ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, May 2, 2016

=တိုင်းပြည်ဒီမိုကရေစီက နုနု စစ်မုန်တိုင်းက ထန်ထန်ခေတ်ကြီးမှာ=

>
ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကြီးဖြစ်ပွားနေစဲတိုင်းပြည်မှာ ရွေးကောက်ပွဲကတက်လာတဲ့ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမှုတွင်လည်း အရှည်ကြာဆုံးအဖြစ် ကမ္ဘာ့စံချိန်သစ်တင်ခဲ့ကြပြန်ပါတယ်။ အမှောင်ခေတ်ကြီးမှာ ရုပ်ပိုင်း စိတ်ပိုင်း အရာတွင် အောက်ကျ နောက်ကျ သိမ်ငယ်မှုတွေအောက်၌ ကျနော်တို့ မြန်မာလူမျိုးတွေ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးနဲ့ ကိုယ့်ကိုကိုယ် ဂုဏ်ယူတတ်ဖို့ မေလျှော့နေသည်မှာ ဘယ်လောက်တောင် ကြာမြင့်ခဲ့ပြီလဲ။ အမေရိကန်သမ္မတအိုဘားမားက ကမ္ဘာကလေးစားရတဲ့ နိုင်ငံရေး ခေါင်းဆောင်စာရင်းဝင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည်ကို အမှောင်ကိုခွင်းတဲ့ အလင်း မီးအိမ်ရှင်အဖြစ်တင်စားခဲ့သလို မြန်မာစစ်ခေါင်းဆောင်များ တိုင်းရင်းသားခေါင်းဆောင်များကပါ တိုင်းပြည်ရဲ့ ရေရှည်ပြည်တွင်းစစ်ကို အဆုံးသတ်ပေးနိုင်မဲ့ ငြိမ်းချမ်းရေးမိခင် အဖြစ် မြင်တတ်ဖို့ လိုမယ်ထင်ပါတယ် .။ဆိုလိုသည်မှာ တိုင်းရင်းသားပြည်သူလူထု တရပ်လုံးက လေးစားချစ်ခင်ရတဲ့ တိုင်းပြည်ရဲ့  အမျိုးမှန် အဖိုးတန်ရတနာတပါးလို ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်နဲ့ လူမျိုးအတွက် ရ၇ှိလာတဲ့ အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် ကောင်းကောင်း မွန်မွန် အသုံးမချတတ်လျှင် နောင်လာနောက်သားများ ကျနော်တို့ မျိုးဆက်လို အမှောင်ခေတ်ကြီးထဲ တ၀ဲဝဲလည်လည် ဇာတ်လမ်း အခန်းဆက်ရှည်ထဲ ဆက်လက်မစီးမျော စေချင်တော့လို့ ပါ။ ကျနော်တို့ မျိုးဆက် ကံကြမ္မာမကောင်းပုံက မလွှဲု နိုင် မရှောင်နိုင် စစ်အာဏာရှင်စနစ်အောက် လူလာဖြစ်ပြီး ရွဲ့ နေတဲ့ခေတ်ကြီး နဲ့ပက်ပင်းတိုးခဲ့တယ်..။ခေတ်ကိုယ်တိုင်က အနေအထိုင် မတတ်တာလား ၊ ခေတ်ကို ပုံဖော်တဲ့ လူတွေကပဲ အလွဲလွဲ အချော်ချော်တွကို လုပ်ဆောင်ဖို့ တဖက်ကမ်းခတ် ကျွမ်းကျင်နေလို့ လားတော့ မပြောတတ်တော့ ပေ။ အားလုံး သိပြီးသည့်အတိုင်းအိမ်နီးချင်း နိုင်ငံတွေမှာ နောက်ဆုံးဘိတ် ဖြစ်ယုံနဲ့ အားမရပဲ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံများထဲ ပက်လက် မှောက်ခုန် ဂျွမ်းပစ်ဝင်ခဲ့တယ်..