ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, July 2, 2016

=လူထုကျန်းမာရေး(အရွယ် သုံးပါးအတွက် အိုင်အိုဒင်းဆား)=

>
+Public Health+
ဆားကို ဓာတုဗေဒနည်းဖြင့် ခွဲခြမ်းစိတ်ဖြာကြည့်မယ် ဆိုရင် ကလိုရိုက် အိုင်းယွန်းနဲ့ ဆိုဒီယမ် အိုင်းယွန်းတို့ ပေါင်းစပ်ထားတဲ့ ဆိုဒီယမ်ကလိုရိုက် သတ္တုဓာတ်ပေါင်း ဖြစ်ကြောင်း တွေ့နိုင်ပါတယ်။ ဆားကို ယေဘုယျ အားဖြင့် ဆားကြမ်း၊ စားပွဲတင်ဆားနဲ့ အိုင်အိုဒင်းဆား ဆိုပြီး သုံးမျိုးခွဲခြား ထားပါတယ်။ ပင်လယ်ရေက ရရှိပြီး သဘာဝအတိုင်း မပြုပြင်ရသေးတဲ့ ခပ်ကြမ်းကြမ်း ရှတတရှိတဲ့ ဆားခဲကြီးကို ဆားကြမ်းလို့ ခေါ်ပါတယ်။ အဲဒီ ဆားကြမ်းခဲကြီးတွေကို အရောင်ချွတ်ဆေး သုံးပြီး ဖြူဖွေးသန့်စင်စေကာ နူးညံ့မှုန့်ညက်နေအောင် စက်နဲ့ကြိတ်ထားတာ ကိုတော့ စားပွဲတင်ဆားလို့ ခေါ်ပါတယ်။ ဆားငန်ရည် ဒါမှမဟုတ် ဆားကြမ်းကို အိုင်အိုဒင်းဓာတ် ဖြည့်စွက်ပြီး အဖြူရောင် ဆားပုံဆောင်ခဲလေးတွေ အဖြစ် ပြုပြင်ထားတာကို အိုင်အိုဒင်း ဆားလို့ ခေါ်ပါတယ်။ သူကတော့ စားပွဲတင်ဆားလောက် မနူးညံ့ပါဘူး။ တစ်နည်းအားဖြင့် ဆိုရရင် အိုင်အိုဒင်းဆား ဆိုတာ မိမိတို့ စားနေကျ အိမ်သုံးဆား အပုံ တစ်သိန်းမှာ အိုင်အိုဒင်း အာဟာရ သုံးပုံခန့် (ပါသည်ဆိုရုံမျှ) ဖြည့်ထားတဲ့ ဆား ဖြစ်ပါတယ်။ စားနေကျအိမ်သုံးဆားနဲ့ အရောင်အဆင်း၊ အနံ့၊ အရသာ ကွဲပြားခြားနားမှု မရှိပါဘူး။

တချို့ နိုင်ငံတွေမှာတော့ အိုင်အိုဒင်းဆားကို ပန်းရောင်၊ မီးခိုးရောင်ဖျော့ဖျော့ ပုံဆောင်ခဲလေးတွေ အဖြစ် တွေ့ မြင်နိုင်ပါတယ်။ *အိုင်အိုဒင်းဆားကို ဘာကြောင့် စားသုံးသင့်* အိုင်အိုဒင်းဓာတ်ဟာ သက်စောင့်ဓာတ် (သတ္တုဓာတ်) တစ်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အိုင်အိုဒင်း ၇၅ ရာခိုင်နှုန်းကို သိုင်းရွိုက်ဂလင်းမှာ သိုလှောင်ထားလေ့ ရှိတာကြောင့် အိုင်အိုဒင်းဟာ သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းတွေနဲ့ သိုင်းရွိုက်ဆဲလ် ဖြစ်တည်မှုအတွက် အသုံးဝင်ပါတယ်။ ယနေ့ ကမ္ဘာပေါ်မှာ အိုင်အိုဒင်းချို့တဲ့သူ ဦးရေ သန်း ၂ဝဝဝ ခန့် ရှိတယ်လို့ သြစတြေးလျ နိုင်ငံရှိ MNT Knowledge Centre က ဆိုပါတယ်။ နေ့စဉ် အိုင်အိုဒင်း လိုအပ်ချက် ပမာဏက အရွယ်ရောက်ပြီးသူ တစ်ဦး အတွက် ၁၅ဝ မိုက်ခရိုဂရမ် ဖြစ်ပြီး ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာ နေ့စဉ် ၂၂ဝ မှ ၂၉ဝ မိုက်ခရိုဂရမ် လိုအပ် ပါတယ်။ ကလေးငယ်တွေ ပုံမှန်ကြီးထွားရေး၊ ဥာဏ်ရည်ထက်မြက်ရေးနဲ့ လူကြီး၊ လူငယ်၊ လူရွယ် အားလုံး ကျန်းမာရေး အတွက် အိုင်အိုဒင်း အာဟာရကို လုံလောက်စွာ ရရှိစေဖို့ အိုင်အိုဒင်းဆားကို နေ့စဉ် စားသုံးကြဖို့ လိုအပ်ပါတယ်။ အိုင်အိုဒင်းဆား နေ့စဉ် စားသုံးရုံနဲ့ အိုင်အိုဒင်း အာဟာရ လွန်ကဲမှု မဖြစ်စေ နိုင်ပါဘူး။ မြန်မာနိုင်ငံ တစ်ဝန်းလုံး ဘယ်ဒေသမှာ မဆို အစားအစာ တစ်မျိုးတည်း ကနေ အိုင်အိုဒင်း အာဟာရ လုံလောက်စွာ ရရှိဖို့ မသေချာပါဘူး။ အိုင်အို ဒင်းပါဝင်တဲ့ အစားအစာတွေ ကတော့-ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသား၊ ငါး၊ နို့ ၊ ဥ စတဲ့ အစားအစာတွေ ထဲမှာ အိုင်အိုဒင်း အနည်းငယ်စီ ပါဝင်ပါတယ်။ ပင်လယ်ငါး၊ ပုစွန်၊ ကျောက်ပွင့်စတဲ့ ပင်လယ်ကနေ ထွက်ရှိတဲ့ အစားအစာတွေ ထဲမှာ အိုင်အိုဒင်း အာဟာရ ပိုမို ကြွယ်ဝစွာ ပါဝင်ပါတယ်။ 

