ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, September 29, 2016

=လူထုကျန်းမာရေး (လက်ပ်တော့ပ်များကြောင့် လျှော့ နည်း ကျဆင်းသွားနိုင်သော အမျိုးသားမျိုးပွားစွမ်းရည်)=

>
+Public Health+
လက်ပ်တော့ပ် (Laptop) လို့ခေါ်တဲ့ ပေါင်ပေါ်တင်ပြီး သုံးလို့ရတဲ့၊ ဖိုင်တွဲတစ်ခုစာသာ အရွယ်ရှိတဲ့၊ယနေ့ခေတ်မှာ အထူးကို ရေပန်းစားလာနေတဲ့၊ အလွယ်တကူ သယ်ဆောင်သွားလို့ ရလောက်အောင် ပေါ့ပါးတဲ့ ကွန်ပျူတာလေးဟာ အမျိုးသားတွေအတွက် စိတ်ပူစရာ ကျန်းမာရေး အန္တရာယ်တစ်ခုကို ပေးလိမ့်မယ်ဆိုတာ Laptop တီထွင်သူတွေနဲ့ သန်းပေါင်းများစွာသော ကမ္ဘာတစ်ဝှမ်း သုံးစွဲသူတွေ သိကြမယ် မထင်ပါဘူး။ ဒီအချက်ကို Fertility and Sterility Journal (မျိုးပွားနိုင်စွမ်းနှင့် မျိုးမပွားနိုင်စွမ်း ဂျာနယ်) က သုတေသနရလဒ်များနဲ့တကွ ဖော်ပြပေးခဲ့ပါတယ်။
ပါင်ပေါ်မှာ Laptop ကို တင်ပြီး ကြာကြာသုံးရင် သင့်ခန္ဓာကိုယ် အောက်ပိုင်း ပေါင်ရင်းတစ်ဝိုက်ရဲ့ လေထုအပူချိန်ကို တက်စေကာ Sperm အဖိုမျိုးပွားဆဲလ် လေးများ ဖြစ်တဲ့ သုက်ကောင်လေးများရဲ့ အရေအတွက်နဲ့ အရည်အချင်းကို ထိခိုက်စေကြောင်း ကျန်းမာရေး ပညာရှင်များက လေ့လာ တွေ့ရှိ ခဲ့ရပါတယ်။

 Laptop (ပေါင်ပေါ်သုံး)ဖြစ်ပေမယ့် Desktop (စားပွဲပေါ်သုံး) လိုမျိုး စားပွဲပေါ်ထားသုံးရင်တော့ ဒီအန္တရာယ်မျိုး မရှိစေတာလည်း တွေ့ရပါတယ်။ Laptop သုံးတဲ့ အမျိုးသမီးတွေမှာတော့ ဒါကြောင့် သားသမီး မရတာမျိုးတွေ မဖြစ်လောက်ပါဘူး။ မ မျိုးပွားဆဲလ် ဖြစ်တဲ့ သားဥ (Egg)ဟာ ရာသီစက်ဝန်းနဲ့အတူဟော်မုန်းကို မှီခိုကာ ကြွေကျတာ ဖြစ်လို့ ဒီလို အပူချိန်ကြောင့် ဆုတ်ယုတ်မှု မရှိနိုင်တာ ဖြစ်ပါတယ်။ သုတေသီတွေဟာ ငယ်ရွယ်တဲ့ အမျိုးသား ၂၉ ဦးရဲ့ ကပ္ပာယ်အိတ်တွေမှာ အပူချိန်တိုင်းကိရိယာ သာမိုမီတာတွေ တပ်ဆင်ထားရှိပြီး သူတို့ကို Laptop ပေါင်ပေါ် တင် အသုံးပြုစေပါတယ်။ Laptop တွေအောက်က အအေးပေးတဲ့ Cooling Pad တွေ ထားပြီး အသုံးပြုတာတောင် အမျိုးသားတွေ အားလုံးရဲ့ ကပ္ပာယ်အိတ် တွေရဲ့ အပူချိန်ဟာ ချက်ချင်းဆိုသလို မြန်မြန်ဆန်ဆန် တက်လာခဲ့တာ တွေ့ရပါတယ်။ ဘာအမျိုးအစား Cooling Pad ကို သုံးသုံး၊ ခေါင်းအုံးခံသုံးရင်တောင် အပူချိန်တက်တာကို သိသိသာသာ မကာကွယ်နိုင်ဘူးလို့ စမ်းသပ်တွေ့ရှိ ထားရပါတယ်။ “ယနေ့ကမ္ဘာပေါ်မှာ သန်းပေါင်းများစွာသော အမျိုးသားတွေဟာ Laptop အမျိုးမျိုးကို အသုံးပြုနေကြပါတယ်။ အထူးသဖြင့် သားသမီး ရယူမယ့် လူလတ်ပိုင်းတွေ အများဆုံးပေါ့။ 