။ ကျနော်တို့ မြန်မာလူမျိုးတွေကလည်း အခက်သားလား ၊ ခေတ်ဟောင်းကာလတုန်းက ဒို့ ဗမာနိုင်ပြီ ဆိုတဲ့ သီချင်းလေး ကြားရင် အရာအားလုံးကို ထမင်းမေ့ ဟင်းမေ့ဖြစ်တတ်တော့ အာဏာရှင်တွေကလည်း မြန်မာလူမျိုးတွေရဲ ပိုင်ပိုင်နိုင်နိုင် နင်းကာ နှစ်ပေါင်း ( ၆၀ ) ကျော်မျက်စိပိတ် နားပိတ်အုပ်ချုပ်ကာ ထင်ရာစိုင်းခဲ့ကြတယ် မဟုတ်လား.။အာဏာရှင်တွေက ပေါက်ဖော်ကြီးတွေနဲ့  လည်ပင်းဖက်ပြီး တိုင်းပြည်သယံဇာတ တွေကို သူခိုးဈေးနဲ့ ရောင်းစားနေပေမဲ့ ပါးစပ်ကတော့ ပြည်ပအားကိုး ပုဆိန်ရိုးလို့ တွင်တွင်အော်ခဲ့ကြသလို ပေါင်းစား ရောင်းစား ခိုးစား ဝေစား မျှစား နှိုက်စား ဗြောင်စား စားနည်းပေါင်းစုံကို ကျွမ်းကျင်အောင် တတ်မြောက်ခဲ့ကြလို့တိုင်းပြည်ငွေတွေကို သူတို့ နာမည်တွေနဲ့ နိုင်ငံတကာဘဏ်တွေမှာ ခိုးကြောင်ခိုးဝှက် လျှို့ ဝှက် သိမ်းထားကြပေမဲ့ ရွှေပါးစပ် ငွေပါးစပ်တွေက အမေကျော်ပြီး ဒွေးတော် မလွမ်းကြပါနဲ့ ဟု သတင်းစာခေါင်းကြီးပိုင်းကတဖုံ ရေဒီယိုကတမျိုး ဆိုင်းဘုတ်ကြီးတွေ ထောင်လျက်တဖန် တနေ့ တမျိုး မရိုးရလေအောင် နိုင်ငံရေး ဇာတ်ခုံပေါ် ကပြ အသုံးတော် ခံခဲ့ကြတယ် ။ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေသဘောမတူတာ ဘာအရေးလဲ ပေါက်ဖော်ကြီး သဘောကျဖို့ က အဓိက အဖြစ်လုပ်ဆောင်ခဲ့ ကြသလို ၊ လယ်သမား အလုပ်သမားတွေ မျက်ရည်ကျနေတာကို ဘေးချိတ်ကာ သားဝ မယားဝ ဆွေမျိုးကောင်းစားရေးသား ဦးထိပ်ပန်ဆင် အသုံးတော်ခံခဲ့ကြပေတယ် ။ အာဏာရှင်တွေက မကောင်းတဲ့ ဖက်မှာ သိပ်တော်ခဲ့ကြသလို အချိုကြိုက်သူကို အချိုကျွေး ခဲ့ကာ စီးပွားရေးလုပ်ငန်းရှင် ခရိုနီကြီးတွေအား လုပ်ပိုင်ခွင့် ပေးလျက် သပိတ်ဝင် အိပ်ဝင် အိပ်ကပ်ဖောင်းကားအောင် ကိုယ်ကျိုးအတွက် စွမ်းစွမ်းတမံ ခိုးယူခဲ့ကာ တိုင်းပြည်နဲ့ လူမျိုးကို ဆင်းရဲတွင်း ချောက်ထဲတွန်းချခဲ့ကြတယ်..။
