ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, August 16, 2016

=လူထုကျန်းမာရေး (ဆေးဖက်ဝင်တဲ့ဖလံတောင်ဝှေးပင်လေးများ)=

>
+Public Health+ 
 ဆေးဖက်ဝင်တဲ့ဖလံတောင်ဝှေးပင်လေးများအခုလိုမိုးဦးကာလမှာတွေ့ရတဲ့ရာသီစာ
ဖလံတောင် ဝှေးပင်တွေ ပေါ်လာပါပြီ။ သူ့ပင်ကိုသဘာဝက ဆေးစွမ်းထက်တာကြောင့်နားပြည်ယိုခြင်းနဲ့ နားကိုက်ခြင်းအတွက် ဖလံတောင်ဝှေးပင်ရဲ့အပေါ်ယံအခွံကိုနွှာ နွမ်းရုံလောက် မီးကင် အအေး ခံပြီး တဲ့အခါ အရည်ညှစ် ယူထားပါ။ ရလာတဲ့ဖလံတောင်ဝှေးရည်လေးစက်ခန့်နားထဲကိုတစ်နေ့ငါးကြိမ်ခန့်ထည့်ပေးခြင်းဖြင့်သက်သာ
ပျောက်ကင်းစေနိုင်ပါတယ်။ ရှေးလူကြီးတွေကဖလံတောင်ဝှေးပင်ရဲ့အမြစ်ကို ထောင်း ထုပြီး နှာစေး၊ ချောင်းဆိုး၊အဖျား၊အစာမကြေ၊ လေနာ၊အရေပြားရောဂါနဲ့ မြွေကိုက်ခြင်းတို့ အတွက်ဆေးမြီးတိုအဖြစ်ကု သလေ့ရှိပါတယ်။ အမျိုး သမီးရော ဂါဖြစ်တဲ့ သားအိမ်လျှော၊သားအိမ်ကျ၊ သားအိမ်အောင့်ခြင်းနဲ့ အမျိုးသားရောဂါများဖြစ်တဲ့ အူကျခြင်း၊ တိုနာရောဂါတို့အတွက် ဖလံတောင်ဝှေး ကိုအခြောက်လှန်းအမှုန့်ပြုကာ အုန်းဆီနဲ့ရောဖျော်ပြီး စအိုနဲ့ဆီးစပ်ပေါ်ကို လိမ်းထားခြင်းဖြင့် သက်သာရာ ရစေနိုင်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ မှာဖြစ်တတ်တဲ့ရင်သားအဆီကျိတ်ဖုအတွက်ဖလံတောင်ဝှေးပင်အနုအရင့်တွေကိုထုခြေပြီး
အကျိတ် ပေါ်အုံ ပေးကာအဝတ်စည်းပေးခြင်းဖြင့် အကျိတ်ကြေစေပါတယ်။ တစ်နှစ်မှ တစ်ကြိမ်သာပေါ်တဲ့ရာသီစာဖလံတောင်ဝှေးကို နို့တိုက် မိခင်တွေမှာ ဖြစ်လေ့ရှိတဲ့ နို့မထွက်ခြင်း၊ နို့ပူခြင်း၊ ယားယံခြင်း၊ နို့ အနာပေါက်ခြင်း၊ နို့ကြောင်း ပိတ်ခြင်းနဲ့ သကျည်း ကိုက်ခြင်း စတဲ့ပြဿနာတွေအတွက် မကြာခဏဟင်းခါးချက် စားပေးပါ။နှမ်းဆီစစ် စစ်နဲ့ ကြော်ပြီးစား ပါကချောင်းဆိုးရောဂါနဲ့ နှလုံးအားနည်းလို့ နှလုံးတုန်တဲ့ရောဂါကို သက်သာစေနိုင်ပါတယ်။ ငါးသိုင်းဒါမှမဟုတ်ပုစွန်နဲ့ရောချက်စားပါက သွေးဝမ်းရောဂါ ကိုပျောက်စေပါတယ်။ အမဲသားနဲ့ချက်စားပါက ဆီးရွှင်ပြီး ကျောက်ကပ်ကိုကျန်းမာစေပါတယ်။

  ရေကြက်သားနဲ့ချက်စားပါက ဆီးကျောက်တည်၊ ဆီးပူ၊ ဆီးအောင့်၊ ဆီးအားနည်း၊ ဆီးကျန်နဲ့ ဆီးဝါခြင်းတို့ကိုပျောက်ကင်းစေနိုင်ပါတယ်။ ပုစွန် ဆိတ်လေးတွေ နဲ့ကြော်စားပါက လိပ်ခေါင်း သွေးကျခြင်းကိုသက်သာစေပါတယ်။ ကင်ပွန်းချဉ်ရွက်နဲ့ရောကြော်စားပါက ဆံပင်ဖြူခြင်းနဲ့ သွေးဆုံး ကိုင်ဝေ ဒနာကို သက်သာစေပါတယ်။ ဖလံတောင်ဝှေးကအမျှင်ဓာတ်ကြွယ်ဝတာကြောင့်မကြာခဏချက်စားပေးရင်ဝမ်း မချုပ်တော့ ပါဘူး။အမျိုးသားများ ဒူလာရောဂါအတွက်ကိုတော့ လက်တစ်ဆုပ် စာပမာဏရှိတဲ့ ဖလံတောင် ဝှေး အပင်နဲ့အမြစ်တို့ကို သုံးခွက်တစ်ခွက်တင်ကျိုဒါမှမဟုတ် ဖလံတောင်ဝှေးအမြစ်ဥကိုချင်း၊ သကြားနဲ့ရော ကျိုကာတစ်နေ့နှစ်ကြိမ်သောက်ပေးသင့်ပါတယ်။အထိုင်များပြီး ခါးနာတတ် သူ တွေနဲ့ဆီးချိုရော ဂါကြောင့် ကျောက် ကပ်ပျက်စီးသူတွေ အတွက်ဖလံတောင်ဝှေး ပဉ္စငါးပါး (ပင်စည်၊ အမြစ်၊ အရွက်၊ အပွင့်၊ အမြစ်ဥ) ကိုငရုတ်ကောင်းနှစ်စေ့ထည့်ပြီးဆူပွက် အောင်ကျို ချက်ကာ သောက် သုံးနိုင် ပါတယ်။ နာလန်ထစလူနာတွေအတွက် ဖလံတောင်ဝှေးပင်ကို အခြောက်မှုန့်ပြုပြီးပျားရည်၊ ထောပတ်နဲ့ ရောကာညအိပ်ရာဝင်ခါနီးတိုင်း လက်ဖက်ရည်ဇွန်း 
တစ်ဇွန်း မှန်မှန် စားသုံးပေးရင် ရက် သတ္တ ပတ် အနည်းငယ်အတွင်း သိသိသာသာခွန်အားပြည့်လာစေပါတယ်။ 

 Written by မိုးဦး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)