ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, October 3, 2016

=လူထုကျန်းမာရေး(သတိပြုရမယ့် ရေမွှေး အန္တရာယ်)=

>
+Public Health+ 
စိတ်ညစ်ညူးစရာ ချွေးနံ့၊ ကြေး(ဂျီး)နံ့တွေနဲ့ မွန်းကြပ်နေတဲ့ ဘတ်စ်ကားထဲ၊ လူအုပ်စုထဲမှာတော့ ရေမွှေးနံ့ သင်းသင်း လေးက သင့် စိတ်ကို ကြည်လင်စေမှာပါ။ အလုပ်မသွားမီ ရေမွှေးလေးဆွတ်၊ တနေ့တာလုံး
 ရေမွှေးနံ့လေး သင်းသင်းနဲ့ အလုပ် လုပ်ရတာကလည်း သင့်စိတ်ကို လန်းဆန်းနေမှာပါ။ ဒါပေမယ့် ရေမွှေးက ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြင် အသက်ကိုတောင် သေစေနိုင်တဲ့ အကြောင်း သိရှိသူ အလွန်နည်းမယ် ထင်ပါတယ်။ ဒါကြောင့် ရေမွှေးအန္တရာယ်ကို တင်ပြပေးချင်ပါတယ်။

 *ရေမွှေးနံ့က ဓာတ်မတည့်သူတွေ အတွက် အရေပြားရောင်ရမ်း စေတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်* 

သင်းတမြမြ ရေမွှေးထဲမှာ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ဓာတ်မတည့်သူတွေကို နှာချေတာတွေ၊ မျက်ရည်တွေ ၀ိုင်းလာတာတွေ ဖြစ်တတ်ပါတယ်။ တချို့ ဓာတ်မတည့်သူတွေမှာ ဆိုရင် အရေပြားနဲ့ ထိရင် နီရဲလာပြီး အဖုအပိန့်လေး တွေ ထွက်တတ်ပြီး၊ တချို့များဆိုရင် ရေမွှေးနံ့ကြောင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ဓာတ်မတည့်တဲ့ အတွက် အသက်ရှူမ၀ တာမျိုးလည်း ဖြစ်စေတတ်တဲ့ အပြင် အသက်သေဆုံးတဲ့ အထိလည်း ဖြစ်စေနိုင်ပါတယ်။

  *ဆယ်ယောက်မှာ ဓာတ်မတည့်သူ တယောက်*

 သုတေသပြုလေ့လာထားတဲ့ စာရင်းဇယားတွေ အရ လူ ၁၀ ဦးမှာ ၁ ဦးက ဓာတုပစ္စည်းတွေ ပါဝင်တဲ့
 အမွှေးနံ့တွေနဲ့ ဓာတ် မတည့်ကြဘူး လို့ ဆိုပါတယ်။ သို့ပေမယ့် နေရာအတော်များများမှာတော့
အနံ့အသက်ပျောက်ဖို့ Air Freshner လို၊ ရေမွှေးနံ့ ဖယောင်းတိုင်လို ပစ္စည်းတွေ အသုံးပြုတာ များပြား
လာနေတာကို လူမှုဝန်းကျင်မှာ အသုံးများလာတာ တွေ့ရပါ တယ်။

 *ကျန်းမာရေး အတွက် အန္တရာယ်*

 သင့်ရဲ့ ရေမွှေးနံ့က ဓာတ်မတည့်သူတွေ အတွက် အရေပြားရောင်ရမ်း စေတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ တချို့သော ရေမွှေးတွေ၊ အလှကုန်ပစ္စည်းတွေဟာ ဓာတ်မတည့်သူများ အတွက် ၀ဲနှင်းခူကဲ့သို့သော
အရေပြား ရောဂါ၊ အရေပြား ခြောက်သွေ့စေတဲ့ ရောဂါ တွေ ဖြစ်စေတာတွေလည်း ရှိပါသတဲ့။ ကမ္ဘာ့ လူဦးရေရဲ့ ၂ ရာခိုင်နှုန်းဟာ ဓာတုဗေဒနည်းနဲ့ ဖန်တီးထားတဲ့ အမွှေးအနံ့တွေနဲ့ ဓာတ်မတည့်ရောဂါ ခံစားနေရ ပါတယ်။ သူတို့ဟာ ဓာတုဗေဒ ဒြပ်မော်လီကျူးတွေနဲ့ ပေါင်းယူဖော်စပ်ထားတဲ့ ရေမွှေးနဲ့နဲ့ အလှကုန်ပစ္စည်းများရဲ့ အမွှေးအနံ့တွေကြောင့် စိတ်ဓာတ်ကျတာတွေ၊ မအီမသာဖြစ်တာတွေ ခံစားရမှာ စိုးရိမ်တဲ့ အတွက် ကိုယ့်အိမ်ကနေ အပြင်တောင် မထွက်ချင်ကြဘူးလို့ “တက္ကဆပ် ပြည်နယ် မိသားစုဓာတုဆေးဝါး
အမူအကျင့် လေ့လာဆန်းစစ်မှု” အစီရင်ခံစာမှာ မကြာသေးခင်က ဖော်ပြခဲ့ပါတယ်။

*သတိပြုရမယ့် ရေမွှေးရဲ့ အန္တရာယ်*

 ဓာတ်မတည့်သူတွေကို နှာချေတာတွေ၊ မျက်ရည်တွေ ၀ိုင်းလာတာတွေ ဖြစ်တတ်ပါတယ်။ ရေမွှေးတွေက လူတိုင်းကိုတော့ ဒီလို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေတာတော့ မဟုတ်ပါဘူး။ ရေမွှေးသုံးစွဲသူတွေ အနေနဲ့ အဲဒီရေမွှေးမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်း အမည်စာရင်းကို သိရှိဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မိမိနဲ့
ဓာတ်မတည့်တဲ့ ဓာတုပစ္စည်းပါဝင်နေရင် ရှောင်နိုင်ဖို့ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့နဲ့
‘ဘေးကင်းလုံခြုံ အလှကုန်’ ဖြစ်ရေး လှုပ်ရှားမှု အဖွဲ့တို့ ပူးပေါင်းပြီး ၂၀၁၀ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တခုမှာတော့ တရားဝင် မှတ်ပုံတင်မထားဘဲ တံဆိပ်အမျိုးမျိုးနဲ့ ထုတ်လေုပ်နေတဲ့ အန္တရာယ်ရှိ အလှကုန်ပစ္စည်း ၁၄ မျိုး ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် မိမိသုံးတဲ့ ရေမွှေးမှာ ပါဝင်တဲ့ ဓာတုဓာတ်ပစ္စည်း အမည်စာရင်းကို သိဖို့နဲ့ တရားဝင် မှတ်ပုံတင်ထားတဲ့ အမှတ်တံဆိပ်ကို ရွေးချယ် အသုံးပြုဖို့ အကြံပြုလိုက်ပါတယ်။ ။

 Credit:Irrawaddy

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)