ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, September 4, 2016

= လူထုကျန်းမာရေး(ပဲမျိုးစုံနှင့် ကျန်းမာရေး)=

>
+Public Health+
 ပဲမျိုးစုံတွင် အာဟာရဓာတ် မျိုးစုံ ပါဝင်သောကြောင့် မကြာခဏ စားပေးသင့်ကြောင်းကို မြဝတီ စာဖတ် ပရိသတ်များ သိရှိစေရန် ဒေါက်တာ ခင်မောင်လွင်(Fame)နှင့် မြဝတီအဖွဲ့ တွေ့ဆုံမေးမြန်းမှု များကို ဖော်ပြ လိုက်ပါသည်။

 မေး ။ ။ ဆရာခင်ဗျာ ပထမဆုံး အနေနဲ့ ပဲမျိုးစုံဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် အရေးပါတဲ့ စိုက်ပျိုးရေး ထုတ်ကုန် အဖြစ် သတ်မှတ်ထားတာ ဘာကြောင့်ပါလဲ ဆရာ။

 ဖြေ ။ ။ ပဲမျိုးစုံဟာ ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉ဝဝဝ ကျော် ဘီစီ ၇ ရာစု ကတည်းက စတင် စိုက်ပျိုးခဲ့ပြီး ယနေ့ထက်ထိ တွင်တွင်ကျယ်ကျယ် စိုက်ပျိုး ထုတ်လုပ်လျက် ရှိတဲ့ စိုက်ပျိုးသီးနှံ တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပဲမျိုးနွယ် အပင်ပေါင်း ၄ဝဝဝဝ ကျော် ရှိတဲ့အနက် မြန်မာနိုင်ငံမှာ ပေါက်ရောက်တဲ့ ဒေသခံ ပဲအမျိုးပေါင်း ၅ဝ လောက်ရှိပြီး နိုင်ငံရပ်ခြား ကနေ ဝင်ရောက် လာတဲ့ ပဲအမျိုးပေါင်း ၁၅ဝ လောက် ရှိတဲ့အတွက် မြန်မာနိုင်ငံ အတွင်းမှာ စိုက်ပျိုးနေတဲ့ ပဲအမျိုးအစား စုစုပေါင်း ၂ဝဝ နီးပါးလောက် ရှိပါတယ်။ တကယ့်လက်တွေ့ စီးပွားဖြစ် စိုက်ပျိုးတဲ့ ပဲအမျိုးအစား ကတော့ ၃ဝ ကျော်သာ ရှိပါတယ်။

 မေး ။ ။ ပဲမျိုးစုံမှာ ဘယ်လိုမျိုး အာဟာရဓာတ်တွေ ပါဝင်ပါသလဲ ဆရာ။

 ဖြေ ။ ။ အာဟာရ ပညာရှင်များက ပဲမျိုးစုံကို Nutritional Powerhouse လို့ တင်စား ခေါ်ဝေါ်လေ့ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပဲမျိုးစုံမှာ လူတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံလု နီးပါး ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။ ပါဝင်တဲ့ အာဟာရ ဓာတ်တွေက ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်များ၊ သတ္တုဓာတ်များ စသည်တို့ ဖြစ်သည်။

 မေး ။ ။ အခုလို အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတော့ ကျန်းမာရေး အတွက် ဘယ်လိုများ အထောက်အကူ ပြုပါသလဲ ဆရာ။

 ဖြေ ။ ။ ပဲမျိုးစုံကို စားရင် ကျန်းမာရေးအတွက် များစွာ အထောက်အကူ ပြုပါတယ်။ အဓိက အနေနဲ့----

