ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, May 29, 2016

=လူထုကျန်းမာရေး သန်ကောင် တုတ်ကောင် လျှော့မတွက်စေလို)=

>

+Public Health+
 ခန္ဓာကိုယ်ထဲမှာ ရှိနေတတ်တဲ့ တုတ်ကောင်သန်ကောင်တွေ နဲ့ပတ်သက်သမျှဟာ အမေရိကန်မှာတော့ ကူးစက်ရောဂါအဆင့်အထိ သတ်မှတ်ထားပါတယ်။ အမေရိကန် လူမျိုး ၈၅% ရဲ့ ဝမ်းထဲမှာ တုတ်ကောင်သန်ကောင် ပိုးများ ကူးစက်ခံနေရပါတယ် ။ ဒါကြောင့်မို့ ဆေးပညာရှင်တွေက ခြောက်လတစ်ခါ သန်ချဖို့ ၊ စားသောက် ဆိုင်ရွေးစားဖို့နဲ့ အိမ်မွေးတိရစ္ဆာန်လေးများကို ကိုင်တွယ်ပြီးတဲ့ အခါတိုင်း သေချာ ဆေးကြောဖို့ အကြံပေးထားပါတယ်။ ဖြစ်ချင်တော့ ခန္ဓာကိုယ်ထဲက ကပ်ပါးပိုးကောင် တွေနဲ့ပတ်သတ်လို့ ဆရာဝန် တော်တော်များများ သေသေချာချာ မလေ့လာထားကြပါဘူး ။ အလွန်အရေးကြီးတဲ့ အဆင့်ရောက်ပြီး ကပ်ပါးကောင် သန်ကောင်တွေကို မျက်စိနဲ့ တတ်အပ် မြင်ရလောက်တဲ့ အခြေအနေက sမှသာ သိကြရတာပါ ။ လူတိုင်းဟာနေ့စဉ်ဘဝ လူနေမှု မှာ ကပ်ပါးကောင်များ ခန္ဓာကိုယ်တွင်း ဝင်ရောက်ကူးစက်နိုင်ခွင့်နဲ့ အမြဲကြုံတွေ့နေကြရပါတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ ပုံမှန်ပဲလို့ မှတ်ယူတတ်ကြပါတယ်။ ကပ်ပါးကောင် သန်ကောင်တွေကြောင့် မအီမသာဖြစ် တာတွေကိုလဲ နေ့စဉ်ဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန် နေမကောင်းတာတွေလို့ပဲ မှတ်ယူခဲ့ကြပါတယ်။ ကပ်ပါးကောင် သန်ကောင်တွေကြောင့် ကိုယ်တွင်းအခြေအနေ ပျက်စီးခြင်းက အတိုင်းအဆ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သန်ကောင်အမျိုးအစား တော်တော် များများရဲ့ အရွယ်ပမာဏဟာ အလွန်သေးငယ်ပြီး ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမျိုးမဆို အသားငံရေ သွေးတို့ကတဆင့် ခရီးပေါက်နိုင်ကြပါတယ်။ ကပ်ပါးသန်ကောင်တွေ ဟာ လူတွေရဲ့ အာဟာရတွေကိုလဲ စားသုံးကြပါတယ်။ အရေပြားရောင်ရမ်း ယားနာခြင်းတွေကလဲ ကပ်ပါးသံကောင်တွေကြောင့် ဖြစ်ပါတယ် ။

