ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, October 25, 2016

++ယုံရမှာလား မယုံရဘူးလား++

>
အခုခေတ်က တစ်ခုခုကိုနားမလည်ဘူး၊ မရှင်းဘူး၊ မသိဘူး၊ မသေချာဘူးဆိုရင် အလွယ်တကူ Google ကနေ ရှာလို့ရတဲ့ခေတ် ဆိုပေမဲ့ အင်တာနက်ပေါ်မှာတွေ့သမျှကို အမှန်လို့ ယူဆလို့မရကြောင်း ကို သိတဲ့သူနည်းသေးတယ်လို့မြင်တယ်။ ကိုယ်ရှာတွေ့တဲ့အရာဟာ အင်္ဂလိပ်လိုရေးထားတယ်ဆိုတာနဲ့ တန်းပြီးအမှန်တွေချည်းလို့ ယူဆတတ်ကြပြီး ကိုးကားတာတွေ၊ ဝေငှတာတွေ၊ ဘာသာပြန်ချ ထည့်လိုက်တာတွေဟာ သိပ်တော့အလုပ်မဟုတ်သေးဘူး။ ကိုယ်တွေ့ရှိတဲ့အရာဟာ ဘယ်လောက်မှန်ကန်တိကျမှုရှိသလဲ ဆိုတာ အရင်ဆုံး လေ့လာကြည့်သင့်တယ်။ ဒီလိုမှ သေသေချာချာကလေး မလေ့လာချင်ဘူးဆိုလည်း အစကတည်းက လေ့လာမနေနဲ့ ရှာဖွေမနေနဲ့တော့။ ကိုယ်တွေ့တဲ့အရာဟာ ဘယ်လောက်ခိုင်မာမှုရှိသလဲ၊ မှန်ကန် တိကျမှုရှိသလဲ၊ အဲ့ဒီစာပေ သတင်း ဆောင်းပါး ဗီဒီယိုစတာကို တင်တဲ့သူ ရေးတဲ့သူက ဘယ်သူလဲ၊ အဲ့ဒီလူတွေရဲ့ ပညာရပ်ဆိုင်ရာ ဗဟုသုတနဲ့ ကျွမ်းကျင်မှုအရင်းအမြစ် အဆင့်အတန်းက ဘယ်လိုလဲ၊ ဒီစာကို ဘယ်ဝဘ်ဆိုဒ်မှာ ဖော်ပြထားတာလဲ၊ ဘယ်အချိန်မှာဖော်ပြ ထားတာလဲ၊ အဲ့ဒီဝဘ်ဆိုဒ်ကရော ဘယ်လိုစာအမျိုးအစားတွေကို အများထင်သာမြင်သာအောင် ထုတ်လွှင့်ဖော်ပြထားလေ့ရှိတာလဲ၊ ဘယ်လိုလူတွေ ဘယ်လိုအဖွဲ့အစည်းတွေရဲ့လက်အောက်မှာ ဦးစီးကွပ်ကဲဆင်ဆာထားထားတဲ့ ဝဘ်ဆိုဒ်မျိုးလဲ၊ သူတို့ရဲ့ ရည်ရွယ်ချက် ကရောဘာလဲ၊ သူတို့ရဲ့ ပညာရပ်ဆိုင်ရာ နယ်ပယ်တစ်ခုခုက ကျွမ်းကျင်မှုအဆင့် နောက်ခံသမိုင်းကဘာလဲ ဘယ်လိုလဲ စသဖြင့် သူတို့တွေရဲ့ credentials တွေ၊ creditbility တွေကို သေချာ စုံစမ်းပြီးမှ ချင့်ယုံသင့်တယ်။ ခုနောက်ပိုင်းတွေ့နေရတာတွေက တွေ့သမျှစာကို အမှန်လို့ယူဆပြီး Facebook, Twitter, Instagram စတဲ့ social media တွေကနေ click တစ်ချက်ခေါက်ရုံ၊ လက်ထိပ်ကလေးတစ်ချက်ပွတ်ရုံနဲ့ အလွယ်ကလေး အကုန်ဝေငှနေကြတာပဲ။ ဥပမာ လူအများစုလုပ်လေ့ လုပ်ထရှိတဲ့အကျင့်တစ်ခုက တစ်ခုခုကိုနားမလည်ဘူးဆိုရင် Wikipedia လောက်ကိုပဲ အဓိက တစ်ခုတည်းသော ကမ္ဘာ့အဘိဓာန် ဟင်းလေးအိုးကြီးသဖွယ် အဟုတ်ကြီးထင်ပြီး