  (၁) အာဟာရ ချို့တဲ့မှု မဖြစ်အောင် ကာကွယ် ပေးခြင်း ပဲမျိုးစုံမှာ အာဟာရဓာတ် မျိုးစုံ ပါဝင်ပြီး ပါဝင်တဲ့ ပမာဏကတော့ ပဲအမျိုးအစားပေါ် မူတည်ပြီး ကွာခြား ပါတယ်။ အဓိက အရေးကြီးဆုံးက ပရိုတင်းတွေ ဖြစ်ပါတယ်။ အသား၊ ငါး၊ ပုစွန်နဲ့ ဥမျိုးစုံကို မစားဖြစ်ခဲ့ရင် ပရိုတင်း ချို့တဲ့မှု ဖြစ်တတ်ပါတယ်။ ကလေးတွေမှာဆို ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ထိခိုက်တတ်ပြီး ခုခံအား ကျဆင်း စေပါတယ်။ အဲဒီအတွက် အပင်ကနေ ရတဲ့ ပရိုတင်းတွေ စားသုံးဖို့ လိုအပ်ပါတယ်။ အပင်တွေထဲမှာ ပဲမျိုးစုံမှာ အများဆုံး ပါဝင်ပါတယ်။ ဈေးနှုန်းလည်း အသား၊ ငါးတွေလောက် မကြီးမြင့်တာကြောင့် ကျွန်တော် တို့လို ဖွံ့ဖြိုးဆဲ နိုင်ငံမှာရှိတဲ့ ကလေးသူငယ်တွေ အတွက် အလွန် သင့်တော်ပါတယ်။ နောက်ပြီး သက်သတ်လွတ် စားတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေဟာ ပရိုတင်းဓာတ် မချို့တဲ့စေဖို့ ပဲမျိုးစုံကို စားသင့် ပါတယ်။ သူ့မှာပါဝင်တဲ့ ကာဗိုဟိုက်ဒရိတ်တွေကြောင့် အမောခံနိုင်ပြီး သက်လုံ ကောင်းစေပါတယ်။ အဲဒီကာ ဗိုဟိုက်ဒရိတ်တွေဟာ ချက်ချင်း အလွယ်တကူ မချေဖျက်နိုင်တဲ့ အတွက် သွေးထဲမှာ သကြားဓာတ် ဆောင့်တက် တာမျိုး မဖြစ်လေတော့ ဆီးချို၊ သွေးချို သမားတွေ အတွက်လည်း သင့်တော်တဲ့ အစားအစာ တစ်ခုလို့ ဆိုနိုင်ပါတယ်။ ပဲမျိုးစုံမှာ တချို့သော ပဲအမျိုးအစားက လွဲလို့ အဆီပါဝင်မှု အလွန် နည်းပါတယ်။ ဥပမာ - ပဲပိစပ်နဲ့ မြေပဲလောက်ပဲ အဆီပမာဏ များများ ပါဝင်ပါတယ်။ ပါဝင်တဲ့ အဆီကလည်း လူတွေရဲ့ ကျန်းမာရေးကို အထောက်အကူ ပြုတဲ့ မပြည့်ဝဆီ အမျိုးအစားသာ ဖြစ်ပါတယ်။ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာလည်း ကျန်းမာရေးကို အထောက်အကူ ပြုတဲ့ အာဟာရဓာတ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ပဲမျိုးစုံပုံ မှန်စားသူတွေဟာ အာဟာရဓာတ် ချို့တဲ့မှုကနေ ကာကွယ် ပေးပါတယ်။

 (၂) ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ အထောက်အကူပြုခြင်း ပဲမျိုးစုံမှာ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် ပဲမျိုးစုံကို ပုံမှန်စားခဲ့ရင် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ တာရှည်ခံတဲ့ အတွက် ဆာလောင်ခြင်းကို မဖြစ် စေပါဘူး။ ဒါကြောင့် အခြား အစားအစာ မစားဘဲနဲ့ အကြာကြီး နေနိုင်ပါတယ်။ ပဲမှာပါဝင်တဲ့ အာဟာရဓာတ်တွေ ကလည်း လုံလောက်နေတဲ့ အတွက် တခြား အစားအစာတွေ သိပ်စားစရာ မလိုတော့ပါ။ အထူးသဖြင့် အဆီဓာတ် ပါဝင်မှုကလည်း ပဲပိစပ်နဲ့ မြေပဲက လွဲလို့ ကျန်ပဲတွေမှာ မပါသလောက် ဖြစ်ပါတယ်။ ကာဗိုဟိုက်ဒရိတ် ဆိုရင်လည်း အလွယ်တကူ မကြေညက်တော့ အဆာ ခံပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် အလေးချိန် ချချင်သူတွေ အနေနဲ့ ပဲမျိုးစုံကို စားပြီး တခြား အစားအစာကို လျှော့ ချရာမှာ များစွာ အထောက်အကူပြုပါတယ်။

