ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, September 12, 2016

=လူထုကျန်းမာရေး( ဇီကာဗိုင်းရပ်စ်ရောဂါကို ဘယ်လိုကာကွယ်ရမလဲ --ကျန်းမာရေးဝန်ကြီးဌာန)=

>
+Public Health+ 
ဇီကာဗိုင်းရပ်စ်ရောဂါဆိုသည်မှာ ရောဂါပိုးသယ်ဆောင်ထားသည့် အေးဒီးစ်ခြင်ကျား ကိုက်ခံရခြင်းမှ ကူးစက်ပျံ့နှံ့ဖြစ်ပွား တတ်သော ရောဂါတမျိုးဖြစ်ပါသည်။ အဆိုပါရောဂါပိုးကို ၁၉၄၇ ခုနှစ်ကတည်းက ယူဂန်ဒါနိုင်ငံရှိ မျောက်များတွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ယူဂန်ဒါနိုင်ငံနှင့် တန်ဇန်းနီးယားနိုင်ငံများတွင် လူသို့ကူးစက်မှုရှိခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် ၂ဝ၁၂ ခုနှစ်က စတင်ဖြစ် ပွားခဲ့ပြီး ၂ဝ၁၄ ခုနှစ်အထိ ဖြစ်ပွားသူစုစုပေါင်း ခုနစ်ဦးရှိကြောင်း သိရှိရပါသည်။ ဇီကာဗိုင်းရပ်စ်သယ်ဆောင်သော အေးဒီးစ်ခြင်ကျားသည် ရေကြည်ရေသန့်တွင် ပေါက်ပွားသည်။
 ရေလှောင်ထားသော အိုး၊ ခွက်၊ တိုင်ကီ၊ ပန်းအိုး၊ ရေတင်ကျန်လျက်ရှိသော စွန့်ပစ်ပစ္စည်းများဖြစ်သည့် ကားတာယာ၊ ပလတ်စတစ်ခွက် စသည်တို့တွင်တွေ့ရသည်။ နေ့အချိန်တွင် လူကိုကိုက်ခြင်းမှ တဆင့် ရောဂါကူးစက်ဖြစ်ပွားစေပါသည်။ ခြင်ကိုက်ခံရပြီး နှစ်ရက်မှ ခုနစ်ရက်အတွင်း ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာနိုင်ပါသည်။ ရောဂါကူးစက်ခံရသူ ငါးဦးတွင်တဦး၌ ရောဂါလက္ခဏာပေါ်ပေါက်ကြောင်း သိရှိရပါသည်။ အဓိကလက္ခဏာများမှာ ဖျားခြင်း၊ အရေပြားပေါ်တွင် အနီစက်များထွက်ခြင်း၊ မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား/အဆစ်များ နာကျင်ခြင်းများ ဖြစ်တတ်ပါသည်။ လတ်တလောတွင် ဘရာဇီးနိုင်ငံ၌ ဇီကာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ဖြစ်ပွားခြင်း၏နောက်ဆက်တွဲအဖြစ် ကိုယ်ဝန်ဆောင်မိခင်များတွင် ဦးနှောက်သေးငယ်သော ကလေးငယ်များ မွေးဖွားလာခြင်းအပေါ် ဆက်စပ်မှုရှိ၊ မရှိသက်သေပြနိုင်ရန် ပညာရှင်များအနေဖြင့် ကြိုးစားလျက်ရှိပါသည်။ 

ဇီကာရောဂါအတွက် ကာကွယ်ဆေးမရှိသေးပါ။ ရောဂါလက္ခဏာ သက်သာရန် အတွက်သာ ကုသပေးနိုင်ပါသည်။ အနားယူခြင်း၊ ရေလုံလောက်စွာ သောက်သုံးခြင်း၊ ဆေးမြီးတိုများနှင့် အခြား အကိုက်အခဲပျောက်ဆေးများကို မသောက်ရန်နှင့် ပါရာစီတမောကိုသာ အညွှန်းအတိုင်း သောက်သုံးရန်နှင့် ဇီကာရောဂါ လက္ခဏာများတွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးရုံ/ဆေးခန်းများသို့ သွားရောက်ပြသ၍ စစ်ဆေးကုသမှု ခံယူရန်လိုအပ်ပါသည်။ ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် အကောင်းဆုံး ကာကွယ်နည်း မှာ ခြင်ကျား ပိုးလောက်လမ်း နှိမ်နင်းရေးနှင့် ခြင်ကိုက် ခံရခြင်း မရှိအောင် နေထိုင်ရေးဖြစ်ပါသည်။ အိမ်တိုင်း၊ ကျောင်းတိုင်း၊ ရုံးဌာနတိုင်း၌ ခြင်ကျားလောက်လမ်း တကောင်မျှ မရှိစေရေး အတွက် အောက်ပါတို့ကိုဆောင်ရွက်ရပါမည်- 