 *အိုင်အိုဒင်း ချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်သော ရောဂါများ*

 အိုင်အိုဒင်း ချို့တဲ့မှုကြောင့် ဦးနှောက်ပျက်စီးမှုနဲ့ နှေးကွေးမှုကို ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရ ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေမှာ အိုင်အိုဒင်း ချို့တဲ့ရင် ကိုယ်ဝန် ပျက်ကျခြင်း၊ ကလေး အသေမွေးခြင်း၊ လမစေ့ဘဲ ကလေးမွေးခြင်း၊ ပေါင်မပြည့်တဲ့ ကလေးမွေးခြင်း၊ မသန်စွမ်းတဲ့ ကလေးမွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းပြီး ဥာဏ်ရည်မမီသော ကလေးမွေးခြင်း၊ အရပ်ပုပြီး သက်ကြီးပုံစံ ကလေးများ မွေးခြင်းတို့ ဖြစ်တတ် ပါတယ်။ ကလေးငယ်တွေမှာ အိုင်အိုဒင်း ချို့တဲ့ရင် ကြီးထွားမှု ပုံမှန် မရှိဘဲ အရပ် ပုနေခြင်း၊ ဥာဏ်ထိုင်းခြင်း၊ သွက်လက် ဖျတ်လတ်မှု မရှိ ထုံထိုင်း နှေးကွေးခြင်း၊ မွေးရာပါ ရောဂါများ အပြင် လည်ပင်းကြီး ရောဂါလည်း ဖြစ်နိုင်ပါတယ်။ လူကြီးတွေမှာ အိုင်အိုဒင်းချို့တဲ့ရင်တော့ သွေးထဲမှာ အိုင်အိုဒင်း လျော့နည်းပြီး လည်ပင်းကြီး ရောဂါ ဖြစ်စေပါတယ်။
  (ကမ္ဘာတစ်ဝန်း လူဦးရေ သန်း ၂ဝဝ မှ ၃ဝဝ ကြား လည်ပင်းကြီးရောဂါကို ခံစားနေရ ပါတယ်)
 ဒူးခေါင်း အရိုးအဆစ် ကြီးခြင်း၊ သွက်လက် ဖျတ်လတ်မှု မရှိ ထုံထိုင်း နှေးကွေးခြင်းနဲ့ သက်လုံ မကောင်းဘဲ ပင်ပန်း နွမ်းနယ်ခြင်းတို့ ဖြစ်စေ နိုင်ပါတယ်။ 

*အငန်ဓာတ်ကို ဆင်ဆင်ခြင်ခြင် မှီဝဲသင့်* 

ကျန်းမာရေးနှင့် အားကစား ရှုထောင့်က ကြည့်မယ် ဆိုရင်တော့ ဆားဟာ အပူဓာတ် အနေနဲ့ လူတွေကို ကောင်းကျိုး ပြုနိုင်လို့ လူတစ်ဦး အတွက် တစ်နေ့တာ လိုအပ်တဲ့ဆား (ဆိုဒီယမ် ကလိုရိုက်) ပမာဏဟာ အသက်အရွယ် အလိုက် ၁၅ဝဝ မီလီဂရမ် ကနေ ၂၃ဝဝ မီလီဂရမ်မျှ လိုအပ်ပါတယ်။ သို့သော် လိုအပ်တဲ့ ပမာဏထက် ပိုပြီး အငန်ဓာတ်ကို မစားသုံးမိဖို့ သတိပြုသင့်ပါတယ်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အောက်မှာ ရှိတဲ့ အမျိုးသား အာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသန ဌာနနဲ့ ကုလသမဂ္ဂ ဆိုင်ရာ ကလေးများ အထောက်အပံ့ အဖွဲ့တို့က အိုင်အိုဒင်းဆား တစ်မျိုးတည်း ကိုသာ စားသုံးကြဖို့၊ အငန်ဓာတ် ကဲတဲ့ အစားအစာများ အပြင် ငန်တဲ့ ဟင်းလျာစားသုံးမှု လျှော့ ချကြဖို့၊ ထမင်း စားပွဲပေါ်မှာ ဆားပုလင်း ထားပြီး ဆားအပိုထည့် စားသောက်တတ်တဲ့ အကျင့်မျိုး မလုပ်ကြဖို့ တိုက်တွန်း နှိုးဆော် ထားပါတယ်။ ။

 Written by ရွှေတည်

 +မြ၀တီ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)