မှ သူချစ်မှာ ဖြစ်ပေမယ့် တပါးသူကို မေတ္တာပေးဖို့ စွမ်းစွမ်းတမံမကြိုးစားနိုင်တော့ဘူး။ လွယ်လင့်တကူ လက်လွှတ်အရှုံးပေးချင်ခဲ့ပြီ။ ချစ်ခြင်းမေတ္တာ ဆိုတာ ရဖူးမှ နားလည်ပြီး ပြန်လည်ပေးနိုင်သည့် အရာလို့ ဆိုကြတယ်မဟုတ်လား။ ဒါပေမယ့် ဘယ်လိုရနိုင်မှာလဲ။ ယူချင်တိုင်းရသည့်အရာမှ မဟုတ်ဘဲ။ ပေးမယ့်သူ ရှိရဦးမယ် မဟုတ်ပါလား။ အချစ်ကို ပေးပါ။ပေးပါလို့ တစာစာအော်တောင်းခံတိုင်းလည်း ရသည့်အရာလည်း မဟုတ်ပါဘဲ။ 'နင့်ကို ဘယ်သူကမှ မချစ်ဘူး' ဆိုတဲ့ အမေ့စကားကိုသာ ဗျာဒိတ်လိုစွဲနေကာ သင်းကွဲနေတတ်ခဲ့ပြီ။ တစ်ခါတစ်လေတော့လည်း အမေစိတ်ဆိုးလို့ ပြောတာနေမှာပါ။ ငါ့မိတ်ဆွေအစ်မတွေက ငါ့ကိုချစ်မှာပါလို့ ကိုယ့်ကိုယ်ကိုယ် လှည့်စားပေမယ့် အယုံအကြည်မဲ့ခဲ့လေပြီ။ အမေစိတ်ဆိုးလို့ ပြောတယ်ဆိုလည်း ဒေါသထွက်မှာသာ ရင်ထဲမှာရှိတဲ့အမှန်တရားက လွင့်စင်ပေါ်ပေါက်လာတာ မဟုတ်လား။ ဘာကြောင့်ပဲဆိုဆို နောက်ဆုံးတော့ အမေ့စကားကိုပင် ခြေစုံပစ်ယုံကြည်လိုက်ချင်ပြီလေ။ ချစ်ခြင်းမေတ္တာတစ်ဖဲ့တစ်မှုန်ရဖို့ သူမဘယ်သောအခါမှ ကြိုးပမ်းအားထုတ်မှာ မဟုတ်လေတော့။ မိတ်ဆွေများက တသီးတသန့်နဲ့ ကြီးကျယ်တဲ့မိန်းမလို့ သူမကို စွပ်စွဲကြလည်း မမှုချင်တော့။ နင့်ကို ဘယ်သူကမှ မချစ်ဘူး။ သိပ်ဘဝင်မြင့်မနေနဲ့။ ဆိုတဲ့ အမေ့စကားသံကိုသာ ဦးထိပ်ထားကာ နေတတ်ခဲ့ပြိလေ။ ////////////////////////////////////////////////////// 

+မယ့်ကိုး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)