ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, May 19, 2016

=မြန်မာပြည်ပြန်လာသော ကား သစ်ပင်ကို တိုက်မိသဖြင့် တဦးသေ ၁၂ ဦး ဒဏ်ရာရ=

>
+(MOEAF Thai မေ ၁၉)+

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံသို့ ပြန်လာကြသည့် အလုပ်သမားများကို တင်ဆာင်လာသော ဟိုင်းလပ်ကား တစီးသည် ယမန်နေ့ နံနက် ၅ နာရီခန့်က တာ့ခ် ခရိုင်၊ တာ့ခ်မြို့ ၀မ်းဟင်ရပ်ကွက် ထာ့မိုက်ဒဲန် ကျောင်းရှေ့မှ သစ်ပင်ကို ၀င်တိုက်မိသဖြင့် တဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့သူ တာ့ခ် မြို့နယ် ရဲစခန်းမှ ဒုရဲမှူး ဆုမ်ကျစ် ရုန့်ကျန်ရပ် ဆမီက ´ကားက သစ်ပင်ကို ၀င်တိုက်မိလို့ တယောက် သေပြီး ၁၂ ယောက် ဒဏ်ရာရတယ်။ ၃ ယောက်က ဒဏ်ရာ ပြင်းထန် တယ်။ ကားပေါ်မှာ ပါလာသူတွေထဲမှာ ကားသမား တဦးကလွဲရင် ကျန်တဲ့သူတွေ အားလုံးက ဘန်ကောက်မှာ အလုပ် သွားလုပ်တဲ့ မြန်မာ အလုပ်သမားတွေ ချည်းပါဘဲ။ မဲဆောက်ကိုအပြန်မှာ အခုလို ဖြစ်သွားတာ´ ဟု သတင်းမီဒီယာများကို ပြောကြားသည်။

