+Public Health+ .
သင်္ကြန်ရေကစားရင်းနားထဲရေ၀င်သွားခဲ့ရာက.. အကြိမ်ကြိမ်ခုန်ပေါက်ပေးခြင်း ၊ နားကိုစောင်းပြီးအိပ်ခြင်း၊ များမျိုးစုံဖြင့် ကြိုးစားသော်လည်းရေပြန်မထွက်သဖြငိ့ နားတစ်ဖက်လေးသွားဖူးသည်ဟုဆိုသည် ။ ၊ ။
. ★ မျက်စိမှာ - - - ရေ
★ နားမှာ - - - ဆီ
★ ဒန္တီမှာ - - - ဆား
★ ၀မ်းမှာ - - - ခါးဆိုသည့်အတိုင်း နားအတွင်းတစ်စုံတစ်ခုဝင်လျှင် ဆီထည့်ပေးရပါသည်။ . စာရေးသူကိုယ်တိုင် သင်္ကြန်တွင်းရေပူပေါင်းကြောင့် ညာဘက်နားထင်ထိပြီး..နားထဲရေ၀င်ကာ နားအုံရောင်ပြီး.နားကိုက်ခဲ့သည်။ . မိတ်ဆွေတစ်ဦး၏နည်းလမ်းအတိုင်း... -- - - - - - -- - - - - - - - - - - မုန်ညင်းဆီစစ်စစ်..သို့ နှမ်းဆီစစ်စစ်ကိုသုံးပါ ။ . ကြေးဇွန်းတစ်ချောင်းတွင် ဆီတစိဇွန်းခန့်ခပ်ပါ...။ . အောက်ခြေမှဖယောင်းတိုင်မီးဖြင့်အပူပေးပါ။ တမိနစ်အတွင်းဆီများဆူပွက်လာပါမည်။ ပူနေသောဆီကိုအအေးခံပြီး..ခပ်နွေးနွေး အနေအထားတွင်
နားအတွင်းသို့လောင်းထည့်ပါ...။ . ခဏကြာရင်..ပြန်စောင်းပြီးနားထဲမှဆီ ပြန်ထွက်အောင်ပြုလုပ်ပါ..။ . ၀င်သွားသည့်ရေမှာဆီနှင့်အတူရောပြီး .ပြန်ထွက်လာပါသည်..။ . မသက်သာသေးပါက .. တစ်နေ့နှစ်ကြိမ်အထက်ပါအတိုင်းပြုလုပ်ပါ ။ . စာရေးသူကတော့ တနေ့ ၃ ကြိမ်..၃ ရက်ဆက်တိုက် ပြုလုပ်သောအခါ - - - - နားအတွင်းမှရေများအပြင်. .. . . . .ရေပူပေါင်းမှ ရာဘာအစလေးပါထွက် ကျလာပြီး သက်သာသွားခဲ့ပါသည် ။ ၊ ။ ... နားထဲကိုတစုံတခုဝင်ပါက.. နားကြပ်တောင် နားဖာကလော်များဖြငိ့မကလိသင့်ပါ..။ . နဖာချေးခြောက် ၊ ပြင်ပမှဖုန် ၊ ဂွမ်း ၊ ပလက်စတစ်အစငယ်များ အတွင်းနားထိဝင်ခဲ့ပါက - - - - . ရာသက်ပန်နားလေးသွားနိုင်ပါကြောင်း ဗဟုသုတအဖြစ်တင်ပြလိုက်ရပါသည်။ .
ကိုးကား...ကြည်လွင်မြင့်(မုဒြာ)
.

No comments:
Post a Comment