ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, September 11, 2016

=ကျန်းမာရေး(ဒန့်သလွန်နှင့်ကျန်းမာရေး)=

>
+Public Health+ 
အသက်အရွယ်မရွေးမကြာခဏစားသုံး ပေးသင့်ပြီး ကျန်းမာရေးကိုများစွာအထောက် အကူပြုသောဒန့်သလွန်အကြောင်းကို မြဝတီ စာဖတ် ပရိသတ်များ သိရှိစေရန် အတွက် ဒေါက်တာခင်မောင်လွင် (FAME) နှင့် မြဝတီအဖွဲ့တွေ့ဆုံမေးမြန်းမှုကို ဖော်ပြလိုက်ရပါသည်- မေး။ ။ ကျွန်တော်တို့မြန်မာလူမျိုးတွေ မကြာခဏဆိုသလို နှစ်ခြိုက်စွာစားသုံးလေ့ရှိတဲ့ ဒန့်သလွန်ရွက်ဟင်းခါးတို့၊ ဒန့်သလွန်သီးတို့ရဲ့ အပင်ဟာ ဘယ်လိုမျိုးအပင်လည်း ဆိုတာ အရင်ဆုံးရှင်းပြပေးပါခင်ဗျာ။
 ဖြေ။ ။ ဒန့်သလွန်ပင်ကို ရုက္ခဗေဒအရ Moringa oleifera လို့ခေါ်ပါတယ်။ အင်္ဂလိပ် လိုကတော့ Horseradish tree ဒါမှမဟုတ် Drumstick tree လို့ခေါ်ကြပါတယ်။ ဒန့်သလွန်ပင်ကိုတော့ ကျွန်တော်တို့မြန်မာ လူမျိုးအတော်များများ မြင်ဖူးကြပြီးဖြစ်မှာပါ။ သူဟာအပင်ကြီးမျိုးဖြစ်ပြီး ဆရာတို့ မြန်မာနိုင်ငံလို Tropical weather ရှိတဲ့ ဒေ သတွေ မှာ ကောင်းကောင်းပေါက်ရောက် ပါတယ်။ သူ့ရဲ့မူရင်းဒေသကတော့ အိန္ဒိယ နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒေသအတော် များများမှာ စိုက်လို့ရပါတယ်။ ဆရာတို့ရဲ့ ပြင်ဦးလွင်ခြံမှာ အပင် ၂၂ဝ စိုက်ထားပါတယ်။ သူဟာရေကြိုက်ပေမယ့် ရေဝပ်တာ တော့မကြိုက်ပါဘူး။ မြေကြီးရဲ့ စံကတော့ စံ ၆ ဒသမ ၃ ကနေ စံ ၇ ဒသမ သုညကို ကြိုက် ပါတယ်။ စတင်စိုက်ပျိုးတဲ့ အချိန်က နေစပြီး နှစ်နှစ်သား ဆိုရင်စပြီး အသီးတွေ အရွက်တွေ ခူးလို့ရပါပြီ။ အာဟာရ တန်ဖိုးမြင့်မားပြီး ဆေးဖက်ဝင်တဲ့ အတွက်ကြောင့် သဘာဝ ဆေးပညာအရ တစ်နေ့တခြား ရေပန်းစားလာတဲ့ အပင် ဖြစ်ပါတယ်။