 (၃) ဆီးချိုသွေးချို ရောဂါ ထိန်းသိမ်းရာမှာ အထောက်အကူ ပြုခြင်း ဆီးချိုသွေးချို လူနာတွေဟာ အစားအစာ ရွေးချယ် စားသောက်မှု အလွန်ပဲ အရေး ပါပါတယ်။ ဆီးချို တက်စေတဲ့ အစားအစာတွေ ဖြစ်တဲ့ အချိုဓာတ်တွေ၊ သကြား၊ ထန်းလျက်၊ ကာဗိုဟိုက်ဒရိတ် တွေကို အတတ်နိုင်ဆုံး လျှော့ စားဖို့ လိုပါတယ်။ အဲဒီမှာ ပြဿသနာက မကြာခဏ ဆာလောင်မွတ်သိပ်ခြင်းကို ခံစားရ ပါတယ်။ ပဲမျိုးစုံကို စားခဲ့ရင် သူ့မှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေ၊ ပရိုတင်း ဓာတ်တွေကြောင့် ဆာလောင်ခြင်းကို မဖြစ်စေဘဲ အဆာခံ စေပါတယ်။ ဒါကြောင့် ထမင်းလျှော့ စားရာမှာ အသုံးဝင် ပါတယ်။ ပဲမှာပါဝင်တဲ့ ကာဗို ဟိုက်ဒရိတ်တွေက ချက်ချင်း မကြေလွယ်တာကြောင့် သွေးထဲမှာ သကြားဓာတ် ဆောင့်တက်တာမျိုး မဖြစ်စေပါဘူး။ ဒါကြောင့် ထမင်းစားရင် ထမင်းကို နည်းနည်း၊ ပဲကို များများ စားခြင်းဖြင့် အဆာလည်းပြေ၊ ဆီးချိုလည်း မတက်တဲ့ ကောင်းကျိုးကို ရနိုင်ပါတယ်။ ဆီးချိုသမားတွေ အတွက် ပဲမျိုးစုံဟာ Super food ပါပဲ။

 (၄) နှလုံးရောဂါနှင့် သွေးကြောရောဂါများ အတွက် အထောက်အကူပြုခြင်း နိုင်ငံတကာ သုတေသန စာတမ်းတွေအရ ပဲ စားသုံးမှု များတဲ့သူများတွေဟာ နှလုံးသွေးကြောကျဉ်း ရောဂါ၊ သွေးတိုးရောဂါနှင့် လေဖြတ်ရောဂါများ ဖြစ်ပွားမှု
 လျှော့ နည်းကြောင်း သိရပါတယ်။ ပဲမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ သွေးတွင်းရှိ အဆီဓာတ်တွေကို ချပေးတာကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် အမျှင်ဓာတ်တွေကြောင့် ဖြစ်ပါတယ်။ တစ်နေ့လျှင် ရေမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ် 10 g နေ့စဉ် စားပါက အဆီဓာတ် တစ်လအတွင်း
 ၁ဝ ရာခိုင်နှုန်း ကျစေသည်ဟု ဆိုပါတယ်။ တခြား အဆီကျစေတဲ့ ဓာတ်ပစ္စည်းတွေ ကတော့ စပိုနင်နဲ့ ဖိုင်တိုစတီရောတို့ ဖြစ်ပါတယ်။

