ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, September 27, 2016

=လူထုကျန်းမာရေး (အိပ်ရေးဝဝ အိပ် အိပ်မက်လှလှ မက်စေဖို့ အတွက်)=

>
+Public Health+
အရွယ် ရောက်ပြီးသူ ၁၄ ရာခိုင်နှုန်းသာ တစ်ည ရှစ်နာရီလောက် ပြည့်အောင် အိပ်ပျော်ကြပြီး ကျ
န်တဲ့သူများ စံနှုန်းမပြည့်ဘဲ ဖြစ်နေကြကြောင်း သုတေသီတို့က ပြောဆိုပါတယ်။ ငါးယောက်မှာ တစ်ယောက်ဟာ ညည နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာမျိုး ရှိနေပါတယ်။ ဒါကြောင့် လူတို့ အခက်တွေ့နေတဲ့ အိပ်မရ ပြဿသနာ ပြေလည်စေဖို့ နည်းလမ်းကောင်းများ၊ အကြံပြုချက်များ စုစည်း တင်ပြ လိုက်ပါတယ်။

*ငှက်ပျောသီးစားပါ။ သီးရွက်ညှပ်ပေါင်မုန့်စားပါ။

 ကိုယ်စားတဲ့ အစားအသောက်က ကိုယ့်ကို အိပ်ပျက်အောင်လည်း လုပ်နိုင်ပါတယ်။ အိပ်စက်အောင်လည်း လုပ်နိုင်ပါတယ်။ ဆလတ်ရွက်ဟာ လူကို အိပ်ကောင်းစေတယ်လို့ ရောမခေတ် ကတည်းက လက်ခံခဲ့ ကြတယ်။ ဆလတ်ရွက်ချည်း စားရမှာ စိတ်မပါရင် တခြား အသီးအရွက်များကို ပေါင်မုန့်နဲ့ညှပ် စားစေခြင်းဖြင့် ဗိုက်လည်းဝ၊ အာဟာရလည်းဖြစ်၊ အိပ်လည်း ကောင်းပါလိမ့်မယ်။ နောက်တစ်မျိုးက ငှက်ပျောသီးမှာ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ် ကြွယ်ဝစွာ ပါဝင်တယ်။ ယင်းဓာတ် နှစ်မျိုးဟာ တင်းရင်းနေတဲ့ ကြွက်သားများကို ပြေလျှော့ ကာ နေသာထိုင်သာ ရှိစေလို့ လူကို သက်သောင့် သက်သာကာ အိပ်ပျော် စေပါတယ်။

 *ကိုယ့်ကိုယ်ကိုယ် စကားပြောပါ။

 ခေါင်းနဲ့ ခေါင်းအုံး ထိလိုက်တာနဲ့ တစ်နေ့လုံး ကြုံခဲ့သမျှတွေ ပြန်တွေးခြင်းက စလာတယ်။ အများစုက အဆိုးတွေ၊ ယင်း အတွေးတွေကြောင့် စိတ်မောပြီး အိပ်ပျော်ဖို့ ပိုခက်ခဲ စေတယ်။ ယင်း အပြုအမူ အစား အကောင်း ကိစ္စရပ်များ တွေးကာ စိတ်ချမ်းသာ စေခြင်း၊ မိမိကိုယ်ကို စကားပြောခြင်း တို့နဲ့ အစားထိုး သင့်တယ်။ လူဟာ စိတ်အေးသက်သာ ရှိနေတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ခြေ ပိုများပါတယ်။  

*လေ့ကျင့်ခန်းဆိုတာ လုပ်တတ်မှဖြစ်မှာ။

 ကိုယ်လက်လှုပ်ရှား ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ် ဆိုပါတယ်။ ဘယ်အချိန်မျိုးမှာ လေ့ကျင့်ခန်း လုပ်ရမယ် ဆိုတာ ပြည့်စုံအောင် ထည့်ပြောမှ အမှန်နဲ့ နီးစပ် ပါလိမ့်မယ်။ လေ့လာမှုတွေ အရ အိပ်ချိန်နဲ့ နီးနီး လေ့ကျင့်ခန်း လုပ်မိရင် လူက လန်းဆန်းနေလို့ အိပ်မပျော်တဲ့ဆီ ပိုရောက်ရတာ တွေ့ရပါတယ်။ ကိုယ်တိုင်က အိပ်မပျော် ပြဿသနာ ကြုံနေရသူမျိုး ဖြစ်ရင် ညမှောင်လာပြီး နောက်ပိုင်း လေ့ကျင့်ခန်း မလုပ်ဘဲ သက်သောင့်သက်သာ နေသင့်ပါတယ်။ 

