ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, July 21, 2016

**အမေလေးလေး..လူသတ်သမားတဲ့။ကြောက်စရာကြီးပါလား. . ဒါပေမယ့်လေ...ရောဂါသိရင်..ဆေးရှိပါတယ်နော်..**

>
=လူထုကျန်းမာရေး(တိတ်တဆိတ် လူသတ်သမား သို့မဟုတ် ကျောက်ကပ်၌ ကျောက်တည်ခြင်း)= +Public Health+
 ကျောက်ကပ်ဟာ ခန္ဓာကိုယ်တွင်းက အညစ်အကြေးတွေကို စွန့်တဲ့ အင်္ဂါတစ်ခု ဖြစ်ပြီး ဝမ်းဗိုက် အပေါ်ပိုင်းရဲ့ အနောက်ကျောဘက်မှာ တည်ရှိတယ်။ ပဲခြမ်းစေ့ ပုံသဏ္ဌာန် ရှိပြီး ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ အရည်နဲ့ ဓာတ်ဆား မျှခြေကို ထိန်းထားတယ်။ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ပြင်ပ ရောက်အောင် စွန့်ထုတ် ပေးတယ်။ ကျောက်ကပ် ဆဲလ်တစ်ခုမှာ ပြွန်ငယ်၊ ဆံခြည်မျှင် သွေးကြော၊ ရေစစ် ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ဖွဲ့စည်းထားတဲ့ ကတော့ပုံသဏ္ဌာန် ပြွန်ငယ်လေးတွေက တစ်ဆင့် ခန္ဓာကိုယ်တွင်းက အရည်တွေကို ဆီးပြွန်အတွင်းကို ဝင်ရောက်စေတယ်။ အဲဒီကနေ ဆီးအိမ်အတွင်း ရောက်ရှိသွားတဲ့ အရည်တွေက ဆီးအိမ်ကိုတင်းစေပြီး ဆီးအဖြစ် စွန့်ထုတ်တယ်။ ဒီလို ခန္ဓာကိုယ်တွင်းက အရည်တွေကို အဆင့်ဆင့် စစ်ထုတ်ပြီး ဆီးအဖြစ် စွန့်ထုတ်နိုင်အောင် လုပ်ဆောင်ပေးတဲ့ ကျောက်ကပ်မှာ အကြောင်း အမျိုးမျိုးကြောင့် ကျောက်တည်ရင် ကျောက်တွေ ပိတ်ဆို့နေလို့ အညစ်အကြေး စွန့်တဲ့ အလုပ် မလုပ်နိုင် တော့ပါဘူး။ ကျောက်ကပ် ရောဂါဟာ အပူပိုင်း ဒေသမှာ နေထိုင် သူတွေ အဖြစ်များတယ်။ အလုပ်ကြမ်း လုပ်လို့ ချွေးထွက် များသူ၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်နဲ့ ဆားဓာတ်များတဲ့ အစားအစာတွေကို နှစ်ရှည် စားသုံးသူ၊ ထုံးဓာတ်ပါဝင်မှု များတဲ့ ရေကို သောက်သုံးသူနဲ့ ကွမ်း အလွန်အကျွံ စားသုံးသူတွေမှာ အသက်ကြီးတဲ့ အခါ သွေးတိုး ၅ဝ ရာခိုင်နှုန်းနဲ့ ကျောက်ကပ်ရောဂါ ၂ဝ ရာခိုင်နှုန်း တွေ့ရှိ နိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာ လိုအပ်တဲ့ ရေပမာဏကို လုံလောက်အောင် မသောက်တဲ့အခါ ဓာတ်ပစ္စည်း မမျှတဘဲ ချွေးထွက်များပြီး ရေဓာတ် ခန်းခြောက်မှု ဖြစ်လာတယ်။ ဆီးထဲ မပျော်ဝင်နိုင်တဲ့ အောက်ကလိတ်ကျောက်၊ ကယ်လ်စီယမ်ကျောက်၊၊ ယူရစ်အက်စစ်ကျောက်တွဟာ စုပုံလာပြီး ဂေါက်ရောဂါ ဖြစ်စေတယ်။ ဆီးကျောက်တည်တဲ့ လက္ခဏာတွေကတော့ အလွန်အမင်း