အဲ့ဒီက သတင်းအချက် အလက်တွေကို အားလုံးအမှန်တွေချည်းပဲလို့ယူဆပြီးတော့ အကုန် ကူးချသူကချ၊ သူ့ကိုတဆင့်ကိုးကားပြီး ကိုယ်တိုင်ကပဲသိသလိုလိုနဲ့ လူမြင်ကောင်းအောင် ပြန်လည်ဝေငှနေကြတာတွေ မြင်ရပါများလာတယ်။ Wiki နဲ့အလားတူ About.com တို့၊ Answers.comတို့၊ HowStuffWorks.com တို့ စတဲ့ ဝဘ်ဆိုဒ်တွေကအစ သတင်းဌာနဝဘ်ဆိုဒ်တွေအဆုံး သတင်း အချက်အလက်နဲ့ ပညာရပ်/ဘာသာရပ်ဆိုင်ရာ ကောက်နုတ်ချက်တွေ ကို မြန်မြန်ဆန်ဆန် အလွယ်ကလေးရယူနိုင်တာရဲ့နောက်ဆက်တွဲ ကတော့ မှန်တယ်မှားတယ်၊ တိကျတယ် မတိကျတယ်၊ မှန်ကန်တယ် မမှန်ကန်တယ် စိစစ်ဖို့ရယ် ဘာရယ် မတွေးနိုင်တော့ဘဲ ဘယ်သူရေးမှန်းမသိ ဘယ်ကရမှန်းမသိ အကုန်အဟုတ်ထင်ပြီး ကူးယူကိုးကားဖော်ပြလိုက်ကြတာပဲ။ ဒါဟာ ကောင်းမွန်မှန်ကန်တဲ့ intelletual အလေ့အကျင့်တစ်ခုတော့ မဟုတ်ဘူး။ ဥပမာ Wikipedia ဆိုပါတော့။ သူတို့ဆီမှာဖော်ပြထား တာတွေဟာ အကုန်အမှားချည်းပဲလို့တော့ မဆိုလိုဘူး။ ဒါပေမဲ့ တကယ်ကို အတွင်းကျကျနက်နက်နဲနဲ လေ့လာစိစစ်ထား၊ သုတေသနပြုထားပြီး refined လုပ်ထားတဲ့ scholarly စာပေတွေ မဟုတ်ကြဘူး။ credible မဖြစ်ဘူး။ အားထားယုံကြည်လို့မရသလို ကိုးကားလို့လည်းမရဘူး။ သူတို့မှန်ပါတယ်လို့ ဘယ်သူကမှ အာမခံ တဲ့သူမရှိဘူး။ စာကောင်းပေကောင်းတွေဆီကနေရော အခြား အင်တာနက်ပေါ်ရှာတွေ့သမျှ မမှန်မကန်တွေရော ဟိုတစ်တို့ ဒီတစ်တို့နဲ့ စုပေါင်းစပ်ပေါင်း ရောသမမွှေပြီး ဖတ်ကောင်းအောင် ရေးသားထားကြတာတွေ။ ရေးတဲ့သူတွေကလည်း လူပေါင်းစုံက ကြိုက်သလိုဝင်ရေးလို့ရတယ်။ ဘာမှတတ်စရာ သိစရာမလိုဘူး။ သင့်တော်ရာရာလေးတွေ စုစည်းရှာဖွေတတ်ပြီး စာရေးကောင်းရင်ဖြစ်ပြီ။ ဒါကြောင့်လည်း အမေရိကန်က တက္ကသိုလ်တွေမှာ ပညာရပ်ဆိုင်ရာ တက္ကသိုလ်အဆင့် အဆိုင်းမန့်တွေ စာတမ်းတွေရေးတဲ့အခါ Wikipedia ကနေ အချက်အလက်မရယူဖို့ ဆရာတွေက သေချာ မှာကြတယ်။ စည်းမျဉ်းစည်းကမ်းနဲ့ တင်းတင်းကြပ်ကြပ်ကို မှာတာ။ အင်တာနက်ပေါ်တွေ့သမျှအကုန်ကောက်ထည့်ပြီး ကိုယ့်အဆိုင်းမန့်ထဲ ထည့်ရေးရင် အမှတ်လျှော့ တော့တာပဲ။ မိသွားရင် သုညပဲပေးတယ်။ သုညရတော့ အတန်းကျပေါ့။ နောက်လည်း အဲ့ဒီအတန်းပြန်တက်လို့ မရတော့ဘူး။ တချို့ဆို အတန်တန်မှာတဲ့ကြားက ယူသုံးလို့ ကျောင်းထုတ် ခံရတယ်။ ကျောင်းမှတ်တမ်းထဲမှင်နီပါသွားပြီး အဲ့လိုကျောင်းသားကို ဘယ်ကျောင်းကမှ လက်မခံတော့ဘူး။ လက်ခံလိုက်ရင် ကျောင်းလည်း နာမည်ပျက်မယ့်အပြင် ပညာရေးစနစ်တစ်ခုလုံးပါ နာမည်ပျက်မယ်လေ။ အဲ့လိုသာ လူတိုင်း အလွယ်ကလေးရှာ အလွယ်ကလေးဖတ်ပြီး အလွယ်ကလေး ကိုယ့်စာသားလိုပြန်ရေးလို့ရရင် လူတိုင်း အလွယ်ကလေးဘွဲ့တွေ ရပြီး တစ်ယောက်မှ တကယ်တတ်မြောက်လာမှာမဟုတ်ဘူး။ Credibility ဟာ သိပ်အရေးကြီးမှန်း သဘောပေါက်ဖို့သင့်ပြီ။ ဥပမာ ဆေးပညာနဲ့ပတ်သက်လို့ ကိုယ်က တစ်ခုခုကိုနားမလည်ဘူး။ အကြိတ်အကြောင်းပဲဖြစ်ဖြစ်၊ ကင်ဆာတစ်ခုခုအကြောင်းပဲဖြစ်ဖြစ် ရှာဖတ်ချင်ပြီ။ ဒါမှမဟုတ် စိတ်ဝေဒနာအကြောင်းတစ်ခုခုကို သိချင်ပြီ။ တစ်လုံးမှမသိဘဲ ဗဟုသုတကင်းမဲ့နေတာထက်စာရင် အခြေခံ သဘောတရားနည်းနည်းလောက်ပဲ ကိုယ့်ဘာသာကိုယ် တစ်ယောက်စာ အပျော်သဘောနဲ့ ရှာဖွေဖတ်ချင်တယ်ဆိုရင်တော့ ဒီလို အဆင့်အမှီတဲ့ ဝဘ်ဆိုဒ်အပေါစားတွေကနေ တခါတလေဖတ်တာရပါတယ်။ ဖတ်ပါ။ ဒါပေမဲ့ အများသူငှါနဲ့ ဝေမျှရလောက်တဲ့အထိ တခုတ်တရ အတည်ပေါက် ကြီးတွေ မလုပ်ကြပါနဲ့။ ဒါဟာ အဆိပ်ပင်ကိုရေလောင်းတာနဲ့အတူတူပါပဲ။ ဗဟုသုတအမှားဟာ ဥာဏ်ပညာအမှားနဲ့ လုပ်ရပ်အမှားတွေဆီကိုပဲ ဦးတည်နေတာပါ။ ကိုယ်တကယ်သိချင်တယ် တတ်ချင်တယ် လေ့လာချင်တယ်ဆိုရင်တော့ နီးစပ်ရာ တကယ်နားလည်တတ်ကျွမ်း သူတွေကိုမေးရင်မေး၊ ဒါမှမဟုတ်လည်း အင်တာနက်ကနေ ရှာဖတ်ချင်တယ်ဆိုရင်တောင် အနည်းဆုံး Google Scholar လောက်ကနေဖြစ်ဖြစ် ဆန်ခါစစ်သလိုစစ်ချပြီး မှန်ကန်တိကျ ကောင်းမွန်တဲ့စာပေတွေကို ဖတ်ရှုနိုင်ပါတယ်။ သတင်းစာတွေ မဂ္ဂဇင်းတွေ ဆိုတာလည်း မယုံကြည်ရဘူး။ သတင်းမီဒီယာသမားတွေက သူတို့ မြင်သလို ကြားသလိုပဲ ပြန်ရေးတာဖြစ်တယ်။ ကိစ္စတိုင်း ပညာရပ်တိုင်းကို ဒီသတင်းရေးသမားတွေက တတ်မြောက်မထားဘူး၊ အထူးပြုလေ့လာ မထားဘူးဆိုတာကို သတိချပ်ရမယ်။ Facebook မှာဆိုပိုဆိုးတယ်။ လူတိုင်းက ကြိုက်သလိုရေးနိုင်နေတော့ ကိုယ်သိမထားတဲ့အရာတစ်ခုကို သူများက အကျိုးနဲ့အကြောင်းနဲ့ ဟုတ်တိပတ်တိရေးထားတာမြင်ပြီဆို ဟင်ခနဲဟာခနဲလုပ်ပြီး ထူးဆန်း လှချေလား၊ ဟုတ်လှချေလား၊ တော်လှချေလား၊ မှန်လှချေလားနဲ့ ဘာမှ ရှေ့ဆက်မစဉ်းစားတော့ဘဲ ကိုယ့်ဦးနှောက်ထဲအလွယ်ထည့်တတ် လိုက်ကြတယ်။ ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစားတော့ဘူး။ မှားနေတယ် ဆိုရင်တောင် ဘာလို့မှားတာလဲ၊ အမှန်ဟာဘာလဲဆိုတဲ့သိချင်စိတ်လည်း ဆက်လက်မဖြစ်ထွန်းကြတော့တာများတယ်။ အလွယ်လမ်းလိုက်တာနဲ့ အသားကကျလာတော့ အားထုတ်ဖို့ကို ဆက်မကြိုးစာချင်ကြတော့တာ။ အဲ့လို အယုံလွယ်တာ၊ အများနဲ့အတူမိုးခါးရေလိုက်သောက်ပြီး မိရိုးဖလာ လမ်းအိုလိုက်တတ်စိတ်ဟာ creativity (ဖန်တီးနိုင်မှုစွမ်းအား) နဲ့ innovation (ဆန်းသစ်တီထွင်ပြောင်းလဲခြင်း) တို့အတွက် ကြီးမားတဲ့အတားအဆီးပဲ။ လူ့စွမ်းအားအရင်းအမြစ် တိုးတက်ဖွံ့ဖြိုးဖို့ဆိုတာ ရှေ့မှာ မရှိတော့ဘူး။ စိတ်ပိတ် ဥာဏ်ပိတ်ပြီး ကြာတဲ့အခါ တိုးတက်ထွန်းကားမှု လမ်းစက ပိတ်သွားပြီ။ အဲ့ဒီလို လူ့အဖွဲ့အစည်းတစ်ခုအတွက် လမ်းကဆုံးသွားပြီ။ ဒါတွေကို တွန်းလှန်ချင်ရင် တစ်ယောက်ချင်းကစပြီး အသေးအဖွဲကိစ္စလေးကစပြီး သတိထားရမယ်။ Skepticism ဟာ များသောအားဖြင့် ကောင်းတဲ့အရာ တစ်ခုလို့ ကိုယ်ကတော့ ယူဆတယ်။ ဒါကြောင့် သူ့နယ်ပယ်တစ်ခုမှာ သူကိုယ်တိုင် ကိုယ်စိတ်နှစ်မြှုပ်ပြီး နှစ်ရှည်လများ အထူးပြုလေ့လာထားသူတွေရေးသားထားတဲ့၊ အဲ့လို ပညာရပ်ဘာသာရပ်ဆိုင်ရာ နောက်ခံသမိုင်း တောင့်တင်းခိုင်မာသူတွေ ရေးသားတဲ့စာပေမျိုးတွေကိုပဲ ရှာဖတ်ပြီး ယုံကြည်စေချင်တယ်။ ကိုးကားစေချင်တယ်။ ဝေငှစေချင်တယ်။ ကိုယ်သိချင်တဲ့အကြောင်းအရာ အခုတစ်ရာရှိရင် အဲ့ဒီအခုတစ်ရာမှာ တစ်ခုဆီကို သေချာအားစိုက်လေ့လာထားသူ ကျွမ်းကျင်တတ်မြောက်သူတစ်ယောက်ချင်းစီဆီကနေ ရှာဖွေ လေ့လာသင့်ရင် လေ့လာရမယ်။ လိုအပ်ရင် လူတစ်ရာလုံးဆီ လိုက်မေးသင့်မေးရမယ်။ အဲ့ဒီလို ရှာဖွေလေ့လာဖို့ကိုလည်း တကယ် မရှိမဖြစ်လိုအပ်မှန်း၊ တန်ဖိုးထားရကောင်းမှန်း နားလည်ရမယ်။ အဲ့သလို intelletual တန်ဖိုးနားလည်ဖို့ စိတ်ကိုမွေးမြူပေးရမယ်။ အလေ့အကျင့် လုပ်ပေးရမယ်။ တစ်ယောက်ချင်းက စရမယ်။ အခုပဲ စရမယ်။ 

 +Craton+

 October 23, 2016

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)