ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, July 29, 2016

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအား ထိုင်းစစ်တပ်က ဦးဆောင်ပြီး စီမံချက်ငါးခုဖြင့် နိုင်​ငံအနှံ့တွင် ဖမ်းဆီး​​နေကြောင်း သိရ

>
ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်က ဘန်ကောက်မြို့၊ ပသို့နန်းကုန်တိုတ်သို့ ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့၊လ၀ကများ ပူးပေါင်းဝင်ရောက် စစ်ဆေးဖမ်းစီးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဇော်ဝင်းထိုက်)

ထိုင်းနိုင်​ငံအတွင်း သွား​ရောက်​ လုပ်ကိုင်​​နေကြသည့်​ မြန်​မာ​ရွှေ့ပြောင်း လုပ်​သားများကို
လာမည့်​ ဇူလိုင်​၂၉ ရက်​​​ နောက်​ပိုင်း ထိုင်းအာဏာပိုင်​​တွေက အချက် ငါးဖြင့် စီမံချက်​ချပြီး တစ်​နိုင်​ငံလုံး ဖမ်းဆီး​​တော့မည် ဖြစ်​၍ မြန်​မာလုပ်​သားများ အထူးသတိထား​နေထိုင်​ရန် ​လိုအပ်​​ကြောင်း​ မြန်​မာပြည်​သားများအ​ရေး ပူးတွဲလှုပ်​ရှားမှု​ကော်​မတီဥက္ကဋ္ဌက တိုက်​တွန်း​ပြောကြားလိုက်သည်​။ ယခုကဲ့သို့ ဖမ်းဆီးခြင်းမှာ ထိုင်းနိုင်ငံအတွင်း နိုင်ငံရေး မတည်ငြိမ်မှု၊ (အနီဂိုဏ်း) အခြေခံ အလုပ်သမားများ အားပေးသည့် ပါတီနှင့် (အ၀ါဂိုဏ်း) အာဏာရှင်များ အားပေးသည့် ဒီမိုကရက်တစ်ပါတီတို့ အားပြိုင်မှုကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာကို ယာယီဖြေရှင်းလိုသည့် အတွက်ကြောင့် တတိယလူဖြစ်သည့် မြန်မာ့အလုပ်သမားများကို ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု ဆိုသည်။
 ဇူလိုင် ၂၉ ရက်နောက်ပိုင်း မြန်မာအလုပ်သမားများကို ဖမ်းဆီးမည်ဟု ကြေညာထားသော်လည်း ဇူလိုင် ၂၇ ရက် ညတွင် ထောင်နှင့်ချီသော မြန်မာ့အလုပ်သမားများ ဖမ်းဆီးခံနေရပြီဖြစ်ကြောင်း သိရသည်။  
ထိုင်းနိုင်​ငံ​ရောက်​ မြန်​မာနိုင်​ငံသား​ ရွှေ့ပြောင်းလုပ်​သားများအနက်​ အ​ထောက်​အထား မရှိသူ၊ အထောက်အထား လွဲ​နေသူ၊ ဖမ်းဆီးစဉ်​ မူးယစ်​၊ ကြက်​၊ ချဲ၊ လောင်းကစား စသည့်​ ရာဇ၀တ်​မှုပြုလုပ်​သူ၊ လူငါးဦးအထက်​ ပို​နေ​သော အစုအဖွဲ့များကို ထိုင်းစစ်​ဥပ​ဒေအရ ဖမ်းဆီးမည်​ဖြစ်​​ကြောင်း သိရသည်​။ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “မြန်မာရွှေ့ပြောင်း လုပ်သားတွေ အနေနဲ့ (၁) က Work ပါမစ်မရှိဘဲ အလုပ်လုပ်ပါက ပုဒ်မ ၅၀ အရငွေဒဏ်ဘတ် ၂၀,၀၀၀ ထက် မကျော် တဲ့ဒဏ်ငွေဖြစ်စေ၊ ထောင်ဒဏ် ၄၅ ရက် ဖြစ် စေကျခံရမယ်။ (၂)က Work ပါမစ် လုပ်ထားတဲ့ နေရာမတူပါက အလုပ်လုပ်ပါက ပုဒ်မ ၂၆ အရ ဒဏ်ငွေဘတ် ၁၀,၀၀၀ ထက် မကျော်တဲ့ ဒဏ်ငွေဖြစ်စေ၊ ထောင်ဒဏ် ခုနစ် ရက်ဖြစ်စေ၊ ကျခံရပါမယ်။ (၃)က အစိုးရ တာဝန်ရှိသူတွေက ရှောင်တခင် ၀င်ရောက်စစ် ပါက Work ပါမစ်မရှိပါဘဲနဲ့  အလုပ်လုပ်ပါ က ပုဒ်မ ၂၄ အရ ဒဏ်ငွေ ဘတ်၂၀,၀၀၀ က နေ ဘတ် ၁၀၀,၀၀၀ အထိဖြစ်စေ၊ ဥပဒေချိုး ဖောက်ပါက ထောင်ဒဏ် ရက် ၃၀ ကျခံပြီးမှ အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပါတယ်။ ထုတ်ပြန်ထားပါတယ်။ 
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အစစအရာရာ သတိပြုမိနိုင်ဖို့ အသိပေးအပ်ပါတယ်” ဟု ဆိုသည်။ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌဦးမိုးကြိုးက “ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေကြတဲ့ မြန်မာ လုပ်သားတွေဟာ ထိုင်းအစိုးရရဲ့ လူငါးဦးထက် မစုရဆိုတဲ့ စစ်ဥပဒေပုဒ်မ ၅၄ ကို ဂရုစိုက် ရှောင်ရှားကြဖို့ လိုအပ်ပါတယ်။ နိုင်ငံခြားသားတွေဆိုတော့ ငွေတိုးချေးတာ။ လောင်းကစား လုပ်တာ။ (နှစ်လုံး-သုံးလုံး) လုပ်လို့ မရပါဘူး။ ထိုင်းစစ်တပ်က ဦးဆောင်ပြီး အဖမ်းအဆီး ကြီးကြီးမားမား ဆောင်ရွက်တော့မှာ
ဆိုတော့ နယ်စပ်နဲ့နီးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား တွေအနေနဲ့ ကိုယ့်နိုင်ငံနယ်စပ်ကို ပြန်လည် ရှောင်တိမ်းနေဖို့၊ ဖြစ်နိုင်ရင် အပြီးပြန်လာကြဖို့ စိတ်မကောင်းစွာနဲ့ တိုက်တွန်းချင်ပါတယ်” ဟု ဆိုသည်။