  မေး။ ။ ဒန့်သလွန်အရွက်မှာ ဘယ်လိုမျိုး အာဟာရဓာတ်တွေပါသလဲဆိုတာ သိပါရစေ။ 

 ဖြေ။ ။ဒန့်သလွန်တစ်ပင်လုံးမှာ အာဟာရ ဓာတ်ပါဝင်မှု အများဆုံးကတော့ အရွက်ဖြစ်ပါတယ်။ ဆေးဖက်ဝင်အာနိသင်တွေလည်း အတော်များများ ပါဝင်နေ တာ တွေ့ရပါတယ်။ အဓိကပါဝင်တဲ့ အာဟာရဓာတ်တွေအနေနဲ့- (က) ပရိုတင်းဓာတ်- အမိုင်နိုအက်စစ် အတော်များများ ပါဝင်ပါတယ်။အထူးသဖြင့် ခန္ဓာကိုယ်ကျန်းမာ ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ Essential Amino Acid တွေ များစွာပါဝင်ပါတယ်။ ဒါကြောင့် မို့လို့ သက်သတ်လွတ်စားတဲ့သူ တွေဟာ ပရိုတင်းဓာတ်မချို့တဲ့ရ လေအောင် ဒန့်သလွန်ရွက်တွေကို မကြာခဏ စားပေးသင့်ပါတယ်။အရွက်စုစုပေါင်းအလေးချိန်ရဲ့ ၉ ဒသမ ၄ ရာခိုင်နှုန်းပါဝင်တော့ အရွက်ထဲမှာ တော့ အတော်လေး များတယ်လို့ ပြောနိုင်ပါတယ်။ (ခ) ကာဘိုဟိုက်ဒရိတ်- စုစုပေါင်း အလေးချိန်ရဲ့ ၈ ဒသမ ၂၈ ရာခိုင် နှုန်းပါဝင်ပါတယ်။ ဒါကြောင့် ခွန် အားကိုပြည့်ဖြိုးစေပြီး သက်လုံ ကောင်းစေပါတယ်။ (ဂ) ဗီတာမင်အနေနဲ့ အရွက်အစို ၁ဝဝ ဂရမ်စားခဲ့ရင် ဗီတာမင်စီက ၅၁ ဒသမ ၇ဝ မီလီဂရမ်ရရှိပြီး ဗီတာ မင်ထဲမှာတော့ အများဆုံးပါဝင်မှု ဖြစ်ပါတယ်။ ကျန်ဗီတာမင်အနေနဲ့ နိုင်ယာစင် (B3) က၂ ဒသမ၂ မီလီဂရမ် နဲ့ ဘီစစ် ၁ ဒသမ ၂ မီလီဂရမ် တို့ပါဝင်ပါတယ်။ တခြား ဗီတာမင်တွေလည်း နည်းနည်းစီ ပါဝင်နေပါသေးတယ်။ (ဃ) သတ္တုဓာတ်အနေနဲ့ အများဆုံး ပါဝင်တာက ပိုတက်စီယမ်ဖြစ်ပြီး အရွက်အစို ၁ဝဝ ဂရမ်မှာ ၃၃၇ မီလီဂရမ်ပါဝင်ပါတယ်။ ဒုတိယ အနေနဲ့ ကယ်ဆီယမ်က ၁၈၅ မီလီဂရမ်၊ တတိယအနေနဲ့ မဂ္ဂနီ စီယမ် ၁၄၇ မီလီဂရမ် ပါဝင်ပါ တယ်။ (င) နောက်ဆုံးအရေးအကြီးဆုံးပါဝင် တဲ့ ဓာတ်ပစ္စည်းတွေကတော့ Phytochemicals လို့ခေါ်တဲ့ ဆေးဖက်ဝင် ဓာတ်ပစ္စည်းတွေ ဖြစ်ပါတယ်။ အရွက်မှာ ပါဝင်တဲ့ ဆေးဖက်ဝင် ပစ္စည်းတွေကတော့ ကင်ဆာရောဂါ ကိုကာကွယ် တိုက်ဖျက်နိုင်စွမ်းရှိတဲ့ Thiocarbamate နဲ့ Iso-thiocyanate ရောဂါပိုးမွှားတွေ ကို တိုက်ခိုက်နိုင်စွမ်းရှိတဲ့ Glucosinolate နဲ့ Pterygospermin သွေးကြောတွေကို ကောင်း မွန်အောင် ပြုလုပ် ပေးတဲ့ Quercetin နဲ့ Rutin အင်တီအောက်ဆီဒင့် အာနိသင်ပေးတဲ့ Kaempferol နဲ့ Chlorogenic acid အစရှိတဲ့ ဓာတ် ပစ္စည်းတွေ ပါဝင်နေပါတယ်။ 
 မေး။ ။ အရွက်မှာပါဝင်တဲ့ အာဟာရဓာတ် တွေဟာ ချက်ပြုတ်လိုက်ရင် ဆုံးရှုံးမှုရှိ ပါသလား။ ဟင်းခါးလုပ်သောက်ကြတာ မှာရော အပူကြာကြာ ပေးမိရင် အာဟာရ ဓာတ်ဆုံးရှုံးမှုရှိနိုင်ပါသလား ဆရာ။

