+(ရန်ကုန် -အောက်တိုဘာ ၄-ပေါါ်ပြူလာသတင်း)+
မြ၀တီမြို့မှတစ်ဆင့်ထိုင်းနိုင်ငံမဲဆောက်မြို့သို့ ခုနှစ်ရက်တာ လည်ပတ်ခွင့်
ကို အောက်တိုဘာ ၁ ရက်နေ့မှစတင်ခွင့်ပြုပေးနေကြောင်းသိရသည် ။
ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် ၆ ညအိပ် ၇ ရက်သွားလာနိုင်ပြီ
ဖြစ်ပြီး ထိုင်း-မြန်မာချစ်ကြည်ရေးတံတားပေါ်မှတရားဝင် ၀င်ရောက်ကာ မဲဆောက် ၊ဖုတ်ဖရာ့ ၊မယ်ရမတ်မြို့ ၃ မြို့နယ်သို့သွားရောက် လည်ပတ်ခွင့် ရပြီဖြစ်ကြောင်း မဲဆောက်အခြေစိုက်
မြန်မာပြည်သားများအရေးပူးတွဲ လူပ်ရှားမှုကော်မတီ(JACBA)ဥက္ကဌ၊ မက်(ပ်)ရေဒီယို ၀ါရင့်စေတနာ့ဝန်ထမ်း
ဦးမိုးကြိုး(ခေါ်) ဆရာမိုး ကပြောသည်။
ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်အတွက် လူတစ်ဦးလျှင် မြန်မာဘက်ခြမ်း လ၊၀၊က ၌မြန်မာငွေ ၁၅၀၀ကျပ် နှင့် ထိုင်းဘက်ခြမ်းတွင်
ထိုင်းငွေ ၂၀ ဘတ်(မြန်မာငွေ ၇၂၀ ကျပ်)သာကုန်ကျမည်ဖြစ်ကြောင်း
၎င်းကပြောသည် ။
ကိုယ်ပိုင်ကားဖြင့်ဝင်ရောက်လိုသူများသည် မဲဆောက်မြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်း သွားလာခွင့်အတွက် မြန်မာငွေ ၂၅၀၀၀ ကျပ်
(ထိုင်းဘတ် ၇၀၀) သာ ကုန်ကျမည်ဖြစ်ကြောင်း သိရသည် ။
ဓာတ်ပုံ -JACBA

No comments:
Post a Comment