ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, May 16, 2016

=သခွါးစိုက်ခင်း အလုပ်သမားများအတွက် လုပ်အားခ ရရှိရစေရန် JACBA မှ လိုက်ပါ ကူညီ ဆောင်ရွက်ပေး=

> Photo-(ထိုင်းအလုပ်သမားရုံးရှေ့ မှာအမှတ်တရ)
+(MOEAF Thai မေ ၁၆)+
ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့ မယ်ပ တိုက်နယ် ပါမယ်ပ ကျေးရွာရှိ သခွါးစိုက်ခင်းတခုတွင် အလုပ်လုပ်နေကြသည့် မြန်မာ အလုပ်သမား (၁၅) ယောက်တို့က ၎င်းတို့ရရန်ရှိသော လုပ်အားခကို အလုပ်ရှင်က မပေးသဖြင့် ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်တီ (JACBA) ထံသို့ အကူအညီ တောင်းခံလာရာ လိုက်ပါကူညီပေးခဲ့ ကြောင်း သတင်း ရရှိသည်။ ယနေ့နံနက်ပိုင်းက အလုပ်သမားများ ကိုယ်စား လာရောက်ကာ တိုင်တန်းသူ ကိုလွင်နှင့်အတူ JACBA အဖွဲ့၏ ဥက္ကဌ ဖြစ်သူ ဦးမိုးကြိုးတို့သည် ထိုင်း အလုပ်သမား ၀န်ကြီးဌာန မဲဆောက်ခရိုင်ခွဲ အလုပ်သမား ကြီးကြပ်ကာကွယ်ရေးရုံးသို့  ကိုယ်တိုင် သွားရောက်ကာ အကြောင်းကြားခဲ့ကြသည်။
ကိုလွင်က ´ကျနော်.. ဒီသူဌေးဆီမှာ လုပ်သက် ၄ လ လုပ်ခဲ့ပါတယ်။ ရစရာရှိတဲ့ ငွေက (၂၃၄၀) ဘတ်ပါ။ ကျနော့် သူငယ်ချင်း ကို ၀င်းက လုပ်သက် (၉) လနဲ့ ရစရာရှိငွေက (၁၄ ၄၀၀) ဘတ်ပါ။ ကျနော်နဲ့ စာရင် ကိုလွင်က ပိုများပါတယ်။ အခြား သူ ငယ် ချင်းတွေလည်း အသီးသီး ရစရာငွေကျန်တွေ ရှိကြပါတယ်။ လူ ၁၅ ယောက်စလုံးပေါင်းရင် အနည်းဆုံးရ စရာရှိငွေ ၇ သောင်း ဘတ် လောက်ရှိပါတယ်။ ဒီနေ့ တော့ JACBA အဖွဲ့က ဆရာမိုးကိုယ်တိုင် ကွင်းဆင်းလာပြီး ဥပဒေ ဘောင်ထဲက ဆက်သွယ် တိုင်ကြားဖို့ ရှင်းပြပါတယ်။ ဒီနေ့  မနက်ပိုင်းမှာပဲ အားလုံးက တရားဝင် အထောက်အထားတွေ မရှိကြပဲ ရွာလူ ကြီးရဲ့ ကျေးရွာနေထိုင်ခွင့် (တရားမ၀င်) ပဲရှိကြတာမို့ အားလုံးရဲ့ကိုယ်စား ကျနော်၁ဦးထဲပဲ ဆရာမိုးနဲ့ အတူ ထိုင်းအလုပ် သမား ရုံးကို သွားခဲ့ပါတယ်။ သူဌေးက ဒီနေ့ ပဲ အရစ်ကျပြန်ပေးမယ်ပြောပါတယ်´ ဟုရှင်းပြသည်။ ယခင်က ဤလုပ်ငန်းခွင်တွင် အလုပ်သမား ၃၀ယောက်ခန့် ရှိခဲ့သည်။ လခစား အလုပ်သမားနှင့် နေ့ စား အလုပ်သမားများပါ လုပ်အားခ မရဘဲ ထွက်သွားရသူ ၁၅ယောက်ခန့် ရှိခဲ့ဖူးကြောင်း သိရသည်။ ယနေ့တွင်မူ ထိုင်း ဥပဒေပါ အခွင့်အရေးအတိုင်း စနစ်တကျအဆင့်ဆင့် တောင်းဆိုပေးသည့်အတွက် အလုပ်ရှင်မှ အရစ်ကျပေးမည်ဟူ သော ကတိကို ရခဲ့ကြောင်း JACBA ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။ ´