 ဒါကြောင့် ဒီလိုယားယံမှုမျိုးတွေဟာ ကပ်ပါးသန်ကောင်တွေကို မနှိမ်နှင်းဘဲနဲ့ မပျောက်နိုင်ပါဘူး ။ တစ်ချို့ကတော့ ကုသမရဘူးလို့ ထင်မြင်ယူဆကြပြီး autoimmune disorder ခုခံအားစနစ်ယိုယွင်းခြင်းလို့ ခေါင်းစဉ်တတ်ကြပါတယ်။ Heart worms: ဒီလိုသန်ကောင်အမျိုးစားကတော့ လူ့ခန္ဓာကိုယ်ထဲမှာ တွေ့ရဖို့ အလွန်အမင်း ရှားပါးပါတယ်။ တကယ်လို့ တွေ့ရပြီဆိုရင်လဲ နှလုံးထဲမှာထက် အဆုတ်ထဲမှာ တစ်ကောင်တည်း တွေ့ရလေ့ရှိပါတယ်။ ဒီလိုကောင်တွေဟာ လူတစ်ယောက်ကနေ တစ်ယောက်ကို မကူးတတ်ပါဘူး။ ခြင်ကိုက်ခံရတာကနေ ကူးစက်နိုင်ပါတယ်။ Tape worms: ဒီလို သံကောင်တွေကတော့ အမဲသား ငါး ဝက်သားစတဲ့ အသားတွေကို စားသုံးရာကနေ ကူးတတ်ပါတယ်။ အထူးသဖြင့် သေချာစွာ မကျက်ရင် ပိုဖြစ်နိုင်ပါတယ်။ အောက်ဘက်ရှိ အူတွေထဲမှာ နေကြတာများပါတယ်။ မကူးစက်နိုင်အောင် အသားငါးတွေကို လက်အိတ်နဲ့ ကိုင်တွယ်ဆေးကြောပြီး လက်ကို ဆပ်ပြာနဲ့ပြောင်စင်အောင် ပြန်ဆေးသင့်ပါတယ်။ Pin worms: တုတ်ကောင်လို့ ခေါ်ပြီး အူတွေနဲ့ အဆုတ်ထဲမှာ ခိုအောင်းနေလေ့ ရှိပြီး ညအချိန်ကြရင် စအိုဝကို ဥများဥချဖို့ ဆင်းလာလေ့ရှိပါတယ်။ ဥကပြန်ပေါက်တဲ့ အကောင်သေးလေးတွေက စအိုထဲကနေ ခန္ဓာကိုယ်ထဲ ပြန်ဝင်ကြပါတယ်။ ညအခါ စအိုဝယားလို့ လက်နဲ့ ကုတ်မိတဲ့အခါ လက်သည်းထဲမှာ ဥတွေ ပါလာတတ်ပြီး ထိုလက်နဲ့ ထိတဲ့ မည်သည့်နေရာမဆို ဥများ ပြန့်နှံ့ကျန်နေတတ်ပါတယ်။ လေထဲမှာ လွင့်နိုင်လောက်တဲ့အထိ ဥများက သေးမွှားပါတယ်။ အသက်ရှူ တဲ့အခါလဲ ဝင်ရောက် ပါသွားနိုင်ပါတယ်။ ဒါကြောင့် အဆုတ်ထဲအထိ ရောက်ရှိအသက်ရှင်နိုင်ပါတယ်။ Hook worms and thread worms: ဒီအမျိုးအစားကတော့ သောက်ရေ မသန့်ရှင်း တာကနေ ကူးစက် တတ်ပါတယ်။ ဒါမှမဟုတ် ခြေထောက်ကနေ တဆင့်ကူးစက် လာတတ်ပါတယ်။ အရွယ်အားဖြင့် အလွန်သေးငယ်ပြီး ခြေဗလာရဲ့ အရေပြား ကနေ ခန္ဓာကိုယ်ထဲအထိ အရေပြားမှာ ပြတ်ရှရာ မရှိဘဲနဲ့ကို ဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့်မို့ သန့်ရှင်းတဲ့ ဖိနပ်ကို အမြဲဝတ်ထားဖို့ လိုအပ်ပါတယ်။ ဒီကပ်ပါး သန်ကောင်အမျိုးအစားက နှစ်ပေါင်းများစွာ အသက်ရှင်နေနိုင်ပါတယ်။ ဥများကိုလဲ ဆယ်နှစ်အထိ ဥချနိုင်ကြပါတယ်။ Symptoms of Parasite Infection ( ကပ်ပါးကောင် ကူးစက်ခံရပြီဆိုရင် ) ------------------------------------------------------------------------------------- - 
ဝမ်းဆက်တိုက်လျှောခြင်း ဒါမှမဟုတ် ဝမ်းချုပ်ခြင်း Repeated diarrhoea or constipation - 
 အကြောင်းမဲ့ ပျို့ခြင်း၊ တခါတရံအန်ခြင်း Chronic, unexplained nausea, often accompanied by vomiting - အလွန်တရာ ပင်ပန်းလွယ်ခြင်း၊ အားနည်းလွယ်ခြင်း Fatigue and weakness - အူအောင့်ခြင်း ဗိုက်အောင့်ခြင်း Intestinal cramping - အာရုံများ မူးနောက်တတ်ခြင်း Unexplained dizziness - အာပုတ်နံ့နံခြင်း Foul-smelling gas - အစာမကြေခြင်း Indigestion - လေပွခြင်း၊ လေပူထခြင်း Bloating - အစားအသောက် ဓာတ်မတည့်ခြင်းများ Multiple food allergies - ခံတွင်းပျက်ခြင်း Loss of appetite - စအိုဝယားယံခြင်း အထူးသဖြင့် ညအခါ Itching around the anus, especially at night - အိပ်ပျော်ရန် ခက်ခဲခြင်း Difficulty in sleeping - ကျန်းမာသော ခန္ဓာကိုယ် အလေးချိန် ထိန်းထားရန် ခက်ခဲခြင်း ( ဝခြင်းနှင့် ပိန်ခြင်း )Difficulty maintaining a healthy weight (over or underweight) - ခြေဖဝါးများ ယားယံခြင်း Itching on the soles of the feet, often accompanied by a rash - အလွန်များလာလျှင် ချောင်းဆိုးသည့်အခါ သွေးပါလာခြင်း Coughing blood (severe cases) - နှလုံးခုန် အလွန်မြန်လာခြင်း Palpitations (hook worms) - သွေးအားနည်းခြင်း Anaemia - မျက်လုံးတဝိုက် ရောင်အမ်းခြင်း Facial swelling around the eyes (round worms) - ကြက်ညှာချောင်းဆိုးခြင်း၊ အန်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ လေပူပွထခြင်း Wheezing and coughing followed by vomiting, stomach pain and bloating (suggesting round worms or thread worms) Allopathic Treatments ---------------------------

