ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, May 3, 2016

=၁၂၆ ကြိမ်မြောက် မေဒေးနေ့ အလုပ်သမားချီတက်ပွဲကို မဲဆောက်တွင် ပြုလုပ်=

>
+(MOEAF Thai မေ ၃)+
 ၁၂၆ ကြိမ်မြောက် မေဒေးနေ့ အလုပ်သမားချီတက်ပွဲကို မေလ ၁ ရကနေ့က မဲဆောက်ဒေသအခြေစိုက် အစိုးရ မဟုတ် သော အဖွဲ့အစည်းများ (NGOs) နှင့် လူထုအခြေပြုအဖွဲ့ အစည်းများ (CSOs) ပူးပေါင်းဖွဲ့ စည်းထား သည့် MRPWG ကွန် ရက်အဖွဲ့ မှ ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။ ယင်း ချီတက်ပွဲတွင် ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) အဖွဲ့ ၏ (ဥက္ကဌ) ဦးမိုးကြိုး-က ´မေဒေးနေ့ ဆိုတာ အင်မတန်အရေးကြီးသလို မေဒေးက ပေးချင်တဲ့ အဓိကအနှစ်သာရက ဘာလဲဆိုတာ ဆုပ်ကိုင် မိ၊ သိရှိကြဖို့ လိုပါတယ်။ မေဒေးဆိုတာနဲ့ တစ်နေ့ အလုပ်ချိန် (၈)နာရီ ရရှိဖို့ အတွက် နောင်တော့နောင်တော် အမေရိကန် ပြည်ထောင်စု အလုပ်သမားကြီးတွေက ချွေးတွေ၊ သွေးတွေ ပေးဆပ်ပြီးမှ ရရှိခဲ့ကြတဲ့ ချွေးနဲ့ ရေးတဲ့သမိုင်း၊ သွေးနဲ့ ရေးတဲ့ သမိုင်းဆိုတာကို အောက်မေ့ကြဖို့ ပါပဲ။ သြဂတ်စပိုင့်၊ ပါဆင်၊ ဖစ်ချာ၊ အိန်ဂျယ်လ်---စတဲ့ အမေရိကန်ပြည်က နောင်တော် အလုပ်သမားကြီးတွေဟာ အဲဒီ တနေ့ အလုပ်ချိန် ၁၀နာရီတိုက်ပွဲ၊ အဲဒီကနေ တနေ့ အလုပ်ချိန် ၈ နာရီတိုက်ပွဲတွေထဲမှာ အာဏာပိုင်တွေက သေဒဏ်စီရင်လို့  အသက်ပေးခဲ့ကြရတယ်ဆိုတာ မမေ့အပ်ပါဘူး။ အဲဒီလိုပဲ မြန်မာနိုင်ငံမှာ ကိုလိုနီ ခေတ်၊ လွတ်လပ်ပြီးစခေတ်၊ မဆလခေတ်၊ န၀တ နအဖခေတ် ၊ဦးသိန်းစိန် ရဲ့ စစ်တပိုင်း အရပ်တပိုင်းအစိုးရခေတ် စသဖြင့် ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက်မှာ ချွေးတွေ၊ သွေးတွေနဲ့ ရင်းနှီးခဲ့ကြရတဲ့ အလုပ်သမားတွေဟာ အများကြီး ရှိခဲ့ ပါတယ်။ ဒါကြောင့် မြန်မာပြည်တွင်းက အလုပ်သမားပဲဖြစ်ဖြစ်၊ မြန်မာပြည်ရဲ့ ပြင်ပက ရွှေ့ ပြောင်းအလုပ်သမားပဲ ဖြစ်ဖြစ် ပေါ့ဗျာ။ အဖိနှိပ်ခံရပုံ၊ ခေါင်းပြုံဖတ် အမြတ်ထုတ်ခံရပုံ၊ နိုင့်ထက်စီးနင်းပြုကျင့်ခံရပု့တွေဟာ ရေမြေသဘာဝသာ ခြားနားပါ မယ်။ အကြီးနဲ့  အသေးအနေနဲ့ သာ ကွဲပြားခြားနားပါမယ်။ အလုပ်သမားဆိုရင် အဖိနှိပ်ခံကြရ၊ အမြတ်ထုတ်ခံကြရ၊ အနိုင့် အထက်ပြုမူခံကြရတာ အတူတူပါပဲ။ ဒါကြောင့် *၈နာရီလုပ်မယ်။ ၈နာ၇ီပျော်မယ်။ ၈နာရီနားမယ်* ဆိုတဲ့ မေဒေးရဲ့ အဓိက အနှစ်သာရကို အမိအရ လက်ဆုပ်လက်ကိုင်ပြုပြီး မိမိတို့ မရရှိ မခံစားရသေးတဲ့ အခွင့်အရေးတွေအတွက် တရားဥပဒေ ဘောင်ထဲက တဆင့်ပြီးတဆင့် ခြေလှမ်းလှမ်းတောင်းဆိုသွားကြပါလို့ တိုက်တွန်းလိုပါတယ်။ အခြေအနေအရ လိုအပ်ရင် (သို့ ) သမိုင်းကတောင်းဆိုရင် အလုပ်သမား အခွင့်အရေးအတွက် သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ ပေးဝေသင့်ရင် ပေးဝေရပါမယ်။ ဘာမှအလကား မရပါဘူး´ ဟု မေဒေးနေ့ အနှစ်သာရကို အကျယ်တ၀င့် ပြောဆိုသွားသည်။  