 ဖြေ။ ။ သာမန်အားဖြင့်တော့ ဒန့်သလွန် ရွက်ဟာ ရေသေသေချာချာဆေးပြီး ဟင်းခါးလုပ်သောက်လေ့ရှိတော့ သူ့မှာပါဝင်တဲ့ အာဟာရဓာတ်တွေ ဆုံးရှုံးမှု ရှိ/မရှိ ပညာရှင် တွေလေ့လာပြီးသားဖြစ်ပါတယ်။ ဟင်းခါးကို ပထမအကြိမ် ချက်စဉ်မှာ အပူချိန်ကို ကြာကြာ မပေးဘဲ ရေပွက်ပွက်ဆူပြီး ၁ဝ မိနစ်လောက် အကြာမှာ စားမယ်ဆိုရင် အာဟာရဓာတ် အပြည့်အဝနီးပါး ရရှိပါတယ်။ ဆက်ပြီးအပူပေးထားရင်တော့ တချို့သော အာဟာရဓာတ်တွေဟာ အပူကြောင့် ပျက်စီး သွားတတ်ပါတယ်။ ဥပမာ- ဗီတာမင်စီ လိုမျိုးဟာ အပူပေးချိန်ကြာလေလေ ပိုပျက်စီး လေဖြစ်တော့ မီးဖိုပေါ်မှာအကြာကြီး အပူ မပေးသင့်ပါဘူး။ စားလို့ရတဲ့ အတိုင်းအတာကိုသာ အပူပေးသင့် ပါတယ်။ နောက်ပိုင်း ပြန်စားရင်လည်း ပွက်ပွက်ဆူတဲ့အထိ အပူပြန် မပေးဘဲစားလို့ကောင်းရုံ ခပ်နွေးနွေးသာအပူ ပေးပြီးစားရပါမယ်။ 

