ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, May 26, 2016

=မယ်လမင်း ရဲ့  ကြက်ဋီကာ=

>
တနေ့သနှိုက် ကျွန်ုပ်ဧ။်သူငယ်ချင်း ၀တိုတိုအမျိုးသမီးသည် နာလန်ထလူမမာထုံးစံစားချင် သောက်ချင် စိတ် များတဖွားဖွားဖြစ်ပေါ်လျက်ရှိရာ သူဧ။် သူငယ်ချင်း ခပ်ပျင်းပျင်း ကျွှန်ုပ်ကိုလည်း အားမကိုးရသည့် အလျောက် အတ္တာဟိအတ္တေ န္တာနာထော ထုံးနှလုံး မူလျက် မီးဖိုထဲဝင်ကာ ဂါဝန်ကိုခါးတောင်း ကျိုက်လျက် ချက်ပြုတ်ရှာလေသည်။ ကျွှန်ုပ်မှာကား အလကားနေသည်မထင်လိုက်ပါနှင့်။ ထိုအမျိုးသမီးချက်ပြုတ်နေချိန်တွင် ဓါတ်သဘာဝ တို့ ဧ။် ဖေါက်ပြန်သော သဘောကြောင့် လေအေးပေးစက် ခရစ်တော်နှိုက်အိပ်ပျော်သွားရာ အပူဒဏ်ကို အန်တုနိင်ရန် လျှပ်စစ်လေဒလက် တလုံးကို နေပူပြင်းပြင်းအောက်မှာ ချွေးတလုံးလုံးနှင့်သွားဝယ်ပြီးသကာလ မြတ်စွားဘုရား ဟောကြားခဲ့သည် လမ်းစဉ်အတိုင်း ကိုယ့်အားကိုယ်ကိုးကာ ပင်ပန်းတကြီးတပ်ဆင်လျက်ရှိပေသည်။ (စကားချပ်….ဗဟုသုတအရာနိုက် ကျွမ်းကျင် လိမ်မာလှသော အကျွန်ုပ်သည် မတ်တပ်ရပ် လျှပ်စစ်လေဒလက်ဧ။် ရှည်အောင် ထုတ်ရသော သံအရိုးတံကိုမတွေ့ သဖြင့် ရောင်းလိုက်သောဆိုင်မှ သကောင့်သား မောင်ကုလားများကို တိုးတိုးတမျိုး ကျယ်ကျယ် တဖုံ ရှစ် (နွားချေး) ဟုမကြာခဏ စိတ်ဆိုးတိုင်း ဂါထာစုတ်လျက် ရှိရာ သံအရိုးတံမှာ မနေနိုင်တော့ဘဲ အောက်ခံ အရိုးတံထဲမှ ထွက်ကျကာ ကိုယ်ရောင်ပြရလေသတည်း)။ ထိုသို့  ၂ယောက်သားကိုယ်သန်ရာသန်ရာကဏ္ဍတွင် လုံ့ လစိုက်ထုတ်ကြရာ နာရီ ၂မောင်းတီးအချိန်တွင် ထမင်းဟင်းများ လည်းကျက် ကာ ကျွန်ုပ်ဧ။် လေဒလက်သည်လည်း သူ့ ဂျူတီကိုစ၀င်နေပေပြီ။ အာရုံစိုက်မှုတခုခုမရှိလျှင် မရပ်တည်နိုင်သော လူ့ သဘာဝအရ အာရုံနောက်တမျိုးပြောင်းကာ ဆာသော ဝေဒနာကို အလွန်အမင်းခံစားရလေသည်။ သို့ နှင့် နေ့ လည်စာ အချိန်လွန် အဟာရမှီဝဲခန်းစလေရာ ကျွန်ုပ်သူငယ်ချင်းချက်ပြုတ်ထားသောဟင်းနှင့် စားကောင်းခြင်းမက ဘိုက်ကားအောင်စားမိကာ လေဒလက်မှအေးသောအရသာကြောင့် စားပီးသည်နှင့် ခင်းထားသောအိပ်ယာပေါ်သို့  ကျောဆန့် ကာ ထမင်းလုံးစီမိလေသည်။ ထိုသို့ မှေးတေးတေးအိပ်ပျော်မလို မပျော်မလို ကာလတွင် ကျွန်ုပ်စိတ်နှိုက် စားခဲ့သောဟင်းကိုပြန်တွေးကာ ကြက်ဋီကာ ဖွင့်သည်ကို ကြားသော ၀တိုတိုသူဝယ်ချင်းသည် စိတ်ဆိုးရလိုရီရမလိုဖြစ်ပေတော့သည်။ 

ကျွန်ုပ်။ ဟဲ့..ငါတို့ စားတာဒီနေ့ ကြက်သားဟင်းနော်။ နောက်တခုက ကြက်ဟင်းခါးသီးကိုကြက်ဥနဲ့  ကြော်တာ။ 