*ပူပင်သောက စာရင်းချ ရေးပါ။

 အိပ်ရာထဲမှာ ပူပင်သောက ကိစ္စတွေ တစ်လှေကြီး စဉ်းစားနေခြင်းဟာ အိပ်မပျော်စေတဲ့ အကြောင်း ဖြစ်ပါတယ်။ ယင်းကို ဖြေရှင်းဖို့ စိတ်ငြိမ်အောင် တရားရှုမှတ်တဲ့နည်းကို သုံးရမယ်။ ဒါမှမဟုတ်ရင် အပူစာရင်း ချရေးတဲ့နည်း သုံးဖို့ ဖြစ်တယ်။ အိပ်ရာဘေးမှာ ဘောပင်နဲ့ စာရွက်ချထားကာ ပူပင်သောက မှန်သမျှ စဉ်းစားမိသလောက်၊ ခေါင်းထဲက ရှိသလောက် ချရေးပြီး ခေါင်းထဲက ထုတ်ပစ်လိုက်ဖို့ လိုပါတယ်။ ပူပင်သောက စာရင်းမှာ စာမေးပွဲ အောင်ဖို့၊ အလုပ် စာမေးပွဲ အောင်ဖို့၊ ရုံးကား ဖယ်ရီမီဖို့၊ ကျောင်းကား ဖယ်ရီမီဖို့၊ အိပ်ရေးဝဖို့၊ လကုန်ခါနီး လစာ အလျင်မီဖို့ ပါလာလိမ့်မယ်။ ရေးပြီးရင် ခေါင်းထဲက ထုတ်လိုက် အလိုလို အိပ်ပျော် သွားလိမ့်မယ်။ 

*အိပ်ချိန်နားနီးမှ စားသောက်ခြင်း ရှောင်ရမယ်။ 

အိပ်ခါနီးမှ စားသောက်မိရင် ဗိုက်တင်းပြီး တော်တော်နဲ့ အိပ်မပျော် ဖြစ်တတ်တယ်လို့ လူအများ လက်ခံ ထားကြပါတယ်။ ယင်းကိစ္စ အလုံးစုံတော့ မမှန်ပါဘူး။ အိပ်မရ ပြဿသနာ ကြုံရသူများ ယင်းစကားကို အားကိုးနေဖို့ မလိုပါ။ အလွန်အမင်း ဗိုက်တင်းအောင် စားသောက်ခြင်းဟာ လူကို အိပ်မရအောင် လုပ်နိုင်တဲ့ နည်းတူ ဆာလောင်ခြင်း ကလည်း အိပ်ပျက်အောင် လုပ်စေတယ်။ အိပ်မရ ပြဿသနာ ကြုံရသူဟာ ညဘက်မှာ ပိုပြီး ဗိုက်ဆာလာတယ်။ မအိပ်ခင် ဗိုက်ဆာရင် အဆာပြေ တစ်ခုခု စားပြီးမှ အိပ်ပါ။ လူက အနေတော် ဖြစ်သွားလို့ အိပ်ပျော်ဖို့ ပို နီးစပ်ပါတယ်။ 

*အစေ့အဆန် များများ စားပါ။ 

 အိပ်ကောင်းဖို့ ကူညီပေးနိုင်မယ့် အစားအစာများ ရှိပါတယ်။ စားတတ်၊ သောက်တတ်ခြင်းဟာ ကောင်းကောင်း အိပ်ပျော်စေတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ အဆီနဲ့သကြားဓာတ် နည်းနည်း၊ အမျှင်ဓာတ် များများ အစားအစာမျိုးဟာ လူကို အိပ်စက်မှု မူမှန်အောင် လုပ်နိုင်စွမ်းတယ်။ အဆီနဲ့ သကြားဓာတ် လျှော့ ချ စားသုံးဖို့ လိုပါတယ်။ အဆီနဲ့ သကြား သင့်တင့်ရုံ အမျှင်ဓာတ် များများ အစားအစာ များဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ရာခိုင်နှုန်း ပိုများ လာလိမ့်မယ်။