ဒါကြောင့် ဒီကိစ္စဟာ လျစ်လျူရှု ထားလို့ရတဲ့ အတိုင်းအတာ မဟုတ်တော့ပါဘူး” လို့ ယခု လေ့လာမှုအသစ်ကို ဦးဆောင်ခဲ့သူ နယူးယော့ခ် ပြည်နယ်တက္ကသိုလ်က ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်ဆိုင်ရာ အထူးကု Dr. Yefim Sheynkin က ပြောပြခဲ့ပါတယ်။ “စအသုံးပြုပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက် အတွင်းကို သူတို့တွေ့ရဲ့ ဝှေးစေ့ အပူချိန်ဟာ ဘေးအန္တရာယ် ကင်းပါတယ်လို့ ကျန်းမာရေးပညာရှင်တွေ သတ်မှတ်ထားတဲ့ အပူချိန်ထက် အများကြီး မြင့်တက်လာတာ တွေ့ရပါတယ်။ အရင်က Laptop ဟာ အမျိုးသားတွေရဲ့ သားသမီးရနိုင်စွမ်းကို ထိခိုက်စေတယ် ဆိုတဲ့ စမ်းသပ်မှုတွေ မရှိခဲ့ဖူးပဲ ဒါက ပထမဆုံး စမ်းသပ်တွေ့ရှိချက် ဖြစ်လို့ ဘယ်လောက် အတိုင်းအတာ အထိ ထိခိုက်စေသလဲ ဆိုတာ အတိအကျ သိရအောင် လေ့လာမှုတွေ ဆက်လုပ်သွားမှာပါ” လို့ သူက ဆက်လက် ပြောပြခဲ့ပါတယ်။ 

အမျိုးသားတွေရဲ့ ဝှေးစေ့တွေဟာ မထိခိုက်မပျက်စီးဘဲ ဖိုမျိုးပွားဆဲလ် သုက်ကောင် (Sperm) တွေ ထုတ်လုပ်ခြင်း၊ သိုမှီးထားခြင်းနဲ့ အမျိုးသားတွေရဲ့ ဘ၀မှာ အသက်ရှင်ရပ်တည် ကျန်းမာဖို့ အရေးပါလှတဲ့ ဟော်မုန်းတွေဖြစ်တဲ့ တက်စတိုစတီရုန်း (Testosterone) နဲ့ အဲန်ဒရိုဂျင် (Anderogen) ထုတ်လုပ်ခြင်း စတဲ့ အရေးကြီးလှတဲ့ ပုံမှန်လုပ်ငန်းတာဝန်တွေကို အကောင်းဆုံးအပူချိန် (Optimal Temperature) မှာပဲ လုပ်ဆောင်နိုင်ပါတယ်။ သန္ဓေအောင်ရန် မမျိုးဥထဲသို့ဖောက်ဝင်ရန် ကြိုးပမ်းနေသော သုက်ကောင်လေးများကို အီလက်ထရွန် မိုက်ခရို စကုပ်အောက်တွင် တွေ့ရပုံ အဲဒီလို အကောင်းဆုံး အပူချိန်ဆိုတာ ပုံမှန် ခန္ဓာကိုယ်အပူချိန် ဖြစ်တဲ့ 96.4’F သို့မဟုတ် 37’C ထက်ကို အတော်လေး ကွာခြား နည်းပါးနေရပါတယ်။ သဘာဝကပေးတဲ့ ကပ္ပာယ်အိတ်ရဲ့ ပါးလွှာတဲ့ အရေပြားတွေနဲ့ ခန္ဓာကိုယ်အပြင်ဘက်မှာ ရောက်နေစေတဲ့ တည်ရှိပုံဟာ ဝှေးစေ့တွေအတွက် သဘာဝက ဖန်တီးပေးထားတဲ့ အကောင်းဆုံးအခြေအနေ (Optimal Condition) ပဲ ဖြစ်ပါတယ်။ ဒီလို ပုံမှန်အေးမြတဲ့ အပူချိန် အနေအထားကနေ 1.8’F သို့မဟုတ် 1’C တက်ရင်ပဲ ဖိုမျိုးပွားဆဲလ်သုက်တွေ ထုတ်လုပ်မှုကို ပျက်စီးစေကာ သားသမီးရစေတဲ့ သုက်ကောင်အရေအတွက် နဲ့ စွမ်းရည် (Quantity & Quality of Sperms) ကို လျှော့ နည်း ကျဆင်းစေတယ်လို့ ရှေးယခင်ကတည်းက တွေ့ရှိ အတည်ပြုထားပြီး ဖြစ်ပါတယ်။(ဒါပေမဲ့ဘောင်းဘီအကျပ်တွေနဲ့ အတွင်းခံတွေ ကြောင့်တော့ ဒီလို သက်ရောက်မှုမျိုး မရှိပါ ဘူးလို့ Dr. Yefim Sheynkin က ပြောပြခဲ့ပါတယ်) ဒီစမ်းသပ်မှုကနေ Laptop ပေါင်ပေါ်တင်ပြီး သုံးရင် အမျိုးသားတွေရဲ့ ကပ္ပာယ်အိတ် အပူချိန်ကို ပုံမှန်ထက် 2.5’C အထိ သိသာစွာ တက်စေတယ် ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။ 

