ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, September 1, 2016

=လူထုကျန်းမာရေး (အသက် ၁ဝဝ နေလိုပါသလား)=

>
+Public Health+
အသက် ၁ဝဝ ပြည့်အောင် နေရသူများ၏ ဘဝကို လေ့လာကြည့်သော အခါ အောက်ပါအတိုင်း တွေ့ရသည်။

၁။ ကျေးလက်တောရွာများတွင် နေသောသူများ ဖြစ်သည်။ လေကောင်းလေသန့်ကို အပြည့်အဝ ရသည်။

 ၂။ ပုံမှန်စားသောက်သူများ ဖြစ်သည်။ ငယ်စဉ်ကတည်းက သက်သတ်လွတ် မစားပါ။ ငါးနှင့်အသီးအနှံကိုတော့ အဓိကထား စားကြသည်။ မိမိစားနေကျအစာများကိုသာ စားလေ့ရှိကြသည်။

၃။ ငယ်စဉ်က ဘဝအမျိုးမျိုး ဖြတ်သန်းခဲ့ရသည်။ ပင်ပန်းစွာ အသက်မွေးခဲ့ ရမှုမျိုးလည်း ရှိခဲ့သည်။ ပင်ပန်းစွာ အလုပ်လုပ်ခဲ့ဖူး သဖြင့် အရိုးနှင့် ကြွက်သားများ သန်မာသည်ဟု ယူဆရသည်။

 ၄။ ငယ်စဉ်ကပင် အိမ်ထောင်ပြုခဲ့ကြသည်။ သားသမီး မွေးခဲ့ကြသည်။ မိသားစုများ ခဲ့ကြသည်။

 ၅။ ဆေးထိုး၊ ဆေးစားကြောက်ကြသူများ ဖြစ်သည်။ အထူးသဖြင့် အင်္ဂလိပ်ဆေး ထိုးရမှာ ကြောက်ကြသည်။  

၆။ စိတ်သဘောထား ဖြူစင်ပြီး ရိုးသားသူများ ဖြစ်ကြသည်။ 

၇။ အဆန်းတကြယ် မရှိသော နေအိမ်များတွင် အေးချမ်းစွာ နေထိုင်ကြသည်။

 ၈။ လက်မှုအလုပ်၊ အားစိုက်ရသော အလုပ်ကို လုပ်ကြသူများ ဖြစ်သည်။

 ၉။ ဆေးလိပ်၊ အရက်၊ ကွမ်း စသည်တို့နှင့် မကင်းကြသော်လည်း အလွန်အကျွံ မစွဲကြ။ 

၁ဝ။ ရေနွေးကြမ်းကို နှစ်သက်ကြသည်။ 

၁၁။ လူစည်ကားရာ အရပ်များကို မနှစ်သက်၊ သွားလာ လည်ပတ်လေ့ မရှိကြ။ မိမိဒေသ ကိုသာ နှစ်သက်သည်။ ခရီးသွားရသော အလုပ်ကို လုပ်လေ့မရှိကြ။ 

၁၂။ ငယ်စဉ်ကပင် သား၊ သမီးများ မွေးဖွားခဲ့ကြသဖြင့် အသက်ကြီးသောအခါ သား၊ သမီးများမှာလည်း အိမ်ထောင်ခွဲနေကြပြီး မှီခိုသူမရှိ၊ ပတ်ဝန်းကျင်နှင့် သိပ်အဆက်အသွယ် မရှိဘဲ နေထိုင်ကြသူများ ဖြစ်သည်။ တချို့ အိမ်ထောင်နှစ်ဆက် ရှိသည်။ တချို့မှာ သားသမီးရော မြေးများပါ အသက်ကြီးသွားပြီး အလုပ်အကိုင် ကိုယ်စီနှင့် အနားမကပ်နိုင်၊ အနီးကပ် မပြုစုနိုင်တော့။ မြစ်များ၊ တီများအပေါ်တွင် သံယောဇဉ် ပိုနေသည်ကို တွေ့ရသည်။ တချို့မှာ သားသမီးများထက် မိမိက ကျွေးမွေးထားသော အိမ်မွေး တိရစ္ဆာန်များ အပေါ် သံယောဇဉ် ပိုတွယ် နေတတ်ကြသည်။ အသက် ၁၁၅ နှစ်ကျော် အဘွားမြမှာ မြေး၊ မြစ်၊ တီများရှိသော်လည်း အတူမနေသဖြင့် မွေးထားသော ကြက်မလေးကို အချစ်ပိုပြီး အိပ်ရာဘေး ထားအိပ်သည်ကို တွေ့ရသည်။ 