 *ပုံမှန်အိပ် ပုံမှန်စားပါ။ 

 နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သူ တိုင်းဟာ ပုံမှန်အိပ်၊ ပုံမှန်ထသူများ ဖြစ်တယ်။ ညပိုင်း အလုပ်ဆင်းရသူကို နေ့ပိုင်း ပြောင်းလဲ ဆင်းစေတဲ့ အခါ ညဘက် အိပ်ပျော်ဖို့ မနည်း အိပ်စက်ဖို့ ကြိုးစား နေရတယ်။ ညဘက် အိပ်မရ ဖြစ်နေသူများ ပုံမှန်အိပ်၊ ပုံမှန်နိုး စက်ဝိုင်းကို အပျက်မခံဖို့ အရေးကြီး ပါတယ်။ အိပ်ချိန် နီးလာရင် အခန်းထဲမှာ မီးမှိန်မှိန်ထား၊ ဖေ့စ်ဘွတ်ခ် သုံးတာရပ်၊ စာဖတ်မီးလောက်နဲ့ စာဖတ်၊ သီချင်းအေးအေး သို့မဟုတ် တရားခွေ နားထောင်၊ တရားထိုင်၊ ပုတီးစိပ်လုပ် ဒါတွေက ကောင်းမွန်စွာ အိပ်ပျော်စေတဲ့ နည်းတွေ ဖြစ်ပါတယ်။

* နေ့လယ်ဘက် တစ်ရေးအိပ်ပါ။ 

အိပ်မရပြဿသနာ ကြုံရသူများဟာ နေ့ဘက်မှာ အိပ်ဖို့ တွန့်ဆုတ် နေတတ်တယ်။ နေ့ဘက် တစ်ရေး အိပ်လိုက်ရင် ညဘက် မအိပ်ချင် ဖြစ်သွားလိမ့်မယ်လို့ ထင်ကြပါတယ်။ အိပ်မရပြဿသနာ ကြုံရသူအဖို့ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အိပ်စက်မှု ဖြည့်ဆည်းပေးဖို့ အရေးကြီးတယ်။ နေ့ဘက် အိပ်ငိုက်လာရင် ၁၅ မိနစ် မိနစ် ၃ဝ လောက် တစ်ရေး အိပ်လိုက်ခြင်းက ခန္ဓာကိုယ် လိုအပ်ချက်များ ဖြည့်ဆည်းပေးရာ ဖြစ်ပါတယ်။ နေ့ခင်းဘက် အလွန်အကျွံ အိပ်စက်ခြင်းမျိုး ကသာ လူကို ညပိုင်း မျက်စိကြောင် အိပ်မရခြင်း ဖြစ်စေတာပါ။ 

*အိပ်ဆေး အကူအညီ 

ဘယ်လိုမှ အိပ်မရရင်တော့ မိသားစု ဆရာဝန်နဲ့ ပြသပြီး အိပ်ဆေး အကူအညီ လိုအပ်လာတယ်။ အိပ်ဆေးကို မိမိသဘောနဲ့ မိမိ မသောက်သင့်ဘူး။ နောက်တစ်ချက်က လွယ်လွယ်ဝယ်လို့ မရတတ်လို့ ဆရာဝန်နဲ့ ပြသပြီး ဆရာဝန် လက်မှတ်နဲ့ ဝယ်ယူရလို့ တစ်ညတစ်လုံး (ဥပမာ-ဗေလီယံ) တစ်ညတစ်လုံး သောက်ပေးရင် လုံလောက်ပါတယ်။ အိပ်ဆေး စွဲသွားတာမျိုး သတိ ထားရပါမယ်။ ကျန်းမာလိုသူတိုင်း အချိန်မှန် စား၊ အချိန်မှန် သွား၊ အချိန်မှန် အနားယူ အိပ်စက်ခြင်းဖြင့် အိပ်မက်လှလှ မက်ကာ နေ့စဉ် ဘဝများကို ပျော်ရွှင်စွာ ကျော်လွှား နိုင်ကြပါစေ။ ။

 +မြ၀တီ+

Rest of your post

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)