ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 27, 2016

ထိုင်းဘုရင်ကွယ်လွန်ခြင်းကြောင့် အလုပ်သမားစည်းကမ်း ကြီးကြီးမားမားပြောင်းလဲမည်ကို မြန်မာများ စိုးရိမ်နေ

>
ထိုင်းဘုရင်မင်းမြတ်ကွယ်လွန် ခြင်းကြောင့် အလုပ်သမားဆိုင်ရာ စည်းကမ်းများ ကြီးကြီးမားမား ပြောင်းလဲ မည်ကို မြန်မာရွှေ့ ပြောင်းလုပ်သားများ စိုးရိမ်နေ ကြောင်း သိရသည်။ မဲဆောက်အခြေစိုက် မြန်မာ ပြည်သားများအရေး ပူးတွဲလှုပ်ရှား မှုကော်မတီ (JACBA ) ဥက္ကဋ္ဌ ဦးမိုးကြိုးက ”ရွှေ့ပြောင်းအလုပ် သမားတွေနဲ့ ပတ်သက်ပြီး အပြောင်း အလဲဖြစ်မှာကို သူတို့စိုးရွံ့မှုရှိနေ ကြတယ်။ အထွေထွေပါပဲ။ အခု ဟာက ထိုင်းနိုင်ငံရဲ့နိုင်ငံရေး က အများကြီး ရှုပ်ထွေးစရာတွေရှိနေ တယ်။ အဲဒါတွေအပေါ်မှာဆောင်ရန် ရှောင်ရန်တွေ အထူးသတိပေးနေ တယ်။ ဥပမာ စစ်အစိုး ရဆက်အုပ် ချုပ်မယ်ဆိုရင် ငါးယောက်ထက် ပို မစုရဘူးလေ။ ဒါကို အလိုလို သိနေ ရမယ်။ မြန်မာတွေရဲ့ သဘာဝက သိတဲ့အတိုင်း တအားပျော်တတ် တာလေ။ အဲဒါကြောင့် ရေဒီယို၊ တီဗီနဲ့ကျွန်တော်တို့လုပ်နေတဲ့ မြန်မာ ပြည်သားစာစောင်ဆိုတာထဲမှာ ရော အထူးသတိပေးချက်တွေ ထည့်ထားတယ်။ ဒီကာလက ပျော် ရွှင်မှု မလုပ်ရတဲ့ကာလဖြစ်နေတယ်” ဟု အောက်တိုဘာလ ၂၂ ရက် တွင် ပြောသည်။ အောက်တိုဘာလ ၁၃ ရက် နေ့က ထိုင်းနိုင်ငံ၏ဘုရင်ဘူမိတော အဒူရာဒက်(ရှ်)သည် ဘန်ကောက် မြို့၊ ဆရီရာ့ခ်ျဆေးရုံကြီး၌ ထိုင်းစံ တော်ချိန် မွန်းလွဲ ၃ နာရီ ၂၅ မိနစ် တွင် နတ်ရွာစံခဲ့ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလအဖြစ် တစ်လ သတ်မှတ်ထားသည်။ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား ၃ သန်း ကျော်အခြေချ နေထိုင်လျက်ရှိကြ ပြီး ခွင့်ပြုထားသော အခြေခံအလုပ် အကိုင် ၂၅ မျိုးကိုလုပ်ကိုင် ကြကြောင်း၊ လက်ရှိတွင် အလုပ် သမားဆိုင်ရာ စာရွက်စာတမ်း ပြဿသနာများ အဓိကကြုံတွေ့နေ ရကြောင်း JACBA မှသိရသည်။ ”ရှိနေတဲ့ စာရွက်စာတမ်းကို သက်တမ်းတိုးရတဲ့ ကုန်ကျစရိတ် အခက်အခဲ၊ မရှိရင်လည်း လုပ်ရတဲ့ ကုန်ကျစရိတ်၊ ပြီးရင် ရှိရှိ မရှိရှိ အထောက်အထား မစုံပါဘူးဆိုပြီး အကြောင်းအမျိုးမျိုးနဲ့ ရမယ်ရှာပြီး မြန်မာနိုင်ငံသားတွေကို ATM လို သဘောထားပြီး ထိုင်းရဲတွေ က ငွေ ညှစ်ယူ နေကြတယ်။ စာရွက်စာတမ်း လုပ်တော့မယ်ဆိုရင် အလုပ်သမား တွေကြုံတွေ့နေရတာက တရားဝင် ကုန်ကျစရိတ်က တစ်မျိုး၊ ကိုယ် တိုင်မလုပ်ရဘဲ သူဌေးအမည်ခံ ပေးတဲ့ ထိုင်းလူမျိုးတစ်ယောက်ပါမှ ရနေတယ်။ ၂ မျိုးကုန်နေတယ်” ဟု ၄င်းက ဆက်ြေ ပာသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ယာယီနေထိုင်လုပ်ကိုင်ခွင့်ကတ်ကို တရားဝင် ထိုင်းငွေ ၅၆၈ဝ ဘတ် သတ်မှတ်ထားသော်လည်း သူဌေး အမည်ခံအတွက် မဲဆောက်တွင် ဘတ် ၁ဝဝဝ၊ ကျန်ဒေသများတွင် ဘတ် ၂ဝဝဝ ဝန်းကျင်ပေးရကြောင်း၊ စာရွက်စာတမ်းများမှာ သတ် မှတ် သက်တမ်းကုန်ဆုံးပြီးပါက ထိုင်း အစိုးရက ဆက်လက်ခွင့်ပြု မပြု မသိရကြောင်း ၄င်းကပြောသည်။ 

 ကိုးကား။ ။ပေါါ်ပြူလာသတင်းဂျာနယ်-အောက်တိုဘာလ၂၇ရက်-၂၀၁၆

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)