 (၅) ကင်ဆာရောဂါကို ကာကွယ်ရာတွင် အထောက်အကူပြုခြင်း ပဲမျိုးစုံမှာ ကင်ဆာရောဂါကို ကာကွယ် တိုက်ဖျက်နိုင်တဲ့ အပင် ဓာတုပစ္စည်းတွေ အနေနဲ့ အိုင်စိုဖလေဗုန်းနဲ့ ဖိုင်တိုစတီရောတွေ ပါဝင်တာကြောင့် ကင်ဆာရောဂါ ကာကွယ် တိုက်ဖျက်ရာမှာ များစွာ အကျိုး ပြုပါသည်။ ထို့ပြင် ပါဝင်တဲ့ သတ္တုဓာတ်တွေ ဖြစ်တဲ့ ထုံးဓာတ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ် ဓာတ်တွေက သွေးကို အယ်ကာလိုင်း ပီအိပ်ခ်ျ ဖြစ်စေတာကြောင့် ကင်ဆာဆဲလ်တွေ မကြီးထွား နိုင်အောင် ဟန့်တား ပေးပါတယ်။ 

 မေး ။ ။ မြန်မာ ရှေးလူကြီးတွေက ပဲစားရင် လေပွတတ်တယ်လို့ ပြောလေ့ ရှိပါတယ် ဆရာ။ ဒါနဲ့ ပတ်သက်လို့ ဆရာ့အမြင်လေးလည်း သိပါရစေ။ 

 ဖြေ ။ ။ မြန်မာ ရှေးလူကြီးတွေက အလွန်တော်ပြီး အလွန်လေးစားဖို့ ကောင်းပါတယ်။ သူတို့တွေ ပြောခဲ့တဲ့ ခေါင်း တစ်ရာသား စားပါတို့၊ အိမ်နောက်ဖေး ဈေးဆိုင်တည်ပါတို့ ဆိုတာ တကယ် လက်တွေ့ ကျင့်သုံး သင့်တဲ့ အမှန်တရားတွေ ဖြစ်ပါတယ်။ အလားတူ ပါပဲ။ ပဲစားရင် လေပွတယ် ဆိုတာလည်း အမှန်ပဲ ဖြစ်ပါတယ်။ လေပွတယ် ဆိုတာကတော့ ပဲစားတာ များသွားရင် မကြာခဏ လေချဉ် တက်တာ၊ လေလည်တာ၊ ဗိုက်ထဲမှာ လေထိုးလေအောင့် ဖြစ်တာ စတာတွေကို ပြောတာ ဖြစ်ပါတယ်။ ကျန်းမာရေး ပြဿသနာ တစ်ရပ် အနေနဲ့ မဟုတ်ပေမယ့်လည်း လူမှုရေးပြဿသနာ တစ်ရပ် အနေနဲ့ လူရှေ့ သူရှေ့မှာ ဒုက္ခရောက်ကြရလို့ အများစု ကတော့ ဒီလိုမျိုး ဖြစ်တာကို မနှစ်သက် ကြပါဘူး။ 

 မေး ။ ။ တချို့သူတွေက ပဲစားရင် တောက်တယ်၊ အဆိပ်သင့်တယ်လို့ ပြောကြပါတယ် ဆရာ။ အဲ့ဒါနဲ့ ပတ်သက်လို့လည်း ရှင်းပြပေးပါ ဆရာ။ 

 ဖြေ ။ ။ မှန်ပါတယ်။ တချို့သော ပဲမျိုးစိတ်တွေမှာ Phytohaemagglutinin လို့ ခေါ်တဲ့ အဆိပ်တစ်မျိုး ပါရှိပါတယ်။ သူက ရေမှာ ပျော်ဝင်တဲ့ Glycoprotein တစ်မျိုး ဖြစ်ပါတယ်။ အများဆုံး ပါဝင်တာ ကတော့ Red -kidney bean လို့ ခေါ်တဲ့ ဗိုလ်စားပဲ အနီရောင် ဖြစ်ပါတယ်။ ပဲပြင်းလို့လည်း ခေါ်ပါတယ်။ Fabaceae Family မှာ ပါဝင်ပြီး ရုက္ခဗေဒ အမည်ကတော့ Phaseolus vulgaris L. ဖြစ်ပါတယ်။ တခြား ပဲတွေမှာလည်း အနည်းငယ်စီ ပါဝင်နိုင်ပါတယ်။ ပဲကို အစိမ်းအတိုင်း မစားဘဲ ရေနွေး ဆူဆူမှာ မိနစ် ၂ဝ ကြာအောင် ပြုတ်ရပါမယ်။ ပြီးရင် ပြုတ်ရေတွေကို သွန်ပစ်လိုက်ရင် အဲဒီ ပြုတ်ရေတွေ ထဲမှာ အဆိပ်တွေ ထွက်သွား ပါလိမ့်မယ်။ ပဲရဲ့ အသားထဲမှာ မူလက ရှိခဲ့တဲ့ ပဲဆိပ်ရဲ့ ၁ ရာခိုင်နှုန်း ခန့်သာ ကျန်ရှိတော့ တာမို့ အန္တရာယ် ကင်းကင်းနဲ့ စားသုံး နိုင်ပါတယ်။ 