ခါးနာခြင်း၊ ရုတ်တရက် ဗိုက်အောင့်ခြင်း၊ ဆီးသွားရ ခက်ခဲခြင်း၊ ဆီးကျဉ်ခြင်း၊ ဆီးကျန်ခြင်းတို့ ဖြစ်ပါတယ်။ ကျောက်ကပ်မှာ ကျောက်စတည်ပြီ ဆိုရင် ကျောက်ကပ်ဟာ လုပ်ငန်း ကောင်းကောင်း မလုပ်နိုင်တဲ့ အတွက် ဆီးများခြင်း၊ ညဘက် မကြာခဏ ဆီးသွားခြင်းနဲ့ မျက်နှာကနေ စပြီး ဖောရောင်လာပြီး တစ်ကိုယ်လုံး ဖောရောင်ခြင်းတို့ ဖြစ်လာတယ်။ ယူရစ်အက်စစ်ကြောင့် ကျောက်တည်တာ အဖြစ်များတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်တတ်တယ်။ နောက်ပြီး ကွမ်းစားသူတွေ ကွမ်းတံတွေး မျိုရင် ကျောက်တည်တယ်။ ကျောက်ကပ် ကျောက်တည်ခြင်း ရဲ့ နောက်ဆက်တွဲ ရောဂါတွေ အနေနဲ့ သွေးထဲမှာ ယူရစ်အက်စစ် များလာမယ်။ ခြေဆစ် လက်ဆစ်တွေမှာ ယူရစ်အက်စစ် စုပုံလာပြီး ဂေါက်ရောဂါ ဖြစ်စေတယ်။ ကျောက်တည်ခြင်း ရောဂါဟာ ကြာလာတဲ့အခါ ဆီးပြွန်အတွင်းမှာ အက်စစ်ဓာတ် များလာပြီး ဟိုက်ပါသိုင်းရွိုက်ရောဂါ၊ ယူရီးယားများတဲ့ ရောဂါနဲ့ ကျောက်ကပ် အားနည်းခြင်း ရောဂါတို့ ဖြစ်ပေါ် လာစေတယ်။ အာထရာဆောင်း ရိုက်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ (ကိုယ်ဝန်ဆောင်များ မရိုက်ရပါ) ဆီးထဲ ကျောက်တည်မှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ ဆီးအရောင် စစ်ဆေးခြင်းနဲ့ ကျောက်ပါဝင်မှု စစ်ဆေးခြင်းတို့ ပြုလုပ် နိုင်တယ်။ မစားသင့်တဲ့ အစားအစာတွေ ကတော့ နို့နဲ့နို့ထွက်ပစ္စည်း အမျိုးမျိုး၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ အမဲသား၊ သိုးသား၊ ဆိတ်သား၊ ကြက်ဆင်သား၊ ပင်လယ်စာတွေ ဖြစ်တဲ့ ပင်လယ်ခရု၊ ခုံး၊ ပုစွန်၊ ကဏန်း စတာတွေမှာ မီးစုန်းဓာတ် ပါလို့ ကျောက်ကပ် ပျက်စီးစေတယ်။ အရက်၊ ဘီယာ၊ ပြုပြင်ထားတဲ့ အစားအစာ အမျိုးမျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ဝက်အူချောင်း၊ တညင်းသီးနဲ့ ကွမ်းယာ စတာတွေကိုတော့ ရှောင်သင့် ပါတယ်။ ကျောက်ကပ်ရောဂါဟာ အန္တရာယ်များပြီး တိတ်တဆိတ် လူသတ်သမား အဖြစ် သတ်မှတ်ခံထားရတဲ့ ရောဂါ ဖြစ်လို့ ရောဂါ မဖြစ်အောင် အစားအသောက် ဆင်ခြင်ရပါမယ်။
  နေ့စဉ် ရေ ၂ လီတာ (နှစ်ပုလင်း) အနည်းဆုံး သောက်ရမယ်။ အထူး သတိထားရမှာကတော့ တညင်းသီး တစ်လုံးဟာ ကျောက်ကပ်ဆဲလ် တစ်လုံး ပျက်စီးစေလို့ ဂရုပြုသင့် ပါတယ်။ ရှောင်ကြဉ် ရပါမယ်။ ။ 

+ဒေါက်တာလွင်သန့်(ဆေး-၂)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)