ဖုံး - ရေလှောင်ထားသော အိုးခွက်များတွင် ခြင်များ ဝင်ရောက်မဥနိုင်ရန် လုံခြုံစွာ ဖုံးအုပ်ထားရန်။

သွန်- အိုးခွက်နံရံတွင် ကပ်နေသော ခြင်ဥများသေစေရန် အိုးခွက်များ၏ အတွင်းပိုင်းကို တိုက်ချွတ်ဆေးကြော ရန်၊ ခြင်ကျားလောက် လမ်း တွေ့ရှိသော ရေများကို သွန်ပစ်ရန် (သို့မဟုတ်) အခြားအိုး ထဲသို့ ရေစစ်ဖြင့် ပြောင်းထည့်ရန်။

လဲ- ပန်းအိုး၊ နတ်အိုးများ၏ အတွင်းပိုင်းကို တိုက် ချွတ်ဆေးကြော ၍ ရေများကို တပတ်နှစ်ကြိမ် လဲလှယ်ရန်။

 စစ် - ခြင်ကျားလောက်လမ်းများ မပါစေရန် ရေဖြည့်သည့်အခါ ရေစစ်ဖြင့် စစ်ထည့်ရန်။

 လောင်း - ရေထည့်ထားသော ကြောင်အိမ်အောက် ခံခွက် များနှင့် ရေမြောင်း များတွင် ဒီဇယ်ဆီနှင့် စက်ဆီဟောင်းများ လောင်း ထည့်ရန်။

 ထောင် - ဘယ်အချိန်အိပ်အိပ်၊ ဘယ်နေရာ အိပ်အိပ် ခြင်ထောင်ထောင် အိပ်ရန်၊ တတ်နိုင်က ဆေးစိမ်ခြင်ထောင် အသုံးပြုရန်။

 မြှုပ် - အသုံးမပြုတော့သော ရေတင်ကျန်နေသည့် စွန့်ပစ်ပစ္စည်း များကို မြေမြှုပ်ရန်။

 ရှင်း - အိမ်အတွင်း၊ အပြင် ခြင်များမခိုအောင်းနိုင်ရန် သန့်ရှင်းစွာထားရန်၊ ချုံများ ရှင်းရန်။

ဖွင့် - အလင်းရောင်ရရန် ပြတင်းပေါက်များကို ဖွင့်ထားရန်။

 မှုတ် - လူနာရှိက ဆေးမှုတ်မည့်အဖွဲ့ကိုကူညီရန်။

 ထို့ပြင် ခြင်ကိုက်မခံရစေရန် ခြင်ဆေးလိမ်းခြင်း၊ အကျီံ လက်ရှည်နှင့် ဘောင်းဘီရှည်များ ဝတ်ဆင်ခြင်း၊ နေအိမ်၌ ခြင်လုံ ဆန်ခါတပ်ခြင်း စသည်တို့ဆောင်ရွက်ရန်။ လိုအပ်ပါသည်။ ခြင်ကျားလောက်လမ်း တကောင်မှ မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် စသည့် ပိုးလောက်လမ်းနှိမ်နင်းရေး လုပ်ငန်းများကို လူတိုင်းပါဝင် ဆောင်ရွက်ခြင်းအားဖြင့် ဇီကာရောဂါ အပါအဝင် သွေးလွန် တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှု မရှိအောင် ကာကွယ်နှိမ်နင်းနိုင် မည်ဖြစ်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။ 

သတင်းနှင့် ဓါတ်ပုံ - ကျန်းမာရေးဝန်ကြီးဌာန 

Credit : Dr. Tint Swe

1 comment:

Unknown said...

သက်ဆိုင်ရာ လူကြီးခင်မျာ
ကျွန်တော်က ယခု မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့မှာနေပါတယ်။
ဒီမှာက ခြင်တွေအရမ်းပေါပါတယ်
ခြင်ထောင်စိမ်တဲ့ဆေးပြား လိုချင်ချင်လို့ရှာဝယ်တာ
မန္တလေးဆေးရုံကြီးအနီးက ဆေးဆိုင်ကြီးတွေပါ ရောက်ခဲ့ပါတယ်
ဘယ်မှာမှရှာမတွေ့ခဲ့ရပါဘူး။

ခြင်ထောင်စိမ်ဆေးပြား ဝယ်လို့ရမယ့်နေရာနဲ့
အဆက်သွယ်လေးရချင်ပါတယ်။
ကူညီပေးပါရန် အနူးညွှတ် မေတ္တာရပ်ခံအပ်ပါတယ်

သိန်းမင်းဟိန်း 09777816234
09967302451

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)