+(ရန်ကုန်၊ အောက်တိုဘာ ၇-ဒီမိုကရေစီတူဒေးသတင်းဂျာနယ်)+
ဘန်ကောက်မြို့လယ် Erawan နတ်ကွန်း ဗုံးပေါက်ကွဲမှုတွင် ဆက်နွှယ်သံသယရှိသူတစ်ဦးအပါအ၀င်
မြန်မာနိုင်ငံ သားသုံးဦးကို ထိုင်းအစိုးရမှ အောက်တိုဘာ ၆ ရက် ညပိုင်းတွင်ဖမ်းဆီး ခဲ့ကြောင်း သိရသည်။အဆိုပါ မြန်မာသုံးဦးကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းမိသူသုံးဦးတွင် အထောက်အထားမဲ့ အမျိုး သမီးနှစ်ဦးနှင့် ဘန်ကောက်မြို့လယ် Erawan နတ်ကွန်း ဗုံးပေါက်မှု တွင် ဆက်နွှယ်သံသယရှိသူအဖြစ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း Thai PBS သတင်းဌာန၏
ဖော်ပြချက်နှင့် မဲဆောက်မြို့ အခြေစိုက် မြန်မာအလုပ်သမားကူညီပေးရေးအဖွဲ့တို့ထံမှ သိရသည်။ ဖမ်းဆီးထားသည့် မြန်မာနိုင်ငံသားသုံးဦးအနက် အမျိုးသမီးနှစ် ဦးကိုမူ ထိုင်းနိုင်ငံတွင်းခိုးဝင်မှုဖြင့် ထိုင်းလ၀ကဥပဒေနှင့် အရေးယူ သွားမည်ဖြစ်ကာ အမျိုးသားတစ်ဦးကိုမူ တရားမ၀င်ခိုးဝင်လာသူများ ကိုလက်ခံထားမှုအပြင် ဗုံးခွဲသူတချို့အတွက် နိုင်ငံကူးလက်မှတ်အတု စီစဉ်ပေးခဲ့သည်ဟု သံသယရှိမှုတို့ဖြင့်လည်း အရေးယူသွားမည်ဖြစ် ကြောင်း မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ် ရှားမှုကော်မတီ (JACBA) ထံမှ သိရသည်။
""အမျိုးသမီးနှစ်ဦးက အထောက်အထားမဲ့တွေပါ။ သူတို့ကိုတော့ ထိုင်းလ၀ကဥပဒေ (ဘီအီး ၂၅၂၂-အေဒီ ၁၉၇၉)အက်ဥပဒေနဲ့အရေးယူ မယ်လို့ဆိုပါတယ်။ နောက်တစ်ယောက်က ကျော်သီဟဆိုတဲ့သူပါ ဗုံးခွဲ သူတွေကို နိုင်ငံကူးလက်မှတ်ပတ်စ်ပို့အတုစီစဉ်ပေးခဲ့တယ်လို့ သံသယ ရှိသူအဖြစ်ဖမ်းထားတာပါ။
အဲ့ဒါအပြင်အခြားအမှုတွေလည်းပါပါတယ်""ဟု JACBA ဥက္ကဋ္ဌဦးမိုးကြိုးက အောက်တိုဘာ ၇ ရက်တွင် ဒီမိုကရေ စီတူဒေးသို့ပြောသည်။
အဆိုပါအမှုတွင် တရားမ၀င် ၀င်ရောက်လာသည့်မိန်းကလေးများ ကိုပါတွေ့ရှိခဲ့သဖြင့် လူကုန်ကူးမှုများဖြင့်ပါ ငြိစွန်းနိုင်သည့်အခြေအနေ မျိုးဖြစ်နေကြောင်း ဦးမိုးကြိုးကဆိုသည်။
""အခုအဖမ်းခံရတဲ့သူသုံးဦးမှာ ဗုံးခွဲဖို့ဝင်ရောက်လာသူတွေကို ပတ်စ်ပို့အတုလုပ်ပေးတယ်ဆိုပြီး အဖမ်းခံထားရတဲ့မြန်မာအမျိုးသားကိုယ်တိုင်ကပတ်စ်ပို့အတုကိုင်ဆောင်ထားတဲ့သူလို့သိရတယ်""ဟု ရွှေ့ ပြောင်းလုပ်သားအခွင့်အရေးကွန်ရက် MWRN ဥက္ကဋ္ဌဦးစိန်ဌေးက ပြောသည်။
ZCH,HLO #Democracytoday
<
div class="separator" style="clear: both; text-align: center;">