ဒီတော့ Laptop ပေါင်ပေါ် တင်ပြီး သုံးရင် အမျိုးသားတွေရဲ့ မျိုးပွားစွမ်းရည်ကို ကျဆင်းစေတယ် ဆိုတာ တကယ်သေချာတဲ့ အချက်ဖြစ်လို့ အမျိုးသားများ ဆင်ခြင်ဖွယ် တင်ပြပေးလိုက်ပါတယ်။ “အမျိုးသားတစ်ယောက်ဟာ Laptop သုံးတာနဲ့ မြုံသွားမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆက်တိုက်သုံးသူတွေရဲ့ ကပ္ပာယ်အိတ်ဟာ မျိုးပွားဟော်မုန်းတွေနဲ့ သုက်ထုတ်လုပ်မှု လုပ်ရန် ပြန်ပြန် အအေးခံဖို့ အချိန်နည်းသွားခဲ့လို့ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ လိင်မှုဆိုင်ရာအားနည်းမှု ပြဿသနာတွေ ကြုံတွေ့နိုင်ဖို့ နီးစပ်လာတာတော့ သေချာပါတယ်” လို့ Dr. Yefim Sheynkin က ရိုက်တာသတင်းဌာနကို ဆက်လက်ရှင်းပြ ခဲ့ပါတယ်။

 လူဦးရေ များပြားသလို တစ်ဦးချင်း Laptop သုံးစွဲမှု အမြင့်မားဆုံး နိုင်ငံတစ်ခု ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုမှာ စုံတွဲ ၆ တွဲမှာ ၁ တွဲဟာ ကလေးရဖို့ အခက်အခဲ ရှိနေတတ်ကြပြီး အကြောင်းရင်းကို သေချာစစ်ဆေး ကြည့်တဲ့ အခါ အမျိုးသားဖက်က ချို့ယွင်းချက် (သုက်ပိုးချို့ယွင်းချက်) တစ်ခုတည်းကပဲ ဒီလို ပြဿသနာတွေ အားလုံးရဲ့ တစ်ဝက်လောက် ဖြစ်နေတာကို တွေ့ရှိရတယ်လို့ အမေရိကန် ဆီးလမ်းကြောင်းနှင့် ကျောက်ကပ် အထူးကုများအဖွဲ့ (American Urological Association) က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ တစ်ခုတော့ ရှိတာပေါ့လေ။ ဒီလို သားသမီးရရေးမှာပြဿသနာတွေ ကြုံလာရင် အဲဒီစုံတွဲရဲ့ ယေဘုယျကျန်းမာရေး အခြေအနေနဲ့ စားသောက်နေထိုင်ပုံ (Lifestyle) တို့ကို ထည့်သွင်း စဉ်းစားဖို့တော့ လိုပါတယ်။ ဒါကြောင့် Laptopသုံးမယ်ဆိုရင် တတ်နိုင်သမျှ (လေယာဉ်ပေါ် ကားပေါ်မှာ ကလွဲလို့) စားပွဲပေါ်ပဲ တင်သုံးပါလို့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ကှန်းမာရေးပညာရှင်များက တိုက်တွန်းထားကြပါတယ်။

+Healthcare.com.mm+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)