ကမ္ဘာကြီးက ဘိန်းဘုရင်လို့ သတ်မှတ်ထားသူတွေနဲ့ တူတာ တွေတွဲလုပ်ခဲ့သလို သူခိုး ကြမ်းပိုး လူသတ်သမား မုဒိန်းသမား ပြစ်မှု ကြီးငယ်များပါမကျန် မကောင်းမှုလုပ်သူများအား လွတ်ငြိမ်းချမ်းသာမှုများ အကြိမ်ကြိမ်ပေးလျက် မီးမရှိတဲ့ နေရာမှာ မီးလောင် ၊ရေမရှိတဲ့နေရာမှာ ရေကြီး လျက် ဟီးထနေတဲ့ နေပြည်တော်ကြီးကို အကြွေးနဲ့ တည်ဆောက်ပြီး မျက်နှာပြောင်တိုက်ခဲ့တော့ ကမ္ဘာကြီးက အံ့သြကာ သက်ပြင်းအကြိမ်ကြိမ်ချလျက် ပြည်သူလူထုကတော့ ဘုရားအခါခါတခဲ့ကြလို့ ကုသိုလ်တွေရခဲ့ကြတယ်မဟုတ်လား..။ နိုင်ငံရေးလုပ်တဲ့သူတွေကို နောင်ကျဉ်သွားအောင် ထောင်နှစ်ရှည်ချခဲ့ယုံမက တော်လှန်ရေး နိုင်ငံ့ေ၇းသမားတွေ၇ဲ့ ဆွေမျိုးသားချင်းများပါမကျန် စီးပွားရေး လူမှုရေးနလံ မထူနိုင်အောင် ရုပ်ပိုင်း စိတ်ပိုင်း ဒုက္ခပေါင်းစုံပြည့်ပြည့်၀၀ပေးအပ်ခဲ့ကြတယ်..။ လူမှန် မူမှန်ဖို့ အရေးထက် ဥပဒေအထက်မှာ တက်ထိုင်ကာ ဖွဲ့ စည်းအုပ်ချုပ်ပုံ စာအုပ်ကြီး မရှိစဉ်က အခုတမျိုး တော်ကြာ တမျိုး ဥပဒေနှစ်မျိုးကို သေနတ်ခါးကြားထိုးပြီး အုပ်ချုပ်ခဲ့တာ ရှိသလို ၊ တဖက်သတ် ဇာတ်တိုက်ရေးဆွဲခဲ့တဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံ ဥပဒေကြီးပြီးတော့လည်း လွတ်တော်ထဲ တမတ်သားတွေ ခပ်တည်တည် ၀င်ထိုင်တဲ့အထိ လူထုအပေါ် အတင့်ရဲ အကဲစမ်းနေကြတယ်..။ ဒါတွေကို အကြောင်းမဲ့ အပြစ်ရှာ ရန်စပြီး မဟုတ်က ဟုတ်က သွားပုတ်လေလွင့် အချိန်ကုန်ခံပြီး ပြောနေတာတော့မဟုတ်ဘူး ။နိုင်ငံတကာဖြစ်စဉ်တွေကို ကြည့်ရင် ရွေးကောက်ပွဲ မှာ ရှုံးနိမ့်သွားတဲ့ပါတီတွေက ပါတီရဲ့ မူဝါဒ လမ်းစဉ်တွေကို ပြုပြင်ပြောင်းလဲဖို့  ပါတီညီလာခံတွေကို ကျင်းပပြီးပါတီ ခေါင်းဆောင်သစ် မူဝါဒ လမ်းစဉ်သစ်တွေချမှတ်ဖို့ ကြိုးစား နေကြတယ်..။ ကနေဒါနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲမှာ လစ်ဗရယ်ပါတီက အနိုင်ရတော့ ရွေးကောက်ပွဲ ရှုံးနိမ့်သွားတဲ့ ပါတီတွေဖြစ်တဲ့ ကွန်ဆာဗေးတစ်ပါတီ နဲ့ NDP ( New Democrat Party )က ပါတီခေါင်းဆောင်သစ်တွေ တင်ဖို့ ကြိုးစားနေကြပါတယ်..။ အလုံးစုံ အသေးစိတ်အချက်အလက်တွေကိုတော့ အောက်ပါ ၀က်ဆိုက်မှာ လေ့လာနိုင်ပါတယ်.. http://www.conservative.ca/ http://www.huffingtonpost.ca/…/ndp-convention-president-can… ဆိုလိုချင်တာက ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ပါတီတွေက နောက်တကြိမ် ရွေးကောက်ပွဲ အောင်နိုင်ပြီး ပြည်သူလူထု၇ဲ့ အသဲကြားက ထောက်ခံ မဲပြားတွေ ပြန်လည် ရရှိဖို့ လူထုနဲ့ တိုင်းပြည်ကို ကောင်းစားစေရမယ်ဆိုတဲ့ မူဝါဒတွေ ချမှတ်ယုံမက တိုင်းပြည်နဲ့ လူထုက လေးစားမဲ့ ပါတီ ခေါင်းဆောင်သစ်ကိုမကြောက်မရွံပြန်လည်ရွေးချယ်နေကြ တာဖြစ်တယ်..