+(ရန်ကုန်၊ အောက်တိုဘာ ၇-ဒီမိုကရေစီတူဒေးသတင်းဂျာနယ်)+
ဘန်ကောက်မြို့လယ် Erawan နတ်ကွန်း ဗုံးပေါက်ကွဲမှုတွင် ဆက်နွှယ်သံသယရှိသူတစ်ဦးအပါအ၀င်
မြန်မာနိုင်ငံ သားသုံးဦးကို ထိုင်းအစိုးရမှ အောက်တိုဘာ ၆ ရက် ညပိုင်းတွင်ဖမ်းဆီး ခဲ့ကြောင်း သိရသည်။အဆိုပါ မြန်မာသုံးဦးကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းမိသူသုံးဦးတွင် အထောက်အထားမဲ့ အမျိုး သမီးနှစ်ဦးနှင့် ဘန်ကောက်မြို့လယ် Erawan နတ်ကွန်း ဗုံးပေါက်မှု တွင် ဆက်နွှယ်သံသယရှိသူအဖြစ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း Thai PBS သတင်းဌာန၏
ဖော်ပြချက်နှင့် မဲဆောက်မြို့ အခြေစိုက် မြန်မာအလုပ်သမားကူညီပေးရေးအဖွဲ့တို့ထံမှ သိရသည်။
ဖမ်းဆီးထားသည့် မြန်မာနိုင်ငံသားသုံးဦးအနက် အမျိုးသမီးနှစ် ဦးကိုမူ ထိုင်းနိုင်ငံတွင်းခိုးဝင်မှုဖြင့် ထိုင်းလ၀ကဥပဒေနှင့် အရေးယူ သွားမည်ဖြစ်ကာ အမျိုးသားတစ်ဦးကိုမူ တရားမ၀င်ခိုးဝင်လာသူများ ကိုလက်ခံထားမှုအပြင် ဗုံးခွဲသူတချို့အတွက် နိုင်ငံကူးလက်မှတ်အတု စီစဉ်ပေးခဲ့သည်ဟု သံသယရှိမှုတို့ဖြင့်လည်း အရေးယူသွားမည်ဖြစ် ကြောင်း မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ် ရှားမှုကော်မတီ (JACBA) ထံမှ သိရသည်။
""အမျိုးသမီးနှစ်ဦးက အထောက်အထားမဲ့တွေပါ။ သူတို့ကိုတော့ ထိုင်းလ၀ကဥပဒေ (ဘီအီး ၂၅၂၂-အေဒီ ၁၉၇၉)အက်ဥပဒေနဲ့အရေးယူ မယ်လို့ဆိုပါတယ်။ နောက်တစ်ယောက်က ကျော်သီဟဆိုတဲ့သူပါ ဗုံးခွဲ သူတွေကို နိုင်ငံကူးလက်မှတ်ပတ်စ်ပို့အတုစီစဉ်ပေးခဲ့တယ်လို့ သံသယ ရှိသူအဖြစ်ဖမ်းထားတာပါ။
အဲ့ဒါအပြင်အခြားအမှုတွေလည်းပါပါတယ်""ဟု JACBA ဥက္ကဋ္ဌဦးမိုးကြိုးက အောက်တိုဘာ ၇ ရက်တွင် ဒီမိုကရေ စီတူဒေးသို့ပြောသည်။
အဆိုပါအမှုတွင် တရားမ၀င် ၀င်ရောက်လာသည့်မိန်းကလေးများ ကိုပါတွေ့ရှိခဲ့သဖြင့် လူကုန်ကူးမှုများဖြင့်ပါ ငြိစွန်းနိုင်သည့်အခြေအနေ မျိုးဖြစ်နေကြောင်း ဦးမိုးကြိုးကဆိုသည်။
""အခုအဖမ်းခံရတဲ့သူသုံးဦးမှာ ဗုံးခွဲဖို့ဝင်ရောက်လာသူတွေကို ပတ်စ်ပို့အတုလုပ်ပေးတယ်ဆိုပြီး အဖမ်းခံထားရတဲ့မြန်မာအမျိုးသားကိုယ်တိုင်ကပတ်စ်ပို့အတုကိုင်ဆောင်ထားတဲ့သူလို့သိရတယ်""ဟု ရွှေ့ ပြောင်းလုပ်သားအခွင့်အရေးကွန်ရက် MWRN ဥက္ကဋ္ဌဦးစိန်ဌေးက ပြောသည်။
ZCH,HLO
#Democracytoday
<
No comments:
Post a Comment