 မေး ။ ။ ဂေါက်ရောဂါ ရှိတဲ့သူတွေဟာ ပဲမျိုးစုံစားရင် ပိုဆိုးတတ်တယ်လို့ ပြောကြပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဆရာ့အမြင်လေး သိပါရစေ။ 

 ဖြေ ။ ။ ဂေါက်ရောဂါလို့ ခေါ်တဲ့ အဆစ် အမျက်ရောင်တဲ့ ရောဂါဟာ သွေးထဲမှာ ယူရစ် အက်စစ်လို့ ခေါ်တဲ့ အက်စစ် ပုံဆောင်ခဲတွေ များလာလို့ ဖြစ်ရတာပါ။ အဲဒီ ယူရစ်အက်စစ်က ဘယ်ကနေ လာသလဲ ဆိုရင် အစားအစာထဲမှာ ပါတဲ့ ပြူရင်းလို့ ခေါ်တဲ့ ဓာတ်ပစ္စည်းကနေ ရရှိပါတယ်။ အဲဒီ ပြူရင်း ဓာတ်ပစ္စည်းတွေကို အဓိက အစားအစာ အုပ်စု နှစ်စု ကနေ ရရှိပါတယ်။ (က) ပထမ အုပ်စုကတော့ တိရစ္ဆာန်ကနေ ရရှိတဲ့ ပြူရင်းတွေ ဖြစ်ပါတယ်။ ဥပမာ- ဝက်သား၊ အမဲသား၊ ငါး၊ ပုစွန်၊ ကဏန်းစတာတွေမှာ ပါဝင်ပါတယ်။ အူနဲ့ ကလီစာတွေ ဖြစ်တဲ့ အသည်း၊ အမြစ်၊ နှလုံး စတာတွေ မှာလည်း များစွာ ပါဝင်ပါတယ်။ အစားအစာတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့ လိုပါတယ်။ (ခ) ဒုတိယ အုပ်စုကတော့ အပင်ကနေ ရရှိတဲ့ ပြူရင်းတွေဖြစ်ပြီး ဥပမာအားဖြင့် မှိုမျိုးစုံ၊ ဟင်းနုနယ်၊ ဂေါ်ဖီပန်းပွင့်၊ ကညွတ်၊ မျှစ် စတာတွေမှာ ပါဝင်ပါတယ်။ ပဲမျိုးစုံမှာ ပြူရင်းတွေတော့ ပါဝင်ပါတယ်။ ပဲအမျိုး အစားကို မူတည်ပြီး ပါဝင်တဲ့ ပမာဏ ကွာခြားပါတယ်။ ဥပမာ-ပဲနီလေးတို့၊ ပဲပိစပ် တို့မှာ ပါဝင်မှုများပြီး ပဲကျားမှာ ပါဝင်မှု နည်းပါတယ်။ ဆေးပညာရဲ့ အထင်ကရ ဂျာနယ်တစ်ခုဖြစ်တဲ့ New England Journal of Medicine မှာ ဖော်ပြခဲ့တဲ့ သုတေသန စာတမ်းအရ ပဲမျိုးစုံ စားလို့ ဂေါက်ရောဂါ မဖြစ်စေဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဂေါက်ရောဂါ ရှိသူတွေ အနေနဲ့ ပဲမျိုးစုံကို အတော်အသင့် စားနိုင်တယ်လို့ ပြောလို့ ရပါတယ်။ တကယ်လို့ ပဲစားပြီး ဂေါက်ရောဂါ ထခဲ့ရင်တော့ အဲဒီ ပဲအမျိုးအစားကို ရှောင်ရမှာ ဖြစ်ပါတယ်။ 