 မေး။ ။ အဲ့ဒီပါဝင်တဲ့ အာဟာရဓာတ်နဲ့ ဆေးဖက်ဝင်အာနိသင်တွေဟာ အရွက်မှာပဲ ပါတာပါလားဆရာ။ တခြားအစိတ်အပိုင်း တွေဖြစ်တဲ့ ဒန့်သလွန်သီးတို့ အသီးထဲမှာပါတဲ့ အစေ့တွေမှာရော ပါဝင်မှု ရှိ/မရှိ သိချင် ပါတယ်။ 
 ဖြေ။ ။ ဒန့်သလွန်တစ်ပင်လုံးကတော့ ဆေးဖက်ဝင်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ လူတွေစားသုံးလေ့ရှိတာကတော့ အရွက်နဲ့ အသီးသာ ဖြစ်ပါတယ်။ အသီးကို စားမယ်ဆိုရင်လည်း အာဟာရဓာတ်ပါဝင်မှု နဲ့ဆေးဖက်ဝင်ပစ္စည်းပါဝင်မှုကတော့ ရရှိမှာဖြစ်ပါတယ်။ နှစ်မျိုးစလုံးစားရင် ပိုကောင်း ပါတယ်။ ပါဝင်တဲ့ပမာဏကတော့ အနည်း အများရှိပါတယ်။ ဥပမာ- ဗီတာမင်စီပါဝင်မှု ကို နှိုင်းယှဉ်ရင် အရွက် ၁ဝဝ ဂရမ်မှာ ဗီတာ မင်စီ ၅၁ ဒသမ ၇ဝ မီလီဂရမ်ပါပေမယ့် အသီးရဲ့အနှစ်မှာ ၁၄၁ မီလီဂရမ်ပါဝင် ပါတယ်။ ဗီတာမင်စီက ပိုပါတယ်ပေါ့။ ပိုတက်စီယမ်ဆိုရင် အရွက်မှာ ၃၃၇ မီလီ ဂရမ်ပါဝင်ပြီး အသီးမှာ ၄၆၁ မီလီဂရမ် ပါဝင်ပါတယ်။ ဒါပေမဲ့ ပရိုတင်းပါဝင်မှုကျတော့ အရွက်ကပိုများပြန်ရော။ အရွက်မှာ ၉ ဒသမ ၄ ရာခိုင်နှုန်းပါဝင်ပြီး အစေ့ကျတော့ ၂ ဒသမ ၁ ရာခိုင်နှုန်းသာပါဝင်တာ တွေ့ရပါတယ်။ တခြားအစိတ်အပိုင်းတွေဖြစ်တဲ့ အစေ့တို့၊ အမြစ်တို့၊ ပင်စည်တို့ဟာလည်းဆေးဖက်ဝင် ဓာတ်ပစ္စည်းတွေ ပါဝင်နေတာတွေ့ရပါတယ်။
 မေး။ ။ ဒန့်သလွန်အရွက်ကိုစားရင် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း သိပါရစေဆရာ။

 ဖြေ။ ။ ဒန့်သလွန်ရွက်ကို မကြာခဏ စားရင်ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အများကြီးဖြစ်ပါတယ်။ အရေး ပါတဲ့ အကျိုးကျေးဇူးတွေအနေနဲ့ကတော့- (၁) အာဟာရချို့တဲ့ခြင်းကနေ ကာကွယ်ပေးခြင်း၊ (၂) ရောဂါပိုးများ နှိမ်နင်းနိုင်ခြင်း၊ (၃) ကင်ဆာရောဂါမှ ကာကွယ်ပေးခြင်း၊ (၄) သွေးတိုးနှင့် နှလုံးရောဂါများမှ ကာကွယ်ပေးခြင်း၊ (၅) ဆီးချိုသွေးချိုရောဂါ သက်သာစေခြင်း၊
 (၆) တခြားအထွေထွေအာနိသင်တို့ပဲဖြစ်ပါတယ်။ 

 မေး။ ။ အာဟာရချို့တဲ့မှုကနေ ဘယ်လိုများ ကာကွယ်ပေးနိုင်ပါသလဲဆရာ။ 

 ဖြေ။ ။ခုနကပြောခဲ့သလိုပါပဲ။ ဒန့်သလွန်ရွက်ဟာ အာဟာရဓာတ်မြင့်မားစွာပါတဲ့ အတွက် မှန်မှန်စားခဲ့ရင် အာဟာရဓာတ်မချို့ တဲ့အောင် ကာကွယ်ပေးတဲ့နေရာမှာ များစွာ အထောက် အကူပြုပါတယ်။ သူ့မှာပါဝင်တဲ့ ပရိုတင်းဓာတ်တွေဟာ ကလေးသူငယ်တွေနဲ့ သက်ကြီး ရွယ်အိုတွေ အတွက်များစွာ အကျိုးရှိလှပါတယ်။ ဒါကြောင့်မို့ အခုအခါမှာ အာဟာရဓာတ် ချို့တဲ့တဲ့နေရာတွေမှာ ဒန့်သလွန်ပင်တွေ စိုက်ပျိုးပြီး လူတွေစားသုံးဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ၂ဝဝ၆ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု မှာရှိတဲ့ Chlorogenic acidရဲ့ လေ့လာတွေ့ရှိချက်အရ အာဖရိကမှာရှိတဲ့ အာဟာရချို့တဲ့မှုကို တိုက်ဖျက်ရာမှာ ဒန့်သလွန်ရွက်ဟာ အသင့်လျော်ဆုံး လို့ဆိုပါတယ်။ အပင် ၁၈ မျိုးကို လေ့လာရာမှာ ဒန့် သလွန်ပင်က အကောင်းဆုံးလို့ဆိုပါတယ်။ 