မဲဆောက်- ဘန်ကောက်လမ်းတွင် ယခုကဲ့သို့ ယဉ် တိုက်မှုများကြောင့် မကြာခဏ သေဆုံး ဒဏ်ရာရလေ့ ရှိသည်။ ထိုသို့ ဖြစ်ပွားရခြင်းမှာ အလုပ်သမားများသည် အစိုးရပိုင်ကားများဖြစ်ကြသော ၉၉၉ ကား။ နှစ်ထပ်ကားများကို စီးလေ့မရှိဘဲ ပုဂ္ဂ လိက ကားများကို အသုံးပြုကြသောကြောင့်ဟု ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မ တီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ..... “ ဒီအာရှလမ်း (မဲဆောက်-ဘန်ကောက်) အတက်အဆင်း လမ်းကြီးကလည်း ရှိနေသေးသရွေ့၊ အဲ-တချိန် တည်းမှာပဲ ကျနော်တို့  မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေကလည်း အကြောင်းကြီးငယ်နဲ့  အတက်အဆင်း လုပ်နေသေးသရွေ့ အခုလို ဖြစ်ရပ်ဆိုးတွေက ရှိနေဦးမှာပါပဲ။ ဒါပေမယ့်ပေါ့ဗျာ။ ၉၉၉ လို မျိုး အစိုးရ ကုန်းလမ်း ပို့ ဆောင်ရေး လိုင်းကားကြီးတွေ စီးရင်တော့ အခုလိုဖြစ်ရပ်ဆိုးက တော်တော် အဖြစ်နည်းတယ်ဗျ။ ယာဉ် မတော်တဆမှုတွေကို ကြည့်လိုက်ရင် ကားလတ် (van) တွေနဲ့ ကားလေးတွေပဲ အဖြစ်များတာ တွေ့ ရတယ်။ ပြီးတော့လည်း အဲဒီကားလတ်နဲ့ ကားလေးတွေက ကျနော် တို့ မြန်မာရွှေ့ ပြောင်း အလုပ်သမားတွေ သွားချင် တဲ့  ဘန်ကောက်မြို့  အတွင်းအပြင် နေရာစုံကိုလိုက်ပို့ ပေးတာရယ်၊ ခရီး သွားဖို့  ရောက်လာတဲ့ ခရီးသည် ရွှေ ပြောင်းအလုပ်သမားတွေကို ယာယီစတည်းချဖို့  နေရာပေးတာရယ် စတဲ့ ဖောက် သည်ခေါ် -စိတ်ခဏပျော် အောင်လုပ်ပေးတဲ့ အနေအထားပဲရှိပါတယ်။အဲ-တကယ်တမ်း ယာဉ်မတော်တဆမှု ဖြစ်လာပြီဆိုရင် သေဆုံး တာရှိလို့  သဂြိုလ် စရိတ်ထုတ်ပေးတာမျိုးတို့ ၊ ဒဏ်ရာရသူရှိလို့  ဆေးဝါးကုသခွင့်ပေးတာတို့ ၊ တဆက်ထဲမှာပဲ ထိုင်းဥပဒေပါ နစ်နာကြေးပေးတာတို့ အပိုင်းတွေမှာ အစိုးရကားမဟုတ်တော့ ဘာမှအာမခံချက်မှ မရှိပါဘူး။ ဒါကြောင့် မြန်မာ ရွှေ့ ပြောင်းအလုပ်သမားတွေအနေနဲံ့ အသက်အာမခံ အပါအ၀င် တစုံတရာ လုံခြုံစိတ်ချရတဲ့ ၂ထပ်ကား (ခေါ်) ၉၉၉ လိုမျိုး အစိုးရကားတွေကို ရွေးချယ်စီးကြပါ။ ဒီရွှေ့ ပြောင်းအလုပ်သမား ယာဉ်မတော် တဆမှု မကြာခဏဖြစ်တဲ့ အပေါ်မှာ ထိုင်းအစိုးရဘက်ကလည်း ထိုင်းအစိုးရကချည်း တာဝန်ယူတဲ့ပုံစံမျိုး မ ဟုတ်ပဲနဲ့  မြန်မာအစိုးရနဲ့ ပူးတွဲပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးတွဲကော်မတီ´ လို နိုင်ငံအဆင့်နဲ့ အညီ ဖွဲ့ စည်း ဆောင်ရွက်သင့်ပါပြီ´ ဟု သူ့အမြင်ကို ဝေဖန်ပြောဆိုသည်။ 

ထိုင်းနိုင်ငံ မော်တော်ယာဉ် မတော်တဆမှုနှင့် စပ်လျဉ်းသည့် ဥပဒေ (ဘီအီး-၂၅၃၅) အရ ယခု ယာဉ်မတော်တ ဆမှု အပါအ၀င် သေဆုံးခဲ့ကြသူတို့ သည် နစ်နာကြေး ရပိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားသော်လည်း တိကျခိုင်လုံ ပြီး အာမခံရှိသော မော်တော်ယာဉ်ဖြစ်မှသာလျှင် ထိုင်းဥပဒေအတိုင်း နစ်နာကြေးကို တောင်းဆိုရန် အခွင့်အ ရေးသာမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက တန်ဖိုးမဖြတ်နိုင်သော အသက်တစ်ချောင်း ဆုံးရှုံးသွားခြင်းနှင့် ကံ ကောင်းပါမှ ဒေသခံ ထိုင်းရဲ အမျိုးမျိုးတို့ ၏ ညှိနှိုင်းကြေး (ခေါါ်) နားလည်မှုကြေး မဆိုစ လောက်ကလေးပင် ရမည်ဖြစ်ကြောင်း၊ သို့ ဖြစ်လေရာ အာမခံများပါရှိသည့် ထိုင်းအစိုးရပိုင် ကုန်းလမ်း ပို့ ဆောင်ရေး ကားများကို သာ စိတ်ရှည်ရှည်ထားပြီး စီးနင်းသွားလာကြပါရန် ထိုင်းအခြေစိုက် မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ(JACBA)က ရွှေ့ ပြောင်းအလုပ်သမား ခရီးသွားများအား တိုက်တွန်း ပန်ကြား လိုက်သည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)