 **ဒီနေ့တော့ ကျောက်ခဲ ရေပေါ် ဆိုသလို မြန်မာအလုပ်သမား ၁၅ ယောက် ရရန်ရှိတဲ့ လုပ်အားခတွေ မယ်ဆိုတဲ့ မျှော် လင့်ချက်တွေ ပြန်လည်ရှင်သန်ခဲ့ရတဲ့နေ့လို့ ဆိုရမှာဘဲ..ဗျာ။ ဘာကြောင့်လဲဆိုရင် ထိုင်း-မြန်မာနယ်စပ်မှာ မဲဆောက် အပါအ၀င် တာ့ခ် ခရိုင် ၉ မြိ့နယ်စလုံးမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဈေး ပေါပေါနဲ့ လုပ်အားကို အခြေတည်ပြီး ဆိုင်ကယ်အစုတ် (၁) စီး၊ ကားအစုတ် ၁ စီးလောက်ပဲပိုင်ပြီး အစိုးရဆီက မြေကွက် ဖြစ်စေ၊ ခုတ်ထွင်ရှင်းလင်းပြီးရရှိတဲ့ တိုးချဲ့မြေကွက်ဖြစ် စေ ငှါးရမ်းလို့  စိုက်ပျိုးထုတ်လုပ်ရာကနေ ကားတွေ တစ်စီးပြီး တစ်စီး၊ အိမ်ခြံမြေတွေ တစ်ကွက်ပြီး တစ်ကွက်၊ ဘဏ်ထဲမှာ ဆိုရင်လည်း စုငွေတွေ တိုးပွားသွားတဲ့ ထိုင်းသူဌေး၊ မုံ (မျှော့) သူဌေး၊ ထိုင်းတရုတ်သူဌေးတွေ လက်ညှိုးထိုးလို့ မလွှဲပါဘူး။ အဲ--ကျနော်တို့ ရဲ့ ဈေးပေါပေါနဲ့  လုပ်အားပေးဆပ်ရတဲ့ မြန်မာရွှေ့ ပြောင်း အလုပ်သမားတွေ ကသာ အဲဒီလို လုပ်အားခ မဆိုစလောက်ကလေးကိုပဲ အရစ်ကျပေးလိုပေး၊ တချို့က အပြတ်ဘုံးလို ဘုံးနဲ့ ခံနေကြရတာပါ ပဲ။ ဒါတောင် နေရာ တော် တော်များများမှာ လူးအခွင့်အရေးသမားတွေ၊ ရှေ့ နေ ရှေ့ရပ်တွေ၊ ရှေ့နေ ထောက်ကူတွေ၊ သတင်း မီဒီယာသမားတွေ ရှိနေကြလို့ ပေါ့။ အခု ၄-၅နှစ်အတွင်းမှာ လုပ်အားခ မပေးချင် လို့ သေနတ်နဲ့ ပစ်ခတ်တာ၊ ကျေးရွာပြည်သူ့ စစ်နဲ့  အဖမ်း ခိုင်းတာ၊ မှုခင်းရဲ (သို့ ) ရဲထောက်လှမ်းရေးနဲ့  အဖမ်းခိုင်းတာ၊ သူဌေးကိုယ်တိုင် ကြိမ်းမောင်း ခြိမ်းခြောက်လို့  ထွက်ပြေး ရတဲ့ ဖြစ်ရပ်တွေ အတော်နည်းသွားပါပြီ။ ဒါပေမယ့် အခု သခွားစိုက်ခင်းကဖြစ်ရပ်လို မျိုးပဲ။ သူဌေးကိုယ်တိုင်က ဟိုနေ့ ပေးမလိုလို၊ ဒီနေ့ ပေးမလိုလိုနဲ့  ကာယကံရှင် အလုပ်သမားကို စိတ်ပျက် အားလျှော့သွား အောင် လုပ်ပြီး မပေးပဲနေတဲ့နည်းရယ်၊ မပေးမဖြစ် ပေးရပြန်ရင်လည်း သူတို့ မှာ ပေးစရာ မရှိဘူးဆိုပြီး အရစ်ကျအချိန် ဆွဲပေးတဲ့ နည်းရယ်ကို သုံးလာကြတာတွေ့ ရတယ်။´ ဟုရှင်းပြသည်။

 Photo-(သူတို့ တတွေရဲ့ ကျေးရွာလူကြီးလက်မှတ်)
ယခု သတ်မှတ်လုပ်အားခကို အတိအကျမပေးပဲ ချန်ထားသော သူဌေးမှာ မဲဆောက်မြို့ နယ်က မဟုတ်ပဲ မဲဆောက်မြို့ တောင်ဘက် ဖုတ်ဖရာ့မြို့ နယ်၊ ချောင့်ခက် မြို့ နယ်ခွဲတွင်နေထိုင်ပြီး မဲဆောက်မြို့ နယ်ပါ မယ်ပကျေးရွာရှိ စိုက်ကွက် အချို့ကို ငှားရမ်းကာ သခွားသီး၊ ပြောင်း၊ ကြံ၊ ပဲ၊ ငရုတ် တို့ ကို စိုက်ပျိုးထုတ်လုပ်ရင်း ကြီးပွားနေသော ထိုင်းနိုင်ငံသား ခွန်မုံ (မျှော့) တင်္စဦး ဖြစ်ကြောင်းသိရသည်။ 

Photo-(ပါမယ်ပကျေးရွာကအသိဆိုင်မှာလုပ်အားခမရတဲ့သူတို့ တတွေကိုကွင်းဆင်းဆွေးနွေး)

Photo-(ထိုင်းအလုပ်သမားရုံးရှေ့ မှာအမှတ်တရ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)