 မေး။ ။ ရောဂါပိုးမွှားတွေ နှိမ်နင်းနိုင်တယ် ဆိုတော့ ဘယ်လိုမျိုးရောဂါပိုးတွေကိုနှိမ်နင်း ပေးနိုင်သလဲဆိုတာ သိပါရစေ။

 ဖြေ။ ။ ဒန့်သလွန်ရွက်၊ ဒန့်သလွန်စေ့နဲ့ အပင်ရဲ့အခေါက်နဲ့ အမြစ်တွေရဲ့ ပြုတ်ရေကိုဓာတ်ခွဲခန်းမှာ စမ်းသပ်ချက်အရ ဗက်တီး ရီးယား အတော်များများကို သေစေနိုင်တယ် ဆိုတာတွေ့ရှိရပါတယ်။ ဒါ့အပြင်မှိုတချို့နဲ့ သန်ကောင်တွေကိုလည်း သေစေနိုင်ကြောင်း တွေ့ရှိရပါတယ်။ အဓိကလုပ်ဆောင်ပေးတဲ့ ဒြပ်ပေါင်းတွေကတော့ Isothiocyanate ၊ Glucosinolate eJY Pterygospermin တို့ဖြစ်ပါတယ်။ ဒါကြောင့်မို့ ခန္ဓာကိုယ်မှာ ဗက်တီး ရီးယားပိုးတွေ၊ မှိုစွဲနာတွေ၊ သန်ကောင် ရောဂါတွေရှိခဲ့ရင် ဒန့်သလွန် ရွက်ကို ဟင်းခါး ချက်စားခဲ့ရင် အကျိုးရှိမှာဖြစ်ပါတယ်။ သိပ် လိုမှသာ Antibiotic တွေသောက်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ဆီးလမ်းကြောင်း ပိုးဝင်တဲ့ရောဂါအတွက် ထိရောက်တဲ့ သဘာဝအစားအစာတစ်ခု ဖြစ်ပါတယ်။ မကြာသေးခင်ကလေ့လာချက်တွေအရ ဒန့် သလွန်ပင်ရဲ့အခေါက်ကနေ ထုတ်ယူရရှိတဲ့ အယ်ကာလွိုက် နှစ်မျိုးဖြစ်တဲ့ Moringine နဲ့ Moringinine တွေဟာလည်းပဲ ဗက်တီး ရီးယားပိုးတွေ (both Gram-positive and Gram-negative ) နဲ့ မှိုစွဲနာတွေကို ပျောက်ကင်း စေနိုင်တယ်လို့ ဆိုပါတယ်။