 ဆရာဝန်က သန်ကောင်တုတ်ကောင် ရှိပြီဆိုရင် anti-parasitic ဆေးပေးပါလိမ့်မယ်။ ထိုဆေးများဟာ အမြဲ အဆိပ်အတောက်ရှိတဲ့အတွက် အရည်ကျိတ်များရောင် ရမ်းခြင်း၊ ခြေလက်များ ရောင်ခြင်းတို့ အနည်းငယ် ဖြစ်နိုင်ပါတယ်။ မျက်စိဝါးခြင်း၊ ဝေသီခြင်း အကြောတက်ခြင်း ဖြစ်တတ်ပါတယ်။ ဝမ်းလဲ လျှောတတ်ပါတယ်။ ကပ်ပါးကောင်များ သေသွားသောအခါ အသေကောင်များ ပုတ်ခြင်းမှ ထွက်လာသော အညစ်အကြေးများအဖြစ် လူ၏ခန္ဓာကိုယ်တွင်းတွင် ကျန်ရှိနေသည်။ သန်ကောင်တစ်ချို့က အူအောက်ဆုံးပိုင်းအထိ ထွက်ပြေးခြင်းများ ရှိတတ်သော ကြောင့် ရုတ်တရက် ဝမ်းဗိုက်စူးအောင့်ခြင်းများ ကြုံတွေ့ရနိုင်သည်။ သန်ကောင်များ သေဆုံးသွားသော်လည်း ပုတ်သိုးသွားသော သန်ေကာင်အကြွင်းအကျန်များ ရှင်းလင်းရန် ကျန်နေသေးသည်။ သည်ဖြစ်စဉ်တခုလုံကြောင့် သင်၏ခန္ဓာကိုယ်သည် သန်မချခင် ကထက်ပိုပြီး နေမကောင်းဖြစ်နိုင်သည်။ သို့သော်လည်း ယာယီသာဖြစ်သည် ။ ကိုယ်တွင်းအင်္ဂါ သန့်ရှင်းရေး ပြယုဂ် ဖြစ်သည်။ သည်ဖြစ်စဉ်ကို သေသွားသော သန်ကောင်များ၏ အဆွေးများကြောင့် ထွက်လာသော အဆိပ် အတောက်များကြောင့် ဖြစ်သော မအီမသာဖြစ်ခြင်း ဟုခေါ်သည်။ ပင်ပန်းခြင်း၊ ရွံခြင်း များဖြစ်ပေါ်နိုင်သည်။ ကျန်သည့် နေ့စဉ်ဘဝကတော့ ပုံမှန်အတိုင်းသာ လည်ပတ်နိုင် ပါသည်။ ဝမ်းအများကြီး မလျှောသင့်ချေ ။ အင်အားတိုးပွားမည့်ခုခံအား ကောင်းစေမည့် အစားအသောက်များ ရွေးချယ်စားသောက်သင့်သည်။ သင့်အူမကြီး သန်ကောင်များ ကပ်ပါးကောင်များ ကင်းစင်သွားသောအခါ လန်းဆန်းရွှင်လန်းပြီး အားအင်များ ပြည့်ဖြိုး လာပါလိမ့်မည်။ မကြာခဏ ဖျားနာနေမကောင်းခြင်းများလည်း မဖြစ်တော့ချေ။ 

Credit : Kai

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)