သူငယ်ချင်း။ အေးလေ. ဘာဖြစ်လို့ လဲ 

 ကျွန်ုပ် ။ ဘာမှမဖြစ်ပါဘူး…စဉ်းစားမိလို့ ပါ။ 

သူငယ်ချင်း ။ ဘာကိုတုန်း။

 ကျွန်ုပ် ။ ကြက်ခေါင်းဆိတ်မခံလို့ ပြောရအောင်ဆူဆူညံညံ အသံထွက်နေတဲ့ အ၀တ်ခြောက်စက် ရှိတဲ့  မီးဖိုထဲမှာ ချက်ထားတဲ့ ကြက်သားဟင်းရယ် ကြက်ဟင်းခါးသီးကို ကြက်ဥနဲ့ရောကြော် ထားတဲ့ဟင်းကို ကြက်သီးထအော င်စားပီးတော့ အခုအိပ်ယာထဲမှာ ကြက်အိပ်ကြက်နိုးနဲ့  မှေးနေမိတယ်။ 

သူငယ်ချင်း။ အဲဒါဘာဖြစ်လဲ။ နင်ကငါချက်တာစားပီးတော့ ဘာမကောင်းဘူးပြောချင်တာလား

 ကျွန်ုပ်။ မဟုတ်ပေါင်သူငယ်ချင်းရယ်။ အ၀တ်ခြောက်စက်လို အသံနဲ့ ကြက်ခေါင်းဆိတ်မခံပြန်မပြော ပါနဲ့ ။ ငါ့မှာသက်ကြီး ခေါင်းချကြက်တွန်သံ ကြားတည်းကနိုးနေတာ အိပ်ရေးတွေမ၀လို့  စကားပြောမှားတယ် ထားပါ။ နင်ရန်တွေ့ တာကြားရတာငါအံ့သြလွန်း လို့ ကြက်သေတောင် သေသွားတယ်။ 

သူငယ်ချင်း ။ နင်ကဘာလို့ အိပ်မပျော်ရတာလဲ 

ကျွန်ုပ် ။ အော်ဘ၀အကြောင်းတွေးနေမိလို့ ပါ။ သူများတွေပြောကြတဲ့စကားလို ဘ၀ဆိုတာကြွေတလက် ကြက်တခုန်လို ဆိုတာ ငါ့အတွက်ဘယ်တော့ကြက်ခုန် ပါ့မလဲလို့ လေ။ ဒါပေမဲ့လဲ ကြက်မဘယ်လောက်တွန်တွန် မိုးမလင်းဘူးဆိုတာလဲ ကြားဖူးသား။ မမျှော်လင့်တော့ပါဘူး။ ဒီလအတွက်တော့ နှမလက်ကောက်ပေါင်ပေဦးလို့ ဘဲ သဘောထားလိုက်တယ်။ 

သူငယ်ချင်း။ အေးဟေ့။ ဒါဆိုလဲ ပြေးနေတွေးနေတဲ့ နင့်ရဲ့ စိတ်ကို ကြက်ပေါင်ကွင်းနဲ့ ခိုင်ခိုင်ချည်ပြီး ကြက်မ၀ပ်ကျင်းထဲမှာထဲ့ထားလိုက်။ ငါတော့ကြက်ပေါင်သီး ငါးပိချက်လေး စားချင်လာလို့  စဉ်းစားရင်း အိမ်မက်မက်လိုက်ဦးမယ်။ 

ထိုသို့ ဆိုပြီးသကာလ သူငယ်ချင်းသည် သူဧ။် စက်ခုအာရုံ မျက်လုံး ၂စုံကို ကြက်အိပ်ကြက်နိုးပုံစံနဲ့ မှေးပြီး မကြာမှီပင် ကြက်သေသေခြင်းေ၇ာက်လျက် အလာအရှင်မြတ်နှင့် ယေရှုခရစ်တို့ ဧ။် ခေတ္တ (ယာယီ) ခေါ်ဆောင်ရာသို့အိမ်မက်မက်ရင်း ကြက်မွှေးလေထဲလွှင့်သကဲ့လို့ခရီးနှင်လေရာ တခေါခေါ ဟောက်သံများပင် ထွက်လာခိုက် အဝေးမှ ကြက်တွန်သံများကိုပင်ဖုံးလွှမ်းသွားလေသတည်း။ 

 -ဖြည့်စွက်ချက်- 

ဤစာကိုကြက်ကန်းဆန်အိုးတိုးသလိုအတွေးပေါ်သခိုက်ရေးပြီး သကာလအလုပ်မလုပ်ချင်ပျင်းရိငြီးငွေ့ သောကြောင့် ကြက်လည်လိန်ထားသလိုကြက်နာကျပြီးညနေအချိန် အိပ်တန်းတက်ရန်အချိန်ရောက်ဖို့ ကို စောင့်မျှော်နေမိပါကြောင်း။ ကြက်ဍီကာ ပြီးဧ။် 

 ရေးသူ။ ကျမ မဟုတ်ပါ။ .

......................................

 +ရိုးရိုး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)