 မြ၀တီမြို့နှင့်အနီးဆုံး မဲဆောက်ဒေသတွင် ညစောင့်အလုပ်သမားများ၊ လုံခြုံရေးများ၊ 
စက်သုံးဆီဆိုင်များတွင် ၀င်ရောက် လုပ်ကိုင်နေသူများ၊ ကိုယ်ပိုင်ဈေးဆိုင် ရောင်းချသူများ၊ 
စတိုးဆိုင်များတွင် ၀င်ရောက်လုပ်ကိုင် နေသူများကို ဖမ်းဆီးမှုများ ရှိလာသည်။ ထိုင်းနိုင်ငံအတွင်း စီမံချက်ဖြင့် ဖမ်းဆီးလာသည့်အတွက် အလုပ်သမားနှင့် သက်ဆိုင်သော ပြစ်ဒဏ်ကျခံရမည် ဖြစ်သည့် အပြင် ထောင်ဒဏ်၊ ငွေဒဏ်တွေ ကျခံပြီးမှသာ နေရပ်ကို ပြန်လည်ပို့ဆောင်မည် ဖြစ်ကြောင်း၊ တောထဲမှာ၊ လယ်ထဲမှာ၊ ရွာထဲမှာ ပုန်းခိုနေလျှင် လွတ်နိုင်သည်ဆိုသည့် အတွေးမျိုး မရှိကြရန်လည်း ၎င်းကတိုက်တွန်း ပြောကြားသည်။ 

 Writer: ကိုရွှေသိန်း (မြ၀တီ)Eleven  Media

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)