မဲဆောက်မြို့တွင် မြန်မာ ပြောင်းရွှေ့ အလုပ်သမား ၂သိန်းကျော်ရှိသည်။ အဆိုပါအအခမ်းအနားသို့  တက်ရောက်ခဲ့သူ တစ်ဦးဖြစ်သည့် မီးပြင်သမား ကိုကျော်သူရိန်က-- ´ကျနော်တို့ က အလုပ်သမားဆိုတော့ မေဒေးနေ့ အခမ်းအနားကို တက်ဖြစ်အောင် တက်ရတာပေါ့။ မိမိတို့  အလုပ်သမား အခွင့်အရေးက ဘာတွေရှိသလဲ။ ဘာလုပ်ရမလဲဆိုတာ နားထဲမှာ လျှံနေပါပြီ။ တကယ့်လက်တွေ့ မှာ နိုင်ငံ နယ်နိမိတ်ကန့်  သတ်မှု၊ ဥပဒေ ကန့် သတ်မှု၊ လူမျိုးရေးခွဲခြားမှု၊ ဆိုတာတွေက မသိမသာရော။ သိသိသာသာပါရှိနေမှာပါပဲ။ အခု မြန်မာ နိုင်ငံမှာ အမေစုဦးဆောင်တဲ့ ပြည်သူ့အစိုးရသစ်တစ်ခုကို ကျနော်တို့ ရပြီ။ မကြာမီ ကျနော်အိမ်ပြန်မယ်။ ကျနော်က ပဲခူး ကဗျ။ စုနိုင်သမျှစုနေတယ်။ မိန်းမက အထည်ချုပ်စက်ရုံက။ လင်မယား ၂ယောက်စလုံး လုပ်တာတောင် သားသမီး ၂ ယောက်ကို မနည်းဝမ်းဝအောင် ကျွေးနေရတယ်။ ကလေး၂ယောက်က မြန်မာပြည်က သူ့ အဖွားဆီမှာလေ။ အခက် အခဲ တွေ များလွန်းတာကြောင့် အလုပ်သမားအခွင့်အရေးတွေ ဘာတွေ မပြောချင်တော့ဘူး။ အိမ်ပြန်ဖို့ ပဲ စုနေတယ်´ ဟုရင်ဖွင့်သည်။
အလားတူ အခမ်းအနားကျင်းပရာ မဲဆောက်မြို့ ဘာဝနာနိရာမ တောရကျောင်း( ထိုင်းအမည်-၀ပ်ပါကောင်) သို့ အမှတ်မထင်ရောက်လာခဲ့သူ မအေးကလည်း-- ´သမီးတို့ က မနက်ကလမ်းလျှောက်တာတော့မပါဘူး။ အခမ်းအနားရှိမှန်းတော့ သိတယ်။ ဒါကြောင့် လာလေ့လာတာပါ။ နေ့ စားခကပျမ်းမျှ တစ်နေ့ ၁၀၀ ဘတ်ကျော်ရပါတယ်။ အိုတီနဲ့ ဘာနဲ့ ဆိုရင် (၁၆၀-၁၇၀) ဘတ်လောက်တော့ ရမှာပေါ့။ စားလောက်ရုံပါပဲ။ ဘာဖြစ်လို့ လဲဆိုတော့ အထောက်အထားလုပ်ရင် အလုပ်သမားကချည်း အကုန်ပေးရတာမို့  လစဉ် ဖြတ်တောက်ကြေး ရှိတယ်လေ။ မိဘဆီကိုတော့ အရင်က ၁လ၁ခါ ပုံမှန် မြန်မာငွေ ၅သောင်းကနေ ၁သိန်း ကျပ်ကြား ပို့ ပါတယ်။ အခုနောက်ပိုင်း ကျန်းမာရေးမကောင်းလို့  ၂လ ၃လနေမှ တခါပဲ စုပို့ တော့တယ်။ ထိုင်းဥပဒေပါ နေ့ စားခ ၃၀၀ ဘတ်ဆိုတာ သမီးတို့ အတွက်ပုံပြင်ပါပဲ.´ ဟုပြောပြသည်။ ချီတက်ပွဲကို မဲဆောက်မြို့  မြို့နယ်ရဲစခန်းဟောင်း တွင် စုရပ်အဖြစ်ထားကာ စတင်ချီတက်ခဲ့ကြသည်။ စက်ရုံ အလုပ်ရုံ၊ ဆောက်လုပ်ရေး၊ အိမ်တွင်းမှု၊ စိုက်ပျိုးရေး နဲ့ အထွေထွေလုပ်သား စုစုပေါင်း အလုပ်သမား ၁၅၀ယောက်ခန့်  ပါဝင် ဆင်နွှဲခဲ့ကြကြောင်း သတင်း ရရှိသည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)