 မေး။ ။ ကင်ဆာရောဂါကာကွယ်နိုင်တဲ့ အစွမ်းအာနိသင်ကိုလည်း ရှင်းပြပေးပါဆရာ။ 

 ဖြေ။ ။ သဘာဝသစ်သီးသစ်ရွက်တွေမှာ ကင်ဆာမဖြစ်အောင် ကာကွယ်တားဆီးနိုင် တဲ့ ဓာတ်ပစ္စည်းတွေပါဝင်နေတယ်ဆိုတာ သိပ္ပံပညာရှင်တွေ သိရှိဖော်ထုတ်ပြီးဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ ဒန့်သလွန်ရွက်ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Asian Pacific Journal of Cancer Prevention ရဲ့ အဆို အရ ဒန့်သလွန်ရွက်မှာ ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ Thiocarbamate ဆိုတဲ့ဓာတ်ပစ္စည်းနဲ့ Isothiocyanate ဆိုတဲ့ဓာတ် ပစ္စည်းတွေပါဝင်ပြီး သူတို့ဟာ ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးတယ်လို့ သိပ္ပံနည်းကျ လေ့ လာတွေ့ ရှိခဲ့ပါတယ်။ အထူးသဖြင့် Adenocarcinoma အမျိုးအစားကို ကာကွယ်ပေးတယ်လို့ဆိုပါတယ်။ ဒန့်သလွန်ပင်အမြစ်ကရတဲ့ အဆီအနှစ်တွေက ရင်သားကင်ဆာ ကာကွယ်ရေးအတွက် အထောက်အကူပြုတယ်လို့ ကိုရီးယား တက္ကသိုလ် တစ်ခုရဲ့ လေ့လာချက်အရ သိရပါ တယ်။

 မေး။ ။ နှလုံးရောဂါနဲ့ သွေးတိုးရောဂါရှိသူ တွေစားရင်ရော ဘယ်လိုမျိုးအကျိုးရှိပါ သလဲဆရာ။

 ဖြေ။ ။ ဒန့်သလွန်ရွက် ဟာသွေးထဲမှာရှိတဲ့ အဆီပမာဏကို လျှော့ ချပေးနိုင်စွမ်းရှိပါတယ်။ သွေးထဲမှာရှိတဲ့ ကိုလက်စထရောကိုချပေး တဲ့အတွက် နှလုံးရော ဂါ၊ သွေး တိုးရောဂါ ဝေဒနာသည်တွေအတွက် အကျိုးရှိပါတယ်။ ဒါ့အပြင် သူကဆီးရွှင်စေတဲ့ အာနိသင်ရှိတဲ့ အတွက် သွေးပေါင်ချိန်ကျစေဖို့ အထောက် အကူပြုပါတယ်။ ဒါကြောင့် ဒန့်သလွန်ရွက်ကို သွေးပေါင်ကျနေသူတွေအနေနဲ့ များများ မစားသင့်ပါဘူးလို့ ပညာရှင်တွေက အကြံပြု ထားပါတယ်။ အရွက်သာမကဘဲ ဒန့်သလွန် ပင်ရဲ့ကျန်အစိတ်အပိုင်းတွေဖြစ်တဲ့ အသီး၊ အစေ့၊ အခေါက်နဲ့ အမြစ်တွေမှာလည်း အခုလိုအာနိသင်တွေ ရှိပါတယ်။ 

 မေး။ ။ ဆီးချိုသွေးချိုကျစေတဲ့အာနိသင် အကြောင်းလဲဆက်ပြောပါဦးဆရာ။

 ဖြေ။ ။ ဒါတော့သိပ်မဆန်းပါဘူး။ သဘာဝ ဆေးပင်အရွက်တွေ အတော်များများဟာ ဆီးချိုသွေးချိုကိုထိန်းသိမ်းရာမှာ များစွာ အထောက် အကူပြုကြောင်း သိခဲ့တာကြာပါပြီ။ ဒီအထဲမှာ ဒန့်သလွန်ရွက်ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒန့်သလွန် ရွက်မှာပါတဲ့ တာပင်းနွိုက်တွေဟာ ပန်ကရိယမှာရှိတဲ့ အင်ဆူလင်ထုတ်ပေးတဲ့ ဘီတာ ဆဲလ်တွေကို လှုံ့ဆော်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ဒန့်သလွန် ဟင်းခါး သောက်ပြီးရင် သွေးထဲမှာရှိတဲ့ ဂလူးကို့စ်ပမာဏ လျှော့ နည်းသွားတာကို တွေ့ရပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုသမားတွေ စားသုံးရင်အကျိုးရှိပါတယ်။

