ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, May 23, 2016

**ငြိမ်းချမ်းရေး လရောင်ပျောက်မှာ မျှော်လင့်ခြင်းတွေခေါက်သိမ်းထားရတယ်**

>
ကောင်းကင်ပြာ ချိုးငှက်တွေ ပျံဝဲဖို့ 
အကောင်းမြင်ကာ ဆိုးရက်ရေ အံခဲလို့ 
 အကြောင်းမြင်လာ တိုးတက်ဝေ အလံမလှဲတဲ့မြေမှာ..။

 ဘ၀ဆိုတာ ထာဝရ မလန်းဆန်း
ဘုရားပန်းတောင် နွမ်းတတ်တာပဲ မဟုတ်လား
 အတိတ်ဆိုတာ ထုဆစ်ကိုးကွယ်ဖို့ မဟုတ်
 အတုအစစ် ဆန်းစစ်ပြီး အမှား အမှန်ခွဲခြား
သစ္စာတရားကိုတော့ ကိုးကွယ်ဖို့ မမေ့နဲ့ ..။  

ယမ်းငွေ့ ဝေ သေနတ်သံတွေ မကြားချင်တော့ဘူး
 အခုတ်လှဲခံ သစ်ပင်များနဲ့ တောင်ကတုံးတွေ ပြုံးဖို့  
 ကျောက်ပတ်တီးစီးထားတဲ့ သွေးထွက်ကျေးလက်တွေ အငိုတိတ် 
ကယ်သူမဲ့ ပက်လက်မျောနေစဲ မြစ်တွေ ရှင်သန်ဖို့  
မငြိမ်မသက်မြေမှာ ငြိမ်းးချမ်းရေးအိမ်မက်တွေ ခါးပိုက်နှိုက်ခံ နေရတယ်..။

 နီယွန် မီးရောင်စုံအောက်မှာ ကမ္ဘာ့ မြို့ ပြတွေ လင်းလက်နေလည်း
 ရင်ကွဲပက်လက် အမေ့အိမ်တွေ ဖယောင်းတိုင်ကို အဖော်လုပ်
 အသက်ရှုရပ်လု မွန်းကြပ်မြို့ ပြတွေ ငါတို့ လို မလွတ်မြောက်သေးဘူး..။

 တိုင်းပြည် မျက်ခုံးမွှေးပေါ် စင်္ကြံလျှောက်နေတဲ့ ပြဿသနာများ 
အရိုင်းဆန် တသက်လုံး အတွေးအခေါ်နဲ့  အပြင်းအထန်ရောက်လာ ဒုက္ခများ
 နိုင်ငံ အရေပြားပေါ် တပ်လှန့် နေတဲ့ ဒဏ်ရာများ 
အမာရွတ်တွေကတော့ ပြတိုက်တခုစာ မကတော့
 ငြိမ်းချမ်းရေး လရောင်ပျောက်မှာ မျှော်လင့်ခြင်းတွေခေါက်သိမ်းထားရတယ်..။

 နှစ် ( ၆၀ ) ပြည်တွင်းစစ်နဲ့ လည်ပင်းဖက် ကြီးပြင်းခဲ့လို့  ခေတ်သစ်မှာ အရွယ်လွန်နောက်ကျ ကျန်ရစ်တဲ့ တိုင်းပြည် ငြိမ်းချမ်းရေးဆိုတာ ကမ္ဘာပတ် တောင်းလို့ မရဘူး ရင်ဘတ်ထဲမှာ မြင့်မြတ်တဲ့ ကိုယ်ချင်းစာတရား ရှိရင် မဖြေရှင်းပဲ ပစ်ထားတဲ့ အရာရာကို ပြုပြင်ပြောင်းလဲ လို့ ရတယ်..။ သမိုင်းအိမ်မက်တွေ အငွေ့ ပျံ နေလို့  အရိုင်းလို လူအတွေ့ မခံပဲ တောခိုနေတဲ့ သစ်ပင်လို အတ္တတွေ ခဏတဖြုတ် ဘေးချလို့  အညတရ ဘ၀စုတ်များ တွေးဆ ပြုပြင်ရအောင် အဆုံးသတ် တိုက်ပွဲဆိုတာ ငြိမ်းချမ်းရေးစားပွဲဝိုင်းဆိုတာ သိခဲ့ပြီ..။ သမိုင်း အကြွေးတွေ လည်ပင်းနစ်မြုပ်နေလို့  လှိုင်းထန်တဲ့ အတွေးတွေ ဒုက္ခသည်လို ပြေးလွှား ရွှေရောင်တောက်ပတဲ့ ကောင်းကင်အောက် အပြုံးတွေ ဆင်မြန်းဖို့  နေလောင် ကြောက်စရာ အမုန်းစကားတွေပျောက်ရှအောင် တိုင်းပြည်မျက်နှာမှာ လှလှပပ သနပ်ခါးလိမ်းထားတဲ့ စကားလုံးတွေ ချယ်သရမယ်..။ ရွှေရတု ငွေရတု စိန်ရတုတွေမှာ အတုအယောင်တွေစုစည်းပြီး ပန်းတိုင်မပျောက်စေချင် အပြည်ပြည်ဆိုင်ရာ အတွေးတွေနဲ့  ပထ၀ီနိုင်ငံရေးလည်း မျက်ခြေမပြတ်နဲ့  စီးပွားရေး အသားစား သိန်းငှက်နဲ့ နဂါးများ အရိုးပေါ်အရေတင် ဒေါင်းကို ချောင်းနေတယ်..။ အောင်ဆန်းသွေးမို့  အချောင်လမ်း မတွေးဘူး အတွေးအခေါ် ညီညာမှ ပြည်သာမယ် အိပ်မက်တွေ အနာဂတ်မှာ ပိုင်ဆိုင်ကြပေတော့..။ တသက်မှာ တခါ ရင်ခုန်မှုတွေနဲ့  ( ၂၁ ) နှစ်ဆယ့် တစ်ရာစု ပင်လုံ ရှက်စရာတွေ စုပြုံနေတဲ့ မြေမှာ ရက်ရာဇာကို အနုလုံ ပတ္တိလုံ စဉ်းစား စိုက်ပျိုးနေတယ်..။ ................................................ +အောင်ခိုင်မြင့်+ ၂၂ မေလ ၂၀၁၆ ( ၂၁ ) ရာစုပင်လုံကို ရင်ခုန်တဲ့ကဗျာ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)