။သေချာတာ တခုကတော့ စီးပွားရေး နိုင်ငံ့ရေး ခေတ်မီ ဖွံ့ ဖြိုးတိုးတက်တဲ့ နိုင်ငံတွေကို ကြည့်ရင် မြန်မာပြည်လို မင်းမဲ့စရိုက်ဆန်ဆန် ဘာသာရေး ဆူပူမှု အပါအ၀င် မလိုလားအပ်တဲ့ နိုင်ငံ့ရေးမတည်ငြိမ်မှု တွေကို အောက်လမ်း ပယောဂနည်းတွေသုံးပြီး တိုင်းပြည်နဲ့ လူမျိုးကို မီးလောင်တိုက် မသွင်းဘူး။ အမေရိကန်နိုင်ငံလို ဒီမိုကရေစီနိုင်ငံကြီးမှာလည်း ထောင်ဖောက်ပြီး ထွက်ပြေးတဲ့ ရာဇ၀တ်မှုကြီးကြီးတွေ ကျူးလွန်သူနှစ်ယောက် ကို ပြန်လည်ဖမ်းဆီးနိုင်ဖို့ ရာ နယူးယောက်ပြည်နယ်တခုလုံးပိုက်စိပ်တိုက်ရှာယုံမက နယ်စပ်ခြင်းထိစပ်နေတဲ့ ကနေဒါနိုင်ငံကိုပါ တရားခံတွေကို ကူညီ ရှာဖွေပေးဖို့ ကမ်းလှမ်းခဲ့ကြတယ်။ အမေရိကန်လို တိုင်းပြည်မှာ နိုင်ငံ့ရေးအကျဉ်းသားတွေ မရှိပေမဲ့ ပြစ်မှုကျူးလွန်သူတွေကတော့ ပြစ်ဒဏ်အတိုင်း ကျခံကြရမှာဖြစ်တယ်။ အလုံးစုံ အသေးစိတ်အချက်အလက်တွေကိုတော့ အောက်ပါ ၀က်ဆိုက်မှာ လေ့လာနိုင်ပါတယ်.. http://www.nbcnews.com/…/new-york-prison-escape-how-it-happ… ဆိုလိုတာက တရားဥပဒေစိုးမိုးရေးနဲ ပြည်သူ့လူထု အသက်အိုးအိမ်ကာကွယ် စောင့်ရှောက်ရေးကို အမေရိကန် အစိုးရက လက်တွေ့ ပြသလို့ လည်း အစိုးရကို လူထုက ကြိုက်နှစ်သက်ကြတာဖြစ်တယ်။ မြန်မာပြည်မှာလို မြို့ မေတ္တာခံယူမဲ့ ပြစ်မှုကြီးတွေ ကျူးလွန်တဲ့ ရာဇ၀တ် အကျဉ်းသားတွေကို အစိုးရက ကြက်ငှက်ကလေးတွေ လွှတ်သလို ဖြစ်ကတတ်ဆန်း အကျဉ်းထောင်တွေက မလွှတ်ဘူး။ အဓိက ထားပြီးတင်ပြချင်တာက တိုင်းပြည်နဲ့ လူမျိုး၇ဲ့အနာဂတ် အလားအလာကို ကြည့်ရင် အတိတ်ကို ချန်လှပ်ပြီး တွက်ချက် လို့ မရဘူး။ ဗိုလ်ချုပ်အောင်ဆန်း မိန့် ခွန်းထဲကလို လွတ်လပ်ရေးရပြီဆိုတာနဲ့ လမ်းပေါ်တက်ပြီး ဆေးလှမ်းချင် နေကြတဲ့ လူတွေအခုခေတ်မှာလည်း တွေ့ နေရလို့ ထပ်မံ သတိပေးရေးသား နေရတာ ဖြစ်တယ်။ တိုင်းပြည်နဲ့ လူမျိုးကောင်းစားရေးအတွက် အတိတ်ကို သင်ခန်းစာယူပြီး အနာဂတ်ကို သာယာဝပြောတဲ့ ပြည်ထောင်စုအဖြစ်တည်ဆောက်ဖို့  အမျိုးသားပြန်လည်သင့်မြတ်ရင်ကြားစေ့ရေးမူကို