 မေး ။ ။ ပဲမျိုးစုံနဲ့ တွဲဖက် မသောက်သင့်တဲ့ ဆေးဝါးတွေ ရှိရင်လည်း သိပါရစေ ဆရာ။

 ဖြေ ။ ။ တချို့ပဲတွေမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်း တချို့ဟာ တချို့သော ဆေးဝါးတွေရဲ့စုပ်ယူမှုကိုဟန့်တားနိုင်စွမ်း ရှိပါတယ်။ ဥပမာ-ဗီတာမင် ပါဝင်တဲ့ ဆေးတွေနဲ့ ပဲမျိုးစုံကို တွဲစားခဲ့ရင် Vitamin B12, Vitamin D, နဲ့ Betacarotene တွေရဲ့ အူနံရံကနေ စုပ်ယူမှုကို ဟန့်တားနိုင်စွမ်း ရှိပါတယ်။ ဒါ့ကြောင့် ပဲဟင်းနဲ့ ထမင်းစားပြီးရင် ဗီတာမင်ပါတဲ့ အားဆေးတွေ သောက်ရင် အာနိသင် မရရှိဘဲ နေမှာမို့ တွဲပြီး မသောက်သင့်ပါဘူး။ ဒါ့အပြင် ရောဂါတွေကို ကုသတဲ့ ဆေးအနေနဲ့ စိတ်ကျရောဂါမှာ အသုံးပြုတဲ့ ဆေးဝါးတွေ (MAOI) နဲ့ တွဲဖက် မစားသင့်ပါဘူး။ စားခဲ့ရင် သွေးဖိအား (BP)တက်လာ တတ်ပါတယ်။ ဒါကြောင့် ပဲမျိုးစုံကို စားရင် တခြား ဆေးဝါးတွေနဲ့လည်း ဓာတ်ပြုနိုင်ခြေ ရှိတာကြောင့် သူနဲ့ တွဲမစားတာက ပိုကောင်းပါတယ်။ 

 မေး ။ ။ ဆရာ့ အနေနဲ့ မြဝတီ စာဖတ် ပရိသတ်ကြီးကို ဘာများ ပြောချင်ပါသလဲ ဆရာ။ 

 ဖြေ ။ ။ ပဲမျိုးစုံဆိုတာ ကျွန်တော်တို့ နိုင်ငံမှာ ပေါများစွာ ရရှိပြီး အာဟာရဓာတ် ကြွယ်ဝလှတာမို့ ကလေးလူငယ်၊ အမျိုးသား၊ အမျိုးသမီး မရွေး၊ အသက်အရွယ် မရွေး လူတိုင်း မကြာခဏ စားပေးသင့်တဲ့ အစားအစာ တစ်ခုလို့ ပြောချင်ပါတယ်။ ဒီနေရာမှာ တစ်ခု သတိပြုဖို့က ပဲကို Slow Cooker နဲ့ မပေါင်းသင့်တဲ့ ကိစ္စပါ။ Slow Cooker ဟာ အပူချိန် ၇၅ ဒီဂရီ စင်တီဂရိတ်သာ ရှိတာမို့ အဆိပ်ကို ဓာတ်မပြယ်စေတဲ့ အပြင် အဆိပ်ရဲ့ အာနိသင်ကိုလည်း ငါးဆအထိ ပိုမို ပြင်းထန် စေနိုင်လို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး ပဲကို စားမယ် ဆိုရင် မစားခင် ရေနွေး ဆူဆူမှာ မိနစ် ၂ဝ ကြာအောင် ပြုတ်ပြီး ပြုတ်ရေတွေကို သွန်ပစ်လိုက်ပြီးမှ အန္တရာယ် ကင်းကင်းနဲ့ စားသုံးကြပါလို့ ပြောချင်ပါတယ်။ ။ 

Written by ရွှေတည်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)