 မေး။ ။ တခြားအထွေထွေအာနိသင်တွေ ကရော ဘာတွေများရှိပါသလဲဆရာ။

 ဖြေ။ ။ တခြားကျန်းမာရေးအထောက် အကူပြု အကျိုးကျေးဇူးတွေလည်း ရနိုင်ပါသေးတယ်။ အဲ့ဒီထဲကအရေးကြီးတာတွေကို ပြောရရင်- - အရောင်ကျစေတဲ့ အာနိသင်ရှိတော့ ခန္ဓာကိုယ်တွင်းအစိတ်အပိုင်းတွေ ရောင်တာကိုလျှောနည်းစေပါတယ်။ . အင်တီအောက်ဆီဒင့်အာနိသင်ပေး ပါတယ်။ . အသည်းရဲ့လုပ်ငန်းဆောင်တာတွေ ပိုကောင်းစေပါတယ်။ အသည်းရောင်တာ၊ အသည်းခြောက်တာတွေ မဖြစ် အောင်ကာကွယ် ပေးပါတယ်။ . ကျောက်ကပ်မှာကျောက်မတည်အောင် ကာကွယ်ပေးပါတယ်။ .အသက်ကြီးတဲ့လူတွေမှာ မှတ်ဥာဏ်ချို့ယွင်းမှုမဖြစ်အောင်ကာကွယ်ပေးပါတယ်။ . ပန်းနာရင်ကျပ်ကိုသက်သာစေပါတယ်။

 မေး။ ။ ဒန့်သလွန်ရွက်မဟုတ်ဘဲ အသီး ကိုစားရင်ရော အခုလိုအာနိသင်တွေ ရနိုင်ပါ သလားဆရာ။

 ဖြေ။ ။ ရနိုင်ပါတယ်။ ဒါပေမဲ့အရွက်က တော့ အစွမ်းထက်ဆုံးဖြစ်ပါတယ်။ အသီးရဲ့ အထဲမှာရှိတဲ့ အနှစ်ကိုပဲစားစား၊ အစေ့ကိုပဲ စားစား၊ ခုနကပြောခဲ့တဲ့ အာနိသင်တွေရနိုင်ပါတယ်။ ဒါပေမဲ့ ရရှိနိုင်တဲ့အာနိသင်အနည်း အများတော့ ကွာခြားမှုရှိတာပေါ့။

 မေး။ ။ ဆရာ့အနေနဲ့ မြဝတီစာဖတ် ပရိသတ်ကြီးကို ဘာများပြောချင်ပါသေး လဲဆရာ။

 ဖြေ။ ။ အိမ်နောက်ဖေးမှာ မြေလွတ်ရှိတဲ့ သူတွေအနေနဲ့ ဒန့်သလွန်ပင်ကို စိုက်ပျိုးကြ ပါလို့ တိုက်တွန်းလိုပါတယ်။ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာသုံးဖို့ မလိုလို့ အော်ဂဲ နစ်ဖြစ်ပါတယ်။
 မိသားစုဝင်ငွေ တိုးစေပါတယ်။ အိမ်မှာ ဟင်းချက်စားပြီး ပိုတာရောင်းလို့ အလွယ် တကူရတော့ ၁ဝ ပင်လောက် စိုက်ထားရင်ကို ဟင်းရံအတွက် ပူစရာ မလိုတော့ ဘူးပေါ့။ အာလူးနဲ့ ရောချက်ပြီး ကလေးတွေကို ကျွေးသင့်ပါတယ်။ ဒန့်သလွန်သီးဟာ ကျွန်တော် တို့နိုင်ငံမှာ ပေါပေါများများရရှိနိုင်ပြီး ဈေးနှုန်း လည်းချိုသာတာကြောင့် အသက်အရွယ် မရွေးမကြာခဏ စားသုံးပေးသင့်တဲ့ ကျန်းမာရေး အထောက်အကူပြု ဟင်းလျာတစ်မျိုး ဖြစ်ပါတယ်လို့ သတင်းကောင်း ပြောကြားပါရစေ။ ။ 

+မြ၀တီ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)