စွဲကိုင်ပြီးသွားဖို့  လူထုခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် ၊ လက်ရှိအစိုးရရဲ့ တာဝန်ရှိသူ ဒေါ်အောင်ဆန်းစုကြည်ပြောဆို နေခြင်းက အလကားတော့ မဟုတ်တန်ရာဘူး။ အာဏာရှင်တွေက တိုင်းပြည်နဲ့ လူမျိုးကို ပဋိပက္ခပေါင်း သောင်းခြောက်ထောင်နဲ့ ပစ်ထားခဲ့ယုံမက တဖက်လှည့်နဲ့ ဘာသာရေး လူမျိုးရေးပြဿနာကို မီးခွက်ထွန်းရှာနေတာ တွေ့ နေရလို့ ဖြစ်တယ်..။ အမှောင်ခေတ်ကြီးထဲ အိပ်မောကျ နေသူတွေက လမ်းပေါ်တက်ပြီး ဆူဆူပူပူ လုပ်နေခြင်းက တိုင်းပြည်တည်ငြိမ်ရေးကို အဟန့် အတားဖြစ်စေနိုင်သလို အပ်နဲ့ ထွင်းရမဲ့ ပြဿသနာကို ပုဆိန်နဲ့ ထွင်းရအောင် လုပ်ဆောင်နေတာတွေ မြင်တွေ့ နေရပါတယ်။ သေချာတာတခု ကတော့ ရွေးကောက်ပွဲကတက်လာတဲ့ အစိုးရက တိုင်းပြည်ကို တည်ငြိမ်အောင်မအုပ်ချုပ်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက် ကောင်းကောင်းအား ယုတ္တိရှိရှိ ဖန်တီးကာ တဖက်က စိတ်တူကိုယ်တူ တကျိပ်ထဲ ခြံပေါက်တွေက ချောက်ထဲတွန်းချမယ်။ ပြီးတော့ကာ ကန့် လန့် ကာ နောက်ကွယ်မှာ ချောက်ထဲက ကယ်တင်ရှင်တွေ ဘာတွေကြိတ်ကြံနေတယ်ဆိုတာ ဘယ်သူမှ အတတ်မပြောနိုင် သေးတဲ့ အမှောင်ထုကလွန်စ မလင်းမရှင်း အာရုဏ်ဦးကာလဖို့ သတိထားစေချင်ပါတယ်။ တိုင်းပြည်ဟာ ရုပ်ပိုင်းဆိုင်ရာမှာ ဘယ်လောက်ပဲ နိမ့်ကျနေပါစေ ၊ စစ်မှန်တဲ့ ပြည်သူ့ အစိုးရလက်ထက်မှာ တိုင်းပြည်ကို ငြိမ်းချမ်းအောင် လုပ်ဆောင်ပြီး တရားဥပဒေစိုးမိုးရေးအောက်မှာ နိုင်ငံတကာ စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေ လုပ်ဆောင်နိုင်ရင် နိမ့်ကျနေတဲ့ ရုပ်ပိုင်းဆိုင်ရာတွေ အချိန်ကာလတခုမှာ မြင့်တက်လာနိုင်စရာ အကြောင်းရှိပါတယ် ။ ဒါပေမဲ့ နိမ့်ကျနေတဲ့ စိတ်ဓာတ်တွေကိုတော့ နိုင်ငံတကာက လာပြင်ပေးနိုင်မှာ မဟုတ်ပဲ မိမိကိုယ်တိုင်က အသိတရားရှိရှိ နည်းမှန်လမ်းမှန် တွေးခေါ်စဉ်းစားပြီး ပြုပြင်ကြရမှာ ဖြစ်ပါတယ်။ ကျနော်တို့ အားလုံး ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်မှာ အတွေးအခေါ်ပြုပြင်ပြောင်းလဲရေးကို လုပ်ပြီး ခေတ်ဟောင်းစနစ်ဟောင်းက ကပ်ပါလာတဲ့ အတွေးအခေါ်ဟောင်းတွေကို လက်ပြနှုတ်ဆက် ချန်ထားခဲ့ဖို့ မိမိကိုယ်ကို တော်လှန်ရေးကို