၁၃။ ညစာမစားကြသူများ ဖြစ်သည်။ (အသက်ကြီးပိုင်း ရောက်မှ ညစာမစားကြခြင်း ဖြစ်သည်။) 

၁၄။ နိုင်ငံရေး၊ စီးပွားရေးများကို သိပ်မသိကြ။ 

၁၅။ ဘာသာရေးကို အလွန်အကျွံ မပြုလုပ်သော်လည်း ဥပုသ်စောင့်ခြင်း၊ နေ့စဉ် ပုတီးစိပ်ခြင်းများ
 ပြုလုပ်လေ့ ရှိသည်။ 

၁၆။ ငွေကြေးမချမ်းသာသူ လူလတ်တန်းစားများသာ ဖြစ်သည်။ 

၁၇။ ပွ၍အေးသော ချည်ထည်အဝတ်များကိုသာ ဝတ်ဆင်လေ့ ရှိကြသည်။ 
၁၈။ စိတ်တိုသော အမူအရာမရှိ၊ ပြုံးရွှင်သော မျက်နှာ ရှိကြသည်။ 

၁၉။ နေဝင်လျှင် စောစောအိပ်ပြီး နံနက်စောစောထလေ့ ရှိသူများ ဖြစ်ကြသည်။ 

၂ဝ။ တိရစ္ဆာန်ငယ်များကို ချစ်သူ၊ မွေးမြူလေ့ရှိသူများ ဖြစ်ကြသည်။

 ၂၁။ အားဆေးများ သောက်လေ့ မရှိကြ။ ဝမ်းမှန်သောဆေး၊ အစာများကို စားလေ့ ရှိကြသည်။
 ၂၂။ အရပ်ပုသူ၊ အလယ်အလတ် အရပ်အမောင်းရှိသူများ ဖြစ်ကြသည်။ 
၂၃။ အသက် ၈ဝ ကျော်လာသောအခါ မျက်နှာနှင့် ခန္ဓာကိုယ် အရေပြားပေါ်တွင် မှဲ့ခြောက်များ ထွက်လာလေ့ရှိသည်။ မှဲ့သည် ကင်ဆာ၏ အခြေခံဟု ဆိုသော်လည်း မှဲ့ခြောက်များမှာ အသက်ရှည်ဦးမည့် လက္ခဏာများ ဖြစ်သည်။
 ၂၄။ အသက် ၉ဝ ကျော်ပြီးသည့် အခါ မျက်စိအကြည်ဓာတ်များ ပြန်လည်ကောင်းလာသည်။ တချို့အသက်ရာကျော် ရှည်သူများမှာ အပ်ပေါက်ထိုး နိုင်သည်ဟု ဆိုကြသည်။ 
၂၅။ ဦးနှောက်အတွင်းမှ ပြောင်းလွဲမှုများကြောင့် ငယ်မူပြန် (သူငယ်ပြန်) လက္ခဏာများကို တွေ့ရသည်။ မနေ့တစ်နေ့က အဖြစ်အပျက်များကို မမှတ်မိ၊ သတိမေ့သလို ဖြစ်သော်လည်း ငယ်စဉ်က အကြောင်းများကို မှတ်မိပြီး ပြန်ပြောလေ့ ရှိသည်။ တချို့ အသက် ၉ဝ ကျော် ၁ဝဝ အတွင်း ဘိုးဘွားရိပ်သာများတွင် တွေ့ရသူများမှာ နေ့စဉ်အချိန်မှန်စား၊ တရားရှုမှတ် နေသည်။ တရားထိုင်ခြင်းနှင့် အချိန်မှန်အိပ်၊ အချိန်မှန်စားရခြင်း အကျိုးကြောင့် သူငယ်ပြန်ခြင်းမရှိသည်ကိုလည်း တွေ့ရသည်။

 Written by စကားဝါ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)