ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, August 31, 2016

=လူထုကျန်းမာရေး(အိုသောသူများ အခါးစားပါ)=

>
+Public Health+
လူတို့တွင် အားနှစ်မျိုး လိုအပ်သည်။ အသက်ရှည်ရန် အတွက် အားရှိဖို့ လိုသည်။ ထိုအား နှစ်မျိုးမှာ ''သွေးအား'' နှင့် ''လေအား'' တို့ ဖြစ်သည်။ ဓာတ်သဘော အားဖြင့်ဆိုလျှင် သွေးသည် အာပေါဓာတ် ဖြစ်ပြီး လေသည် ဝါယောဓာတ် ဖြစ်သည်။ ဆန့်ကျင်ဘက် ဓာတ်နှစ်မျိုး ဖြစ်သည်။ သို့သော် ထို ဆန့်ကျင်ဘက် နှစ်မျိုး ပေါင်းစပ်ကာ သွေးဟူသော အာပေါဓာတ်ကို ခန္ဓာကိုယ် အနှံ့သို့ ရောက်အောင် ဝါယောဓာတ်က တွန်းပို့လျက် ရှိပေသည်။ ဆန့်ကျင်ဘက် နှစ်ခု ပေါင်းလျှင် အကျိုးရှိသည်ကို ခန္ဓာကိုယ် တွင်းက သက်သေပြလျက် ရှိပေသည်။ အသက်ကြီး လာသောအခါ သွေးအား ယုတ်လာသည် ဟု ပြောစမှတ် ပြုကြသည်။ အမှန်က သွေးက ခန္ဓာကိုယ် အတွင်းတွင် အပြည့်ရှိ လျက်ပင်။ သွေးကို တွန်းပို့ပေးမည့် ဝါယောဓာတ် က အားယုတ် လာခြင်းကြောင့် အားနည်း လာခြင်း ဖြစ်သည်။ သွေးထောက်ပံ့မှု မရောက်ရှိသော လက္ခဏာကို အစွန်အဖျား နေရာများမှ ပြသည်။ ဦးခေါင်းငယ် ထိပ်တွင် ဆံပင်များ ကျွတ်ပြီး ပြန်မပေါက် တော့သောကြောင့် ထိပ်ပြောင် လာသည်။ ခြေထောက်ရှိ ခြေသန်း၊ ခြေသူကြွယ် ခြေချောင်း ကလေးများတွင် ခြေသည်းများ အက်ကွဲ လာသည်။ ဖနောင့် အရေပြား များတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ် လာသည်ကို တွေ့ရမည် ဖြစ်သည်။ လယ်များတွင် ပပ်ကြားအက် သကဲ့သို့ ကိုယ်ခန္ဓာ အရေပြားတွင် အက်ကွဲရာများ ပေါ်လာသည်ကို တွေ့ရမည် ဖြစ်သည်။ အသက်ကြီး လာလျှင် လေဆက် စေရန် အခါး စားပေးရမည် ဟု ရှေးလူကြီး များက ဆိုသည်။ အခါး ဟူရာတွင်လည်း နှစ်မျိုးရှိသည်။ ''ပူခါး'' နှင့် ''အေးခါး'' ဟူ၍ အာယုဗေဒ ဆေးကျမ်း များတွင် တမာအခါး ကို လည်းကောင်း၊ မုရားကြီးရွက် အခါးကို လည်းကောင်း၊ တောင်မရိုး အခါး ကိုလည်းကောင်း ဝါး၍လျှာဖြင့် စမ်းသပ် ကြည့်သော အခါ ''အပူခါး'' အရသာကို တွေ့ရမည် ဖြစ်သည်။ တမာအခါး ကား ပိုးကို နိုင်သည်။ တောင်မရိုး အခါးကား အဖျားကို နိုင်သည်။ မုရားကြီးရွက် အခါးကား ပန်းနာချောင်းဆိုး နှင့် အဆုတ်နာ ရောဂါအမျိုးမျိုး တို့ကို နိုင်သည် ဟု ကျမ်းက ဆိုသည်။ ခွေးတောက်ရွက် သည်လည်း ပူခါးမျိုး ဖြစ်သည်။ လူကြီးများတွင် ဖြစ်သော အညောင်းများ သည့် ပါဒရက်ရောဂါ အမျိုးမျိုးကို နိုင်သဖြင့် ခွေးတောက်ရွက် ဟင်းချိုကို ကြက်ရိုးဖြင့် ချက်၍ ရှေးက ဆရာကြီးများ က ဓာတ်စာ ပေးသည်ကို တွေ့ရဖူးသည်။ စာရေးသူတို့ မိဘများသည် ကျေးဇူးရှင် ဗန်းမော် ဆရာတော်ကြီး စာဝါချ၍ အညောင်း အကိုက် များသည့် အခါတိုင်း ချက်၍ ဆက်ကပ် ရသည်ကို အမှတ်ရ ဖူးသည်။ ရှေးကလူကြီး များသည် လက်ဖက် စစ်စစ်ကို နှမ်းဆီဖြင့် စိမ်ပြီး နေ့လယ် ထမင်းစားပြီး တိုင်း နည်းနည်းစီ စားပေး ကြသည်။ လူကြီးများ အတွက် လေဆက်ပြီး အသက်ရှည် စေသော ဆေးဖြစ်သည် ဟု ဆိုသည်။ လက်ဖက်သည် အေးခါး အရသာ ဖြစ်သဖြင့် ပူခါး အရသာ ဖြစ်သွားအောင် နှမ်းဆီဖြင့် စိမ်စားခြင်း ဖြစ်သည်။ အသက် ရာကျော် ရှည်သော ဘိုးဘွားများသည် ဤ ဓာတ်စာကို စားခဲ့ကြ သည်ဟု မှတ်သားရ ဖူးသည်။ ''လေမသက် အနေခက်၊ လေမစုန်ငွေကုန်'' ဟု ရှေးလူကြီးများ ပြောကြသည်။ လူကြီးများ အတွက် ကျန်းမာရေး မှာ လေ က အရေးအကြီးဆုံး ဖြစ်သည်ဟု ဆိုသည်။ လေလည်ခြင်းကို ရှက်စရာဟု ယူဆ ကြ သော်လည်း လေလည် နေသည့် လူကြီးများမှာ ကျန်းမာ နေသည်ကို တွေ့ရပေသည်။ ဆေးပညာ အရလည်း အသက် (၆၅) နှစ်ကျော်လျှင် လေအရွယ် ရောက်ပြီ ဖြစ်သဖြင့် လေဆက်မည့် ဓာတ်စာများ စားပေး သင့်ကြောင်း တင်ပြ လိုက်ရ ပေသည်။(ရတနာပုံနေ့စဉ် သတင်းပါ ဆရာ ကြည်မြင့်လွင် (မုဒြာ) ၏ ဆောင်းပါးမှမေတ္တာဖြင့် ကူးယူမျှဝေပါသည်။ )

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)