စတင်ကြရမယ့် အချိန်ရောက်ပါပြီ ။ မိမိ ကိုယ်ကို ပြုပြင်ပြောင်းလဲရေးကိုမလုပ်ပဲ လသားတောင် မရှိသေးတဲ့ အစိုးရသစ်လက်ထက်မှာ တွေ့ ဆုံ ဆွေးနွေး အဖြေမရှာပဲ မလိုလားအပ်ပဲ လက်သီးလက်မောင်းတန်း နေရင် လူထုက တင်မြောက်ထားတဲ့အစိုးရကို ရန်စချင်းက ပြည်သူလူထုကို ရန်စသလို ဖြစ်ကာ လူထုချဉ်ဖတ် ဖြစ်တတ်တဲ့ သာဓကတွေ ရှိပါတယ်..။ ထိုင်တုန်းက အကောင်းသား ၊ ထသွားမှ ကျိုးမှန်းသိ ဆိုသလို မဟာမိတ်မှန်းမသိ ရန်သူမှန်းမသိ မူဝါဒ လက်ကိုင်မရှိပဲ ထင်ရာစိုင်း သောင်းကျန်းတဲ့ ဆင်ကန်း တောတိုး စိတ်ဓာတ်တွေ ပြင်ဆင်ကြဖို့ အလေးအနက် စဉ်းစားဆင်ခြင်ရမဲ့ အချိန်ရောက်ပါပြီ။တခါတလေ ကျနော်တို့ တိုင်းပြည်တည်တည်ငြိမ်ငြိမ်ဖြစ်အောင် လူထုက တင်မြောက်ထားတဲ့ လက်ရှိအစိုးရကို လုပ်ကိုင်ခွင့်လေးပေးကာ ၀ိုင်းရံကူညီအားပေးကြဖို့ လိုသလို ချောက်ထဲတွန်းချမဲ့ လက်တွေကိုလဲ သတိထားကြဖို့ လိုပါတယ်။ အာဏာရှင်ခေတ်မှာ စာပေဟောပြောပွဲတခု၌ ပြောကြားတဲ့ ဆရာမောင် သော်ကစကားနဲ့ ပြောရရင် လွတ်လပ်ရေးရရချင်း အချုပ်ထဲတန်းရောက်တာ ဆရာသော်ကဟာ ပထမဆုံးပဲတဲ့..။ဘာကြောင့်လဲဆိုတော့ တိုင်းပြည် လွတ်လပ်ရေးရပြီလို့ ကြေငြာတဲ့ ဇန်န၀ါရီလ ( ၄ )ရက်နေ့ မှာ ရေတပ်မှာ တာဝန်ကျပြီး ကင်းစောင့်နေတဲ့ ဆရာသော်က က အပျော်လွန်ပြီး သေနတ်ထဖောက်လိုက်တာ အဲဒီမနက်စောစော အချုပ်ထဲ တမ်းရောက်ခဲ့တယ်ဆိုပဲ..။ အကောင်း အဆိုး ဒွန်တွဲနေတဲ့ လောကမှာ ယခုလဲ ဒီမိုကရေစီရပြီဆိုပြီး အပျော်တွေ မလွန်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ကာ တိုင်းပြည်ဒီမိုကရေစီက နုနု စစ်မုန်တိုင်းက ထန်ထန်ခေတ်ကြီးမှာ ဘာသာရေး ပြဿသနာတွေကို သူတော်မကောင်းတွေက ဖန်တီးနေတာကို တွေ့ နေရသလို ငြိန်းချမ်းရေးအား လစ်လျူရှုကာ သေနတ်သံတွေ ယမ်းငွေ့ တွေ ကြားနေ မြင်နေရစဲ ကာလမို့ အမှန်တရားနဲ့ ဒီမိုကရေစီ မြတ်နိုးသူတွေ လက်တွဲမဖြုတ်ကြဖို့ လိုသလို တိုင်းပြည်တည်ဆောက်ရေး ကာလမှာ ခါးတောင်းကျိုက် မဖြုတ်ကြဖို့ လည်း လိုအပ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

 /////////////////////////////////////////////////////////////// 

+အောင်ခိုင်မြင့်+ 

 ၃၀ ဧပြီလ ၂၀၁၆

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)